Latest News

Tuesday, April 17, 2018

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏ မြန်မာနှစ်သစ်ကူး သြဝါဒ

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏
မြန်မာနှစ်သစ်ကူး သြဝါဒ

၁၃၈ဝ ပြည့်  မြန်မာနှစ်သစ်မှာ  အတွေးသစ် အမြင်သစ်ဖြင့်  ဘဝသစ်ကို  ဖော်ဆောင်ဖို့ လူတိုင်းကြိုးစားသင့်ပါသည်။ ယခင်နှစ်ဟောင်းမှ မကောင်းသောအကျင့်များကို ပယ်ရှားခြင်း၊ ကောင်းသောအကျင့်စရိုက်များကို  လိုက်နာ ခြင်းဖြင့် ဘဝသစ်ကို ဖန်တီးနိုင်ပါသည်။
ဘဝသစ်ကို   ဖန်တီးနိုင်ရန်   မြတ်ဗုဒ္ဓ၏ သလ္လေခကျင့်စဉ်နှင့်အညီ ယခုလိုအဓိဋ္ဌာန်ပြုပါ-
၁။ ငါသည် သူတစ်ပါးပျက်စီးအောင် လုပ်တတ် သူမဖြစ်စေရ၊
 သူတစ်ပါး၏ ကြီးပွားမှုကို လိုလားသူသာ ဖြစ်စေရမည်။
၂။ ငါသည်  သူတစ်ပါး၏  အောင်မြင်မှုကို မနာလိုသူ မဖြစ်စေရ၊
 ဝမ်းသာနိုင်သူသာဖြစ်စေရမည်။
၃။ ငါသည် လူအများကို လှည့်စားဟန်ဆောင် တတ်သူ မဖြစ်စေရ၊
 ဟန်ဆောင်မှုကင်း ရိုးသားပွင့်လင်းသူသာ ဖြစ်စေရမည်။

ဒေါက်တာ နန္ဒမာလာဘိဝံသ


No comments:

Post a Comment