Latest News
Monday, April 30, 2018
၂ဝ၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံသစ်ဆိုင်ရာ သိမှတ်ဖွယ်ရာ
၂ဝ၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံသစ်ဆိုင်ရာ သိမှတ်ဖွယ်ရာ
ပညာရေးဝန်ကြီးဌာနသည်    အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂၁)၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော ကျောင်းများနှင့် ပညာသင်ယူရာဌာန အားလုံးတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူ တတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာရေး ကို ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
သင်ယူမှုရလဒ်များ တိုးတက်ရေး
ပညာရေးအဆင့်အသီးသီးတွင်  ပညာရည်စစ်ဆေး အကဲဖြတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းမှာ ပညာရေး အာမခံမှုရှိရေး၊ ကျောင်းနှင့်ပညာရေးစနစ်  တိုးတက် ရေးနှင့် ကျောင်းသားများ၏   သင်ယူမှုတိုးတက်ရေး ရည်မှန်းချက်များအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၏   အဆုံးစွန်သော ရည်မှန်းချက်မှာ ပညာအရည်အသွေး တိုးတက်ရေးနှင့် ယင်းသို့တိုးတက်ခြင်းဖြင့် ကျောင်းသားများ၏ သင်ယူမှု ရလဒ်များ တိုးတက်ရေးပင်ဖြစ်ပါသည်။
စဉ်းစားတွေးခေါ်မှု တိုးတက်လာစေရန်
တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ အလွတ်ကျက်မှတ်ဖြေဆိုမှု   လျော့နည်းစေရန်နှင့် စဉ်းစားတွေးခေါ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂ဝ၁၉ ခုနှစ် မတ်လတွင်  ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာရပ်ကိုးခု၏ မေးခွန်းပုံစံသစ်များ ပြောင်းလဲရန်နှင့်  ပတ်သက်၍  ၂ဝ၁၈   ခုနှစ် ဧပြီလ၂၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာအစည်းအဝေးခန်း၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  အမျိုးသား ပညာရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်  အဖွဲ့ဝင် များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   ပညာရှင်ဆရာကြီး  ဆရာမကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ တာဝန်ရှိသူများ က သတင်းစာ၊ ဆောင်းပါးများ၊ ရုပ်မြင်သံကြားဆွေးနွေးပွဲ များ၊ ပညာရေးဝန်ကြီးဌာန   ဝက်ဘ်ဆိုက်တို့ဖြင့် အသိပေး တင်ပြနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ  ဘာသာရပ်ကိုးခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) မြန်မာစာ ဘာသာရပ်
(၂) အင်္ဂလိပ်စာ ဘာသာရပ်
(၃) သင်္ချာ ဘာသာရပ်
(၄) ဓာတုဗေဒ ဘာသာရပ်
(၅) ရူပဗေဒ ဘာသာရပ်
(၆) ဇီဝဗေဒ ဘာသာရပ်
(၇) ပထဝီဝင် ဘာသာရပ်
(၈) သမိုင်း ဘာသာရပ်
(၉) ဘောဂဗေဒဘာသာရပ်တို့ ဖြစ်ပါသည်။
စိတ်ကြိုက်မြန်မာစာ ဘာသာရပ် မေးခွန်းပုံစံကိုမူ ပြောင်းလဲမည်မဟုတ်ပါ။
သိမှတ်ဖွယ်ရာ အချက်အလက်များ
၂ဝ၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဘာသာရပ်အသီးသီး၏  မေးခွန်းပုံစံသစ်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ အချက်အလက်များကို တင်ပြ ရလျှင်   မေးခွန်းပုံစံသစ်တွင် အလွတ်ကျက်မှတ်မှုထက် ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသော မေးခွန်း များ ပိုမိုပါဝင်လာမည် ဖြစ်ပါသည်။ ထို့ပြင် မေးခွန်းလွှာတွင် ရွေးချယ်စရာ မေးခွန်းအရေအတွက် များနေပါက သင်ခန်းစာ အချို့ကို စာမေးပွဲတွင် မဖြေဆိုဘဲ ရှောင်လွှဲခွင့် ရနိုင်ခြင်း ကြောင့် တတ်မြောက်မှုအားနည်းနိုင်သည့်အတွက် မေးခွန်း ပုံစံသစ်တွင် ရွေးချယ်စရာ မေးခွန်းပုဒ်ရေကို လျှော့ချထား ပါသည်။ မေးခွန်းပုံစံတစ်ခုလုံး   ပြောင်းလဲ သွားခြင်း မဟုတ်ဘဲ မေးခွန်းပုံစံအများစုကို ယခင်မေးရိုး မေးစဉ် အတိုင်း ဆက်လက်ထည့်သွင်းမေးမြန်းမည် ဖြစ်ပါသည်။
အရေးကြီးသော အချက်များကို တင်ပြရလျှင်-
(က) မေးခွန်းပုံစံများမှာ  လုံးဝ အသစ်ပြောင်းလဲခြင်း မဟုတ်ပါ။
(ခ) မေးခွန်းပုံစံသစ်တွင် မေးခွန်းပုံစံဟောင်းမှာ ကဲ့သို့ ပင်  အလွတ်ကျက်မှတ်ရသည့် မေးခွန်းများနှင့် စဉ်းစားတွေးခေါ်ရသော မေးခွန်းများပေါင်းစပ် ပါဝင်မည်ဖြစ်သည်။ သို့သော် စဉ်းစားတွေးခေါ် ရသည့် မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ်ပါသည်။
(ဂ) သင်ယူသူများကို    သင်ရိုးကုန်လေ့လာစေရန် ရည်ရွယ်ပြီး သင်ခန်းစာများအားလုံးကို  လွှမ်းခြုံ မေးမြန်းမည် ဖြစ်ပါသည်။
(ဃ) မေးခွန်းပုံစံတွင် လွယ်၊ သင့်၊ ခက် မျှတစွာ ပါဝင်ပြီး သင်ရိုးများအားလုံး ကျေညက်စွာ လေ့လာထား သော ကျောင်းသား ကျောင်းသူများ အလွယ်တကူ ဖြေဆိုနိုင်မည့်မေးခွန်းမျိုး ဖြစ်ပါသည်။
တက္ကသိုလ်ဝင်တန်း       တက်ရောက်ကြမည့် ကျောင်းသား    ကျောင်းသူများသည် မေးခွန်းပုံစံနှင့် လိုက်လျောညီထွေစွာ  ပြောင်းလဲလာသော  သင်ကြား သင်ယူမှုများမှတစ်ဆင့် စဉ်းစားဆင်ခြင် ဝေဖန်နိုင်စွမ်း ရှိလာစေရန်နှင့် အလွတ်ကျက်မှတ်ဖြေဆိုမှု လျော့နည်း လာစေပြီး စဉ်းစားတွေးခေါ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။
သင်ယူတတ်မြောက်မှု မြင့်မားလာမည်
နှစ်စဉ်မေးနေကျ ပုံစံတူမေးခွန်းအစား တွေးခေါ် မြော်မြင်နိုင်မှုကို အားပြုသော မေးခွန်းများကို ပိုမို ထည့်သွင်းခြင်းအားဖြင့်   မေးခွန်း၏ အနှစ်သာရ မြင့်မားလာမည်ဖြစ်သကဲ့သို့ ကျောင်းသား ကျောင်းသူ တို့၏ သင်ယူတတ်မြောက်မှုသည်လည်း ပိုမိုမြင့်မား လာမည်ဖြစ်သည်။   ကျောင်းသား  ကျောင်းသူများ သည်လည်း    မိမိတို့၏  တတ်မြောက်ကျွမ်းကျင်မှု အဆင့်နှင့်အညီ ဖြေဆိုနိုင်မည် ဖြစ်ပါသည်။ စဉ်းစား တွေးခေါ်မှုကို ဦးတည်ဆောင်ရွက်ထားသော မေးခွန်း များသည် စဉ်းစားတွေးခေါ်မှုနှင့် သင်ကြားသင်ယူမှု စာသင်ခန်းများကို    ပုံဖော်နိုင်ကြမည်ဖြစ်သည်။              ထိုစာသင်ခန်းမှသည်  အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်မည့် စဉ်းစားတွေးခေါ်နိုင်မှု မြင့်မား၍ တီထွင်ကြံဆနိုင်စွမ်းရှိပြီး ပူးပေါင်းဆောင်ရွက်တတ် သော  လူသားကောင်းများ  ဖြစ်ထွန်းလာနိုင်မည်မှာ မလွဲဧကန် ဖြစ်ပါသည်။    
ဒေါက်တာခိုင်မြဲ(ပညာရေး)​ကြေးမှုံ
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် တန်းစီစောင့်ဆိုင်းနေရသော အခက်အခဲများ ကြုံတွေ့နေရဟုဆို
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် တန်းစီစောင့်ဆိုင်းနေရသော အခက်အခဲများ ကြုံတွေ့နေရဟုဆို
ရန်ကုန်   ဧပြီ   ၃ဝ
ဂျပန်၊  ကိုရီးယားနှင့်   ထိုင်းနိုင်ငံတို့မှ အလုပ်သမားခေါ်ယူမှုကြောင့်  သင်္ကြန် ကာလနောက်ပိုင်းတွင် ပြည်ပ၌အလုပ် လုပ်ကိုင်လိုသူ၊   ဗီဇာသက်တမ်းတိုးသူ တို့ဖြင့်  ရန်ကုန်မြို့   စက်မှု  ၁   လမ်းရှိ              မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးရှေ့ တွင်  စည်ကားလျက်ရှိရာ ဧပြီ   ၃ဝ  ရက်   နံနက်ပိုင်းက    အဆိုပါရုံးရှေ့တွင် နိုင်ငံကူးလက်မှတ်   ပြုလုပ်သူတို့ဖြင့် ပြည့်ကျပ်လျက်ရှိပြီး တန်းစီစောင့်ဆိုင်း နေရသောကြောင့်  ဝင်ပေါက်နှစ်ပေါက် ပြုလုပ်ထားရှိနိုင်ပါက နိုင်ငံကူးလက်မှတ် လျှောက်ထားသူသက်ကြီးရွယ်အိုများ အတွက်လည်း  အဆင်ပြေချောမွေ့စေ မည်ဖြစ်ကြောင်း   နိုင်ငံကူးလက်မှတ် လျှောက်ထားသူတို့ထံမှ သိရသည်။
''မနက် ၃ နာရီကတည်းက တန်းစီရတာ၊ အရင်ကအခုလိုတန်းစီပြီး တိုးရတာမရှိဘူး၊ အခုနောက်ပိုင်းမှာ တန်းစီတိုးနေရတယ်၊ ကားလမ်း ပိတ်သလို ရပ်စောင့်ရတဲ့သူတွေလည်း ယာဉ်အ္တရာယ်နဲ့ နေပူတဲ့ဒဏ် ခံရတာပေါ့၊ မြန်ဆန်သွားအောင် ဝင်ပေါက်နှစ်ခုနဲ့ လုပ်ဆောင်ပေးရင် အဆင်ပြေမယ်ထင်တယ်''ဟု  စင်ကာပူနိုင်ငံတွင်  ဆက်လက်  အလုပ် လုပ်ကိုင်ရန် ဗီဇာသက်တမ်းတိုး လာရောက်လျှောက်ထားသူ ကိုကျော်သူရ က ပြောသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့တွင် ဈေးသည်များ၊ ပွဲစားများနှင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ၊  ရပ်နားထားသောယာဉ်များ၊ စောင့်ဆိုင်းနေသော တက္ကစီယာဉ်တို့ဖြင့် စည်ကားလျက်ရှိရာ စက်မှု ၁  လမ်းပေါ်မှ  ဖြတ်သန်းသွားလာကြသည့်ယာဉ်များ  အဆိုပါရုံးရှေ့တွင် သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိ၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက  ယာဉ်အ္တရာယ်ကင်းရှင်းရေး  ဆောင်ရွက်လျက်ရှိသည့်တိုင်  လူနှင့်ယာဉ် တို့ဖြင့် ရှုပ်ထွေးလျက်ရှိနေကြောင်း သိရသည်။
''အထဲမှာလည်း လူများတယ်၊ အပြင်မှာလည်း တန်းစီပြီးစောင့်နေ ရတယ်၊ မိန်းကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် အဆင်အမပြေဘူးပေါ့၊ ဖေဖော်ဝါရီလတုန်းက ဒီလောက်မဆိုးဘူး၊ နိုင်ငံကူးလက်မှတ်တစ်ခုကို$ သုံးသောင်းခွဲနီးပါးကုန်တယ်၊ ၁ဝ ရက်စောင့်ရတယ်၊ ပွဲစားနဲ့ဆိုရင်မြန်တယ်၊ အမြန်ကြေးရှိသလို ရိုးရိုးလည်းရှိတယ်၊ ပွဲစားနဲ့ နိုင်ငံကူးလက်မှတ်လုပ်ရင်$ ကိုးသောင်းခွဲကျတယ်၊ ရိုးရိုးကြေးက မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းကို ဘိုက်ဗာနဲ့ ပို့ပေးပြီး တန်းစီစောင့်နေရင် သူတို့ဘာသာ လုပ်ပေးတာလည်း ရှိတယ်၊ မြန်မြန်ပြီးစီးအောင် အဖွဲ့နှစ်ဖွဲ့ခွဲပြီး လုပ်ဆောင်ပေးရင် အခုလိုမြင်မကောင်းအောင် တန်းစီပြီး စောင့်စရာမလိုဘူးပေါ့''ဟု ထိုင်း နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ် လုပ်ဆောင် နေသော မမိုးသဇင်က ပြောသည်။
နိုင်ငံကူးလက်မှတ်ရုံးရှေ့တွင် ပွဲစားများ ခြေချင်းလိမ်နေသည့်နည်းတူ  မြန်ဆန်စွာရရှိရန်    ချိတ်ဆက်လုပ်ဆောင်မှုများလည်းရှိပြီး   ပွဲစားများ လိမ်လည်၍  ငွေယူမှုကြောင့်  နယ်ဘက်နှင့်  အညာဒေသမှ  ပတ်စ်ပို့ လျှောက်ထားသူများ အများဆုံးအလိမ်ခံနေရကြောင်းလည်း သိရသည်။
ပွဲစားနဲ့မလုပ်ဘဲ ချိတ်ဆက်ပြီးလုပ်တာလည်း မြန်တယ်၊ သွားမယ့်သူရဲ့ မှတ်ပုံတင်မိတ္တူနဲ့ သန်းခေါင်စာရင်းမိတ္တူကို အထဲကသူကို လှမ်းပို့ပြီး နံနက် ၇ နာရီမထိုးမီ ဒီကိုလာဖို့လိုတယ်၊ တရားဝင်ဆောင်ရမယ့် ငွေသွင်းပြီးတော့ ပတ်စ်ပို့လုပ်မယ့်သူတစ်ယောက်$ ခုနစ်ထောင်ပေးရင် သူ့ဟာနဲ့သူ ချိတ်ဆက်ပြီး ခေါ်သွားတယ်၊ အထဲမှာလည်း လူ ငါးထောင်လောက်က သူ့ဟာနဲ့သူရှိနေတယ် ဆိုတော့ ဒီနေ့အပြင်က တန်းစီနေတဲ့သူတွေမရနိုင်ဘူး''ဟု ပွဲစားတစ်ဦးက ယနေ့နံနက်ပိုင်းတွင် ပြောသည်။
ပြည်ပတွင်အလုပ်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားမှု သင်္ကြန်ပြီးနောက်ပိုင်း ပို၍များလာလျက်ရှိပြီး ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံ တို့မှ အလုပ်သမားခေါ်ယူခြင်းကြောင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု များလာလျက်ရှိရာ လူအုပ်ဖြင့် တန်းစီစောင့်ဆိုင်းနေရမှု ယနေ့တိုင်ရှိနေဆဲ ဖြစ်၍ ကင်းဝေးစေရန် မြန်ဆန်စွာဆောင်ရွက်ပေးနိုင်သော နည်းလမ်းဖြင့် ဝန်ဆောင်မှုပေးရန်  နိုင်ငံကူးလက်မှတ်လျှောက်ထားသူတို့  ဆန္ဒဖြစ်ပေါ် လိုလားလျက်ရှိကြောင်း
မြန်​မာ့အလင်း
ထိန်ပင်အမှိုက်ပုံမီးလောင်မှု ဇုန်အလိုက်သတ်မှတ်ငြှိမ်းသတ်ရာ အောင်မြင်ထိရောက်မှုရှိ
ထိန်ပင်အမှိုက်ပုံမီးလောင်မှု  ဇုန်အလိုက်သတ်မှတ်ငြှိမ်းသတ်ရာ  အောင်မြင်ထိရောက်မှုရှိ
ရန်ကုန်   ဧပြီ   ၃ဝ
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံမီးလောင်နေမှုကို ဇုန်အလိုက်သတ်မှတ်၍  ငြှိမ်းသတ် လျက်ရှိရာ အောင်မြင်ထိရောက်မှုရှိပြီး ယနေ့တွင် မူလသတ်မှတ်ထားသည့် အတိုင်း (B)ဇုန်ကို အပြီးသတ်ငြှိမ်းသတ်နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ   မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးမြတ်သူက မြန်မာ့သတင်းစဉ်ကို ပြောကြားသည်။
ဒဒမနေ့တုန်းကတော့ (A)ဇုန်ကို အောင်မြင်စွာ  ငြှိမ်းသတ်နိုင်ခဲ့ပါတယ်၊ ဒီနေ့မှာတော့  သတ်မှတ်ထားတဲ့အတိုင်း (B) ဇုန်ကိုငြှိမ်းသတ်တာပါ၊ တကယ်ပဲ ပင်ပင်ပန်းပန်းလုပ်ရမယ်လို့ ထင်ထားတဲ့အတိုင်း လက်တွေ့မှာလည်းလုပ်ရတာ  ပင်ပန်းကြပါတယ်၊ (B)ဇုန်ဟာတောင်ကုန်းလိုဖြစ်နေတဲ့ အမှိုက်ပုံအနေအထားကြောင့်Bio Foam ကို အဓိကသုံးပြီး  ငြှိမ်းသတ်ခဲ့ရပါတယ်၊ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပြီးသလောက် ဖြစ်သွားပါပြီ၊ ဒီကနေ့မှာ (B)ဇုန်ကို အပြီးသတ်ငြှိမ်းမယ်ဆိုတဲ့အတိုင်းပဲ ငြှိမ်းသတ် နိုင်ခဲ့ပါတယ်၊ နောက်တစ်နေ့မှာ ငြှိမ်းသတ်ရမယ့် (C) ဇုန်ရဲ့ ဧရိယာကို ကြည့်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့အတိုင်း အပြီးပြတ် ငြှိမ်းသတ်နိုင်မှာပါ၊ အဲဒီလိုပဲကျန်တဲ့ (D) ဇုန်ကိုလည်း  တစ်ရက်ကိုတစ်ဇုန်နှုန်းအလိုက်  သတ်မှတ်အချိန်အတိုင်း အပြီးပြတ် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ် ဟု ဒုတိယòန်ကြားရေးမှူးချုပ် ဦးမြတ်သူက ပြောသည်။
အပြီးသတ်မီးငြှိမ်းသတ်မှု  ဆောင် ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရန်  တိုင်းဒေသကြီး   အစိုးရအဖွဲ့အနေဖြင့် ပြည်ပမှ   ကျွမ်းကျင်ပညာရှင်များ၏ အကူအညီနှင့်  အကြံပြုချက်များဖြင့် လည်း   ဆောင်ရွက်လျက်ရှိသကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး     ဝန်ကြီးဌာနသည် အာဆီယံသဘာဝဘေး   ကော်မတီဝင် နိုင်ငံဖြစ်သည့်အတွက် အာဆီယံအရေး ပေါ် တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ Asean ERAT Team နှင့် ချိတ်ဆက်ကာ လိုအပ်သော အကြံပြုချက်များကိုလည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါအဖွဲ့တွင် စင်ကာပူ အများ ပြည်သူဆိုင်ရာ ကာကွယ်ရေးနှင့် မီးသတ် တပ်ဖွဲ့မှ ကျွမ်းကျင်သူ မီးသတ်သမားများ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် သူများပါဝင်ကာ မီးငြှိမ်းသတ်နေမှုနှင့် နည်းစနစ်ပိုင်းအခြေအနေတို့ကို ဧပြီ ၂၉ ရက်နှင့်  ၃ဝ  ရက်တို့တွင်  လာရောက် လေ့လာခဲ့ပြီး လေ့လာတွေ့ရှိချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူတို့အား အကြံပြု ဆွေးနွေးတင်ပြသည်။
ဆွေးနွေး    အကြံပြုချက်များနှင့် ပတ်သက်၍   သဘာဝဘေးအ္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး  ဦးစီးမှူး  òန်ကြားရေးမှူး ဦးဝင်းရွှေက    ''သူတို့အနေနဲ့ကတော့ လက်ရှိမီးငြှိမ်းသတ်နေမှုအပေါ် လေ့လာ ပြီး  တွေ့ရှိချက်တွေကို  အကြံပြုတာပါ၊ အကြံပြုချက်တွေကတော့ မီးသတ်တပ်ဖွဲ့ ဝင်တွေ      လက်ရှိငြှိမ်းသတ်နေတာနဲ့ ကွဲလွဲမှုသိပ်မရှိပါဘူး၊ တော်တော်များများ တူပါတယ်၊  အဓိကအားဖြင့်တော့ မီးသတ် တပ်ဖွဲ့ဝင်တွေအတွက Safety  ပိုင်းကို ဦးစားပေးပြီး      အကြံပြုသွားတာကို တွေ့ရပါတယ်၊  လုပ်ငန်းနဲ့  သက်ဆိုင်တဲ့ တစ်ကိုယ်ရေ     ဆက်စပ်ပစ္စည်းတွေကို ကောင်းကောင်းသုံးစေချင်တဲ့    သဘော ပါ''ဟု ပြောသည်။
 ကြိုးစားဆောင်ရွက်လျက်ရှိ
ယခုအခါ မီးလောင်မှု၏ ၉ဝ ရာခိုင် နှုန်းကို     ငြှိမ်းနိုင်ခဲ့ပြီးဖြစ်သော်လည်း အမှိုက်ပုံအတွင်းပိုင်းမှ လောင်ကျွမ်းနေမှု နှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့၏ မဟာဗျူဟာအရ ဧပြီ ၂၉ ရက်မှစတင်၍  (A,B,C,D)ဇုန်များသတ်မှတ်ကာ  ငြှိမ်းသတ်လျက် ရှိရာ  အောင်မြင်ထိရောက်မှုရှိပြီး ယနေ့ တွင် (B)ဇုန်ကို သတ်မှတ်အချိန်အတိုင်း အောင်မြင်စွာ   ငြှိမ်းသတ်နိုင်ခဲ့သည်။
အလားတူ(C)ဇုန်နှင့်     (D)ဇုန်တို့ကို ဆက်လက်ငြှိမ်းသတ်    သွားမည်ဖြစ်ရာ နောက်နှစ်ရက်အကြာတွင်   အပြီးပြတ် ဆောင်ရွက်သွားနိုင်ရန်   ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ် တပ်ဖွဲ့ အနေဖြင့် စစ်ဆင်ရေး ဧရိယာတွင် မီးသတ်တပ်ဖွဲ့အင်အား   ၄၅ဝ  ခန့်ကို အဓိကထားကာ   သတ်မှတ်အဆိုင်းများ အလိုက်     ခွဲဝေအသုံးပြုခဲ့သည့်အပြင် ပူးပေါင်းအင်အားများဖြင့်လည်း  ဆောင် ရွက်ခဲ့သည်။
မီးငြှိမ်းသတ်မှုတွင်           ပါဝင်သူ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ ဝင်တစ်ဦးက  ''ဒီနေ့ ငြှိမ်းရတဲ့နေရာက တောင်ကုန်းပုံစံမျိုး        ဖြစ်နေတော့ လေလည်း  တော်တော်တိုက်တဲ့အတွက် မီးခိုးတွေမွှန်တဲ့ဒဏ်ကို   အရင်နေ့တွေ ထက်ပိုခံရတယ်၊ မြေပြင်  အနိမ့်အမြင့် ကလည်း   မတူတာကြောင့်   အမှိုက်ပုံ အတွင်းထဲအထိ စိမ့်ပြီးဝင်သွားအောင် တစ်နေရာနဲ့တစ်နေရာ   အချိန်ပေးပြီး ငြှိမ်းသတ်ခဲ့ရပါတယ်၊ တော်တော်တော့ ပင်ပန်းပါတယ်၊   အားလုံးက  ကြိုးစား ငြှိမ်းသတ်ခဲ့တာကြောင့် သတ်မှတ်နေရာ ကို အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်''ဟု ပြောသည်။
ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနအနေဖြင့် မီးခိုးဒဏ်ကို ခံစားရသော ပြည်သူများနှင့်   မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်နေသူများကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးကုသ မှုစခန်းများ  ဖွင့်လှစ်ကာ  ပြည်သူများ အတွက်   ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။
ထို့အတူ      မီးလောင်မှုအနီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အရပ်ဘက်   အဖွဲ့အစည်းများကလည်း ကျန်းမာရေး        စောင့်ရှောက်မှုများ ပေးလျက်ရှိပြီး စေတနာရှင်များကလည်း အစားအသောက်၊ ရေနှင့် ဆေးဝါးများကို လာရောက်လှူဒါန်းလျက်ရှိသည်။
စေတနာ   ပရဟိတအသင်းဥက္ကဋ္ဌ ဒေါ်ခင်မြအေးက ''ကျွန်မတို့အနေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့   အသက်ရှူ မဝတဲ့သူတွေကို ကျန်းမာရေးကူညီစောင့် ရှောက်မှုပေးနေပါတယ်၊ အဲဒီလို ဆောင် ရွက်တဲ့အခါမှာလည်း မီးလောင်ပြင်အနီး တစ်ဝိုက်မှာ ယာယီဆေးခန်း ဖွင့်ထားပါ တယ်၊ ဒါ့အပြင် မီးလောင်ပြင်အထဲထိ သွားရောက်ပြီး မီးငြှိမ်းသတ်နေတဲ့သူတွေ ကို  အနီးကပ်ကွင်းဆင်းပြီး    လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ လုပ်ပေးနေ ပါတယ်၊  ရေနဲ့  အစားအသောက်တွေ ကိုလည်း မီးလောင်ပြင်ထဲထိ အရောက် သွားရောက်လှူဒါန်းပေးနေပါတယ်၊ မီး လောင်မှုဖြစ်ပွားပြီး   နောက်ရက်မှာ ကတည်းက အခုလို ဆောင်ရွက်ခဲ့တာပါ၊ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်ရှနာ မှုမျိုးတွေ၊ အောက်ဆီဂျင်ပြတ်ပြီး အသက် ရှူမဝဖြစ်တာမျိုးတွေ    အဖြစ်များကြပါ တယ်''ဟု ပြောသည်။
ကိုယ်တိုင်သွားရောက်လှူဒါန်း
ထို့အတူ    အရပ်ဘက်လူမှုအဖွဲ့ အစည်းများအနေဖြင့်  မီးငြှိမ်းသတ်နေ သည့်နေရာများ      အနီးထိ     လူနာ တင်ယာဉ်များဖြင့်      သွားရောက်ကာ မီးငြှိမ်းသတ်နေသူများအား    အနီးကပ် ကျန်းမားရေး စောင့်ရှောက်မှုများပေး ခြင်းနှင့် ဆေးဝါး၊ ရေနှင့် အစားအသောက် များကိုလည်း    ကိုယ်တိုင်သွားရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မီးလောင်မှုမှ    မီးခိုးများထွက်ရှိမှု ကြောင့် လာရောက် ဆေးဝါးကုသမှုခံယူ သူများနှင့်  ပတ်သက်၍   လှိုင်သာယာ မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက    ''မီးခိုးမွှန်မှုကြောင့် လာရောက်ဆေးကုသမှု ခံယူတဲ့သူအနေနဲ့ ကတော့ မနေ့က ညနေပိုင်းအထိ အားလုံး ပေါင်း ၃၈ ဦး ရှိခဲ့ပါတယ်၊ လက်ရှိအချိန် မှာတော့ ခုနစ်ဦးပဲဆေးရုံမှာ ရှိပါတော့ တယ်၊ ကျန်တဲ့သူတွေကတော့    အခြေ အနေကောင်းမွန်သွားလို့   ဆင်းသွားကြ ပါပြီ၊ လက်ရှိ  ကျန်နေတဲ့သူတွေအနေနဲ့ လည်း မီးခိုးမွှန်မှုကြောင့် ကာဗွန်မိုနောက် ဆိုက် အဆိပ်သင့်တဲ့လက္ခဏာ မရှိတော့ ပါဘူး၊  မူလရောဂါအခံဖြစ်တဲ့  နှလုံး၊ သွေးတိုးနဲ့   နာတာရှည်ရောဂါဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ   အခံတွေကိုသာ  ဆက်လက်ကုသပေးနေတာပါ၊ ဒီကနေ့ ဆိုရင် မီးခိုးမွှန်မှုကြောင့် ဆေးရုံရောက် လာတဲ့သူ မရှိပါဘူး''ဟု ပြောသည်။
အဆိုပါ မီးလောင်မှုအနီးရှိ အမှတ် ၂ဝ  ရပ်ကွက်မှ ဒေါ်ညိုက ''မီးခိုးတွေက တဖြည်းဖြည်းနည်းသွားပါပြီ၊ အဝေးကနေ လှမ်းတွေ့ရတဲ့   အဆင့်လောက်ပဲရှိတော့ တာပါ၊  အရင်တုန်းကလို  ညှော်နံ့တွေ ထွက်တဲ့အဆင့်အထိ   မရှိတော့ပါဘူး၊ ညနေပိုင်းနဲ့ မနက်စောစောပိုင်းလောက် မှာ ညှော်နံ့အနည်းငယ်လောက်ပဲ ရတော့ တာပါ၊     အရင်ရက်တွေကလောက် မီးခိုးတွေ    မထွက်တော့တဲ့အတွက် စိုးရိမ်စရာ     သိပ်မရှိတော့ဘူးလို့တော့ ထင်ပါတယ်''ဟု သူ၏အမြင်ကို ပြော သည်။
ရေဂါလန်တစ်သန်းခန့် အသုံးပြု
ယခုအခါ    အဆိုပါမီးလောင်မှုကို အပြီးသတ်ငြှိမ်းသတ်ရာတွင်   ရေဖြင့် အဓိကပက်ဖျန်းကာ ငြှိမ်းသတ်လျက်ရှိပြီး လိုအပ်သည့်နေရာများတွင်သာ Bio Foam (အမြှုပ်ဆေးရည်)ကို အသုံးပြု ငြှိမ်းသတ်လျက်သည်။ ထိုသို့ ငြှိမ်းသတ် ရာတွင်    မီးငြှိမ်းသတ်မှုအင်အား  ၉ဝဝ ကျော်တို့၏   အလှည့်ကျဆောင်ရွက်မှု နှင့်အတူ မီးငြှိမ်းသတ်ယာဉ်၊ အထောက် အကူပြုယာဉ်၊   ရေသယ်ယာဉ် အစီး စုစုပေါင်း ၃၈ဝ ၊ ရေတင်စက် အလုံး ၄ဝ၊ ဘက်ဟိုးယာဉ်   ကိုးစီးတို့ဖြင့်    တစ်ရက် လျှင်  ရေဂါလန်တစ်သန်းခန့်ကို အသုံးပြု ကာ  ငြှိမ်းသတ်လျက်ရှိကြောင်း   သိရ သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်(မြန်​မာ့အလင်း)
မြောက်နှင့်တောင် ပေါင်းစည်းခြင်းအတွက် စံတော်ချိန် ပြန်လည်သတ်မှတ်မည်
မြောက်နှင့်တောင် ပေါင်းစည်းခြင်းအတွက် စံတော်ချိန် ပြန်လည်သတ်မှတ်မည်
ဆိုးလ်  ဧပြီ  ၃ဝ
မြောက်ကိုရီးယားနိုင်ငံက မြောက်နှင့် တောင်  ပေါင်းစည်းခြင်း  အချိန်များ ဟူသော အမိန့်အား အကောင်အထည် ဖော်သည့်အနေဖြင့်  ပြုံယမ်းစံတော်ချိန်ကို  ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း  ဧပြီ  ၃ဝ သတင်းများတွင် ဖော်ပြထား သည်။
မြောက်ကိုရီးယားနိုင်ငံက ပြုံယမ်း စံတော်ချိန်ကို မေလ ၅ ရက်မှစတင်ကာ  လက်ရှိအချိန်ထက် ရှေ့သို့  နာရီဝက်  စောကာ ပြန်လည်ချိန်ညှိ  သတ်မှတ် သွားမည်ဖြစ်ကြောင်း  ကိုရီးယားဗဟို သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျယ်အင်းနှင့် ဧပြီ ၂၇ ရက်က ပန်မွန်ဂျုံကျေးရွာ ထိပ်သီးအစည်းအဝေး အတွင်း တွေ့ဆုံခဲ့စဉ်က အခြားအရာများ မပြုလုပ်မီ တောင်နှင့်မြောက် စံတော်ချိန် များ ပေါင်းစည်းရန် အဆိုပြုခဲ့ကြောင်း သိရသည်။
''ထိပ်သီးအစည်းအဝေးပြုလုပ်ရာ နေရာမှာ  ချိတ်ဆွဲထားသည့်  ပြုံယမ်းနှင့် ဆိုးလ်၏     စံတော်ချိန်ကို  ညွှန်ပြ နေသည့်  နာရီနှစ်လုံးကို  မြင်ရသည်မှာ နာကျင်ခံစားရကြောင်း''  မြောက်ကို ရီးယားခေါင်းဆောင်  ကင်ဂျုံအန်းက ပြောခဲ့သည်။
အဆိုပါ ပြောင်းလဲမှုသည် တောင်  မြောက်ကိုရီးယားနှစ်နိုင်ငံ   ပြန်လည် သင့်မြတ်ခြင်းနှင့် စည်းလုံးခြင်းအတွက်  လက်တွေ့ကျသော ပထမခြေလှမ်းဖြစ် ကြောင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့၏  မတူကွဲပြားမှုနှင့် သီးခြားဖြစ်တည်နေမှု များအား တူညီပြီး တစ်ခုတည်းဖြစ်စေ မည့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ယခင်က  ကိုရီးယားနှစ်နိုင်ငံသည်  စံတော်ချိန်တစ်ခုတည်းကိုသာ အသုံးပြု ခဲ့ကြောင်း  သိရသည်။  သို့သော်လည်း ၂ဝ၁၅  ခုနှစ်  သြဂုတ်လတွင်  ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး   ယိုယွင်းလာခဲ့ပြီး နောက်     မြောက်ကိုရီးယားနိုင်ငံက ၄င်းတို့၏   စံတော်ချိန်အား   မိနစ်   ၃ဝ နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ မြန်​မာ့အလင်း
တရုတ်နိုင်ငံမြောက်ပိုင်း၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ကိုးဦး သေဆုံး
တရုတ်နိုင်ငံမြောက်ပိုင်း၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ကိုးဦး သေဆုံး
ပေကျင်း  ဧပြီ  ၃ဝ
တရုတ်နိုင်ငံမြောက်ပိုင်း  ကျေးရွာတစ်ရွာ၌  ဧပြီ ၃ဝ ရက်က  မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ကိုးဦးသေဆုံးခဲ့ကြောင်း  သက်ဆိုင်ရာအာဏာပိုင်များက  ပြောကြားခဲ့သည့် သတင်းတစ်ရပ်ကို အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါမြေပြိုမှုသည် တရုတ်နိုင်ငံမြောက်ပိုင်း ဆိုင်ဂျာချွမ် Caijiazhuang ကျေးရွာ၌  ဒေသစံတော်ချိန်  နံနက်  ၅  နာရီမတိုင်ခင်က  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှန်ရှီ (Shanxi) ပြည်နယ်  လုလျန်း (Luliang) မြူနီစီပယ်အစိုးရအာဏာပိုင်များက  ပြောခဲ့သည်။
မီးသတ်သမား ၁ဝဝ ကျော်၊ ဆေးဘက်ဆိုင်ရာအကူနှင့် ကယ်ဆယ်ရေးသမားများ အပါအဝင် စက်ယန္တရားကြီးများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် ရှာဖွေကယ်ဆယ် ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။
မြေပြိုကျရသည့် အကြောင်းရင်းကို ယခုအချိန်အထိ မသိရသေးကြောင်း သိရ သည်။ လွန်ခဲ့သော ၂ဝဝ၈ ခုနှစ်တွင် ဖြစ်ပွားသော လောင်လင်မြေပြိုမှုတွင်လည်း လူ ၁၉ ဦးသေဆုံးခဲ့သေးကြောင်း သိရသည်။ မြန်​မာ့အလင်း
တောင်နဲ့မြောက်ပေါင်းစည်းရေးကို ဖော်òန်းလိုက်တဲ့ သမိုင်းဝင်တွေ့ဆုံပွဲ
တောင်နဲ့မြောက်ပေါင်းစည်းရေးကို ဖော်òန်းလိုက်တဲ့
သမိုင်းဝင်တွေ့ဆုံပွဲ
ပြီးခဲ့တဲ့ သောကြာနေ့က မြောက်ကိုရီး ယားနဲ့ တောင်ကိုရီးယားခေါင်းဆောင် နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ခေတ်သစ်တစ်ခု ကို အစပြုတည်ထောင်ဖို့  လမ်းခင်း လိုက်တဲ့ ကြုံတောင့်ကြုံခဲ သမိုင်းဝင် တွေ့ဆုံမှု တစ်ခုဖြစ်လာခဲ့ပြီလို့ မြောက် ကိုရီးယားမီဒီယာက ဖော်ပြပါတယ်။  ဘာကြောင့် သမိုင်းဝင်တဲ့ တွေ့ဆုံမှုလို့ ဆိုနိုင်တာလဲ။    မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင် ကိုရီးယားခေါင်းဆောင် မွန်ဂျယ်အင်း တို့ဟာ ဘယ်တော့မှဖြစ်မလာနိုင်ဘူး လို့ထင်ရတဲ့  ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ပပျောက်ရေး ကို အတူလက်တွဲကြိုးပမ်းသွားကြဖို့  သဘောတူညီလိုက်ကြတာကို မင်္ဂလာ ရှိစွာ တွေ့မြင်ခွင့်ရရှိလိုက်တဲ့ တွေ့ဆုံမှု တစ်ခုဖြစ်လို့ပါပဲ။
အင်မတန်တွေ့ရခဲတဲ့ ဖြစ်ရပ်ပါ။ နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့   ကိုရီးယား ဗဟိုသတင်းအေဂျင်စီက   ဒီတွေ့ဆုံပွဲ ကို    ပြီးပြည့်စုံတဲ့    နျူကလီးယား လက်နက်ပပျောက်ရေး ကြိုးပမ်းမယ့်  ဆွေးနွေးပွဲတွေနဲ့ ခေါင်းဆောင်နှစ်ဦး ရဲ့   ကတိကဝတ်ပြု  သဘောတူညီမှု ရယ်လို့ြေ<ွကးကြော်ဖော်ပြခဲ့ပါတယ်။  မြောက်ကိုရီးယားဆီကနေ  စစ်မက် ပြုလိုတဲ့ စကားသံတွေ လပေါင်းများ စွာကြာအောင်    ထွက်လာခဲ့ပြီးတဲ့ နောက်မှာမှ      ခုလိုငြိမ်းချမ်းရေးကို လိုလားတဲ့  ထိပ်သီးဆွေးနွေးပွဲတစ်ရပ် က  အံ့အားသင့်ဖွယ်  ဝင်ရောက်လာခဲ့ တာပါ။
ဒီဖြစ်ရပ်က ခေါင်းဆောင်ကင်ကို  ကိုရီးယားစစ်ပွဲ    အဆုံးသတ်ခဲ့တဲ့  ၁၉၅၃ ခုနှစ်ကစပြီး တောင်ကိုရီးယား နဲ့   သဘောထား   ပြောင်းလဲလိုက်တဲ့ ပထမဆုံးသော   မြောက်ကိုရီးယား ခေါင်းဆောင်အဖြစ် တွေ့မြင်ရစေပါ တယ်။   ဒီပုဂ္ဂိုလ်နှစ်ဦးဟာ   တစ်ဦးနဲ့ တစ်ဦး နွေးထွေးကြည်ဖြူစွာ လက်ဆွဲ နှုတ်ဆက်ခဲ့ကြပြီး    မြောက်ကိုရီးယား ဘက်ခြမ်းမှာရှိတဲ့ စစ်ရေးအရ ကန့်သတ် ပိုင်းခြားထားတဲ့      နယ်နိမိတ်လိုင်းဆီ ကို  ချီတက်လျှောက်လှမ်းခဲ့ကြပါတယ်။ ပြုံယမ်းဟာ ¤င်းရဲ့ နျူကလီးယားလက်နက် တိုက်ကို    ဘယ်တော့မှ    စွန့်လွှတ်မှာ မဟုတ်ဘူးလို့     အမြဲတင်းခံငြင်းဆန် နေခဲ့တာ   နှစ်ပေါင်းများစွာ   ကြာခဲ့ပြီ ဖြစ်ပြီး    အမေရိကန်ရဲ့   ရန်လိုမှုကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊  နျူကလီး ယားလက်နက်တွေရှိဖို့၊   လိုအပ်တယ်လို့   တစ်ချိန်လုံး ခုခံပြောဆိုခဲ့တဲ့  နိုင်ငံဖြစ်ပါ တယ်။
အများပြည်သူဖတ်တဲ့ သတင်းစာမှာ နျူကလီးယားလက်နက်ပပျောက်ရေးကို  ဆိုလိုတဲ့ဖော်ပြချက်   သေးသေးလေး လောက်ပဲ တွေ့လိုက်ရတယ်ဆိုရုံနဲ့တောင်  ဒါဟာ  တောင်ကိုရီးယားအာဏာပိုင် တွေက အခက်အခဲပြဿနာကြီးတစ်ခုကို  ထိုးဖောက်ကျော်လွှားနိုင်လိုက်ပြီဆိုတဲ့  သတင်းကောင်းတစ်ရပ်လို့  မှတ်ယူနိုင်ပြီ ဖြစ်ပါတယ်။
တောင်နှင့်မြောက် သဘောတူညီချက်
ထဲမှာ ဘာတွေပါလဲ
တောင်နဲ့မြောက်  နှစ်နိုင်ငံခေါင်း ဆောင်တွေဟာ  ၁၉၅၃  ခုနှစ်တုန်းက အပြည့်အဝ    ငြိမ်းချမ်းရေးရရှိခဲ့တာ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုနဲ့သာ ပြီးဆုံးခဲ့ရတဲ့ ကိုရီးယားစစ်ပွဲ  လုံးဝအဆုံးသတ်သွားဖို့  အမေရိကန်နဲ့  တရုတ်နိုင်ငံတို့နဲ့  ဆွေးနွေးပွဲတွေ  ဖြစ် မြောက်ရေးအတွက် ကြိုးစားကြမယ်လို့  ဆိုပါတယ်။   နျူကလီးယားလက်နက် ဖယ်ရှားမယ်ဆိုတဲ့ ကတိကဝတ်ပြုမှုဟာ  မြောက်ကိုရီးယားက ¤င်းရဲ့ နျူကလီးယား လက်နက် လှုပ်ရှားဆောင်ရွက်မှုတွေကို  ရပ်ဆိုင်းပစ်ပြီလို့ အတိအကျရည်òန်း ခြင်း   မဟုတ်ပေမယ့်   နျူကလီးယား ကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ်ဖြစ်လာ ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထက်တော့  ပိုတယ်လို့ ဆိုနိုင်ပါတယ်။
ဒီဖော်ပြချက်က   ကိုရီးယားကျွန်း ဆွယ်နျူကလီးယားကင်းစင်ဖို့ တစ်ဆင့် ချင်းဆောင်ရွက်သွားမယ့်  အပြုအမူကို ဖော်ပြနေပြီး နောက်ထပ်အသေးစိတ်ကို တော့ ဖော်ပြထားခြင်းမရှိပါဘူး။ နိုင်ငံရေး ကျွမ်းကျင်သူအများစုက စေ့စပ်ညှိနှိုင်း ရေးဘက်သို့ စိတ်အားထက်သန်လာပုံရ တဲ့  မြောက်ကိုရီးယားရဲ့   သဘောထား ပြောင်းလဲမှုနဲ့ပတ်သက်ပြီး မယုံကြည်နိုင် တဲ့ သံသယမျက်လုံးတွေနဲ့ စောင့်ကြည့် နေဆဲပါပဲ။
အတိတ်ကာလ ဖြစ်ရပ်တွေကို ကြည့် ရင် မြောက်ကိုရီးယားနိုင်ငံက နျူကလီး ယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ပိုပြီး အားကိုးအားထားပြုလုပ်လာပြီးနောက် မှာ  ယခင်က  ချုပ်ဆိုထားခဲ့ဖူးတဲ့  ကိုရီး ယားနှစ်နိုင်ငံ    သဘောတူညီမှုတွေကို  စွန့်လွှတ်လိုက်ကြပြီး  တောင်ကိုရီးယား နိုင်ငံကလည်း ပိုပြီးရှေးရိုးဆန်တဲ့ သမ္မတ တွေကို ရွေးချယ်တင်မြှောက်လာခဲ့တာကို  မြင်တွေ့ခဲ့ရပြီး   ဖြစ်ပါတယ်။   တိုးတက် ဖြစ်ထွန်းမှုတွေ အဖျားရှူးပြီး ပျောက် ကွယ်မှေးမှိန်သွားခဲ့ရတဲ့   ဒေသတွင်းရဲ့ ကံမကောင်း အကြောင်းမလှတဲ့  သမိုင်း ကြောင်းဖြစ်စဉ်တွေ    ထပ်ကာတလဲလဲ ဆက်မဖြစ်တော့အောင်     တားဆီးဖို့ အတွက်   တောင်နဲ့မြောက်   နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး လက်တွဲလုပ်ဆောင် သွားဖို့ သဘောတူညီလိုက်ပြီလို့ မစ္စတာ ကင်ဂျုံအန်းက  ပြောခဲ့တာဟာ  အားရ စရာပါ။
ပူးတွဲဖော်ပြချက်ပါ သဘောတူညီမှုများ
ခေါင်းဆောင်နှစ်ဦးရဲ့ ပူးတွဲဖော်ပြ ချက်ထဲမှာပါရှိတဲ့ နောက်ထပ် သဘော တူညီခဲ့သော အချက်တွေကတော့
 - တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ အတွင်းမှာ ကျူးကျော်ရန်စလိုတဲ့ အပြုအမူတွေကို အဆုံးသတ်ဖို့
 - ဝါဒဖြန့်သဘောတရားတွေကို ဖြန့်ချိ ထုတ်လွှင့်မှုကို ရပ်ဆိုင်းခြင်းအားဖြင့်  နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (ီဇြ) ကို ငြိမ်းချမ်းရေးဇုန်တစ်ခု အဖြစ်သို့ ပြောင်းလဲဖို့
 - ဒေသတွင်းမှာ    စစ်ရေးဆိုင်ရာ တင်းမာမှုတွေကို လျော့ပါးစေမယ့်  လက်နက်လျှော့ချရေးတစ်ရပ်ကို ဆောင်ရွက်သွားဖို့
 - အမေရိကန်နဲ့     တရုတ်ပါဝင်တဲ့ လေးနိုင်ငံ      ဆွေးနွေးပွဲတစ်ရပ် ဖြစ်မြောက်ရေး အကောင်အထည် ဖော်ဖို့
 - စစ်ပွဲကြောင့် ကွဲကွာသွားခဲ့ကြရတဲ့  မိသားစုတွေ ပြန်လည်ပေါင်းစည်း နိုင်အောင် စုစည်းပေးဖို့
 - နယ်စပ်ဒေသတစ်လျှောက်မှာရှိတဲ့  မီးရထားလမ်းပိုင်းတွေ ချိတ်ဆက် ဆောင်ရွက်ပြီး လမ်းတွေကို ခေတ်မီ ဆန်းသစ်အောင်  အဆင့်မြှင့်တင် သွားဖို့နဲ့
 - ယခုနှစ် အာဆီယံအားကစားပွဲတွေ အပါအဝင်  အားကစားပွဲတွေမှာ  နောက်ထပ် အတူတကွ ပူးပေါင်း ပါဝင်သွားကြဖို့
ဆိုပြီး  သဘောတူညီချက်တွေ ဖြစ်ပါတယ်။   ပူးတွဲဖော်ပြချက်မှာ    ပါရှိတဲ့     သဘောတူညီထားသော   အကြောင်းအရာတွေဟာ      ကိုရီးယား နှစ်နိုင်ငံ  ပြန်လည်ပေါင်းစည်းရေးကို သိသိသာသာ      ဖော်òန်းနေတဲ့ အကြောင်းအရာတွေချည်းပဲဖြစ်တဲ့ အတွက် စိတ်ဝင်စားစရာ ကောင်းလှ သလို   အားရကျေနပ်ဖွယ်ရာလည်း ဖြစ်ပါတယ်။
ထိပ်သီးစည်းဝေးပွဲက ငြိမ်းချမ်းရေး
ကို ဦးတည်မှာလား
မြောက်ကိုရီးယားဆီသို့  ပြန်ပြီး ခြေဦးလှည့်လာစေဖို့အတွက် နှစ်နိုင်ငံ ချိတ်ဆက်မှုဖြင့် တောင်ကိုရီးယားဆီသို့ အပြန်အလှန် သဘောသက်ရောက်တဲ့  ခြေလှမ်း လှမ်းဖို့ သမ္မတမွန်ဂျယ်အင်းကို  ရုတ်တရက်  ကောက်ကာငင်ကာပြုမူ လိုက်တဲ့ ခေါင်းဆောင်ကင်ရဲ့ လိမ္မာ ပါးနပ်တဲ့ အပြုအမူဟာ  တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနဲ့  နှစ်နိုင်ငံခေါင်း ဆောင်တွေကို     သာတူညီမျှရှိမှုကို လှုံ့ဆော်လိုက်တဲ့ နည်းလမ်းတစ်ခုဖြစ်ခဲ့ ပါတယ်။
နှစ်နိုင်ငံအကြား   ပိုင်းခြားကန့် သတ်ထားတဲ့  နယ်နိမိတ်စည်းမျဉ်းကို  မှိန်ဖျော့သွားစေခြင်းအားဖြင့် ဒီအပြု အမူဟာ ဆိုးလ်နဲ့ ပြုံယမ်းတို့ နှစ်ရှည် လများ နားလည်သဘောပေါက်အောင် ကြိုးစားခဲ့ကြတဲ့  ပြန်လည်ပေါင်းစည်း ညီညွတ်ရေး ပန်းတိုင်ကိုလည်း လမ်းစ ဖော်နိုင်ခဲ့ပါတယ်။
တောင်နဲ့မြောက် တွေ့ဆုံမှုရလဒ်အပေါ်
တရုတ်နဲ့ အမေရိကန်ရဲ့ သဘောထား
အမေရိကန်    ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားရဲ့ မဟာမိတ်ဖြစ်တဲ့  တရုတ်နိုင်ငံတို့ဟာ  ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲရဲ့   ရလဒ်တွေကို ဝမ်းပန်းတသာ ကြိုဆိုလက်ခံခဲ့ကြတာ ကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က  ကောင်းသော     အခြင်းအရာတွေ ဖြစ်ပျက်လာပြီ။ လာမယ့်ရက်သတ္တပတ် တွေမှာ မစ္စတာကင်နဲ့ တွေ့ဆုံသွားဖို့ အတွက်      ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားပြီလို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ လတ်တလောမှာ တော့    ထိပ်သီးအစည်းအဝေးပြုလုပ် မယ့်နေရာကို    အတည်မပြုရသေးပါ ဘူး။      
ကလျာမိုးမြင့်(မြန်​မာ့အလင်း)ကိုးကား- အေအက်ဖ်ပီ၊ဘီဘီစီ၊ဆင်ဟွာ
ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးပြီ
ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးပြီ
တနင်္လာနေ့ နေလည်ပိုင်းတွင် နေပြည်တော်
၌ ဒေါ်အောင်ဆန်းစုကြည် နှင့် လုံခြုံရေး
ကောင်စီ ၁၅ နိုင်ငံမှ ကုလ သံအမတ်ကြီးများ
ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဘင်္ဂလား ဒုက္ခသည် စခန်းတွင် ဘင်္ဂါလီများ
အော်ဟစ် ငိုယို တိုင်တန်းမှုများကြောင့် စိတ်
လက် မကောင်းစွာ နဲ့ emotionally charged အနေအထားမျိုး ရောက်လာကြသူများနဲ့
 ဒေါ်အောင်ဆန်းစုကြည် ရင်
ဆိုင်ခဲ့ရတယ်လို့ ဆိုရင် မမှားပါဖူး။
ဒေါ်အောငိဆန်းစုကြည်မှ နေထိုင်သည်မှာ မှန်
ကန်ကြောင်း စီစစ်ပြီးသူများကို ပြန်လည် လက်
ခံရန် အဆင်သင့် ဖြစ်နေကြောင်း။ ထိုလုပ်ငန်း
စဉ်များ လျင်မြန်စေရန် ဘင်္ဂလားဒေ့ရှ် ရဲ့ ပူး
ပေါင်းဆောင်ရွက်မှု လိုနေကြောင်း၊ ထို့အတွက်
သဘောတူညီထားတဲ့ အတိုင်း ပြန်လည် ပို့
ဆောင်ရေး အတွက် သတ်မှတ်ထားတဲ့ ပုံစံများ
ကို အမြန် ဖြည့်စွက် ပေးရန်ဖြစ်ကြောင်း။ ရခိုင်
ပြည်နယ် အတွင်း နေထိုင်သူများ အားလုံးကို
လူသားချင်း စာနာထောက်ထားသော အကူ
အညီများ ပေးရန် လိုအပ်ကြောင်း။
လူအဖွဲ့အ
စည်းများ အကြား ယုံကြည်မှု တည်ဆောက်ရန်
နှင့် စခန်းများကို ဖျက်သိမ်းရန်နှင့် ပြန်လာသူများ
ကို နိုင်ငံသား စီစစ်ရေးကပ်ပြားများ ထုတ်ပေး
ရေး နှင့် တရားဥပဒေ စိုးမိုးမှု ရှိရေး ဆောင်
ရွက်ရမှာ ဖြစ်တယ်လို့ ရှင်းပြခဲ့ကြောင်း သိရ
ပါတယ်။
အဲ့နောက် လူ ခုနှစ်သိန်းလောက် နေရပ်စွန့်ခွာ ခဲ့ကြရတဲ့ အရေးမှာ လူ့အခွင့်အရေး အဖွဲ့များ အားလုံးက
တာဝန်အရှိဆုံး လူ လို့ သတ်မှတ်ထားခြင်း ခံ
နေရတဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ပါ တွေ့ ဆုံ ခဲ့
ပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ နိုင်ငံတကာ အဖွဲ့
အစည်းများ အနေနဲ့ လူ့သားချင်းစာနာထောက်
ထားသော အကူအညီများ ပေးရာတွင် ဒေသခံ တိုင်းရင်းသားများ
ဖက်ကိုလည်း မျမျတတ ရှု့မြင်ဖို့ လိုကြောင်း၊ မိမိ
တို့ အနေဖြင့် တရားဥပဒေ ချိုးဖေါက်သူ မည်သူ
ကိုမဆို အရေးယူသွားမှာ ဖြစ်ကြောင်း၊ ပြန်လာ
ချင်သူများ အားလည်း နိုဝင်ဘာလ က နှစ်နိုင်ငံ
သဘောတူညီချက်အတိုင်း လက်ခံရန် အသင့်
ရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း RFA မှာ ဖေါ်ပြထားပါတယ်။
ထိုအဖွဲ့ကို ဦးဆောင်လာသူကတော့ လက်ရှိ
လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဌ တာဝန်
ယူထားရတဲ့ ပီရူး သံအမတ်ကြီး ဂူစတာဗို မီဇာ ကွာဒရာ ပဲ ဖြစ်ပါတယ်။ အင်္ဂါနေ့ မှာ ရခိုင်ပြည်
နယ်သို့ ရဟတ်ယာဉ်များ နဲ့ သွားရောက်မှာ ဖြစ်
ပြီး နေရပ်ပြန်သူများ လက်ခံရေး စခန်းများနဲ့
ကျေးရွာများကို သွားရောက် ကြည့်ရှုမှာလည်း
ဖြစ်ပါတယ်။
ဒုက္ခသည် ဆိုသူများ နေရပ် ပြန်ပို့ရေး အမြန်ဆုံး
အကောင်အထည် ဖေါ်နိုင်ရေး နဲ ပြန်
လည် နေရာချထားရေး တို့ အတွက် ကုလ
အနေနဲ့ လောလောဆယ် အဓိက
ထား ဆွေးနွေးကြမှာ ဖြစ် ပါတယ်။
ဘင်္ဂလား ကို ရောက်ခဲ့ပြီး ဖြစ်တဲ့ ကုလ အဖွဲ့
ဝင်တွေ ရဲ့ အပြောကို ထောက်ရင် နေရပ်ကို
လုံခြုံစိတ်ချရသော အခြေအနေနဲ့ အမြန်ပြန်ပို့
နိုင်ရေး ကို အဓိက ထား ပြောတဲ့ သဘော
တွေ့ရတဲ့ အတွက် နိုင်ငံသား ပေးရေး အပါအ၀င်
အခြားသော တောင်းဆိုမှုများကို ဖာသိဖာသာ
နေတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မှ ယခင်က အခုလို
လာရောက်ဖို့ ငြင်းပါယ်ထားပြီး ဖြစ်ပေမယ့်
တရားဥပဒေကြောင်းအရ စစ်ဖက် အကြီးအကဲ
များကို အရေးယူဖို့ ကျယ်လောင်စွာ ပြောဆို
လာနေတဲ့ အတွက် သက်သာလို သက်သာငြား
လိုက်လျောပေးလိုက်တဲ့ သဘောမျိုး သတိထား
မိပါတယ်။
ရိုဟင်ဂျာ ဆိုသူများမှ နေရပ် ပြန်ရေးအား နိုင်ငံ
သားပေးရေး နဲ့ တွဲ ကာ တောင်းဆို နေခြင်းအား ကုလ
သမဂ္ဂ အနေနဲ့ အားပေးဖို့ မရှိပဲ ၎င်းတို့ အမြန်
ပြန်ရောက်ရေး အတွက် လုံခြုံရေး ကို မြန်မာ
ဖက်မှ မည်သို့မည်ပုံ အာမခံမလဲ ဆိုတာလည်း
တီးခေါက်ခြင်တဲ့ လက္ခဏသာ တွေ့ရပါတယ်။
လောလောဆယ် ရှမ်းပြည်နယ် နှင့် ကချင်ပြည်
နယ်များ အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ပြန်
လည် ဖြစ်ပွားလာသဖြင့် လူ ငါးထောင် ခန့်.အိုး
အိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရခြင်းအား နိုင်ငံတ
ကာ ကယ်ဆယ်ရေး အဖွဲ့ များက ကန့်ကွက်
 ပြောဆိုလာနေကြပြန်ပြီလည်း ဖြစ်ပါတယ်။
အဆိုပါ နယ်စပ်ရှိ စခန်းများတွင် ၂၀၁၁ ခုနှစ်
တပ်မတော် နှင့် ကေအိုင်အေ အကြား အပြစ်
အခတ်ရပ်စဲရေး ပြို ပျက် ခဲ့ချိန်က စပြီး.ဒုက္ခ
သည် စခန်းများတွင် ရောက်ရှိ နေထိုင်သူပေါင်း
တသိန်း ခန့် ရှိနေပြီလည်း ဖြစ်ပါတယ်။
ကချင်၊ ရှမ်း နဲ့ ရိုဟင်ဂျာ ဆိုသူ
ဘင်္ဂါလီ များ အပေါ် လူအခွင့်အရေး ချိုးဖေါက်
နေမှုများသည်  နိုင်ငံတကာ ပြဌာန်းထား
တဲ့ ဥပဒေများအရ ရာဇ၀တ်မှု မြောက်တယ်ဟု
ကုလ အချက်အလက် ရှာဖွေရေး ကော်မီတီက
မတ်လ အတွင်းက ထုတ်ဖေါ်ပြောကြားခဲ့ပါ
တယ်။
လှစိုး​ဝေ
ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၁၁ )(၁၄)(၁၇)(၁၈)
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ကျွန်တော်တို့သင်္ဘော ကျုံမငေးဆိက်ကမ်းကို ဝင်လာပြီဆိုကတည်းက ကျုံမငေးမြို့လူထုကြီးရဲ့ ကမ်းလုံးညွှတ်ကြွေးကြော်ဆုတောင်းသံတွေကို ကျွန်တော်တို့ကြားလိုက်ရပါပြီ။
ကျုံမငေးကို ဝင်လာတဲ့အချိန်က မနက်ပိုင်းဖြစ်ပါတယ်။နောက်မှာကျန်ရစ်ခဲ့တဲ့ ရွှေလောင်းက ဝါးခယ်မမြို့နယ်အပိုင်ဖြစ်သလို အခုကျွန်တော်တို့ရောက်လာတဲ့ ကျုံမငေးကလဲ ဝါးခယ်မမြို့နယ်အပိုင်ပါပဲ။
နေရောင်ကတောက်ပ မြစ်ရေအလျဉ်ကလည်း တသွင်သွင်စီးဆင်းနေပါတယ်။သင်္ဘောက ကျုံမငေးဆိပ်ကမ်းမှာ ခံခံညားညားစက်သတ်ရပ်လိုက်ပါပြီ။ကျွန်တော်တို့ သင်္ဘောပေါ်ကလည်း ဒီမိုကရေစီတော်လှန်ရေးသီချင်းတွေဖွင့်ပြီး ဆိပ်ကမ်းကိုဝင်လာတာဆိုတော့ ကျုံမငေးမြို့လေးဟာ အဲဒိနေ့မနက်က သီချင်းတွေ ကြွေးကြော်သံတွေနဲ့ဖုံးလွှမ်းသွားပါတော့တယ်။
ကျုံမငေးမြို့လူထုဟာ သင်္ဘောဆိပ် ဝဲယာလမ်းနှစ်ဖက် ပြည့်ညှပ်တိုးကျိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျကြိုဆိုနေကြပါတယ်။ကျုံမငေးမြို့သူအချောတွေက ဒေါ်အောင်ဆန်းစုကြည် ပန်းတွေ ပန်းစည်းတွေ တပွေ့တပိုက်ကြီး လက်ဆောင်ပေးကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တစ်ဖက်က ပန်းတွေပိုက်လို့ ကျန်လက်တစ်ဖက်နဲ့ လူထုကိုဝှေ့ယမ်း နှုတ်ဆက်ပြီး ရှေ့ကို လျှောက်လာပါတယ်။
ကျွန်တော်နဲ့ ဗိုလ်ကြီးဝင်းထိန်က ရှေ့ဆုံးကပါ။ကျွန်တော်တို့အစီအစဉ်အတိုင်းက ပထမဆုံး ကျုံမငေးစွယ်တော်ဖူးကြဖို့ ဖြစ်ပါတယ်။သင်္ဘောဆိပ်လမ်းကနေ စွယ်တော်တိုက်ဘက်ကိုသွားတဲ့ လမ်းမပေါ် ကျွန်တော်တို့ တက်လိုက်ကြပါတယ်။ အဲဒီမှာပဲ………
ဆက်ရန်……………
အောင်ဝေး
ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ (၁၄)
၁၉၈၉ ခုနှစ် ဇန်နဝါရီ ။ ။
ဒီခရီးစဉ်မှာ ကျွန်တော်တို့ ထနီးရွာ မအူပင်မြို့ သံပရာချောင်းရွာ ရွှေလောင်းမြို့ ကျုံမငေးမြို့စတဲ့ မြို့တွေရွာတွေကို ဖြတ်ကျော်လာခဲ့ပါပြီ။အမြို့မြို့အရွာရွာရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုနေကြတဲ့ ပြည်သူလူထုကြီးရဲ့ ခိုင်မာတဲ့အင်အားဟာ ရင်ခုန်တက်ကြွစရာကောင်းသလို ကြည်နူးချမ်းမြေ့ဖို့လည်း ကောင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေဟာ ခွဲခြားလို့မရ ဖြိုခွဲလို့မရ တစ်သားတည်း တစ်သွေးတည်းဖြစ်နေတာကို တွေ့နေရပါတယ်။ဒေါ်အောင်ဆန်းစုကြည်က လူထုကို အပျော့ပြောင်းဆုံးအပြုံးနဲ့ နှုတ်ဆက်ခဲ့ပေမယ့် ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုံးဟာ အသန်စွမ်းဆုံး အားမာန်အရှိဆုံး အပြုံးဖြစ်နေတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကိုစည်းကမ်းရှိဖို့ ညီညွတ်ဖို့ အမြဲတိုက်တွန်းပါတယ်။ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး လိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းမျိုးရှိမှဖြစ်မယ်။လွတ်လပ်ရေး ရချင်ရင် လွတ်လပ်ရေးကို ပေးနိုင်တဲ့ ညီညွတ်မှုမျိုးလိုအပ်တယ်လို့ အစဉ်ပြောဆိုခဲ့ဖူးတာပါ။
ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ ပထမဆုံးပြောခဲ့တဲ့ မိန်းခွန်းထဲက
စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ကိုက်ညီတဲ့အင်အားမျိုးကို ထူထောင်ရမယ်ဆိုတဲ့ ဆိုတဲ့ မိန့်ခွန်းစကားက ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေကြားမှာစိမ့်ဝင်ပျံ့နှံ့နေတဲ့အချိန်ပေါ့။( ၁၉၈၈ သြဂုတ်လ ၁၄ ရက် ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါဆောင်ရှေ့ မိန့်ခွန်း)
ဒီအချိန်မှာ န ဝ တ စစ်အုပ်စုကလည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးမယ်လို့ တိုင်းသိ ပြည်သိ မြန်မာသိ ကမ္ဘာသိ ကြေငြာထားခဲ့ပါပြီ…………
ဆက်ရန်
အောင်ဝေး
ပျော့ပျောင်းခြင်းဟာ သန်စွမ်းခြင်းဖြစ်တယ်။အပျော့ပျောင်းဆုံးလေးကိုင်းဟာ အဝေးဆုံး ရန်သူရဲ့ရင်အုံကို တည့်တည့်မှန်အောင် ပစ်နိုင်တယ်။ဒါဟာ ဆန့်ကျင့်ဘက်တို့ ပေါင်းစည်းမှု သဘောတရားပဲ။ ။
ဆရာကြီး ဒဂုန်တာရာ
..............
ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ (၁၇)
မြတ်မေတ္တာသင်္ဘောကြီးဟာ လပွတ္တာမြို့ကို ဝင်ရောက်လို့ လာနေခဲ့ပါပြီ။ရွေးမြစ်ပြင်ပေါ်မှာ နေလုံးနီနီကလဲ ရေသောက်ဆင်းလုလု အချိန်ဆိုပါတော့။
သင်္ဘောအပေါ်ထပ်ဦးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို ခေါ်ပြီးတွေ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့အားလုံးကို ဒီမိုကရက်တစ်ဖြစ်ဖို့ ဒီမိုကရေစီစိတ်ထားရှိဖို့ လမ်းညွန်ပါတယ်။ဒီမိုကရက်ဖြစ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ်နဲ့မတူတာ မတိုက်ဆိုင်တာတွေကို နားလည်လက်ခံပေးနိုင်တာပါပဲ။တနည်းဆိုရရင် ကျယ်ပြန့်စွာ မဟာမိတ်ပြုရတဲ့သဘောပါ။၈၈ မြန်မာ့အရေးတော်ပုံအလွန် ၈၉ တိန်အန်မင်ရင်ပြင်အလွန်လ ၉၀ ဂေါ်ဘာချော့ အလွန် ကမ္ဘာကြီးဟာ ဗဟုဝါဒခေတ်ပဲမဟုတ်လား။
အန်ကယ်ဦးကြည်မောင်ကလဲ ကျွန်တော်တို့ကို FLEXIBLE MOBILE ဖြစ်ဖို့မှာကြားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ ကျွန်တော်တို့တစ်ဖွဲ့သားလုံး ရန်သူရဲ့ စက်သေနတ်ပြောင်းတွေကြားက သွားနေရတာဖြစ်ပါတယ်။ဒီတော့ ကျွှန်တော်တို့ ပျော့ပျောင်း ညင်သာဖို့လိုတယ်။ညွှတ်နိုင်ကွေးနိုင်ဖို့လိုတယ်။
ကျွန်တော်တို့ဟာ ရန်သူရဲ့ ဗျူဟာကြားမှာ ကိုယ့်သဘောထား ကိုယ့်အမြင်ကို တရားသေ ကျောက်ချဆုပ်ကိုင်ထားလို့မရဘူး။အခြေအနေအချိန်အခါအရ ကျွန်တော်တို့ဘက်က တက်သာဆုတ်သာ ရှိရမယ်။ရွှေ့လွယ်ပြောင်းလွယ် ရှိရမယ်။အဲဒါ FLEXIBLE ဖြစ်ဖို့ MOBILE ဖြစ်ဖို့ အန်ကယ်ဦးကြည်မောင်က သင်ကြားပေးလိုက်တာပါ။
သဘောတရားနဲ့ လက်တွေ့သင်ခန်းစာ တစ် ဟာ လပွတ္တာမြို့အဝင်မှာ စတော့တာပါပဲ။
ကျွန်တော်တို့ မြတ်မေတ္တာသင်္ဘောဟာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း နဂါးနီသီချင်း သုံရောင်ချယ်သီချင်း နိုင်မြန်မာရဲ့ကမ္ဘာမကြေဘူးသီချင်းတွေကို မြိုင်မြိုင်ဖွင့်ပြီး မြို့တွေ ရွာတွေ ဆိပ်ကမ်းတွေကို ဝင်လာတတ်ပါတယ်။ဒါဟာ ကျွန်တော်တို့ ရန်သူကို သီချင်းနဲ့ စီးချင်းထိုးတဲ့ သဘောပေါ့…………
ဆက်ရန်
အောင်ဝေး
ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ (၁၈)
လပွတ္တာကိုရောက်တဲ့အခါမှာတော့ န ဝ တ အစိုးရဲ့တန်ပြန်ထိုးစစ်ကို ကျွန်တော်တို့ ရင်ဆိုင်လိုက်ရပါတော့တယ်။လပွတ္တာမြို့ ရွေးမြစ်ကမ်းတစ်လျှောက် မ ဝ တ ( န ဝ တ )ရဲ့ လော်စပီကာပေါင်း ၁၀၀၀ ကျော်လောက်ဟာ စစ်ချီတေး စစ်သည်တေးတွေပြိုင်တူ ဆူညံအောင်ဖွင့်ပြီး ကျွန်တော်တို့ သင်္ဘောက သီချင်းသံကို ဖုံးအုပ်ပစ်လိုက်တာပါပဲ။
ကျွန်တော်တို့ဘက်က သီချင်းသံပိတ်ပြီး သင်္ဘောကို အသံတိတ်ကမ်းကပ်လိုက်ပါတယ်။သေနင်္ဂဗျူဟာ အနိုင်တိုက်နိုင်ဖို့ တစ်ခါတရံမှာ ဒီလိုပဲ နည်းပရိယာယ် အရူံးပေးကောင်း ပေးရမယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ခဲ့ပါတယ်။
သင်္ဘောဆိပ်ကို မှန်ပြောင်းတစ်လက်နဲ့ ဟိုကြညိ့ဒီကြည့်လုပ်ပြီး မိန့်မိန့်ကြီးကြိုဆိုနေသူကတော့ လပွတ္တာမြို့နယ် မ ဝ တ ဥက္ကဌ ဗိုလ်မှုးခင်ရွှေကိုယ်တိုင်ပါပဲ။ကျွန်တော် သင်္ဘောပေါ်က အရင်ဆင်းပြီး မ ဝ တ ဥက္ကဌ နဲ့ ညှိနှိုင်းရေးလမ်းကြောင်းတောင်းပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ အောင်တော်မူဘုရား ဖူးမယ်။NLD ရုံးခန်းမှာ လူထုနဲ့တွေ့မယ်။လူ့ဘောင်သစ်ပါတီ ရုံးကိုသွားမယ်။ ခရီးစဉ်မှာ လူ့ဘောင်သစ်ပါတီဌာနချုပ်က ကိုမိုးဟိန်းလဲ လိုက်ပါလာပါတယ်။
အဲဒိနေ့က လမ်းတစ်လျှောက်ဝဲယာမှာ လပွတ္တာမြို့လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ပြီး ကြိုဆိုခဲ့ကြပါတယ်။သို့သော်…… သူတို့ခဗျာ အသံတိတ်ပဲ ကြိုဆိုခွင့် ရခဲ့ပါတယ်။စစ်တပ်က လပွတ္တာမြို့နေရာအနှံ့ တပ်စွဲနေရာယူထားခဲ့တာပါ။ဒေါ်အောင်ဆန်းစုကြည်ကလဲ သူ့ရဲ့တည်ကြည်လေးနက် ခိုင်မာတဲ့ အပြုံးနဲ့ လပွတ္တာမြို့လူထုအားလုံးကို ပြန်လာနှုတ်ဆက်ခဲ့ပါတယ်။
ဘုရားပရဝဏ်ရောက်တော့လဲ အဆင်တပြေပါပဲ။NLD ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောတဲ့အခါမှာလဲ အဆင်ပြေခဲ့ပြန်ပါတယ်။
နောင် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမတ်ဖြစ်လာတဲ့ လပွတ္တာမြို့နယ် NLD စည်းအဖွဲ့က ဒေါက်တာ အေးကြူနဲ့ ရှေ့နေကြီး ဦးကြည်ဝင်းတို့ ပြီးတော့ ဆရာမ ဒေါ်ခင်ဝိုင်းမော် ဒါ့အပြင် လူ့ဘောင်သစ်ပါတီက ကျောင်းသားရဲဘော်တွေဟာ စစ်တပ်က အထပ်ထပ်ပိတ်ဆို့ ဟန့်တားနေတဲ့ကြားထဲကပဲ အစီအစဉ်ကို စနစ်တကျ အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
တနည်းအားဖြင့် လပွတ္တာမြို့လူထုဟာ အသံတိတ်ဆူညံအားပေးခဲ့ကြတာပဲ မဟုတ်ပါလား……………
အောင်ဝေး
စရိတ်သက်သာစွာနဲ့ ရန်ကုန်မြို့ကို လာလည်မယ်
စရိတ်သက်သာစွာနဲ့ ရန်ကုန်မြို့ကို လာလည်မယ်
အရင်းဆုံးကားလက်မှတ်ဖြတ်ပါ။
ကားပေါ်မှာ အိပ်ရေးဝဝ အိပ်ပါ။
အဝေးပြေးဝင်းကို မနက်စောစောဝင်တတ်ပါတယ်။
အဲ့ဒီမှာကားပေါ်က ဆင်းဆင်းချင်း
ခင်ဗျား အိတ်ကို ဝိုင်းလုကြလိမ့်မယ်။
လန့်မသွားပါနဲ့
"ရတယ် ရတယ်အိမ်က လာကြိုမယ်လို "့
ခပ်တည်တည်နဲ့ ပြောလိုက်ပါ
ကားဝင်းထဲက ထွက်ရင်YBS လို့ရေးထားတဲ့
ကားမှတ်တိုင်ကို ရှာပါ။
၃၆ နံပတ်ကို စီးပါး ၂၀၀ ကျပ်နဲ့
ဆူးလေ ကို ရောက်ပါတယ်။
လွတ်လပ်ရေး ပန်းခြံထဲကို ဝင်ပါ။
ပါလာတဲ့ တရုတ်ဖုန်းကို ထုတ်ပြီး ဆဲဖီ ဆွဲပြီးရင်
ရွာက အမျိုးတွေကို တက်လုပ်ပါ။
နေ့တစ်ပိုင်းလောက် ဆူးလှေတစ်ဝိုက်မှာ
လမ်းလျှောက်လိုက်ရင် လမ်းမှာပုံရောင်းနေတဲ့ မျက်မှန် ။
အိန်းရီ ။ ဘောင်းဘီ ကြိုက်တာရွေးပါ။
တစ်သောင်းဖိုးဆို တစ်ဆင်စာ ရပါပီ။
ဒီလောက်ဆို ရွာမှာရပြီ။
စူပါမားကတ်က ဂျင်းထုတဲ့ဟာတွေ မဝယ်နက်။
ဆူးလေ ကနေ ၂၇ ပြန်စီးပါ ဗဟန်းသုံးလမ်းမှာ ဆင်းပါ။
ရွှေတိဂုံ ဘုရားကြီးရောက်ပါပြီ။
ဂေါပက ရုံးကိုသွား မှတ်ပုံတင် အိမ်ထောင်စုဇယား နဲ့
 ရွာက ဥက္ကဌ ရဲ့ထောက်ခံစာ နက် ဘုန်းကြီးကျောင်းမှာ
တည်းခိုခွင့်တောင်းပါ။
ဂေါပက က အီအီအာအာ လုပ်နေရင်
" တနယ်တကျေးက ဘုရားဖူးလာသူကို
မြန်မာမှန်ရင် မငြင်းသင့်ပါ "လို့ ဝမ်းခေါင်းသံကြီးနဲပြောပါ
ဆွမ်းကျန်တွေနဲ့ ညစာကိုဖြေရှင်းပါ။
အဲ့မှာ  နေစရာရပြီဆို
။နောက်နေ့မှာ လှည်းတန်းကို ဒိုး ပါ။
လှည်းတန်းစင်တာထဲ ဝင်ပါ။
ဖိနပ်တွေ အိန်းကျီတွေ ဝတ်ကြည့်ပါ။
တစ်ခုမှ ဝယ်စရာ မလို။
လှည်းတန်း လမ်းမပေါ်မှာ ညဈေးတန်းကြီးက
ရွာက ဘုန်းကြီးပျံထက်စည်ပါတယ်။
အဲ့မှာ ကြိုက်တာ 1500 ဆို ဝ ပါတယ်။
အသုပ်ဆိုလည်း ဘာမှာမှာ ဂေါ်ဖီနဲ့ ခရမ်းချည်သီးပဲမို့
အထွေအထူးစဉ်းစားစရာမလိုပါဘူး။
လှည်းတန်းဂုံးတံတားအောက်ကနေ
စုံပြီးလမ်းလျှောက်သွားရင် သူများတွေပြောပြောနေတဲ့
အင်လျားကန်ဆိုတာကြီးရောက်ပါပြီ။
ရွာက ချောင်းလောက်လည်းမကျယ်ဘူးလို့မပြောပါနဲ့။
ဒါက ခေတ်အဆက်ဆက် ဖွဲ့ဆိုထားတဲ့
ကဗျာ လက်ာတွေရဲ့ ပြယုဂ်ပါ။ လေးစားပါ။
အခုအဲ့ဒီမှာ ထီးတွေမိုးထားတယ်ပြောတယ်။
ဆဲဖီနာနာဆွဲ ပါ။ ဒါမှ ခန ခန ပြန်ကျိလို့ရှာ
အားတိုင်းယားတိုင်း ပြန်တင်လို့ရမှာ။
နောက်ရက်ကတော့ ကန်တော်ကြီး နဲ့ ပြည်သူ့ရင်ပြင်ပါ
တည်းခိုနေတဲ့ ရွှေတိဂုံ ဘုရားနဲ့ နီးတော့
လမ်းလျှောက်သွားလို့ရပါတယ်။
အဲ့ဒီမှာ အမုန်းဓာတ်ပုံတွေရိုက်ပါ။
ကလေးတွေနဲ့ ဆော့ပါ ရေလွှါ လျောစီးပါ သရဲရထားစီးပါ ။
ကလေးအကွက်တွေ ဆိုပေမယ့် ရွာမှာ မရှိဘူး။
ရန်ကုန်က လူဒွေလည်း နံငံဂျားသွားရင် အဲ့လိုလုပ်ကြတာပဲ။
နှစ်သောင်းထက်ပိုမကုန်ပါ။
ကဲ နှစ်ရက်လည်ပြီးပီဆိုတော့ ရွာအပြန်လက်ဆောင်ဝယ်ဖို့
မဂ်လာဈေးကိုသွားပါ။
ပုဆိုး တစ်စည်း ။ စွပ်ကျယ်တစ်စီး။
ပန်းသီးတစ်ဖာ။ ဂျေဒိုးနတ် ငါးဘူးဝယ်ပါ။
ကျန်တာ တတ်နိုင်သလောက်ဝယ်ပေါ့။
၃၆ စီးပြီး အောင်မဂ်လာအဝေးပြေးကိုသွားပါ။
စိမ်းလန်းပြီးနေချင်စဖွယ်ဖြစ်နေတဲ့ အကြောင်း
ရွှေတိဂုံ ဘုရား။ အင်းယားကန်။ ကမ်းနားညဈေး။
လှည်းတန်း။ ပြည်သူ့ရင်ပြင် ။ ကန်တော်ကြီးက ပုံတွေ နဲ့
ရွာထိပ်က ညောင်ပင်ရိပ်မှာ ထိုင်ကြွားပါ၊
ရန်ကုန်ဟာ ဂျင်းမြို့တော်ဆိုတာကိုတော့
စိတ်ထဲမှာသာ ထားပါ။
ဂျင်းထုခံရ သမျှပြန်မပြောလေနှင့်
မှတ်ချက်
တောသားအချင်း ချင်းရိုင်းပင်းခြင်းဖြစ်သည်.
ကျေးဇူးတင်ရန် မလို
Credit- K Zue
Photo KGN
မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမည့် ရက်နှင့်နေရာ စဉ်းစားနေဟု အမေရိကန်သမ္မတ ပြောကြား
မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမည့်
ရက်နှင့်နေရာ စဉ်းစားနေဟု အမေရိကန်သမ္မတ ပြောကြား
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံ ဆွေးနွေးရေးအတွက် ဆွေးနွေးပွဲရက်နှင့် ဆွေးနွေးမည့် နေရာကို စဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတသည် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် လာမည့်မေလ သို့မဟုတ် ဇွန်လတွင် တွေ့ဆုံရန်စီစဉ် ထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
မိမိအနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို တွေ့ဆုံဆွေးနွေးရေး အတွက် သင့်လျော်သည့် နေ့ရက်ကို ရွေးချယ်နေပြီး ဆွေးနွေးပွဲ နေရာအတွက် နေရာ ငါးနေရာကို စဉ်းစားထားကြောင်း သမ္မတဒေါ်နယ်ထရန့်က သည်ဖောက်စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။
သို့သော် မိမိနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့အကြား ထိပ်သီး ဆွေးနွေးပွဲ ဖြစ်မြောက်ရန် ရှိ၊မရှိ မသေချာသေးကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန် သမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ပါက သမိုင်းတစ်လျှောက် အမေရိကန် သမ္မတတစ်ဦးနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့အကြား ပထမဆုံး အကြိမ်တွေ့ဆုံမှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်ကြောင်း သိရသည်။
Pyi Chit Thar
ကုလ နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်မည့် ဒေါ်အောင်ဆန်းစုကြည်
ကုလ နှင့် ဆက်ဆံရေး ပြန်လည်
တည်ဆောက်မည့် ဒေါ်အောင်ဆန်းစုကြည်
ဘင်္ဂါလီ မူဆလင်များ ပြန်လည် ၀င်ရောက်
လာရေး ပြင်ဆင်ရန် ကုလ လူ့ အခွင့် အရေး
အဖွဲ့များ နှင့် လေ့လာ စောင့်ကြည်သူများ အား
ပြည်တွင်းသို့ ၀င်ခွင့် ပြု ခြင်း ဖြင့် ကုလ နှင့်
ပျက်ပြားသွားသော ဆက်ဆံရေး ကို ပြန်လည်
တည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်
အနေဖြင့် ကြိုးပမ်းဖွယ် ရှိနေကြောင်း လန်ဒန်
တွင် ထုတ်ဝေသည့် ဂါဒီယန်း သတင်းစာကြီး
က ရေးသားလိုက်ပါတယ်။
ပြည်တွင်းတွင် ပြောင်းလဲလာသော နိုင်ငံရေး
အခြေအနေကြောင့် သူမ၏ အနေအထား ပိုမို
ခိုင်မာလာခဲ့ရခြင်း နှင့် ကုလ
အတွင်းရေးမှုးချုပ်၏ အထူး သံတမန် ခန့် အပ်
ခဲ့ခြင်းများ ဆက်စပ်ပြီး အပြည်ပြည်ဆိုင်ရာနှင့်
ဆက်ဆံရေး တွင် အလှည့်အပြောင်းတခု ဖြစ်
လာနိုင်စရာ ရှိနေပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သမိုင်း
တလျောက် လွန်စွာထူးခြားလှသော ဖြစ်စဉ်
တရပ်အနေဖြင့် အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကုလ ဆိုင်
ရာ အမြဲတမ်း သံအမတ်ကြီးများ လက်ထောက်
သံအမတ် များ သည် ကူဝိတ်မှတဆင့် တိုက်
ရိုက်လေကြောင်းခရီးဖြင့် ကောက်ဘဇားကို
 ဆိုက်ရောက်လာပါတယ်။ (ပုံတွင် တွေ့ရစဉ်)
၎င်းတို့မလာမီလေးမှာတင် နယူးယောက်
အခြေစိုက် လူ့ အခွင့်အရေး အဖွဲ့ မှ ရခိုင်
ပြည်နယ် အကြမ်းဖက်မှုများတွင် တာဝန်ရှိသူ
များအား ကမ္ဘာ ရာဇ၀တ်မှု ဆိုင်ရာ တရားရုံး
သို့ လွှဲပြောင်းပေးရန် တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကုလသမဂ္ဂ
အား ရခိုင်ပြည်နယ် အတွင်း ၀င်ရောက်ခွင့်
ပေးလိုက်ခြင်းဖြင့် ဒုက္ခသည်များ ပြန်လည် ခေါ်
ယူရေး ချောမွေ့ သွားမယ်လို့ ယုံကြည်နေပါ
တယ်။ ယခင်က ကုလ ကို ဘေးဖယ်ထုတ်
ထားတဲ့ အတွက် ကုလ ရဲ့ ဆန့် ကျင် ခြေထိုးမှု
ခံခဲ့ရပြီး လူ ငါးဦးပါ မိသားစု တစုသာ ပြန်
လည် ရောက်ရှိလာပါတယ်။
မိုးများ အကြီးအကျယ် ရွာသွန်းပြီး ဒုက္ခသည်
များ ခနော်နီ ခနော်နဲ့ တဲလေးများမှာ နေနေ
ရတဲ့ ပုံများ ကမ္ဘာအနှံ့ ပျံ့ နှံ့ သွားပါက မြန်မာ
အဖို့ နောက်ထပ် မျက်နှာပျက်စရာ ဖြစ်လာပြီး
အိုင်စီစီ ကို သွားဖို့ လေယာဉ်လက်မှတ် ဘုတ်
ကင် လုပ်လိုက်သလို ဖြစ်သွားနိုင်တဲ့ လူများ
အတွက် စိုးရိမ်မကင်း ဖြစ်နေရှာပါတယ်။
အဖွဲ့ဝင် အဖြစ် လိုက်ပါလာတဲ့ ကုလဆိုင်ရာ
ဗြိတိန် သံအမတ်ကြီးကတော့ မိမိတို့ အနေဖြင့်
အဆိုပါ ဒေသအတွင်း အမှန်တကယ် ဖြစ်
ပျက်နေမှုကို လေ့လာပြီးမှသာ မြန်မာနိုင်ငံ
အနေဖြင့် နို်င်ငံရေး စီးပွားရေး တည်ငြိမ်စွာ
ဆက်လက်ရပ်တည်သွားနိုင်ရေး မည်သို့
အကူအညီပေးနိုင်မလဲ ကို ဆုံးဖြတ်နိုင်မှာ
ဖြစ်တယ်လို့ ဆိုပါတယ်။
ယခု အရေး မှာ ဒေါ်အောင်ဆန်းစုကြည် မျက်
နှာနဲ့ ယခုလောက်ထိ ဖိအားပေးနေတာကို
ှူကြံ့ကြံ့ ခံ ရပ်တည်နေနိုင်တာလည်း ဖြစ်
ပါတယ်။
ယခုလို ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ
ရောက်ရှိလာနေချိန်မျိုး မှာလည်း အဆင်ခြင်မဲ့
စွာ တိုက်ပွဲများ ဆက်လက် ပြုလုပ်နေခြင်း
ကြောင့် တရုတ်-မြန်မာ နယ်စပ်မှာ လူ
လေးထောင်ခန့် ခိုလှုံနေရပြီ ဖြစ်ပါတယ်။ ဤ
သို့သော လူမျိုး များက သိကြားမင်း ဆင်းကယ်
တာတောင် ရပါ့မလားလို့ အတွေးဝင်မိပါတယ်။
ဒီလို အဖြစ်တွေ မြင်နေရတော့ လွန်ခဲ့တဲ့ နှစ်
သုံးဆယ် ၁၉၈၉ မှာ ပနာမား စစ်အာဏာရှင်
မင်ညူ ရယ် နော်ရီဂါးကို အမေရိကန်တပ်တွေ
လျပ်တပြက် ၀င်ရောက်ဖမ်းဆီးပြီး တရားစွဲ
ဆိုခဲ့တာတွေ ပြန်လည် အမှတ်ရစေပါတယ်။
(ပုံတွင် အမေရိကန် လေတပ် လေယာဉ်ပေါ်
သို့ နော်ရီဂါးအား တင်ဆောင်နေစဉ် တွေ့ရပုံ)
က္ဈန်တော်တို့ ဓမ္မာဓိဠာန်ကျကျ ဆွေးနွေးကြည့်
ကြရအောင်ပါ။ တရုတ် နှင့် ရုရှားတို့ က မြန်မာ
အား လုံခြုံရေး ကောင်စီ တွင် ဗီတိုအာဏာဖြင့်
အကာအကွယ်ပေးနေဆဲပင်။ သို့သော် မည်မျ
ကြာကြာတောင့်ထားနိုင်မည်နည်း။ ၎င်းတို့
အနေဖြင့် ကမ္ဘာဘူမိ နိုင်ငံရေးတွင် နိုင်ငံများ
အပေါ် သြဖာ ဖြန့်ကျက်နိုင်ရန် cheque book.နှင့် soft power များ သုံးက ကိုယ့်လူ
ဖြစ်ရေး ဆွဲဆောင်နေကြရသည် မဟုတ်ပါလား။
သို့ဖြစ်၍ အာရှ၊ ဥရောပ၊ အရှေ့ အလယ်ပိုင်း၊
အာဖရိက ရှိ မူဆလင် နိုင်ငံများ၏ အငြိုအငြင်
ကို မြန်မာ ကြောင့် ဆိုကာ
ခံယူလာကြပါမည်လော။
ခံယူသည်ပဲ ထားဦး။ မြန်မာမှ ၎င်းတို့အား အမြဲ
လို မျက်နှာချို သွေးကာ အချုပ်အခြာ အာဏာကို
အထိပါး ခံရမည်ကား သေခြာလှသည်။
မည်သည့် အရာကိုမျ အလကားရသည် ဟူ၍
မရှိ။
ထိုအကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံက
ကောင်းစွာ ရိပ်စားမိပြီး လည်း ဖြစ်၍ သူမ
အနေဖြင့် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရ
ခြင်းသာ ဖြစ်ပါတော့တယ်။
လှစိုး​ဝေ
မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်သည့် နေရာကို မေလတွင် ပိတ်သိမ်းမည်ဖြစ်ပြီး အမေရိကန် ကျွမ်းကျင် ပညာရှင်များကို ဖိတ်ခေါ်မည်
မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်သည့် နေရာကို မေလတွင် ပိတ်သိမ်းမည်ဖြစ်ပြီး အမေရိကန် ကျွမ်းကျင် ပညာရှင်များကို ဖိတ်ခေါ်မည်
ဆိုး ဧပြီ ၂၉
မြောက်ကိုရီးယား အစိုးရက နျူကလီးယား စမ်းသပ်မှု ပြုလုပ်သည့်နေရာကို မေလတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ကတိပြုပြီး အမေရိကန်ပြည်ထောင်စုမှ စစ်လက်နက် ပစ္စည်း ကျွမ်းကျင်ပညာရှင်များ အနေဖြင့် လာ၍စစ်ဆေးရန် ဖိတ်ခေါ်ထားကြောင်း တောင်ကိုရီးယား အစိုးရက ဧပြီ ၂၉ ရက်တွင်ပြောသည်။ ဧပြီ ၂၇ ရက်တွင်ကျင်းပသော တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့၏ သမိုင်းဝင်တွေ့ဆုံမှုအတွင်း ကင်ဂျုံအွန်က ယခု ကဲ့သို့ကတိပြုခြင်းဖြစ်ကြောင်း သိရသည်။
နျူကလီးယားစမ်းသပ်သည့်နေရာကို မေလတွင် ပိတ်သိမ်းရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့်တောင် ကိုရီးယားတို့မှ စစ်လက်နက်ပစ္စည်း ကျွမ်းကျင်ပညာရှင်များအပြင် ထိုသို့ပိတ်သိမ်းမှု ကိုနိုင်ငံတကာက သိရှိနိုင်စေရန် သတင်းထောက်များကို ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ပြုလုပ်မည် ဖြစ်ကြောင်း ကင်ဂျုံအွန်ကကတိပြုသည်ဟု တောင်ကိုရီးယားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ယွန်ယောင်ချန်း ကပြောသည်။
လက်ရှိတွင်အမေရိကန်က မြောက်ကိုရီးယားကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် နိုင်ငံအဖြစ် သတ်မှတ်နေ သော်လည်း နှစ်နိုင်ငံအကြား ဆွေးနွေးလိုက်သည့် အချိန်တွင် မြောက် ကိုရီးယားက အမေရိကန် သို့မဟုတ် တောင်ကိုရီးယားသို့ နျူကလီးယားဖြင့် တိုက်ခိုက်မည် မဟုတ်ကြောင်းကို အမေရိကန် ပြည်ထောင်စု အနေဖြင့် အသိအမှတ်ပြု လာစေရမည် ဖြစ်ကြောင်း ကင်ဂျုံအွန်ကပြောသည်။
ထို့ပြင် မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့အကြား မကြာခဏ တွေ့ဆုံကာ ယုံကြည်မှု တည်ဆောက်နိုင်လျှင် စစ်ပွဲကိုအဆုံးသတ်စေကာ ကျူးကျော် တိုက် ခိုက်မှု မပြုဟူသော ကတိသာရပါက နျူကလီးယား လက်နက်ကိုကိုင်စွဲနေမည် မဟုတ်ကြောင်း ကင်ဂျုံအွန်ကပြောသည်ဟု ယွန်ယောင်ချန်းက ဆက်ပြောသည်။
ကင်ဂျုံအွန်၏ပြောဆိုမှုသည် မကြာမီပြုလုပ်မည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံမှုအတွက် အချိုပေါ်သကာဆင့်သည့် မှတ်ချက်ပြုမှုအဖြစ်ထွက်ပေါ်လာပြီး ၎င်း တို့နှစ်ဦးတွေ့ဆုံမှုကို မေလနှောင်းပိုင်း သို့မဟုတ် ဇွန်လအစောပိုင်းတွင် ပြုလုပ်မည်ဟု ဒေါ်နယ်ထရမ့်ကပြောသည်။ ဒေါ်နယ်ထရမ့်သည် ဧပြီ ၂၈ ရက်အစောပိုင်းတွင် မွန်ဂျေးအင်အပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တယ်လီဖုန်းပြောရာ၌ အရာ အားလုံးသည် ကောင်းမွန်စွာဖြစ်တည် လာပြီဖြစ်ကြောင်း ကြွေးကြော်လိုက်သည်ဟု သိရ သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် မွန်ဂိုလီးယား သို့မဟုတ် စင်ကာပူနိုင်ငံ၌ ကင်ဂျုံအွန်နှင့်တွေ့ဆုံရန် စဉ်းစားထားသည်ဟု CBS News သတင်းဌာနက ဖော်ပြထားကြောင်း သိရသည်။
မြ၀တီ
Water Bus အပျော်စီးရေယာဉ် တွံတေးမြို့နယ်သို့ ပြေးဆွဲ
Water Bus အပျော်စီးရေယာဉ် တွံတေးမြို့နယ်သို့ ပြေးဆွဲ
တွံတေး ဧပြီ ၂၉
Water Bus အပျော်စီးရေယာဉ်သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန တွံတေးဆိပ်ခံတွဲသို့ ဆိုက်ကပ်ရောက်ရှိကြောင်း သိရသည်။
အဆိုပါ အပျော်စီးရေယာဉ်မှာ ဗိုလ်တထောင်ဆိပ်ကမ်းမှ တွံတေးသို့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တို့တွင် လေ့လာရေးခရီးစဉ်ကို ပြေးဆွဲလျက်ရှိရာ Water Bus အပျော်စီးရေ ယာဉ်အား တွံတေးမြို့မရဲစခန်းမှူး၊ မြို့နယ်ဒုတိယပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံများက ခရီးသွားပြည်သူတို့ကို ရှမ်းအိုး စည်အကများဖြင့် ဆိပ်ကမ်း၌ ကြိုဆိုကြသည်။
ထို့နောက် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆကေသာ ဓာတုရွှေဆံတော် စေတီအားဖူးမြော်ကြပြီး ရွှေမန်းဓမ္မာရုံ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။ ထို့နောက် ခလုပ်အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသူလေးများက မင်္ဂလာပါ မြန်မာအက၊ ဆရာ မလေးများ၏ အကပဒေသာ၊ ရွှေဆံတော် အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်း သား၊ကျောင်းသူများက မနောမြေမှတေးသံသာ၊ အိုးဖိုအရှေ့ရပ်ကွက် သင်္ကြန်ယိမ်း အဖွဲ့က သင်္ကြန်သီချင်း တို့ဖြင့် ကပြဖျော်ဖြေကြပြီး တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုလက်ဆောင်နှင့် ဆုငွေများပေးအပ်ကြကြောင်း သိရသည်။
'' Water Bus ကပြည်သူတွေကို သက်သောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်စေမယ့်ခရီးစဉ်ကို သတ်မှတ် ပြီး သန်လျင်၊ ကျောက်တန်းခရီးစဉ်ကို စတင်ဆောင်ရွက်ခဲ့တာ အောင်မြင်ပါတယ်။  ယခုတွံတေး ခရီးစဉ်ကိုပြေးဆွဲတာ အောင်မြင်တယ်။ တွံတေးမှာ Water Bus ဆိုက်ကပ်ဖို့ဆိပ်ကမ်းကို သက်ဆိုင်ရာနဲ့ ပူးပေါင်းပြုပြင်ပြီးတော့ ပန်းခြံတွေ လုပ်ပေးပါမယ်။ ဧပြီမှ အောက်တိုဘာအထိ နိုင်ငံခြားသားခရီးစဉ်များရှိတဲ့ အတွက် တိုးချဲ့ပြေးဆွဲသွားပါမယ်။ ဒေသခံကလည်း ရိုးရာပစ္စည်း အရောင်းဆိုင်တွေ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ ရှိသင့်ပါတယ်။ တွံတေးခရီးစဉ်ကို စနေ၊ တနင်္ဂနွေတို့မှာ ပုံမှန်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်'' ဟု တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌက ပြောသည်။
မြ၀တီ
မူဆယ်-မန္တလေး လမ်းပေါ်၌ ခရီးသည်တင်ယာဉ်တိမ်းမှောက်
မူဆယ်-မန္တလေး လမ်းပေါ်၌ ခရီးသည်တင်ယာဉ်တိမ်းမှောက်
မူဆယ်၊ ဧပြီ ၃၀
ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့်ကွတ်ခိုင်မြို့ကြား၊ မိုင်တိုင်အမှတ် (၂၃၆) ပြည်ထောင်စုလမ်း၊ နမ့်ဖတ်လွန်းကျေးရွာအနီးတွင် လားရှိုးဘက်မှ မူဆယ်သို့ မောင်းနှင်လာသော Express မှန်လုံယာဉ်သည် ယနေ့ နံနက် ၇နာရီ ၄၀မိနစ် အချိန်က တိမ်းမှောက်သွားကြောင်း သိရသည်။
ခရီးသည် ကျား(၂)ဦး၊မ (၁)ဦး စုစုပေါင်း(၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရ ခရီးသည်(၂၄)ဦးအား ကွတ်ခိုင်ပြည်သူ့ ဆေးရုံသို့ အတွင်းလူနာအဖြစ် သယ်ဆောင်ကုသလျက်ရှိကြောင်း သိရှိရပါသည်။
မူဆယ်၊ ခရိုင်(ပြန်ဆက်)
ငိုကြီးချက်မ ဖြစ်ကုန်ကြပြီ
ငိုကြီးချက်မ ဖြစ်ကုန်ကြပြီ
တွက်ဆထားသည့် အတိုင်းပင်
ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ ကောက်
ဘဇားရှိ ကူတာပါလောင် ဒုက္ခသည် စခန်းသို့
ရောက်ရှိလာကြရာ ဘင်္ဂါလီများ က ငိုကြီးချက်
မ ဖြင့် နတ်သံနှောကာ ၎င်းတို့၏ ဒုက္ခများကို
တင်ပြကြတယ်လို့ သိရပါတယ်။
ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လူအင်အား
အလုံအရင်းနဲ့ ထွက်လာကြတဲ့ အတွက် ရဲများ
က အင်အားသုံး လူစုခွဲခဲ့ရပါတယ်။
မြန်မာအတွက် ကံဆိုးနေရသည်က
 ၎င်းတို့ ပြောဆို ဆက်ဆံခဲ့သော ဒုက္ခသည်
 မှန်သမျသည် လူရည်လည်သော
အင်္ဂလိပ်စာတတ် ဘင်္ဂါလီ များက ကြားမှ နေ၍
 စကားပြန်
လုပ်ပေးနေရသည့် အတွက် မည်သူနှင့်တွေ့
တွေ့ ပြောသူ၏ စကားများကို လိုသလို ပုံကြီး
ချဲ့ ပြု ပြင် ပြောင်းလဲ ဘာသာပြန်နေရတာကိုပဲ
အမြဲလို ကြားနေခဲ့ရတာ ဖြစ်ပါတယ်။
၎င်းတို့ရဲ့ လေသံများက နေရပ်ပြန်ရေး
အား ကုလသမဂ္ဂ မှ တာဝန်ခံပေးရန်ဆိုတဲ့ နှုတ်
တိုက် ချပေးထားတဲ့ ဇတ်ညွှန်း.
 script ကိုပဲ ပြောနေကြ
တာ ဖြစ်ပါတယ်။ ဒါကလည်း သွယ်ဝိုက်ပြီး
 safe zone ဆိုတဲ့ မိုင်းကွင်းကို ရှောင်ရှားလာ
ကြတာပဲ ဖြစ်ပါတယ်။
ထို့အပြင် ၎င်းတို့၏ အိုးအိမ် မြေယာများ ပြန်
လည်ရရှိရေး။ ၎င်းတို့ကို ထားရှိဖို့ စခန်းများ
ဆောက်လုပ်နေခြင်းအား ရပ်ဆိုင်းရေး၊း ၎င်းတို့
အားလုံးအား နိုင်ငံသားများ အဖြစ် အသိအမှတ်
ပြုရေး နဲ့ မြန်မာ စစ်အရာရှိကြီးများအား နိုင်ငံ
တကာ ရာဇ၀တ် တရားရုံးသို့ တရားစွဲရန်
တောင်းဆိုပေးရေး တို့ ပါဝင်ပါတယ်။
ဒုက္ခသည်များ အနေဖြင့် လောလော
ဆယ် အဖြစ်သင့်ဆုံး တောင်းဆိုသင့်လှသည့်
အကြောင်းကား ၎င်းတို့အနေဖြင့်
 အပြင်ထွက်၍ တရားဝင် အလုပ်
လုပ်ခွင့် အား ဘင်္ဂလား
အစိုးရမှ ခွင့်ပြုရန် ဆိုတာဖြစ်သော်လည်း
တလုံးတလေမှပင် ထိုကိစ္စကို လေသံ ပင်
မဟကြတာပဲ ဖြစ် ပါတယ်။
ဒီနေရာ မှ မှတ်သားစရာကောင်းတာက ရုရှား
သံအမတ်ကြီး မှလေုံခြုံ ရေး ကောင်စီ အနေနဲ့
စေတလုံး ဖန်တီးနိုင်တဲ့ ဒုတ်တံ မရှိတဲ့ အတွက်
အချိန်ယူ ရဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဗြိတိသျ သံအမတ် အမျိုးသမီးကတော့ ဒီကိစ္စ
အတွက် မြန်မာအစိုးရ မှ ကုလနဲ့ ဘယ်လို
ပူးပေါင်းဆောင်ရွက်မလဲဆိုတာ သိဖို့လိုတယ်
လို့ ဆိုပါတယ်။
ကူဝိတ် သံအမတ်က တော့ မိမိတို့ အနေနဲ့
မြန်မာကို အရှက်တကွဲ ဖြစ်အောင် လာရောက်
သည့် ခရီးစဉ် မဟုတ်ပဲ ပြသာနာကို ဖြေရှင်း
အောင်သာ ရောက်လာခြင်းသာ ဖြစ်တယ်လို့
ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ရပ်တည်ချက်ကတော့
ဒုက္ခသည်များ အား နိုင်ငံတကာမှ လက်ခံရန်
တောင်းဆိုခြင်း ပြုလုပ်မည် မဟုတ်။ ထိုသို
ပြုလုပ်၍ လက်ခံခေါ်ယူပါက မြန်မာဖက်မှ
ဖိုးကျိုင်းတုတ် ဖြစ်သွားမည်ကို သိနေသဖြင့်
၎င်းတို့အား မိုးထဲလေထဲ ပြစ်ထားပြီး မြန်မာ
အပေါ် အပြင်းအထန် ဖိအားပေးသွားရန် ရှေ့
လျောက် ကြံရွယ်ထားပါတယ်။
အဆိုပါ  အဖွဲ့သည် မြန်မာပြည်ကို နောက်ပိုင်းမှာ
 ရောက်ရှိလာမှာ
ဖြစ်တဲ့ အတွက် ၎င်းတို့ မဟုတ်တမ်းတရား ချဲ့
ကားပြောဆိုနေမှုများအား ပြန်လည် ချေပခွင့်
အထူး အခွင့် အရေး တရပ်လက်ဝယ် ရှိလာ
နေခြင်းကို ကောင်းစွာ အသုံးချရတော့မှာလည်း
ဖြစ်ပါတယ်။
အဆိုပါ ဘင်္ဂါလီများက လောလောဆယ်တွင်
ပါလက်စတိုင်း၊ ဆီရီယား နဲ့ ယီမင် ဒုက္ခသည်
များထက် စာရင် များစွာ အရာရောက်ပြီး အထူး
စိတ်ဝင်စားခြင်း ခံနေရတယ် ဆိုတဲ့ အချက်ကို
လက်မခံချင်လည်း လက်ခံရတော့မှာ ဖြစ်ပါ
တယ်။
လှစိုး​ဝေ
နာဂစ် ၁၀နှစ်ပြည့် ပြည်သူလူထုအသိပညာပေးစကားဝိုင်းကို ပုသိမ်မြို့၌ ကျင်းပမည်
နာဂစ် ၁၀နှစ်ပြည့် ပြည်သူလူထုအသိပညာပေးစကားဝိုင်းကို
ပုသိမ်မြို့၌ ကျင်းပမည်
ပုသိမ်  ဧပြီ  ၃၀
   မေလ ၂ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ပုသိမ်မြို့ ၊ မြို့တော် ခန်းမ၌ ကျင်းပမည့် နာဂစ် ၁၀နှစ်ပြည့်အခမ်းအနားတွင် "နာဂစ်လွန်ပြန်လည် ထူထောင်ရေးမှသည် ဘေးဒဏ် ရင်ဆိုင်တုန့်ပြန်နိုင် စွမ်းရှိသည့် ပြည်သူလူထု ဖြစ်ပေါ်လာရေးဆီသို့. ဆောင်ပုဒ်ဖြင့်  ပြည်သူလူထု အသိပညာပေးစကားဂိုင်းကို ထည့်သွင်းကျင်းပမည်ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ သိရသည်။
  ပြည်သူလူထု အသိပညာပေး စကားဝိုင်းတွင် နာဂစ်မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့်  တိုင်းဒေသကြီးအတွင်းရှိ ဖျာပုံမြို့၊ လပွတ္တာမြို့၊ ငပုတောမြို့နယ်များမှ CSOကိုယ်စားပြု ပုဂ္ဂိုလ် များ၊ လပွတ္တာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး ၊ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တာဝန်ရှိသူများမှ "ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်များနှင့်အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊လူမှုစီးပွားရေးနှင့်အသက်မွေးမှုဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် ကျားမ တန်းတူ ညီတူ ရှိမှုစသည့် ခေါင်းစဉ်များဖြင့် အဖွဲ့ခွဲ၍ ဆွေးနွေးကြမည်ဖြစ်သည်။
   မေလ ၂ရက်နေ့၊နံနက် ၉နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ ၊မြို့တော်ခန်းမတွင် နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးမှသည် ဘေးဒဏ်ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိသည့် ပြည်သူလူထုဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် နာဂစ်၁၀နှစ်ပြည့်အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
သူဇာနွယ် (ဖျာပုံ)မြန်​မာ့အလင်း
ပုသိမ်မြို တွင် တင်ဒါပိုလျံငွေဖြင့် ကျပ်သိန်းပေါင်းတစ်သောင်းကျော်သုံးကာ အေစီလမ်းခင်းခြင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုတစ်ချို့ ထွက်ပေါ်လာမှု
ပုသိမ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးအောင်သူထွေးနှင့်အင်တာဗျူး
...........................
“လွဲမှားအောင်ဆောင်ရွက်တဲ့ ဌာနဆိုင်ရာတွေကို ပြင်းပြင်းထန်ထန် အရေးယူနိုင်အောင် တွန်းကို တွန်းပေးမှာပဲ ဒါမှလည်း သာဓကဖြစ်သွားမှာ “
ဦးအောင်သူထွေး-ပုသိမ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်
........................
ပုသိမ်မြို တွင် တင်ဒါပိုလျံငွေဖြင့် ကျပ်သိန်းပေါင်းတစ်သောင်းကျော်သုံးကာ အေစီလမ်းခင်းခြင်းနှင့်ပတ်သတ်ပြီး ဝေဖန်မှုတစ်ချို့ ထွက်ပေါ်လာမှုအပေါ်ပုသိမ်မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် လွှတ်တော် ပြည်သူ့ ငွေစာရင်း စီစစ်ရေးကော်မတီ ဥက္ကဌ တစ်ဦးဖြစ်တဲ့  ဦးအောင်သူထွေးကို တိုင်းဧရာက အယ်ဒီတာ တစ်ဦးကဆက်သွယ်မေးမြန်းထားပါတယ်။
Time Ayeyar -ပုသိမ်လမ်းကို ဘယ်ကပိုက်ဆံနဲ့ ခင်းတာလဲ။
KATH--တိုင်းဒေသကြီး ဘက်ဂျက် ပိုလျှံငွေ ပါ။
Time Ayeyar -လမ်းအရှည်ဘယ်လောက်ခင်းမှာပါလဲ။
KATH- ရုပ်ထုအ၀ိုင်းကနေ နာရီစင်အထိ ၂ မိုင် ၄ ဖာလုံပါ။သိန်းပေါင်းတစ်သောင်းကျော်လောက်ကုန်ပါမယ်။
Time Ayeyar-တိုင်းဒေသကြီး ဘက်ဂျက် ပိုလျှံငွေက အားလုံးကဘယ်လောက်ပိုတာလဲဘယ်ကနေပိုတာလဲ
KATH-ကျပ်သိန်းပေါင်း သုံးသောင်းကျော်ပါ။အဓိကကတော့ တင်ဒါပိုလျှံငွေပါ ။တင်ဒါဆွဲတဲ့ အခါကျတော့ သိန်းတစ်ထောင်နှစ်ထောင်သတ်မှတ်ထားတယ် ။တစ်ကယ်ဆွဲတော့ ၁၈၀၀ လောက်နဲ့ အောင်တာလည်းရှိတယ် အဲ့ ဒီကပိုတဲ့  တင်ဒါပိုလျှံငွေတွေပါ။
Time Ayeyar -ပိုလျှံငွေတွေကို ဘယ်လို ခွဲဝေသုံးတာလဲ။
KATH-လမ်းခင်းတာက တစ်သောင်းကျော် ကျန်တာက မြို့ နယ်တွေမှာ ဆည်းမြောင်းတူးဖော်ရေးလုပ်ငန်းနဲ့ ပုသိမ်က ဈေးချောင်းရေမြောင်း တူးဖော်ရေးလုပ်ငန်းမှာ သိန်း (၉၀၀)ကျော်သုံးတယ် ၊ကန်သုံးဆင့်က ဟစ်တိုင်ဘေး ခြံစည်းရုံးခင်းခြင်းလုပ်ငန်းလည်း သုံးဖြစ်တယ်။
Time Ayeyar- ဒါဆိုရင် ပုသိမ်မှာ အသုံးပြုတဲ့  ပိုလျှံငွေက ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါးရှိတာပေါ့ ။
KATH -မှန်ပါတယ် ဓတ်မီးတိုင်တွေလည်းပြန်လည်ပြင်ဆင်တာနဲ့ ဆိုရင် နှစ်သောင်းနီးပါးလောက်ဖြစ်မယ်။
Time Ayeyar-ဘာလို့ လမ်းခင်းဖို့ ရွေးချယ်လိုက်တာလဲ
KATH-ဒီလမ်းခင်းဖို့ က အစိုးရကို အစ်ကိုပြောထားတာ ကြာပြီ ။လမ်းဦးစီးဌာန ဘက်ဂျက်ကနေ ဆောင်ရွက်ဖို့  ပြောဆိုထားတာ ။ခု ပိုလျှံငွေရလာတဲ့ အခါ အမြန်ပြင်ဆင်သင့်ပြီး ပြည်သူ အတွက် ထိရောက်မယ့် အရာကိုပြောတာပေါ့ ရွေးလိုက်တဲ့ အခါတိုင်းမြို့ တော် ပုသိမ်မြို့ လည်းဖြစ်တာကြောင့် သည်လုပ်ငန်းတွေ လုပ်ဖို့ အစိုးရကလည်းဆောင်ရွက်တာလို့ မြင်ပါတယ်။
Time Ayeyar-သည်မတိုင်ခင် ပုသိမ်လမ်းတွေရဲ့ အခြေနေလည်းသိချင်တယ်ေ ပြာပြလို့ ရမလား။
AC လမ်းခင်းထားတာက pec ကျောင်းထောင့်ကနေ အ၀ိုင်းပတ်အထိ တစ်ပိုင်းခင်းထားတယ် ၊ ရိုးသားကြိုးစားကနေ pecဂုံးပေါက်အထိကျတော့ လမ်းသားချဲ့ ထွင်ခြင်းပဲ လုပ်ထားတယ် ။ကတ္တရာမျက်နှာပြင်နဲနဲညှိထားတယ် ဆိုတော့ ခင်းထားတဲ့  ac က ဆောက်လုပ်ရေးဌာန က ၁၉၈၆ ခုနှစ်က စက်အဟောင်းတွေနဲ့ ခင်းတဲ့ အခါကျတော့ စက်ကတစ်နာရီ မောင်းပြီး နှစ်နာရီလောက်နားပေးရတော့ မိုးတွင်းကာလနဲ့ ကြုံတဲ့ အခါ ကောင်းသင့်သလောက်မကောင်းဘူး။ဒါကပထမဆောင်ရွက်ခဲ့ တာ ၊နောက်တော့ အခု မရှေး မနှောင်းမှာ လမ်းပေါက်ဖာခြင်းကို မဟာဗန္ဓုလ လမ်းတစ်လျှောက်လုပ်တာ အ၀ိုင်းပတ်ကနေ အစိုးရရုံးရှေ့ လောက်အထိပေါ့ ။လုပ်တော့ လုပ်ငန်းဆိုင်ရာလွဲချော်မှုကြောင့် ဖုတ်တွေ အများကြီးထပြီး မြူတွေဆိုင်းသလိုဖြစ်တော့  ကျွန်တော်ကပဲ ဌာနဆိုင်ရာတွေကိုအကုန်ချိန်ဆက်ပြီး ရပ်သင့်တာရပ်ပြီး ပြန်လည်ရှင်းပြတာလည်းလုပ်ခဲ့ တယ်။အဲ့ တည်းကလည်း ၀န်ကြီးကို ပုသိမ်ကို ACလမ်းကောင်းကောင်းခင်းဖို့ ပြောထားတယ်။
သည်ကပိုလျှံငွေကို ကိုယ်စားလှယ်က ဘယ်နေရာ လုပ် ဘယ်နေရာလုပ်ဆိုပြီး ခွဲပေးတာမဟုတ်ဘူး သူတို့ ဆုံးဖြတ်ချက်နဲ့ချထားပေးမှု အတိုင်းသာဆောင်ရွက်တာဖြစ်တယ်။
Time Ayeyar ခုလို လမ်းကောင်းခင်းလိုက်တော့ ဘာတွေ ကောင်းကျိုးတွေရလာလဲ။
KATH-ပကတိရှိနေတဲ့ လမ်းအနေအထားဖြစ်တဲ့  လမ်းမျက်နှာပြင်မညီတာတွေ ချို့င့်တွေကို စံပြလမ်းအနေနဲ့ ပုံဖော်ဆောင်ရွက်တာဖြစ်တယ် ။ဘာတွေကောင်းကျိုးဖြစ်လဲဆိုတော့ ပုသိမ်မြို့ သူ မြိ့ သားတွေ တစ်နေ့ တစ်ခေါက်မဖြစ်မနေ ဖြတ်နေရတဲ့ လမ်းဖြစ်တယ် ။အသုံးအများဆုံးလည်းဖြစ်တာကြောင့် ပြည်သူတွေ အတွက်အသုံးဝင်ပါတယ်။
Time Ayeyar-ဖွံ့ ဖြိုးရေးတွေ ဆောင်ရွက်တဲ့ အခါ သိသာထင်ရှားတဲ့  ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေထက် ပြည်သူတွေ လူငယ်တွေ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ဆောင်ရွက်ဖို့ အစိုးရနဲ့ ဆွေးနွေးအကြံပြုတာရှိလား။
KATH -ဒါကတော့ စနစ်တကျ ကို သင်တန်းကျောင်းတွေ ကအစ ချဲ့ ထွင်ပြီး အခြေခံကျကျဆောင်ရွက်ရမယ် ။ အခုကပြောမယ်ဆို စိတ်ပိုင်းဆိုင်ရာပြောင်းလဲဖို့ မပြောနဲ့  ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတောင် ပြည့်စုံလုံလောက်တဲ့ ပြောင်းလဲမှုမရှိသေးဘူး ၊လုပ်နေရတာကတော့ အစိုးရရောကိုယ်စားလှယ်တွေရော ရုန်းရင်းဆန်ခက်လုပ်နေရတာ ။တစ်ကယ်တမ်းအဲ့ တာတွေကိုလည်းပြည်သူကို အကုန်ချပြနိုင်တာလည်းမရှိဘူး ။သဘောတရားတစ်ခု က ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုနဲ့ ပတ်သတ်လို့ ရှိရင် ဘက်ဂျက်ပိုင်းတွေဆို လွှတ်တော်ကဌာနဆိုင်ရာတွေကို သေသေချာချာကြတ်မတ်တယ် မလိုအပ်တာတွေ မပေးဘူး ။ဒါပေမဲ့ ပြည်သူတွေအကုန်သိလားဆိုတော့ မသိဘူး။
Time Ayeyar =ပုသိမ်ကရော ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအခြေနေကဘယ်လိုလဲ။
KATH- ပြောရမယ်ဆို အစိုးရ (၂)နှစ်တာမှာ ဘာမှ သိသိသာသာပြစရာမရှိဘူး ။ခုမှ သည်လမ်းလေးတစ်ခု ကိုလုပ်နိုင်သေးတာဒါပဲရှိသေးတယ်.။
Time Ayeyar- သည်လမ်းခင်းတာကပေါ့လေနော် ။အရင်မကွေးက လမ်းကောင်းခင်းပြီး ဓာတ်ပုံရိုက်တင်။
ဒီအစိုးရလက်ထက်မှာမှ သည်လိုလမ်းခင်းတယ်ဆိုတာမျိုး ဖြစ်ချင်လို့  ပုသိမ်မှာရောခင်းတာလား။
KATH.-မဟုတ်ပါဘူး ။ကိုယ့်ပုသိမ်ရဲ့ လမ်းကို ကိုယ်အသိဆုံးပါပဲ ဘယ်လိုမှ သွားရေးလာရေးအဆင်မပြေလို့  တော့်တော့်ကို ကြမ်းကြမ်းတမ်းတမ်း ခက်ခက်ခဲခဲဖြစ်နေလို့ ပြောမယ်ဆို မကောင်းဘူး။ တော့်တော့်ကိုမကောင်းတာ ။အထူးသဖြင့်တော့ ကိုယ့်ပုသိမ်ကိုဝင်လာတည်းကိုက ၀င်လာတဲ့ ဧည့်သည်ရော ပုသိမ်သူ ပုသိမ်သားတွေရော လမ်းလေးတွေ သပ်သပ်ရပ်ရပ်ဖြစ်ပြီး ယဉ်အန္တရာယ် ကင်းရှင်းရေး တွေနဲ့  စနစ်တကျဆောင်ရွက်လိုက်ခြင်းဖြင့် စိတ်ချမ်းသာစေချင်တယ်။မြို့ ကိုလည်း
သန်ရှင်း သပ်ရပ်သာယာလှပစေချင်တယ် အဆင့်မီစေချင်တယ်။
Time Ayeyar ပိုလျံငွေသုံးစွဲမှု တွေကိုရော ဘယ်လို စီစစ်ကြလဲ။
KATH-သေချာ နှိုင်းယှဉ်လေ့လာပြီး လွဲချော်လို့ ရှိရင် တိုင်လို့ ရတယ်လေ ။ဘာလို့ လဲဆို သက်ဆိုင်ရာဌာနတွေ ၀န်ကြီးတွေ တာဝန်ခံထားတာ ။လွှတ်တော် ကိုယ်စားလှယ်ဆိုတာကတော့ တိုင်တဲ့ ဘက်က ရပ်တည်မှာ ပဲ ။အမှန်တရားကို ဖော်ထုတ်ပေးရမယ့်တာဝန်ရှိတယ်။အရည်အသွေးမပြည့် ဘူးထင်လို့ ရှိရင်တိုင် ။ဘယ်လမ်း ဘယ်ဆိုဒ်ကို ဘယ်လို ခင်းသွားတယ် ဆိုတာမျိုးဆိုရင် သက်ဆိုင်ရာဌာနဆိုင်ရာအဆင့်ဆင့်က သူတို့ လုပ်ငန်းဆိုင်ရာအဆင့်ဆင့်ကိုဖြေရှင်းရမယ် ။ဝန်ကြီးကလဲတာဝန် ခံဖြေရှင်းရမယ် ။တစ်ကယ်လို့ မှ အတိ ရှိတယ်ဆိုရင် အရေးယူမှုတွေကို ဌာနဆိုင်ရာက အဆင့်ဆင့်ဆောင်ရွက်သွားမှာပဲ။လိုအပ်လို့ ရှိရင် ပြည်ထောင်စုအဆင့်ထိတိုင်ကြားပြီး လာစစ်အရေးယူလို့ ရတယ် ။ကျွန်တော်တို့ ကိုယ်စားလှယ် ကတော့တိုင်တဲ့ ဘက်က နေပြီးတော့ ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ အနေအထားတစ်ခုပဲရှိတယ် ။လွဲမှား
တယ်ဆိုလို့ ကတော့ လွဲမှားအောင်ဆောင်ရွက်တဲ့ သူကို ပြင်းပြင်းထန်ထန် အရေးယူနိုင်အောင် တွန်းကို တွန်းပေးမှာပဲ ဒါမှလည်း သာဓကဖြစ်သွားမှာ ။
Time Ayeyar-ပုသိမ်က တိုင်းမြို့ တော်ဆိုတော့ မြို့ ရဲ့ ပြယုဒ်တစ်ခုက တစ်ခြားမြို့ တွေထက်တော့ ပြယုဒ်ကာင်းလိုအပ်မယ်ထင်ပါတယ် ။သို့ သော် ပိုလျံငွေ သိန်းပေါင်း သုံးသောင်းကျော်ကို ပုသိမ်အတွက် သိန်းပေါင်း နှစ်သောင်းလောက်သုံးတယ်ဆိုတော့ တစ်ခြားမြို့ တွေထက်စာရင် တရားမျှတတယ်လို့ ထင်လား။
KATH-မျှတမှုကိုကြည့်မယ်ဆိုရင်တော့ မမျှတနိုင်ဘူး ရတဲ့ မုန့် ကို ညီမျှအောင်ဖဲ့ စားနေမယ်ဆိုလည်း သူလည်းမလုံလောက်
ကိုယ်လဲမလုံလောက်ဒါနဲ့ ပဲ သွားနေရမှာပဲ ။ဒါကိုလည်း လွှတ်တော်မှာလည်း အမတ်တစ်ယောက်က ဆွေးနွေးမယ်လို့ ကြားတယ် ။အဲ့ တော့ သက်ဆိုင်ရာဝန်ကြီးကဖြေရမှာပေါ့ ။အားလုံးကတော့ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာပဲ ၊ကျွန်တော်ကလဲ ကိုယ့်မြို့ ရလို့ ပြောတာ မဟုတ်ဘူး ။ကျွန်တော့်ဝါဒတစ်ခုကတော့ ကိုယ့်မြို့ မဖွံ့ ဖြိုးလို့ တစ်ခြားမြို့က အကောင်းဆုံးဖြစ်မယ် ဆိုလည်းကျေနပ်တယ် ။အဲ့ တော့ အချိန်အခါအရ ကိုယ်မြို့ လဲရောက်လာမှာပဲ ။နှစ်တိုင်းလည်းသည်တစ်မြိ့ ထဲဖြစ်မယ်ဆိုတာလည်းဘယ်နည်းနဲ
သို့ သော်တစ်ခုရှိတယ် မြို့ တိုင်းမြို့ တိုင်းနဲ့ ကြည့်မယ်ဆို ဧရာဝတီတိုင်းရဲ့ မြို့ တော်ပုသိမ်မြို့ ဖြစ်တယ် ပုသိမ်မြို့ ဖြစ်လို့ ပြောတာမဟုတ်ဘူး အခြားကိုယ်စားလှယ် သည်မြို့ ထိုင်လို့ ရှိလို့ ဆိုရင်လည်း ပုသိမ်မြို့ နဲ့ ပတ်သတ်လာရင် တစ်ခြားကိုယ်စားလှယ် နည်းနည်းကို ဦးစားပေးရမယ် ပြယုဒ်က ဘာမှကိုမရှိဘူး ။
Time Ayeyar -လမ်းမကောင်းတဲ့  အကျိုးဆက်ကဘာရှိလဲ
KATH-လမ်းကောင်းတော့ စည်းနဲ့ ကမ်းနဲ့  မောင်းတဲ့  သူအန္တရာာယ်ကင်းမယ် ခရီးဖြောင့်ဖြောင်းတန်းတန်းရောက်မယ် ဟိုတစ်ခေါက်ဆို တိုင်းပညာရေးရုံးနား မှာဖြစ်သွားတာဆိုလို့ ရှိရင် ချိုင်ကပေါက်တော့ လပြည့်ဝန်းက ကျွန်တော့် သူငယ်ချင်းတစ်ယောက် ချိုင့်ပေါ်ရှေ့ ဘီးနဲ့ ကျပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျတာခြေထောက်တစ်ဖက်ကျိုးသွားတယ် ဆိုတော့ ဒါမျိုးတွေအများကြီးပဲ စည်းမဲ့ ကမ်းမဲ့ မောင်းလို့ တော့ မရဘူး သည်လိုလမ်းမျိုးကြတော့ ခုနစ်ရက်သားသမီးသွားနေတဲ့ အတွက် အကျိုးရှိမယ်လို့ တော့ မျှော်လင့်ရတာပဲ ။
Time Ayeyar-Royal Lake အနားမှာလက်ရန်းတွေ ပြန်ပြင်တာကတော့ ပြည်သူတွေအတွက် ဘာအကျိုးရှိစေလို့ လဲ
KATH-အဲတာကတော့ အုတ်တံတိုင်းတွေပြိုနေတာ ရယ်ဖြိုနေတာတွေ ဖဲ့ ဖဲ့ ဖြစ်တာပေါ့ ။သည်ခြံစည်းရိုးအတွက် သိန်း(၂၀၀)ကျော်ပေါ့ ဒါနဲ့ပြန်ကာလိုက်တာ ဆိုတော့ သိပ်ပြီးတော့ အကျိုးသက်ရောက်မှုတော့မရှိဘူးပေါ့ ဒါပေမဲ့ မြို့ ဝင်လာလို့ ခြံစည်းရီုးပျက်နေတာတော့ ရုပ်ပျက်တာပေါ့ ။
Time Ayeyar-တစ်ခြားဘာဖြည့်စွက်ပြောစရာရှိလဲ။
KATH-တစ်ခြားတော့မရှိပါဘူး ။အမျိုးမျိုးတော့ရှိကြမှာပဲ ။ကိုယ့်မြို့ ရလို့ ကိုယ်ကျေနပ်တာမဟုတ်ဘူး။ ပြီးခဲ့ တဲ့ နှစ်ကဆို တင်ထားပေမဲ့ လမ်းဦစီးဘက်ဂျက်မှာတစ်ခြားမြို့ ကလမ်းတွေပါပြီး ကိုယ့်မြို့ တစ်လမ်းပဲပါတယ်။ဒါလဲဝေဖန်စရာမရှိဘူး ။ကိုယ့်မြို့ အတွက်ကတော့ ဖြည်းဖြည်းချင်းဆောင်ရွက်သွားမှာပါ။
Time Ayeyar- အချိန်ပေးဖြေကြားပေးတာကျေးဇူးပါ။
မုံရွာ တွင် မှတ်ပုံတင် နှင့် အိမ်ထောင်စုဇယား လိမ်လည်ပြင်ဆင်ပြီး နိုင်ငံကူးလက်မှတ်လာလုပ်သူ၆ ဦးနှင့် လိုက်ပို့သူ နှစ်ဦးအား လ၀က မှ အမှုဖွင့်
မုံရွာ တွင်  မှတ်ပုံတင် နှင့် အိမ်ထောင်စုဇယား လိမ်လည်ပြင်ဆင်ပြီး နိုင်ငံကူးလက်မှတ်လာလုပ်သူ၆ ဦးနှင့် လိုက်ပို့သူ နှစ်ဦးအား လ၀က မှ အမှုဖွင့်
    နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု ဇယားတို့အား လိမ်လည်ပြင်ဆင်ပြီး မုံရွာမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုးံသို့ နိုင်ငံကူးလက်မှတ် လာလုပ်သူ အမျိုးသမီး ၆ ဦးနှင့် လိုက်ပါပို့ဆောင်သူ လင်မယားနှစ်ဦး ဒုလ၀ကမှူးမှ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ခဲ့ကြောင်းသတင်းရရှိသည်။
  “၆ ယောက်ထဲမှာ ဧပြိ ၂၆ ရက်က အမှုဖွင့်ခဲ့တဲ့ ၂ယောက်က နိုင်ငံသားကဒ်ရော အိမ်ထောင်စု ဇယားပါ အတု၊မနေ့ကဖွင့်တဲ့ ၄ယောက်ကျ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေက အားလုးံအစစ်၊ရုးံက ထုတ်ပေးတဲ့အစစ်ပဲ၊ဒါပေမယ့်အဲဒီကဒ်ပြားပေါ်မျာ မွေးသက္ကရာဇ်တွေပြင်ထားတာပေါ့၊သူတို့ကိုယ်တိုင် ပြင်ထား ဟုတ်၊မဟုတ် မေးမရသေးဘူး၊သူတို့ပြင်တယ်လို့လည်းမပြောဘူး၊အဖွဲ့အစည်းတစ်ခုရှိမယ်ထင်တယ်၊ရန်ကုန်က လာတာဆိုတော့၊ ရန်ကုန်ကနေ ကားစင်းလုးံငှားပြီးလာလုပ်တာ၊အသက် ၂၃ နှစ်ပြည့်အောင်ပြင်ထားတာ၊ သူတို့နဲ့ပါလာတဲ့သူ ၂ဦးကတော့ ပိုက်ဆံတစ်ခါတည်းကိုင်လာပြီး ငွေလိုက်ရှင်းပေးတာပေါ့၊ “ဟု မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန လက်ထောက်မြို့နယ်မှူးဦးတင်မောင်မြင့်က ဧပြီ ၂၈ ရက်တွင်ပြောသည်။
    မုံရွာမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသော အမျိုးသမီး ၆ ဦးမှာ စစ်ကိုင်းတိုင်း ကလေးမြိုကနယ် ရှိ ကျေးရွာများမှ  တိုင်းရင်းသူ များ ဖြစ်ပြိး စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန် နိုင်ငံကူးလက်မှတ်လာလုပ်ကြခြင်းဖြစ်သည်။ ၄င်းတို့ကို ကားစင်းလုးံပြတ်အငှားဖြင့်လိုက်ပါပို့ဆောင်သူလင်မယားမှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှ ဖြစ်ကြောင်းသိရသည်။၎င်းတို့အဖွဲ့အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ လည်းစစ်ဆေးနေပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် စေခိုင်းလိုက်သူများကိုလည်း စုံစမ်းရှာဖွေနေကြောင်းသိရသည်။
    “သူုတို့ကို ပတ်စပို့ လုပ်ခိုင်းလိုက်တာ ရန်ကုန်ဘက်မှာ၊ လိုက်ပို့တဲ့ လင်မယားနှစ်ယောက်က ကားငှားလို့ လိုက်ပို့တာ၊အိမ်ထောင်စုဇယားမှာ ရက်စွဲတွေက ပြင်ထားတာ၊ကလေးမြို့ က လ၀ကကို လှမ်းတောင်းပြီး တိုက်ကြည့်တော့ ကွဲလွဲနေတယ်၊ ကလေးမလေးတွေ ကိုယ်တိုင် သူတို့ပြင်တယ်လို့တော့ မထွက်ဘူး၊သူတို့ကို ပို့ပေးတဲ့သူကပြင်တယ်လို့ပြောတယ်၊ ကလေးမတွေကလည်း ပြင်တက်မယ့်သဘောမရှိဘူး၊သူတို့ကို ဟိုဘက် ပို့ဖို့ပြုဖို့  တစ်ယောက် ကို ကွင်းဆက်လိုက်နေတာ “ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျင်စိန် ကပြောသည်။
   လက်ရှိတွင် ပတ်စပို့ လာရောက်လုပ်သူ အမျိုးသမီး ၆ ဦးအနက် ၂ ဦးကို  လိမ်လည်မှု ပုဒ်မ ၄၂၀၊ဌာနအမှတ်အသားများလိမ်လည်ပြင်ဆင်မှု ပုဒ်မ ၄၆၈ ဖြင့် လည်းကောင်း ၊ ကျန်၎ဦးနှင့်လိုက်ပါပို့ဆောင်သူ ၂ ဦးကိုပုဒ်မ ၄၂၀၊၄၆၈၊၁၁၄ တို့ဖြင့်အမှုဖွင့်ရေးယူထားကြောင်းသိရသည်။
  ယခုနှစ်အတွင်းကလည်း  မုံရွာနိုင်ငံကူးလက်မှတ်ရုးံတွင် အိမ်ထောင်စုဇယားများ မှန်ကန်မှု မရှိပဲ လက်မှတ်လာလုပ်သူ ၁၁ဦးအား  နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် မသင့်ကြောင်း ကန့်ကွာလွှာအား  ရုးံချုပ်သို့ ပို့ဆောင်ပေးခဲ့ဖူးကြောင်းသိရသည်။
ကိုသစ္စာ-မုံရွာ
ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ပါနွေးကျေးရွာတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေနှင့်အညီ ပြည်သူ့ဆန္ဒဖော်ထုတ်
ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ပါနွေးကျေးရွာတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေနှင့်အညီ ပြည်သူ့ဆန္ဒဖော်ထုတ်
ညောင်ရွှေ     ဧပြီ     ၃၀
ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု၊ ပါနွေးကျေးရွာတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေနှင့်အညီ လယ်ယာမြေများပြန်လည်ရရှိရေးအတွက် ပြည်သူ့ဆန္ဒဖော်ထုတ်ခြင်းကို ဧပြီ(၃၀)ရက် နံနက်(၉)နာရီတွင် ပါနွေးမြောက်ရွာစုရပ်မှ ပေပင်ကုန်းကျေးရွာအထိ လယ်ယာမြေများ ပြန်လည်ရရှိရေးကြွေးကြော်သံ များ ကြွေးကြော်ကြပြီး  ဆိုင်းဘုတ်ပိုစတာများကိုင်ဆောင်၍ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုအတွင်းရှိ ပါနွေးမြောက်ရွာ၊ ပါနွေးအလယ်ရွာ၊ ပါနွေးတောင်ရွာ၊ မီးသွေးဖုတ်ကျေးရွာနှင့် ပေပင်ကုန်းကျေးရွာတို့မှ ဒေသခံပြည်သူစုစုပေါင်းအင်အား (၁၅၀)ဦးခန့် ပါဝင်ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နံနက်(၁၀)နာရီခွဲအချိန်တွင် လူစုခွဲသွားကြောင်း သိရှိရသည်။
                                                                                                                    မြို့နယ်ပြန်/ဆက်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်များနှင့် ဆွေးနွေးတင်ပြချက်များ ဖော်ပြသွားမည်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်များနှင့် ဆွေးနွေးတင်ပြချက်များ ဖော်ပြသွားမည်
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ပြောင်းလဲ အသုံးပြုသွားမည့် တက္ကသိုလ်ဝင်တန်း မေးခွန်း ပုံစံသစ်များနှင့် စပ်လျဉ်း၍ ကျောင်းသား ကျောင်းသူများ ၊ ဆရာဆရာမများနှင့် ပြည်သူများ သိရှိနိုင်ရန် နေ့စဉ်ထုတ် သတင်းစာများတွင် အောက်ဖော်ပြပါ နေ့ရက်များ အလိုက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ် မေးခွန်းပုံစံသစ် တည်ဆောက်ပုံများကို ဖော်ပြသွားမည် ဖြစ်သည် -
၂-၅-၂၀၁၈ - မြန်မာစာ
၃-၅-၂၀၁၈ - အင်္ဂလိပ်စာ
၎-၅-၂၀၁၈ - သင်္ချာ
၅-၅-၂၀၁၈ - ဓာတုဗေဒ
၆-၅-၂၀၁၈ - ရူပဗေဒ
၇-၅-၂၀၁၈ - ဇီဝဗေဒ
၈-၅-၂၀၁၈ - ပထဝီဝင်
၉-၅-၂၀၁၈ - သမိုင်း
၁၀-၅-၂၀၁၈ - ဘောဂဗေဒ
အဆိုပါ နေ့များတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် မေးခွန်းပုံစံသစ် တည်ဆောက်ပုံနှင့် ဘာသာရပ် အလိုက် ဆွေးနွေး တင်ပြထားသော သတင်းဆောင်းပါး တို့ကို ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပါသည်။
သတင်းစာများတွင် နေ့အလိုက် ထည့်သွင်းဖော်ပြချက်များအား ပညာရေးဝန်ကြီးဌာန၏ ဤ Facebook Page နှင့် Website ဖြစ်သော www.moe.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
၂ဝ၁၈ ခုနှစ် ဒသမတန်း လူရည်ချွန်ကျောင်းသားကျောင်းသူများ ရန်ကုန်မြို့မှ ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိ
၂ဝ၁၈ ခုနှစ် ဒသမတန်း လူရည်ချွန်ကျောင်းသားကျောင်းသူများ
ရန်ကုန်မြို့မှ ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိ
ရန်ကုန် ဧပြီ ၂၉
၂ဝ၁၈ ခုနှစ် ဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်သူ ဆရာ ဆရာမများနှင့်အတူ ယနေ့နံနက် ၅ နာရီ တွင် ရန်ကုန်မြို့မှ ငွေဆောင်လူရည်ချွန် အပန်းဖြေစခန်းသို့ ထွက်ခွာကြသည်။
ရှေးဦးစွာ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ရွှေတိဂုံစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကန်တော့ ကြပြီး အလှူငွေများပေးအပ်လှူဒါန်းရာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန် ကျောင်းသား ကျောင်းသူများ သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများက ကြိုဆိုကြသည်။
ဆက်လက်၍   ပုသိမ်မြို့   ပုသိမ်ဟိုတယ်၌  လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ကျင်းပရာ   ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်း  စခန်းမှူး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်မြင့်မြင့်သန်းက ငွေဆောင်လူရည်ချွန် အပန်းဖြေ စခန်းတွင်    စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများသည် လူရည်ချွန် ကျောင်းသား ကျောင်း သူများနှင့်အတူ နေ့လယ်စာကို  အတူတကွ   သုံးဆောင်ကြ သည်။
ယင်းနောက် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပုသိမ်မြို့မှ    ဆက်လက်ထွက်ခွာကြပြီး  မွန်းလွဲ  ၃  နာရီတွင် ငွေဆောင်ကမ်းခြေသို့ ရောက်ရှိကြရာ ငွေဆောင်ဒေသရှိ အခြေခံ ပညာကျောင်းများမှ ဆရာ  ဆရာမများနှင့်  ကျောင်းသား ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
၂ဝ၁၈ ခုနှစ် လူရည်ချွန်လူငယ်များအဖြစ် ရွေးချယ်ခံရသည့် တိုင်းဒေသကြီးနှင့်    ပြည်နယ်   အသီးသီးမှ  ဒသမတန်း ကျောင်းသား ကျောင်းသူ စုစုပေါင်းမှာ ၁၇၆ ဦးရှိပြီး ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်းတွင် မေ ၅ ရက်အထိ ငွေဆောင်ဒေသ ရှိ လူမှုဘဝများ၊ ရိုးရာလက်မှုပညာလုပ်ငန်းများနှင့် အထင်ကရ နေရာများကို လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးသူဟိန်း(သတင်းစဉ်)
စလင်းမြို့နယ်တွင် လေပြင်းတိုက်၍ လူတစ်ဦးသေဆုံး၊ တာဝါတိုင်တစ်တိုင်လဲ
စလင်းမြို့နယ်တွင် လေပြင်းတိုက်၍ လူတစ်ဦးသေဆုံး၊ တာဝါတိုင်တစ်တိုင်လဲ
စလင်း ဧပြီ  ၂၉
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် မိုးသက်လေပြင်း  တိုက်ခတ်သဖြင့်  သစ်ကိုင်းကျိုးကျ၍   လူတစ်ဦးသေဆုံးပြီး ဆက်သွယ်ရေးတာဝါတိုင် တစ်တိုင်လဲကျ ခဲ့သည်။   စလင်းမြို့နယ်   မကျီးဖျား ကျေးရွာအုပ်စု ထနောင်းကုန်းကျေးရွာ နေ ဒေါ်မာမာအေးသည် ၄င်း၏ယာခင်း တွင် အလုပ်လုပ်ကိုင်နေစဉ် မိုးသက်      လေပြင်းတိုက်ခတ်လာသဖြင့် ယာတဲ       တွင်ခင်ပွန်းဖြစ်သူနှင့်မိုးခိုနေရာ တဲအနီးရှိ လက်ပံပင်ကိုင်းကျိုးကျသဖြင့် အခင်းဖြစ် သည့်နေရာတွင် သစ်ကိုင်းပိ၍ သေဆုံး ခဲ့သည်။
ထို့ပြင် စလင်းမြို့နယ် ကန်ပြား ကျေးရွာရှိ  11 KVဓာတ်တိုင် ခုနစ်တိုင် ကျိုးကျပျက်စီးခဲ့သည်။  စလင်းမြို့နယ် ကူတိုကျေးရွာရှိ ဦးခင်မောင်နိုင် အိမ်ဝင်း အတွင်းရှိ  ဆက်သွယ်ရေးတိုင်သည်  လေပြင်းတိုက်ခတ်မှုကြောင့်   လဲပြို ပျက်စီးခဲ့သော်လည်း   လူများထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်ရာတွင် ဆီးသီးကင်းခန့်    မိုးသီးများကျခဲ့ပြီး  စလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု များမှ လူနေအိမ်  ၃ဝ၄  လုံး၊ ဘာသာရေး အဆောက်အအုံခုနစ်လုံး၊    စာသင် ကျောင်းနှစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ ကြောင်း သိရသည်။    
စစ်ကြည်(စလင်း)မြန်​မာ့အလင်း
အမှိုက်ပုံမီးခိုးငွေ့ရှူရှိုက်မှုကြောင့်ဆေးရုံတက်ရောက်ကုသနေရသူ ၂ဝ သာကျန်ရှိပြီး ခံစားနေရသောဝေဒနာများ လျော့နည်းသွားပြီဖြစ်
အမှိုက်ပုံမီးခိုးငွေ့ရှူရှိုက်မှုကြောင့်ဆေးရုံတက်ရောက်ကုသနေရသူ ၂ဝ သာကျန်ရှိပြီး ခံစားနေရသောဝေဒနာများ လျော့နည်းသွားပြီဖြစ်
ရန်ကုန်  ဧပြီ ၂၉
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံတွင် ဧပြီ ၂၁ ရက်မှစ၍ ယနေ့ထိ အမှိုက်ပုံ   မီးလောင်မှုကြောင့်    မီးခိုးငွေ့  များ ပျံ့လွင့်လျက်ရှိရာ    Bio  Foam (အမြှုပ်ဆေးရည်)ဖြင့် ပက်ဖျန်းမှုကြောင့် ယခင်ထက်  မီးခိုးထွက်မှုလျော့နည်းသွား ပြီး ကာဗွန်မိုနောက်ဆိုဒ်  အငွေ့ရှူရှိုက်   မိ၍  ဆေးရုံတက်ရောက်ကုသနေသော လူနာ  ၂ဝ  သာ ကျန်ရှိကာ  မီးခိုးငွေ့ ကြောင့်  ခံစားရသော  ဝေဒနာများ လျော့ နည်းသွားပြီဖြစ်ကြောင်း သိရသည်။
''ထူးခြားတာက ဆေးရုံတက်ရောက် ကုသနေတဲ့လူနာတွေနဲ့  လာပြတဲ့လူနာ တွေရဲ့  သွေးထဲမှာ   ကာဗွန်မိုနော့ဆိုဒ် အဆိပ်ငွေ့  လျော့နည်းသွားတာကို တွေ့ရ ပါတယ်''ဟု   မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက ပြောသည်။
ဧပြီ ၂၂ ရက်မှစ၍ မြို့နယ်ပြည်သူ့ ဆေးရုံသို့ အမှိုက်ပုံနှင့် အနီးတွင်ရှိသော အမှတ် ၂ဝ ရပ်ကွက်၊   ကံလှရွာတို့မှ အသက်ရှူကျပ်သောလူနာများ အများ ဆုံးသွားရောက်ကုသခဲ့ပြီး ယနေ့ ဧပြီ ၂၉ ရက် နံနက်ပိုင်းအထိ အမျိုးသားလူနာ ၁၅ ဦး၊  အမျိုးသမီးလူနာ  ငါးဦးသာ ကျန်ရှိ၍ ကာဗွန်မိုနောက်ဆိုဒ်အငွေ့ များ လျော့နည်းသွားပြီဖြစ်ကာ   ပြင်ပလူနာ   ၂၉     ဦး   တက်ရောက်ကုသခဲ့သည်။
''ဧပြီ ၂၃ ရက်ကနေ ဒီနေ့ နံနက် ၈ နာရီအထိ အတွင်းလူနာ ၃၃ ဦးမှာ တစ်ဦး ကို ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပြီး တော့ ၁၂ ဦးက ဆင်းသွားပါပြီ၊ ဆေးရုံ မှာ ၂ဝ ကျန်ပါတယ်၊ ပြင်ပလူနာအဖြစ် ၂၉ ဦး လာပြခဲ့ပါတယ်၊ မီးခိုးငွေ့ရှူမိလို့ ခံစားရတဲ့ဝေဒနာ  လုံးဝလျော့နည်းသွား ပြီးတော့ မူလရောဂါအခံရှိတဲ့သူတွေပဲ ကျန်ပါတော့တယ်''ဟု  မြို့နယ်ပြည်သူ့   ဆေးရုံမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိန်ပင်အမှိုက်ပုံမှ   မီးခိုးထွက်ရှိမှု ယခင်ထက်များစွာ    ကျဆင်းသွားပြီး မီးခိုးငွေ့အဖြူရောင်များသာ လွင့်ပျံ့ လျက်ရှိ၍    မီးခိုးငွေ့လုံးဝကင်းစင်သွား စေရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှပညာ ရှင်များက   ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်း-သန်းထိုက်(လှိုင်သာယာ)ဓာတ်ပုံ-သန်းစိုး(မြန်​မာ့အလင်း)
ထိန်ပင်အမှိုက်ပုံမီး အပြီးသတ်ငြှိမ်းသတ်မှု ဇုန်လေးဇုန် သတ်မှတ်ကာ အပိုင်းလိုက် ဆောင်ရွက်လျက်ရှိ၊ နောက်သုံးရက်အကြာတွင် မီးငြိမ်းသွားရန်ဆောင်ရွက်နေ
ထိန်ပင်အမှိုက်ပုံမီး အပြီးသတ်ငြှိမ်းသတ်မှု ဇုန်လေးဇုန် သတ်မှတ်ကာ အပိုင်းလိုက် ဆောင်ရွက်လျက်ရှိ၊ နောက်သုံးရက်အကြာတွင် မီးငြိမ်းသွားရန်ဆောင်ရွက်နေ
ရန်ကုန်   ဧပြီ   ၂၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင် အမှိုက်ပုံမီးလောင်နေမှုကို အပြီးသတ်ငြှိမ်းသတ်ရာတွင် ယနေ့မှ စတင်၍ ဇုန်လေးဇုန် သတ်မှတ်ကာ တစ်ရက်လျှင် တစ်ဇုန်နှုန်းဖြင့် အပိုင်းလိုက် ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုရှိပြီး နောက် ထပ်သုံးရက်အကြာတွင် မီးငြိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးမြတ်သူက မြန်မာ့သတင်းစဉ်ကို ပြောကြားသည်။
ဒုတိယòန်ကြားရေးမှူးချုပ်  ဦးမြတ်သူက ''လက်ရှိ မြေပြင်အခြေအနေကိုကြည့်ပြီးတော့ မဟာဗျူဟာအသစ်ကို ပြောင်းလဲရေးဆွဲခဲ့ပါတယ်၊  မီးလောင်ပြင်ကို  ဇုန်လေးဇုန် သတ်မှတ်ပြီး အပိုင်းလိုက် ငြှိမ်းသတ်နေပါတယ်၊ ဒီကနေ့ဆိုရင် ဇုန် (A) ကိုငြှိမ်းသတ်နေတာပါ၊ ညနေ ၆ နာရီခွဲရင်တော့ သတ်မှတ် အချိန်ပြည့်ပြီ၊ လက်စသတ်ပါမယ်၊ ဒီကနေ့ရဲ့ ရည်မှန်း ချက်က ပြည့်လည်းပြည့်တယ်၊ အောင်လည်းအောင်မြင်ပါတယ်၊ ဇုန်တစ်ဇုန်ကို တစ်ရက်နှုန်းနဲ့ အပြီးပြတ် ငြှိမ်းသတ်သွားမှာပါ၊ နောက်ထပ်သုံးရက်ဆိုရင် အားလုံးငြိမ်းပါပြီ၊ လက်ရှိငြှိမ်းသတ်တဲ့ အခါမှာတော့Bio Foam ဆေးရည်ကိုနည်းနည်းပဲသုံးပါတယ်၊ ရေများများနဲ့ ငြှိမ်းသတ်နေတာပါ၊ အဆုံးသတ်အပိုင်းတွေကို တော့Bio Foam  ဆေးရည်နဲ့ငြှိမ်းပါတယ်'' ဟုပြောသည်။
တတ်နိုင်သလောက်ထိန်းသိမ်း
မီးငြှိမ်းသတ်နေမှုအပေါ်       ရန်ကုန်တိုင်းဒေသကြီး             မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်òန်ကြားရေးမှူး ဦးမြင့်ဦးက ''လက်ရှိအခြေအနေကတော့ အပြီးသတ်ငြှိမ်းသတ်နေ တာပါ၊ ကျွန်တော့်အနေနဲ့ကတော့ အပိုင်းသတ်မှတ်ဇုန် (၃) ကိုတာဝန်ယူငြှိမ်းသတ်နေပါတယ်၊ ငြှိမ်းပြီးသားနေရာတွေကို နောက်ထပ်  ငြှိမ်းစရာမလိုအောင်  ဆောင်ရွက်နေပါတယ်၊ အရင်နေ့တွေလောက် မီးခိုးမထွက်တော့ပါဘူး၊ အမှိုက်ပုံက ကြီးတော့ လောင်တဲ့အပေါ် မှာ တတ်နိုင်သလောက်ထိန်းသိမ်း ပြီးငြှိမ်းသတ်ခဲ့တယ်၊ လက်ရှိမှာလည်း သတ်မှတ်ထားတဲ့အတိုင်း အပိုင်းလိုက် ငြှိမ်းသတ်နေပါတယ်'' ဟုပြောသည်။
ထိန်ပင်အမှိုက်ပုံမီးလောင်မှုသည် ဧပြီ ၂၁ ရက်မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း များ အပါအဝင် အင်အား ၉ဝဝ ကျော် ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လျက် ရှိပြီး  ဧပြီ ၂၇ ရက် နံနက် ၉ နာရီခန့်မှ စတင်ကာ အပြီးသတ်မီးငြှိမ်း သတ်နိုင်ရန်Bio Foam  (အမြှုပ်ဆေးရည်) ကို အသုံးပြု၍ ငြှိမ်းသတ်လျက်ရှိသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ''မနေ့ကမနက် အထိကတော့  အကုန်လုံးစုပေါင်းပြီး  လုပ်ဆောင်ကြတာပါ၊ မနေ့ကညနေပိုင်းမှာ မီးသတ်ကို တာဝန်ခံအနေနဲ့ အပ်လိုက်ပါ တယ်၊ ကျန်တဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ကို လိုအပ်တဲ့ လူအင်အားနဲ့ ပစ္စည်းအင်အားတွေ ဖြည့်ဆည်းပေးပါတယ်၊ အခုဆိုရင် မီးသတ်တပ်ဖွဲ့အနေနဲ့  ဇုန်လေးဇုန်သတ်မှတ်ပြီးငြှိမ်း သတ်နေပါပြီ၊ လက်ရှိ အခြေအနေအရ ထိရောက်အောင်မြင်မှုရှိပါ တယ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆွဲတဲ့ မဟာဗျူဟာကို အာဆီယံက အဖွဲ့ရယ်၊ ထိုင်းကလာရောက်တဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့တွေကလည်း သဘောတူလက်ခံပါတယ်၊ အခုလည်း လေထု တိုင်းတဲ့အခါမှာ အရင်နေ့တွေနဲ့ မတူတော့ပါဘူး၊ တော်တော် အခြေအနေကောင်းလာပါပြီ'' ဟု ပြောကြားသည်။
အပြီးသတ် မီးငြှိမ်းသတ်မှု ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန် ထိရောက်စေရန်  တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီနှင့် အကြံပြုချက်များဖြင့် လည်း ရယူဆောင်ရွက်လျက်ရှိသည်။
ဆွေးနွေးမှုများပြုလုပ်
ထိုသို့ ဆောင်ရွက်မှုအနေဖြင့်   ယနေ့မွန်းလွဲပိုင်းတွင် မီးလောင်မှုအနီးရှိ ကွပ်ကဲရေးရုံး၌ ရန်ကုန်မြို့တော်ဝန်ဦးမောင် မောင်စိုးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင် များ၊ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်ဘက် ဆိုင်ရာ အရာရှိ   Mr. Suttipol Suchart နှင့် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊    အာဆီယံသဘာဝပတ်ဝန်းကျင်            ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က အပြီးသတ် မီးငြှိမ်းသတ်နေမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ကြသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့်အတူ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပါဝင်သောအဖွဲ့နှင့် အာဆီယံ သဘာဝ ပတ်ဝန်းကျင်   ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့သည် မီးလောင်မှုမှ ထွက်ရှိသည့် မီးခိုးများနှင့် ပတ်သက်၍ မီးလောင် ပြင်အနီး လေ့လာမှုများ ပြုလုပ်ခြင်းနှင့် လေထုတိုင်းတာခြင်းများ ကို ကွင်းဆင်းဆောင်ရွက်ကြသည်။
လက်ရှိဆောင်ရွက်နေသည့်  နည်းစနစ်အသင့်တော်ဆုံးဖြစ်
အမှိုက်ပုံမီးလောင်မှုများသည်   တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုမရှိသော်လည်း ယခုမီးလောင်မှုသည် ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သော အမှိုက်ပုံ မီးလောင် မှုနှင့် အနည်းငယ်ဆင်တူကြောင်း၊ ဆွေးနွေးအကြံပြုချက်များ အရ ယခုလောင်ကျွမ်းနေသည့် မီးလောင်မှုအား ငြှိမ်းသတ်ရာ တွင် မြန်မာနိုင်ငံမှ  လက်ရှိဆောင်ရွက်နေသည့်  နည်းစနစ် သည်သာ အသင့်တော်ဆုံး ဖြစ်ကြောင်း သိရသည်။
ယခုအခါမီးလောင်မှု၏ ၉ဝ ရာခိုင်နှုန်းကို ငြှိမ်းနိုင်ခဲ့ပြီးဖြစ် သော်လည်း  အမှိုက်ပုံအတွင်းပိုင်းမှ   လောင်ကျွမ်းနေမှုနှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မဟာ ဗျူဟာအရ အပိုင်းအလိုက် (A,B,C,D)  ဇုန်များသတ်မှတ်ကာ ငြှိမ်းသတ်လျက်ရှိရာ အောင်မြင်ထိရောက်မှုရှိကြောင်း သိရ သည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာမှ ဒေါ်ခင်သိန်း က ''အမှိုက်ပုံမီးလောင်တာ မငြိမ်းသေးဘူးလို့တော့ ပြောတယ်၊ မီးခိုးမွှန်တဲ့ အနံ့မျိုးမရတော့ပါဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မီးလောင်တဲ့ညှော်နံ့တွေ  တော်တော်ခံစားလိုက်ရပါတယ်၊ အဲဒီတုန်းက တချို့အသက်ရှူကျပ်လို့ ဆေးရုံတက်လိုက်ရသေး တယ်၊  မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ကြိုးစားပြီး  ငြှိမ်းနေတယ် လို့သိရတယ်၊   မြန်မြန်ငြိမ်းစေချင်ပါတယ်၊    သူတို့လည်း           တော်တော်ပင်ပန်းနေပါပြီ'' ဟု ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မီးခိုးဒဏ် ကို ခံစားရသော ပြည်သူများနှင့် မီးငြှိမ်းသတ်ရာတွင် ပါဝင် ဆောင်ရွက်နေသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန် ဆေးကုသမှုစခန်းများ ဖွင့်လှစ်ကာ ပြည်သူများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။
ထို့အတူ မီးလောင်မှုအနီးတွင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများကလည်း ကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပြီး စေတနာရှင်များက လည်း အစားအသောက်၊ ရေနှင့်ဆေးဝါးများကို လာရောက် လှူဒါန်းလျက်ရှိသည်ကို တွေ့ရသည်။
ရှင်သန်ရေး လူမှုကူညီစောင့်ရှောက်ရေးအသင်း အပါအဝင် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေ သူ သူနာပြုဆရာမ ဒေါ်သစ်သစ်လွင်က ''အလှူရှင်တွေ စုပေါင်း လှူဒါန်းထားတဲ့ ဆေးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး နေတာပါ၊ ပထမရက်တွေမှာတော့ မီးသတ်တပ်ဖွဲ့တွေအပြင်      လာရောက်ဝိုင်းဝန်းငြှိမ်းသတ်ပေးတဲ့ တပ်မတော်သားတွေနဲ့ ပါဝင်ဆောင်ရွက်နေသူ အားလုံးကို မေးခိုင်ကာကွယ်ဆေးတွေ ကြိုတင် ထိုးပေးခဲ့ပါတယ်၊ မီးငြှိမ်းသတ်တဲ့နေရာမှာ ထိခိုက်ရှနာ တွေ ဖြစ်နိုင်တဲ့အတွက် အခုလို ကြိုတင်ဆောင်ရွက်ပေးထား တာပါ၊ လက်ရှိ အခြေအနေမှာတော့ ထိခိုက်ရှနာ၊ သွေးပေါင်ကျ တာနဲ့ မီးခိုးကြောင့် အသက်ရှူမဝဖြစ်တဲ့သူတွေကို အများဆုံး ကုသမှု ပေးနေရတာပါ၊ တချို့အဖွဲ့တွေကတော့ မီးလောင်ပြင် အတွင်းထဲအထိ ကားတွေနဲ့ ဆေးလိုက်ထိုးပေးတာမျိုးလည်းလုပ်ပေးနေကြပါတယ်၊ ကျွန်မတို့အဖွဲ့အနေနဲ့ကတော့ သုံးရက် တာကာလအတွင်းမှာ ထိခိုက်ရှနာနဲ့ အသက်ရှူမဝတဲ့ လူနာ ၂၅ဝ ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ပါတယ်၊ ဒီနေ့ မနက်ကတော့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်ကျိုးသွားလို့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်'' ဟု ပြောသည်။
အလားတူ အရပ်ဘက်လူမှု အဖွဲ့အစည်းများအနေဖြင့် မီးငြှိမ်းသတ်နေသည့် နေရာများအနီးအထိ လူနာတင်ယာဉ်များ ဖြင့် သွားရောက်ကာ မီးငြှိမ်းသတ်နေသူများအား အနီးကပ်       ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။
ဆေးဝါးကုသမှုမျိုး ပြုလုပ်ပေးနိုင်ဖို့ ကြိုတင်စီစဉ်ထား
မီးလောင်မှုမှ  မီးခိုးများထွက်ရှိမှုကြောင့်  လာရောက်      ဆေးဝါးကုသမှုခံယူသူများနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သီတာစိုးက ''ဒီကနေ့ ညနေပိုင်း အထိ ၂၄ ဦးရှိပါတယ်၊ အဲဒီထဲက လေးဦးကတော့ ဒီနေ့မှ ရောက် လာတာပါ၊ မီးခိုးမွှန်နဲ့ သုံးဦးရောက်လာတယ်၊ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးပါပါတယ်၊ နောက်တစ်ဦးကတော့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးခြေထောက်မှာ ဒဏ်ရာရတာပါ၊ အားလုံးအခြေ အနေကောင်းပါတယ်၊  မစိုးရိမ်ရပါဘူး၊  ပြင်ပလူနာအနေနဲ့ ကတော့ မနေ့ကအထိ ၂၉ ဦးရှိပါတယ်၊ ဒီကနေ့မှာတော့ နောက် ထပ်သုံးဦးလာရောက်ပြသခဲ့ပါတယ်၊ ကျွန်မတို့အနေနဲ့လည်း လိုအပ်တဲ့ ဆေးဝါးကုသမှုမျိုး ပြုလုပ်ပေးနိုင်ဖို့အားလုံး ကြိုတင် စီစဉ်ထားပါတယ်'' ဟု ပြောသည်။
ယခုအခါ အဆိုပါမီးလောင်မှုကို အပြီးသတ် ငြှိမ်းသတ် ရာတွင် ရေဖြင့် အဓိကပက်ဖျန်းကာ ငြှိမ်းသတ်လျက်ရှိပြီး လိုအပ်သည့်နေရာများတွင်သာBio Foam  (အမြှုပ်ဆေးရည်) ကို အသုံးပြုငြှိမ်းသတ်လျက်ရှိသည်။ ထိုသို့ငြှိမ်းသတ်ရာတွင် မီးငြှိမ်းသတ်မှု အင်အား ၉ဝဝ ကျော် တို့၏ အလှည့်ကျဆောင် ရွက်မှုနှင့်အတူ မီးငြှိမ်းသတ်ယာဉ်၊ အထောက်အကူပြုယာဉ်၊ ရေသယ်ယာဉ် စုစုပေါင်းအစီး ၃၈ဝ၊ ရေတင်စက်အလုံး၎ဝ၊ ဘက်ဟိုးယာဉ်ကိုးစီးတို့ဖြင့်  တစ်ရက်လျှင်  ရေဂါလန်တစ်သန်း ခန့်ကို အသုံးပြုကာ ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်(မြန်​မာ့အလင်း)
ဂျပန်နှင့် ဆွေးနွေးပွဲများ အချိန်မရွေးကျင်းပရန် အဆင်သင့်ဟု မြောက်ကိုရီးယား ပြောကြား
ဂျပန်နှင့် ဆွေးနွေးပွဲများ အချိန်မရွေးကျင်းပရန် အဆင်သင့်ဟု မြောက်ကိုရီးယား ပြောကြား
ဆိုးလ်  ဧပြီ  ၂၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်းသည်  ဂျပန်နှင့်  ဆွေးနွေးပွဲများ အချိန်မရွေးကျင်းပသွားရန် အသင့်ပင် ဖြစ်ကြောင်း သောကြာနေ့က တောင်ကို  ရီးယားသမ္မတ မွန်ဂျယ်အင်းသို့ ပြော ကြားလိုက်ကြောင်း   တောင်ကိုရီးယား သမ္မတရုံးက ဖော်ပြခဲ့သည်။
သမ္မတမွန်သည်  သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးနှင့်   ပတ်သက်၍ အကျဉ်းချုပ်ပြောဆိုရန် တနင်္ဂနွေနေ့တွင် ဂျပန်ဝန်ကြီးချုပ်     ရှင်ဇိုအာဘေးနှင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။
သမ္မတရုံးက     ဖော်ပြခဲ့သည်မှာ ဂျပန်ဝန်ကြီးချုပ်   ရှင်ဇိုအာဘေးသည် မြောက်ကိုရီးယားနှင့်  ဆွေးနွေးပွဲများ ကျင်းပရန်၊   သမိုင်းကြောင်းဆိုင်ရာ အကြောင်းအရာများကို ပြန်လည်ဆွေး နွေးအဖြေရှာရန်နှင့်  မြောက်ကိုရီးယား နိုင်ငံနှင့် သံတမန်အရ ဆက်ဆံမှုကို ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိစေရေး  ကြိုးပမ်းဆောင်ရွက်ရန်  အဆင်သင့်ပင် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ  မွန်ဂျယ်အင်းက   မြောက်ကိုရီးယား ခေါင်းဆောင်  ကင်ဂျုံအန်းသို့  ပြော ကြားခဲ့သည်ဟု ဆိုသည်။
ထိုသို့ ပြောဆိုမှုကို ခေါင်းဆောင်  ကင်က  မြောက်ကိုရီးယားအနေဖြင့် လည်း   မည်သည့်အချိန်တွင်မဆို     ဂျပန်နှင့် ဆွေးနွေးပွဲများ ပြုလုပ်သွား ရန်  အသင့်ပင်ဖြစ်ကြောင်း  တုံ့ပြန် ပြောဆိုခဲ့သည်ဟု  သမ္မတရုံးဖော်ပြ ချက်တွင် ပါရှိသည်။
မွန်သည်   အဆိုပါအကြောင်း အရာကို  အာဘေးသို့  ပြောပြခဲ့ပြီး  ၄င်းအနေဖြင့် ဂျပန်နှင့် မြောက်ကိုရီး ယားတို့အကြားတွင် ပေါင်းကူးတံတား တစ်ခုသဖွယ်   ဆောင်ရွက်ရမည်ကို  ဝမ်းမြောက်     ပျော်ရွှင်လိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ သောကြာ နေ့က ကျင်းပသည့် ထိပ်သီးအစည်း အဝေးတွင်  သမ္မတမွန်ဂျယ်အင်းသည်  ဆယ်စုနှစ်များအကြာက မြောက်ကိုရီး ယားအေးဂျင့်များ၏ ပြန်ပေးဆွဲခေါ် ဆောင်သွားခြင်းခံရသည့် ဂျပန်နိုင်ငံ သားများကိစ္စကို ထည့်သွင်းပြောဆိုခဲ့ ကြောင်း သိရသည်။
အေအက်ဖ်ပီ၊ အင်န်အိတ်ခ်ျကေ(မြန်​မာ့အလင်း)