Latest News

Friday, March 2, 2018

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ပဲခူးမြို့  ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင်  တပေါင်းလပြည့်နေ့ အနယ်နယ်အရပ်ရပ်မှ   ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ပဲခူး မတ် ၁

ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး
သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တပေါင်းလပြည့်နေ့ (မတ် ၁ ရက်) တွင် စည်ကားသိုက်မြိုက် စွာ လာရောက်ဖူးမြော်ကြကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ၂ဝ၁၈ ခုနှစ် မတ်လ ပထမပတ် တွင် မတ် ၁ ရက်မှ ၄ ရက်အထိ လေးရက်ဆက်တိုက်ရုံး ပိတ်ရက်အဖြစ်  သတ်မှတ်ထားရှိပေးသည်။  အဆိုပါ ရုံး ပိတ်ရက်တွင် ဝန်ထမ်းများ၊ ပြည်သူများ၊ အဖွဲ့အစည်းများမှ စုပေါင်းကာ မြန်မာပြည်အရပ်ရပ်ရှိ တန်ခိုးကြီးဘုရားပုထိုး စေတီများသို့ သွားရောက်ဖူးမြော်ခြင်း၊ အပန်းဖြေစခန်းများ သို့ သွားရောက်အပန်းဖြေအနားယူခြင်းများ ပြုလုပ်ကြ သည်။

ဘုရားဖူးလာပြည်သူများကို  အအေးဒါနတိုက်ကျွေးခြင်း ကုသိုလ်ပြုသည့်  ပဲခူးမြို့နေ  မောင်အောင်မျိုးမင်းက
''ကျွန်တော်တို့ သူငယ်ချင်းတွေစုပေါင်းပြီးတော့ တပေါင်း လပြည့်နေ့ဖြစ်သည့်အတွက်ဘုရားဖူးလာပြည်သူများကိုအအေး၊ ဖျော်ရည်တိုက်ကျွေးခြင်းဖြင့် ကုသိုလ်ပြုလုပ်ရ ခြင်းဖြစ်ကြောင်း၊ ယခုလိုအလှူလုပ်ခွင့်ရသည့်အတွက် လည်း  ဝမ်းသာပီတိဖြစ်မိကြောင်း၊  ကျွန်တော်တို့လိုပဲ လူငယ်တွေ ယခုလိုစုပြီးတတ်နိုင်သလောက် ကုသိုလ်တွေ လုပ်ပေးကြဖို့ကိုလည်းမျှော်လင့်မိကြောင်း'' ပြောသည်။

ပဲခူးမြို့တွင်လည်း သမိုင်းဝင်တန်ခိုးကြီးဘုရားများစွာရှိရာ  ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် ပဲခူးမြို့ဂုဏ်ဆောင်    စေတီတော်ကြီးတစ်ဆူဖြစ်သည့် အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများလာရောက် ဖူးမြော်သူများ၊  ဥပုသ်သီလ ဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။ ဘုရားလာပြည်သူများကိုလည်း အလှူရှင်များ၊   ဘာသာရေးအသင်းအဖွဲ့များကလည်း အအေးဖျော်ရည်များဖြင့် တိုက်ကျွေးလှူဒါန်းပေးခဲ့သည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်နေ မဆုရည်ဝင့် က လပြည့်နေ့မှာ မိသားစုများနှင့်အတူ ပဲခူးမြို့ရှိဘုရား များကို လာရောက်ဖူးမြော်ကုသိုလ်ယူခြင်းဖြစ်ကြောင်း၊ မိမိ၏ အချို့သူငယ်ချင်းတွေကတော့ ရက်ရှည်ရုံးပိတ်ရက် မှာ အခြားမြို့များမှာရှိသည့်ဘုရားများကိုသွားရောက်ဖူးမြော်ကုသိုလ်ပြုကြကြောင်းပြောသည်။      
တင်စိုး(ပဲခူး)​ကြေးမှုံ

No comments:

Post a Comment