Latest News

Saturday, March 31, 2018

မြောင်းမြကြိုးတံတား ပျက်ကျ၍ ယာဉ်(၁)စီး မြစ်ထဲပြုတ်ကျရာ ရေပြင်ရှာဖွေကယ်ဆယ်လျှက်ရှိ

မြောင်းမြကြိုးတံတား ပျက်ကျ၍ ယာဉ်(၁)စီး မြစ်ထဲပြုတ်ကျရာ ရေပြင်ရှာဖွေကယ်ဆယ်လျှက်ရှိ
မြောင်းမြကြိုးတံတား ပျက်ကျ၍ ယာဉ်(၁)စီး မြစ်ထဲပြုတ်ကျရာ ရေပြင်ရှာဖွေကယ်ဆယ်လျှက်ရှိ

(မြောင်းမြ) ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကွယ်လယ်ကျေးရွာနှင့် မြောင်းမြ တစ်ဖက်ကမ်း ဆက်သွယ်ထားသော မြောင်းမြ ကြိုးတံတားမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၅၀ အချိန်တွင် ယာဉ်တစ်စီးတံတားပေါ်မောင်းနှင်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကွယ်လယ်ကျေးရွာနေ ဒေသခံတစ်ဦးမှ “တံတားက ဒီနံနက်ပိုင်း ပျက်ကျတာ၊ တံတားပေါ်ဖြတ်တဲ့ ကား တစ်စီးတော့ မြစ်ထဲကျသွားတယ်၊ ခုထိတော့ရှာနေတုန်းပါ၊ ကားတွေတော့သွားလို့မရတော့ဘူးဗျ၊ ဘယ်လိုလုပ်မလည်း ဆိုတာတော့ မသိသေးဘူး" ဟု ပြောကြားသည်။

တံတားပျက်ရာတွင်ပါသွားသည့်ကားမှာ​မြောင်းမြမြို့နတ်​စင်​လမ်းမှဦး​အောင်​ကြီး၏ကားဖြစ်ပြီး
၆ဘီးကားယာဉ်​​မောင်း.မဲကြီး(ခ)သန့်​​ဇော်​ထိုက်​နှင့်​စပယ်​ယာတစ်​ဦး၊​ပေါင်း(၂)ဦးကားနှင့်​အတူမြစ်​အတွင်းသို့ပါသွား​သည့်ဟု Myaung Mya Daily တွင်ဖော်ပြထားသည်။

တံတားပျက်ကျရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိကာ ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်​။
မြောင်းမြကြိုးတံတားကို ၁၉၉၆ခုနှစ်​ကစတင်​ဖွင့်​လှစ်​ခဲ့သည်။

သတင်း​ထောက်​၊တန်​ခူး(တိုင်းဧရာ)








Friday, March 30, 2018

သမ္မတတွေထွက်တဲ့တိုင်းဧရာ


သမ္မတတွေထွက်တဲ့တိုင်းဧရာ

ခြေလေးချောင်းတော်လှန်ရေး (၂၂)


ယခင်အပတ်မှ အဆက် ဂျိုကား၏ ဒဏ်ရာမှာ ရုတ်တရက် မပျောက် တိရစ္ဆာန်တို့သည် အောင်ပွဲ ကျင်းပပြီး နောက်နေ့တွင်ပင် ဓါတ်မီး စက်ကိုစ၍ တည်ကြသည်။ ဂျိုကား သည် အနားတရက်မျှ မယူ။ သူ၏ ဒဏ်ရာများကြောင့် နာသည် ကျဉ်သည် ကိုပင် အများမသိအောင်ကြိတ်၍ ခံသည်။ အခြားတိရစ္ဆာန်များ ကွယ်ရာကျမှသာ ဂျိုကားက ခွါဖြူအား တိတ်တဆိတ် သူ၏ ဒဏ်ရာများက နာကျဉ်ကြောင်း ပြောပြသည်။ ခွါဖြူသည် သစ်ရွက်များကို ဝါး၍ ဂျိုကား၏ ဒဏ်ရာများကို အုံပေး သည်။ ခွါဖြူနှင့် မဟော်တို့က ဂျိုကား အား အလုပ်နည်းငယ်လျှော့၍ လုပ်ဖို့ ပြောကြသည်။ ခွါဖြူကလည်း “နွားဆို သည်မှာလည်း သွေးနှင့်ကိုယ်သားနှင့် ကိုယ်ဖြစ်သဖြင့် အလုပ်ကို နည်းနည်းရှော့ ပါအုံးဂျိုကားရယ်”ဟု နားချသည်။ ဂျိုကားသည် မည်သူ့စကားကိုမျှ နား မထောင်။ “ငါအသက်ကြီးလို့ အနား မယူခင် ဓါတ်မီးစက်ကြီး တော်တော် ပြီးသွားတာကိုဘဲ ငါမြင်ချင်တယ်”ဟု ဂျိုကားက ပြောသည်။

ပထမခြေလေးချောင်းကွင်း၏ အ ခြေခံ စည်းမျဉ်းဥပဒေများကို ရေးဆွဲစဉ် အခါက နွားများမှာ အသက် ၁၂နှစ် မြင်းများမှာ ၁၄နှစ်။ ခွေးများမှာ ၉နှစ်။ သိုးများ ဆိတ်များမှာ ၇နှစ်။ ကြက်များ ဘဲများမှာ ၅နှစ်ရှိလျှင် ပင်စင်ယူနိုင် ကြောင်း ပြဋ္ဌာန်းကြသည်။ ပင်စင်လစာ ကိုလည်း လုံလောက်စွာပေးဖို့ သဘောတူ ကြသည်။ ထိုအချိန်အထိ ပင်စင်ရသော တိရစ္ဆာန်များကား မရှိသေး။ သို့ရာတွင် ပင်စင်အကြောင်းနှင့် ပတ်သက်၍ တနေ့ တခြားပို၍ ဆွေးနွေးလာကြသည်။ မူ လက ပင်စင်ရသော တိရစ္ဆာန်များအတွက် သတ်မှတ်ထားသော မြေကွက်ကို အရက် ချက်ဖို့ ကောက်ညှင်းစိုက်ရန် ဆုံးဖြတ် လိုက်သဖြင့် စားကျက်ထဲမှ တနေရာကို ပင်စင်ရသော တိရစ္ဆာန်များအတွက် ဝင်းခတ်ကာ သတ်မှတ်ပေးလိမ့်မည်ဟု သတင်းထွက်၍ လာသည်။ ပင်စင်ရသော အခါ မြင်းများနွားများကို တနေ့လျှင် စပါးနှစ်ပြည် ပြောင်းရိုးတထုံးနှင့် ကောက်ရိုး အလုံအလောက်ပေးလိမ့် မည်။ အလုပ်ပိတ်ရက်များတွင် နှမ်းဖတ် ပါပေးလိမ့်မည်ဟု ကြားရသည်။ နောက် တနှစ်မိုးကျခါနီးတွင် ဂျိုကားမှာ အသက် ၁၂နှစ်ပြည့်မည်ဖြစ်၍ ပင်စင်သွားနိုင် လိမ့်မည်။ ထိုအတောအတွင်း၌ တိရစ္ဆာန်များ မှာ အလုပ်များ၍ အစားအသောက်ချောင် လည်ခြင်း မရှိကြ။ နေ့စဉ်အစာဝေရာ၌ လည်း ဝက်များ ခွေးများမှတပါး ကျန် တိရစ္ဆာန်များကို လျှော့၍ဝေသည်။ အား ခြေလေးချောင်းတော်လှန်ရေး (၂၂) သခင်ဘသောင်း လုံးသော တိရစ္ဆာန်များကို ညီတူညီမျှ အစာဝေမည်ဆိုလျှင် တိရစ္ဆာန်ဝါဒနှင့် ဆန့်ကျင်လိမ့်မည် ဖြစ်ကြောင်းနှင့်လည်း သံကြောင်က ပြောသည်။ တိရစ္ဆာန်များ အား အစာကိုလျှော့၍ဝေခြင်းမှာ စင်စစ် အားဖြင့် အစာရှားပါး၍ မဟုတ်ကြောင်း ကိုလည်း သံကြောင်က အကြောင်းခိုင်လုံ စွာ ပြ၍ပြောသည်။ အခိုက်အတန့် အဖို့တွင် အစာကိုပြင်၍ ဝေရခြင်းသာဖြစ် သည်။ သံကြောင်က “ပြင်၍ဝေရခြင်း” ဆိုသော စကားကိုသာ သုံးသည်။

“လျှော့၍ ဝေရခြင်း” ဆိုသော စကားကို မသုံး။ သံကြောင်အလိုအားဖြင့် ဦးသာခေါင်၏ လက်ထက်ကနှင့် စာ လျှင် ခြေလေးချောင်းကွင်း၏ အခြေ အနေမှာ များစွာ တိုးတက်၍ လာသည်။ ထိုနောက်သံကြောင်က “ရဲဘော် တို့ အခုငါတို့ဟာ ဦးသာခေါင်၏ လက် ထက်ကနှင့် မတူ။ စပါးလည်း ပို၍ ထွက်သည်။ ပြောင်းလည်း ပို၍ ထွက် သည်။ နှမ်းတို့ မြေပဲတို့လည်း ပို၍ ထွက်သည်။ ငါတို့သောက်ရသည့် ရေလည်း ပို၍ ကောင်းလာသည်။ ငါတို့ သက်တမ်းလည်း ယခင်ကထက် ပို၍ ရှည်လာသည်။ နို့စို့ တိရစ္ဆာန် အသေ အပျောက်လည်း အများကြီးလျှော့၍ သွားသည်။ ခင်း၍ အိပ်ဖို့ ကောက်ရိုး များလည်း ပို၍ရသည်။ မှတ်၊ ခြင်၊ ယင် အကိုက်လည်း သက်သာသွား သည်။ ဦးသာခေါင်သာရှိလျှင် ယခုလို ဘဝ မျိုးကို ငါတို့ရကြမှာ မဟုတ်ဘူး”ဟု စာရင်းအင်းများကို ဖတ်ပြကာ စာစာ စာစာနှင့် ပြောပြသည်။ တိရစ္ဆာန်များ လည်း သံကြောင် ပြောသမျှကို တလုံးမ ကျန် ယုံကြသည်။ တိရစ္ဆာန်များ၏ စိတ်ထဲတွင် ဦးသာခေါင်နှင့် ပတ်သက် သမျှသော အကြောင်းတို့ကို မေ့၍ကုန် ကြပြီ။ ဦးသာခေါင် မရှိသည့် နောက်တွင် အလုပ်လည်း ပင်ပန်း။ အစားအသောက် လည်း လောက်လောက်ငင မရှိ။ မျက်စိ နှစ်လုံးမှိတ်သည့် အခါမှတပါး အလုပ် နှင့် ကိုယ်နှင့်မပြတ်အောင် လုပ်နေကြ ရသဖြင့် အနေရ ကြပ်တည်းကြသည်မှာ မှန် သည်။ သို့ရာတွင် ဦးသာခေါင် လက် ထက်က ထို့ထက်ပင် ဆိုးသေးသည်ဟု ယုံကြသည်။ ထိုသို့ ယုံကြသဖြင့် စိတ် ချမ်းသာမှု ရကြသည်။ တိရစ္ဆာန်များမှာ ဦးသာခေါင်ရှိစဉ်က ကျွန်အဖြစ်နှင့်သာ နေကြရ၍ ယခုမှာမူ လွတ်လပ်စွာ နေကြရသည်။ လွတ်လပ်ခြင်းသည် ကျွန်အဖြစ်နှင့် နေရခြင်းထက် ကောင်း သည်။

ဤသို့ သံကြောင်က တိရစ္ဆာန် များအား တရားပြသည်။ လွတ်လပ်ခြင်း ရပြီးနောက် တိရစ္ဆာန် များမှာ စားမည့်သူများ ပို၍လာသည်။ ဝက်မလေးကောင်ကလည်း စုစုပေါင်း ဝက်ကလေး သုံးဆယ့် တကောင်မွေး သည်။ အားလုံးသော ဝက်ကလေး သုံးဆယ့် တကောင် မွေးသည်။ အားလုံးသော ဝက်ကလေးများမှာ ဗန္ဓုလကဲ့သို့ ဝက်ကျားကလေး များချည်း ဖြစ်သည်။ ခြေလေးချောင်းကွင်းတွင် ဗန္ဓုလ တကောင်သာ ဝက်သိုးရှိသဖြင့် ထိုဝက် ကလေးများ၏ ဖခင်မှာ မည်သူဖြစ်သည် ကိုလည်း အလွယ်နှင့် သိနိုင်သည်။ အုတ် နှင့်ပျဉ်များရသောအခါ ဝက်ကလေးများ အတွက် ကျောင်းဆောက်ပေးမည်ဟု ဗန္ဓုလက ကျေညာသည်။ ကျောင်းမ ဆောက်ရမီ အတောအတွင်း၌ ဝက်ကလေး များအား မီးဖိုဆောင်ထဲ၌ ဗန္ဓုလက ကိုယ်တိုင်က စာသင်ပေးနေသည်။ ဝက် ကလေးများကို ပန်းခြံထဲ၌သာ ကစား စေပြီးလျှင် အခြားတိရစ္ဆာန်ငယ်များနှင့် ရောနှော ခွင့်မပြု။ ထိုအချိန်အခါလောက် တွင် လမ်း၌ ဝက်နှင့် အခြားတိရစ္ဆာန်များ တွေ့ကြလျှင် အခြားတိရစ္ဆာန်များက လမ်းဖယ်၍ ပေးကြရမည်ဟု အမိန့်ထုတ် လိုက်သည်။ ထို့ပြင် တနင်္ဂနွေနေ့များတွင် ဝက်မှန်သမျှ အကြီးအငယ် အရွယ် အလတ် မရွေး အမြီးတွင် ဖဲကြိုးအစိမ်း တပ်ဆင်နိုင်သော အထူးအခွင့်အရေး ရရှိစေရမည်ဟုလည်း အမိန့်ထုတ်ထား သည်။ ထိုနှစ်တွင် ခြေလေးချောင်းကွင်းမှာ ငွေစ အလုံအလောက် မရှိသော်လည်း အခြေအနေမှာ မဆိုးလှ။ ကျောင်း ဆောက်ဖို့ အုတ်အင်္ဂတေဝယ်ရန်နှင့် ဓါတ်မီးစက်အတွက် စက်ကိရိယာ ဝယ် ရန် စရိတ်ငွေရဖို့အတွက် ချွေတာနိုင်သမျှ ချွေတာရလိမ့်မည်။ ထိုမှတပါး မီးထွန်း ဖို့ ရေနံဆီ ဖယောင်းတိုင်း စသည် တို့အတွက်လည်း ငွေစလိုလိမ့်မည်။ ဗန္ဓုလအတွက် သကြားလည်း ဝယ်ရ လိမ့်မည်။ အခြားဝက် များမှာ သကြား စားလျှင် ဝတတ်သည်ဆိုသော အကြောင်း ပြချက်ဖြင့် သကြားစားခွင့်မရကြ။

ထို့ပြင် လက်နက်ကိရိယာများ ထင်းများ ကြိုးများ သံချောင်းများ သံတိုမယ်န စသည်များ နောက်ထပ်ဝယ်ဖို့ အတွက် လည်း ငွေစလိုလိမ့်ဦးမည်။ ထို့ကြောင့် ကောက်ရိုးပုံကြီး တပုံကိုလည်း ရောင်း လိုက်ရသည်။ နောက်ထပ် နှမ်းများကို လည်း ရောင်းလိုက်ရသည်။ ကြက်ဥများ ကိုလည်း တနင်္ဂနွေတပတ်လျှင် လုံးရေ ခြောက်ရာထိ တိုး၍ရောင်းရသဖြင့် ကြက်မများမှာ ကြက်ကလေးများ မဖေါက်ကြရသောကြောင့် ကြက်ကလေး အရေအတွက် လျှော့မသွားဖို့ပင် ခဲယဉ်း လျှက်ရှိသည်။ အစာဝေရာ၌လည်း ပထမ လျှော့၍ ဝေပြီးသားကိုပင် နောက်ထပ် လျှော့၍ ဝေရပြန်သည်။ နွားခြံဆိတ်ခြံ သိုးခြံများ၌ ထွန်းနေကြမီးခွက်များကို လည်း ရေနံဆီ အကုန်သက်သာစေခြင်းငှါ မထွန်းရဟု အမိန့်ထုတ်ထားသည်။ သို့ ရာတွင် ဝက်များမှာ စည်းစိမ် မပျက်ကြ။ အမှန်မှာ ဝက်များသည် ယခင်ကထက်ပင် ပို၍ ဆူဖြိုးနေကြသည်။ တညနေတွင် တိရစ္ဆာန်များသည် အလွန်သွားရည် ယိုချင်စရာကောင်းသော အနံ့တခုကို ရကြသည်။ ထိုအနံ့မှာ အရက် ချက်ရန် ကောက်ညှင်းပေါင်းသော အနံ့ ဖြစ်သည်။ တိရစ္ဆာန်များသည် သူတို့ ကိုကျွေးလိုကျွေးငြား ကောက်ညှင်းပေါင်း နံ့ကို နှာခေါင်း တပွပွနှင့်အနံ့ခံကာနေ ကြသည်။ သို့ရာတွင် ကောက်ညှင်း ပေါင်းကို မစားကြရုံမျှမက နောက် တနင်္ဂနွေနေ့ ကျသောအခါ ကောက်ညှင်း စပါးရှိသမျှကို ဝက်များအတွက် သီးသန့် ထားရမည်ဟု အမိန့်ထုတ်ပြန်သည်။ ယခင်က မြက်ခြံလုပ်ဖို့ မြေကွက်ကို လည်း ကောက်ညှင်း ကြဲလိုက်ပြီ။

ထိုအခိုက် တွင် ဝက်များမှာ နေ့စဉ်အုန်းမှုတ်ခွက်နှင့် တခွက်ကျ အရက်ဝေစုရကြောင်း ဗန္ဓုလ ကိုယ်တိုင်မှာ မြူအိုးနှင့် တဝက်စာခန့် ရကြောင်း သောက်သည့်အခါတွင် ဖန်ချိုင့်နှင့် ထည့်၍ သောက်ကြောင်းနှင့် သတင်းဖြစ်ပေါ်လာသည်။ သို့ရာတွင် တိရစ္ဆာန်များမှာ ယခင် ကထက် အခြေခံအနေဂုဏ်မြင့် လာသ ဖြင့် စားရသောက်ရ စိတ်ဆင်းရဲရသော် လည်း စိတ်ဖြေနိုင်ကြသည်။ ပွဲလမ်းသ ဘင်လည်း ယခင်ကထက် များလာသည်။ ဟောပြောပွဲများလည်း ယခင်ကထက် ပေါလာသည်။ စီတန်းလှည့်လည်ခြင်း များလည်း ယခင်ကထက် တိုးလာသည်။ ထို့ပြင် တနင်္ဂနွေတပတ်လျှင် တကြိမ်ကျ စေတနာအင်အားပြပွဲ ကျင်းပရမည်ဟု ဗန္ဓုလက အမိန့်ထုတ်ပြန်သည်။ ထိုအင်အား ပြပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ ခြေလေးချောင်းကွင်း ဖြစ်ပေါ်လာစေရန် ကြိုးပမ်းခဲ့မှုများ ခြေလေးချောင်းကွင်း၏ အောင်မြင်မှုများကို ပေါ်လွင်ထင်ရှားစေ ရန် ဖြစ်သည်။ စေတနာအင်အားပြပွဲ ကျင်းပသည့်အခါတွင် တိရစ္ဆာန်တို့သည် ချိန်းဆိုထားသောအချိန်တွင် မိမိတို့နေ ရာခြံမှာ စစ်ချီသကဲ့သို့ စီတန်းထွက်လာ ကြရသည်။ ဝက်များမှာ ရှေ့ဆုံးကနေကြ သည်။

သူတို့နောက်မှ မြင်းများ၊ မြင်း များ နောက်မှ နွားများ၊ နွားများနောက်မှ သိုးများ ဆိတ်များ၊ သိုးများ ဆိတ်များ နောက်မှာ ကြက်များဘဲများက အစဉ်အ တိုင်းလိုက်ကြရသည်။ ဂျိုကားနှင့် ခွါဖြူ တို့က “ရဲဘော်ဗန္ဓုလ သက်တော်ရာ ကျော်ရှည်စေသော” ဟူသော ကဗျည်း ထိုးထားသည့် ချိုနှင့်ခွါအလံကြီးကို တ တက်တချက်ကိုင်၍ လိုက်ကြသည်။ အင်အားပြပွဲပြီးသောအခါ ဗန္ဓုလ၏ ဘုန်းတော်ဘွဲ့ကို သီဆိုကြသည်။ ထို့နောက်သံကြောင်က ခြေလေးချောင်း ကွင်းတွင် ကောက်ပဲသီးနှံ ယခင် ကထက်ပို၍ ထွက်သည့်အကြောင်းကို စာရင်းအင်းများပြကာ တရားဟော သည်။ ရံဖန်ရံခါလည်း သေနတ်ဖေါက် သည်။ စေတနာအင်အား ပြပွဲကို သိုးများက သဘောအကျဆုံး ဖြစ်သည်။ လာမည့်အပတ် ဆက်လက် ဖော်ပြပါမည်။
သခင်ဘသောင်း
  • ခြေလေးချောင်းတော်လှန်ရေး (၁)
  • ခြေလေးချောင်းတော်လှန်ရေး (၂)
  • ခြေလေးချောင်းတော်လှန်ရေး (၃)
  • ခြေလေးချောင်းတော်လှန်ရေး (၄)
  • ခြေလေးချောင်းတော်လှန်ရေး (၅)
  • ခြေလေးချောင်းတော်လှန်ရေး (၆)
  • ခြေလေးချောင်းတော်လှန်ရေး (၇)
  • ခြေလေးချောင်းတော်လှန်ရေး (၈)
  • ခြေလေးချောင်းတော်လှန်ရေး (၉)
  • ခြေလေးချောင်းတော်လှန်ရေး (၁၀)
  • ခြေလေးချောင်းတော်လှန်ရေး (၁၁)
  • ခြေလေးချောင်းတော်လှန်ရေး (၁၂)
  • ခြေလေးချောင်းတော်လှန်ရေး (၁၃)
  • ခြေလေးချောင်းတော်လှန်ရေး (၁၄)
  • ခြေလေးချောင်းတော်လှန်ရေး (၁၅)
  • ခြေလေးချောင်းတော်လှန်ရေး (၁၆)
  • ခြေလေးချောင်းတော်လှန်ရေး(၁၉)
  • ခြေလေးချောင်းတော်လှန်ရေး(၁၉)
  • တရုပ် ပြောသော သမ္မတကြီး ဦးဝင်းမြင့်



    တရုပ်ကွန်မြူ နစ် ပါတီ ခေါင်းဆောင်ကြီး စီကသမ္မတကြီး ဦးဝင်းမြင့်ထံ ၀မ်းမြောက်ဂုဏ်ယူ
    ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။

    ယင်းနှင့် အတူ တရုတ် အစိုးရ အာဘော်ဖြစ်တဲ့ Global Times သတင်းစာကလည်း
    "သမ္မတ သစ် သည် မြန်မာအား ပြန်လည်အားအင် ပြည့်ဖြိုးအောင် စွမ်းဆောင်မည်လော",ဟု
    ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ဝေဖန်ချက် ရေးသားလာပါတယ်။

    သမ္မတ သစ် အတွက် NLD ရဲ့ ထိပ်တန်းအဖွဲ့ဝင်လွှတ်တော် ဥက္ကဌ ဖြစ်သူ ဦးဝင်းမြင့်အား
    အခက်အခဲမရှိ အစားထိုးနိုင်ခဲ့အတွက် NLDအနေဖြင့် လွှတ်တော် နဲ့ အစိုးရကို ကောင်းစွာ
    ဆက်လက် ထိမ်းချုပ်နိုင်စွမ်း ရှိနေပါတယ်။

    ဦးဝင်းမြင့်သည် အသက် ၆၆ နှစ်သာ ရှိသေးတဲ့အတွက် ကျန် အသက် ၇၀ ကျော် ရှိနေကြပြီ
    ဖြစ်တဲ့ NLD ခေါင်းဆောင်ပိုင်းထက် တပန်းသာနေပြန်ပါတယ်။ အတွေ့အကြုံ ရင့်ကျက်ပြီး လုပ်
    ရည်ကိုင်ရေ ပြည့်ဝတဲ့ ဦးဝင်းမြင့် အနေနဲ့ အခုလို ကြီးလေးလှတဲ့ တာဝန်ကြီးကို ထမ်းဆောင်
    နိုင်စွမ်း ရှိသူလည်း ဖြစ်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

    ထို့အပြင် ဦးဝင်းမြင့်သည် မြန်မာနိုင်ငံကို လက်တွေ့ မှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစု
    ကြည့်ရဲ့ ယုံကြည်အားထားရသော လူတဦးလည်း ဖြစ်နေပြန်ပါတယ်။

    ပြည်သူ့လွှတ်တော်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုလားချက်
    များ အတိုင်း လွှတ်တော်အမတ်များကို စည်းကမ်းတကျ ထိမ်းကျောင်းနိုင်ခဲ့တဲ့အပြင် သသူမ၏
    ပြုပြင်ပြောင်းလဲရေး အစီအမံများကိုလည်း အကောင်အထည် ဖေါ်ပေးနိုင်ခဲ့ပါတယ်။ ထို့
    အတွက် သမ္မတ အဖြစ် တာဝန်ယူလာတဲ့ အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ရဲ့
    မူဝါဒများကို ဆက်လက်အကောင်အထည်ဖေါ်သွားမယ် ဆိုတာ ယုံမှားသံသယရှိစရာ မလိုတဲ့
    အတွက် အာဏာတည်ဆောက်ပုံ နဲ့ မူဝါဒ ပိုင်းမှာ အဓိက ကျတဲ့ အပြောင်းအလဲတွေ ရှိနိုင်မှာ
    မဟုတ်တာ တွေ့ရပါတယ်။

    မြန်မာလူထုကြီးကတော့ သမ္မတ သစ် အနေနဲ့အကျင့်ပျက် ခြစားမှုများကို နှိပ်ကွပ်ရေးနဲ့ ပြည်
    တွင်း ပြည်ပမှာ ဦးနှောက်စားနေရတဲ့ ပြသာနာများကို အမြန်ဆုံး ဖြေရှင်းပြီး တိုင်းပြည်စီးပွား
    ရေး လျင်မြန်စွာ တိုးတက်လာဖို့ကို မျော်လင့်နေကြပါတယ်။ သို့သော်လည်း မြန်မာတို့၏ ဆိုရိုး
    စကား ဖြစ်သော ပြသာနာပေါင်း သောင်းခြောက်ထောင်က မနက်ဖန်မှာ.သမ္မတ အဖြစ်
    တာဝန်ယူမယ့် ဦးဝင်းမြင့်ကို စောင့်ကြိုလျက်ရှိနေပါတယ်။ အဆိုပါ ပြသာနာများက ဒေါ်
    အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ ဆက်လက်ရင်ဆိုင်နေကြရဆဲလည်း ဖြစ်ပါတယ်။

    တတိယအကြိမ်မြောက် ပင်လုံ ညီလာခံကြီးကဇန်န၀ါရီလ ကုန်ပိုင်းလောက်မှာ ကျင်းပရန် ရည်
    မှန်းထားခဲ့သော်လည်း အစိုးရ နဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ
    ပေါ်ပေါက်လာရမှုနဲ့ အတူ ပြင်ဆင်ချိန် မလုံလောက်သေးသော အကြောင်းများကြောင့် ရွှေ့
    ဆိုင်းခဲ့ရပြန်ပါတယ်။ ယခုအခါ ဧပြီလကုန် သို့မဟုတ် မေလဆန်းကို မှာ ကျင်းပဖို့ ပြောလာ
    တာကြောင့် ခြောက်လနီးပါး ရွှေ့ဆိုင်းခဲ့ရတဲ့သဘော ဖြစ်ပါတယ်။ အဓိက လက်နက်ကိုင်
    အဖွဲ့များ ဖြစ်တဲ့ ၀ နဲ့ ကေအိုင်အေ တို့က ယခုထိ အပြစ်အခတ်ရပ်စဲရေး ကို လက်မှတ်မထိုး
    သေးပဲရှိနေပြီး နိုင်ငံ မြောက်ပိုင်းမှာ စစ်ရေးဋိပက္ခများ ဆက်လက် ဖြစ်ပေါ်နေပါတယ်။ ထို့
    အတွက် တိုင်းပြည်အနေနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နှင့် တည်တံ့ခိုင်မြဲသော ငြိမ်း
    ချမ်းရေး ရရှိဖို့ ခရီးရှည်ကြီးဆက်သွားရဦးမှာလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာ အကြပ်အတည်းက ဆက်လက်ဖြစ်
    ပေါ်နေတာ ခြောက်လကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာ မြန်မာ များနဲ့ ရိုဟင်ဂျာ မူဆလင်များ အကြား မုန်းတီးမှုများက ကြီးထွားလာနေ
    ဆဲဖြစ်ပြီး နှစ်ဖက်စလုံးက တဦးနှင့်တဦး အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေကြပါ
    တယ်။ ယမန်နှစ် သြဂုတ်လ ၂၅ ရက်နေ့ မှာ ပြင်းထန်လှတဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး
    နောက် ရိုဟင်ဂျာ ငါးသိန်းခန့် အိုးအိမ်များ စွန့်ခွာထွက်ပြေးသွားခဲ့ကြပါတယ်။ ယခုအခါ ၎င်းတို့ အား ပြန်လည် ခေါ်ယူရေး လုပ်ငန်းများစတင်နေပြီ ဖြစ်သော်လည်း အစွန်းရောက်စစ်
    သွေးကြွများ ရောပြွမ်းကာ ပြန်လည်ဝင်ရောက်လာမယ့် အရေး စိုးရိမ်မကင်း ဖြစ်နေရမှုများ
    ကြောင့် ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများသည် အခက်အခဲများ ဖြစ်လာနေရပါတယ်။

    ရိုဟင်ဂျာ ပြသာနာ ကို အကြောင်းပြုပြီး ပြင်ပကမ္ဘာ မှ အရေးယူလာမှုများကြောင့် သံတမန်
    မျက်နှာစာမှာ မြန်မာအနေနဲ့ အကျပ်အတည်းတွေ ဖြစ်လာခဲ့ရပါတယ်။ စီးပွားရေး တိုးတက်မှု
    များ နှေးကွေးလာရတဲ့ အတွက် မြန်မာပြည်သူများ အကြားတွင်လည်း မကျေနပ်မှုတွေ တိုး
    တက် များ ပြားလာနေပါတယ်။

    NLD ခေါင်းဆောင်ပိုင်း အများစုက အသက် ၇၀ကျော်ပိုင်း ရောက်လာနေပြီ ဖြစ်တဲ့ အတွက်
    မျိုးဆက်သစ် လူငယ် ခေါင်းဆောင်ပိုင်းကိုမွေးထုတ် နိုင်ရေးသည် ပါတီအတွက် အရေး
    တကြီး လုပ်ဆောင်ရမယ့် တာဝန်ကြီး ဖြစ်လာနေပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲကလည်း မဝေးတော့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း
    အသက် ၇၂ ရှိနေပြီ ဖြစ်တဲ့အတွက် NNLD အစိုးရ အနေဖြင့် လာမည့်ရွေးကောက်ပွဲမှာ အောင်
    ပွဲ ခံရရေး သေချာမှု ရှိစေရန် ၎င်းတို့၏ မဲဆန္ဒရှင် အရည်အတွက် တိုးချဲ့ပြီး အခိုင်အမာ တည်
    ဆောက်ရမယ့် ကြီးမားလှသော တာဝန်ကြီးနဲ့လည်း ရင်ဆိုင်နေရပြန်ပါတယ်။
    လှစိုးဝေ

    ရည်ညွှန်း။ ။ မတ်လ ၂၉ ရက်နေ့ Global Times သတင်းစာပါ "Will new president reinvigorate Myanmar?"

    တိတ်ဆိတ်သောသမ္မတ၊ ကျယ်လောင်သောပဲ့တင်သံ


    မနေ့ညက ဘီဘီစီကနေ ဒီနေ့ ( မတ် ၃၀ )ရက်နေ့ သမ္မတ တာဝန်လွှဲပြောင်းပွဲ အခမ်းအနား ဘယ်လိုလုပ်မယ်လို့ထင်သလဲ၊ ၂၀၁၆ သမ္မတတာဝန်လွှဲပြောင်းချိန်က ဘာတွေလုပ်ခဲ့သလဲ လို့ ကျွန်တော့်ကို မေးတယ်။ ဒီနေ့မနက်ကျွန်တော့်စာမျက်နှာမှာ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ ဦးသိန်းစိန် နဲ့ ဦးထင်ကျော် သမ္မတ တာဝန်လွှဲပြောင်းတဲ့အခမ်းအနားဓာတ်ပုံလေး အမှတ်တရပြန်ပေါ်လာတယ်။ ဒီလိုနဲ့ ကျွန်တော့်စိတ်တွေက အတိတ်ကိုပြန်ရောက်သွားတော့ တယ်။

    ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရ တာဝန်လွှဲပြောင်းမှုကို တည်ငြိမ်အေးချမ်းစွာဆောင် ရွက်နိုင်ဖို့အတွက် နှစ်ဘက်အဖွဲ့ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။

    အဲဒီသဘောတူညီချက်အရ ကျွန်တော်တို့ဘက်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကျွန် တော်နဲ့ ကိုဇော်ဌေး ၊ အင်န်အယ်လ်ဒီဘက်က ဦးဝင်းထိန်၊ ဒေါက်တာအောင်သူ၊ ဒေါက်တာ မျိုးအောင်တို့ ပါတဲ့အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

    အဲဒီ အဖွဲ့နှစ်ဖွဲ့ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ပါတယ်။ အဲဒီနေ့က ဦးလှထွန်းက ခရီးလွန်နေတဲ့အတွက် ကျွန်တော်၊ ကိုဇော်ဌေး နဲ့ သမ္မတ အိမ်တော်ပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ ဒုညွှန်ချုပ် ဦးမောင်မောင်အုန်းတို့ တက်ပါတယ်။ ဦးဝင်းထိန်အဖွဲ့ကတော့အားလုံးတက်ပါတယ်။

    အဲဒီအစည်းအဝေးမှာ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းခြင်းအခမ်းအနား အစီအစဉ်ကို နိုင်ငံတကာ ဆောင်ရွက်ချက်များ၊ မြန်မာ့သမိုင်းမှာရှိခဲ့တဲ့ သမ္မတတာဝန်လွှဲပြောင်းခြင်းဆိုင်ရာဆောင်ရွက်ချက်များကို ပြန်လည်လေ့လာပြီးရေးဆွဲနေတဲ့အကြောင်းတင်ပြခဲ့ ပါတယ်။သမ္မတ ဦးသိန်းစိန်ကလည်း သမ္မတသစ်ဦးထင်ကျော်ကို တာဝန်လွှဲပြောင်း မှုဟာ ၁၉ ၄၈ ခုနှစ်ထဲက ရွေးကောက်ပွဲနဲ့အာဏာရလာတဲ့အစိုးရတစ်ရပ်က နောက်ရွေးကောက်ပွဲမှာ နိုင်တဲ့ အခြားနိုင်ငံရေးပါတီတစ်ခုကို ငြိမ်းချမ်းစွာတာဝန်လွှဲပြောင်းပေးတဲ့ ပထမဆုံးဖြစ်စဉ် ဖြစ်တဲ့ အတွက် နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပဖို့ ဆန္ဒရှိခဲ့ပါတယ်။

    နောက်တစ်ကြိမ် တာဝန်လွှဲပြောင်းမှုအစည်းအဝေးမှာတော့ ကျွန်တော်တို့ဘက်က သမ္မတနှစ်ဦး တာဝန်လွှဲပြောင်းတဲ့အခမ်းအနားနဲ့ပတ်သက်ပြီး လျာထားချက်ကို ရှင်းပြခဲ့ပါတယ်။ အဲဒီ အစီ အစဉ်က ဒီလိုပါ

    ၁။ သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြု၊ မိန့်ခွန်းပြော မယ်။
    ၂။ ပြည်ထောင်စုလွှတ်တော်မှ သမ္မတအိမ်တော်ကို ယာဉ်တန်းဖြင့်ထွက်ခွာမယ်။
    ၃။ သမ္မတဦးသိန်းစိန်က သမ္မတအိမ်တော်ဆင်ဝင်ကနေ ကြိုဆိုမယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် အစိုးရအဖွဲ့သစ်၊ အစိုးရအဖွဲ့အဟောင်းမှ ပြည်ထောင်စု ၀န်ကြီးများက လျှောက်လမ်းဝဲယာမှ တန်းစီပြီး ကြိုရမယ်။
    ၄။ လက်ရှိသမ္မတနဲ့ သမ္မတသစ် နှစ်ယောက် အလေးပြုခံစင်မြင့်ကို သွားမယ်။
    ၅။ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ က သမ္မတနှစ်ယောက်ကို အလေးပြုမယ်။ အဲဒီအချိန်မှာ အစိုးရအဖွဲ့ နှစ်ခုရဲ့ ၀န်ကြီးတွေကနောက်မှာ ရပ်နေရမယ်။
    ၆။ သမ္မတသစ်ဦးထင်ကျော်က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးမယ်။ သမ္မတ ဦးသိန်းစိန်က ဘေးက လိုက်မယ်။
    ၇။ လက်ရှိသမ္မတ ဦးသိန်းစိန်က သမ္မတသစ်ဦးထင်ကျော်ကို သူ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ နဲ့ မိတ်ဆက်ပေးမယ်။
    ၈။ သမ္မတသစ်ဦးထင်ကျော်က လက်ရှိသမ္မတ ဦးသိန်းစိန်ကို သူ့အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ နဲ့ မိတ်ဆက်ပေးမယ်။
    ၉။ သမ္မတနှစ်ဦး သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ တာဝန်လွှဲပြောင်းပေးမှု အခမ်းအနားကျင်းပမယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းတက်ရောက်မယ်။
    ၁၀။ အစိုးရဟောင်းကအစိုးရသစ်ကိုလက်ဖက်ရည်ပွဲနဲ့ ဧည့်ခံမယ်။
    ၁၁။ သမ္မတဟောင်းဦးသိန်းစိန်က သမ္မတသစ် ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတရုံး ကို လိုက်လံပြသမယ်။ သမ္မတဟောင်းဇနီးဒေါ်ခင်ခင်ဝင်း က သမ္မတသစ်ဇနီး ဒေါ်စုစုလွင်ကို သမ္မတ အိမ်တော်ကို လိုက်လံပြသမယ်။
    ၁၂။ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဇနီး ထွက်ခွာမယ်။ သမ္မတသစ်နဲ့ ဇနီး ကနှုတ်ဆက်မယ်။

    ဒီအစဉ်အစဉ်မှာ အဓိကကျတာက နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ကနေ သမ္မတသစ် ဦးထင်ကျော် ကို အလေးပြုတာနဲ့အစစ်ဆေးခံတဲ့အစီအစဉ်ပါ။ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ဆိုတာက တပ်မတော် ကြည်းရေလေစစ်သည်များနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံ တကာခေါင်းဆောင်များရဲ့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်များမှာ ဂုဏ်ပြု ကြိုဆိုတဲ့တပ်ဖွဲ့ဖြစ်ပါ တယ်။ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ သမ္မတသစ်ကို အလေးပြုခြင်း၊ သမ္မတ သစ်က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းဆိုတာဟာ တပ်မတော်က သမ္မတသစ်ဦးထင်ကျော်ကို အလေးအမြတ်ထား ကြိုဆို ဂုဏ်ပြုတာလည်းဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအနှစ်သာရ အရကြည့် ရင် အလွန်အရေးကြီး ပါတယ်။

    ဒါပေမယ့် နောက်တစ်ကြိမ် အစည်းအဝေးမှာ ဦးဝင်းထိန်က ကျွန်တော်တို့ဘက်က အစီအစဉ်ကို သဘောမတူကြောင်းပြောပါတယ်။ အစီအစဉ်တွေများတယ်လို့အကြောင်းပြပါတယ်။ သူတို့က တာဝန်လွှဲပြောင်းတာကို လွှတ်တော်မှာပဲလုပ်မယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ သမ္မတ တာဝန်လွှဲပြောင်းတာကို သမ္မတအိမ်တော်မှာပဲ လုပ်တာသင့်တော်တယ်လို့ ပြန်ဆွေး နွေးတယ်။ နောက်ဆုံးတော့ အစည်းအဝေးတွေမှာ အပြန်အလှန်ဆွေးနွေးပြီးတဲ့အခါ ဂုဏ်ပြု တပ်ဖွဲ့နဲ့ အလေးပြုတဲ့အစီ အစဉ် ၊အစိုးရအဖွဲ့ဟောင်း၊အဖွဲ့သစ်က ကြိုဆိုတဲ့အစီအစဉ်တွေကို ဖြုတ်လိုက်ပြီး သံတမန်ဆောင်ဧည့်ခန်းမမှာပဲ တာဝန်လွှဲပြောင်းတဲ့အခမ်းအနားကို အကျဉ်းချုံး ပြီးဆောင်ရွက်ခဲ့ရပါတယ်။ လက်ဖက်ရည်ပွဲမပါသလို အိမ်တော်နဲ့ သမ္မတရုံးခန်းကိုလိုက်လံ ပြသ တဲ့အစီအစဉ်တွေမပါတော့ပါဘူး။ အဲဒီအစား အစိုးရသစ်က သူ့အစီအစဉ်နဲ့ သူ ညစာစားပွဲ လုပ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခမ်းအနားပြီးတာနဲ့ သမ္မတအိမ်တော်နဲ့ သမ္မတ ရုံး ကိုလိုက်လံစစ်ဆေးပြီးနေရာချထားမှုတွေကို စီစဉ်ပါတယ်။

    ကျွန်တော်ကတော့ ကိုယ့်ပါတီရဲ့ သမ္မတ ဦးထင်ကျော်ကို တပ်မတော်သား တွေနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၊ အစစ်ဆေး ခံတဲ့အစီအစဉ်ကို အင်န်အယ်လ်ဒီဘက်က ဘာ့ကြောင့် ပယ်ချတယ်ဆိုတာ အခု စဉ်းစားလို့မရပါဘူး။ တာဝန်လွှဲပြောင်းမှုအစီအစဉ် ကို သမ္မတသစ်ဦးထင်ကျော်သိသလား၊ မသိဘူးလား၊ ဘယ်သူက ဆုံးဖြတ်သလဲဆိုတာကလည်း စဉ်းစားစရာပဲ။

    ဒီလိုနဲ့ သမ္မတ ဦးထင်ကျော်ဟာ ကတိသစ္စာပြုအခမ်းအနားမှာ သုံးမိနစ်စာ မိန့်ခွန်းကို တိုတို တုတ်တုတ်ပြော၊ တာဝန်လွှဲပြောင်းမှုအခမ်းအနားကို အကျဉ်းချုံးလုပ်၊ သမ္မတသက်တမ်း နှစ် နှစ်တာကာလကိုလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ဖြတ်သန်းသွားခဲ့ပါတယ်။

    သူ နှုတ်ထွက်မယ်ဆိုတာကိုတောင် သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်လေးနဲ့ပဲ လူထုကို အသိပေးသွားခဲ့တယ်။ သူနှုတ်ထွက်ရတဲ့အကြောင်းအရင်းကို ပြည်သူလူထုကို မိန့်ခွန်း ပြော လေမလား၊ ဒါမှမဟုတ် ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပေးပို့လေမလားလို့ မျှော် လင့်ခဲ့ပေမယ့်လည်း မကြားခဲ့ရပါဘူး။

    သမ္မတသစ် ဦးဝင်းမြင့် ကတိသစ္စာပြုပြီးနောက် တာဝန်လွှဲပြောင်းမှုအခမ်းအနားမှာ သမ္မတ ဟောင်း ဦးထင်ကျော်ကို မြင်ရမယ်၊ သူ့စကားကို ကြားရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် သမ္မတ သစ် ဦးဝင်းမြင့်ကို သမ္မတအိမ်တော်မှာ ကြိုဆိုပွဲ အခမ်းအနားလုပ်တာပဲ တွေ့ခဲ့ရပါတယ်။ သမ္မတ ဟောင်းဦးထင်ကျော်ကို ပြည်သူတွေမမြင်ခဲ့ရဘူး။

    သမ္မတဦးထင်ကျော်အနေနဲ့ အခြေခံဥပဒေက“ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံး တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် “ လို့ ပြဋ္ဌာန်းထားပေမယ့် သူ့ပါတီ ရဲ့ လိုအပ်ချက်အရ ပါလီမန်ခေတ်က အဆောင် အယောင် သမ္မတလောက်တောင် နေရာမရခဲ့ တဲ့အခြေအနေမှာ နိုင်ငံအကျိုးအတွက် မာန်မာနတွေ၊ ဂုဏ်သိက္ခာတွေကို ထည့်မတွက်ပဲ ပေးတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်။

    သူဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နိုင်ငံတော်အကြီးအကဲနေရာကို ရောက်လာခဲ့ပြီး ဒီနေရာက နေ တိုးတိတ်ညင်သာစွာပဲ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

    ဒါပေမယ့်သူရဲ့ လူကြီးလူကောင်း ဆန်မှု၊ ကိုယ်ကျိုးစွန့်လွှတ်မှု၊ သိမ်မွေ့ နှိမ့်ချမှုတွေက ပြည်သူတွေကြားမှာ ကျယ်လောင်စွာ ပဲ့တင် ထပ် နေမှာကတော့ သေချာပါတယ်။
    ရဲထွတ်

    ထိုင်းနိုင်ငံသို့အလုပ်လုပ်ကိုင်ရန်သွားရောက်သောအလုပ်သမားများကားမီးလောင်သေဆုံး


    မိသားစုတွေစုံစမ်းနိုင်ဖို့အတွက်ပါ

    စတားပိုင်အိုးနီးယားကုမဏီကနေ ပထုံဌာနီမှာရှိတဲ့ အရုပ်စက်ရုံ(အမွေးပွအရုပ်)တွေလုပ်တဲ့စက်ရုံကို
    ပို့ဆောင်ခဲတဲ့ အလုပ်သမားတွေပါ ။

    ၁။ ကိုသန့်ဇင်အောင် ( ကျောက်တံခါးမြို့နယ်)
    ၂။ ကိုလှစန်းအောင် ( ကျောက်တံခါးမြို့နယ်)
    ၃။ မ၀တ်ရည်ဦး (မော်လမြိုင်မြို့နယ်)
    ၄။ မသူဇာညို ( ကျောက်တံခါးမြို့နယ်)
    ၅။ မခင်သန်းဝင်း (မြို့သစ်မြို့နယ်)
    ၆။ မလဲ့လဲ့စန်း(မြို့သစ်မြို့နယ်)
    ၇။ မစောဌေး (မြို့သစ်မြို့နယ်)
    ၈။ မငြိမ်းငြိမ်းဌေး (ပျော်ဘွယ်မြို့နယ်)
    ၉။ မဇင်မာမိုး (ပျော်ဘွယ်မြို့နယ်)
    ၁၀။ မအိဖြူ ( ပျော်ဘွယ်မြို့နယ်)
    ၁၁။ မဇာဇာနွယ် ( ကျောက်တံခါးမြို့နယ်)
    ၁၂။ မမာမာလွင် (ကျောက်တံခါးမြို့နယ်)
    ၁၃။ မတင်နီလာအောင် (ကျောက်တံခါးမြို့နယ်)
    ၁၄။ မနှင်းဝေ (နတ်မောက်မြို့နယ်)
    ၁၅။ မတင်မာလင်း (နတ်မောက်မြို့နယ်)
    ၁၆။ မမြင့်မြင့်ခိုင် (သနပ္ပင်မြို့နယ်)
    ၁၇။ မချိုမာဝင်း (အရာတော်မြို့နယ်)
    ၁၈။ မစန္ဒာဝင်း ( အောင်လံမြို့နယ်)
    ၂၉။ မပန်းအိဖြူ (ကျောက်တံခါးမြို့နယ်)
    ၂၀။ မချိုချိုမွှေး (အောင်လံမြို့နယ်)
    Aye Aye Mar

    သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများ


    သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က ပေးကြေညာချက်ထုတ်ပြန်




    Thursday, March 29, 2018

    နိုင်ငံတော်သမ္မတဦးဝင်းမြင့် ​ပြောကြားသည့်​ မိန့်​ခွန်း အပြည့်​အစုံ

    နိုင်ငံတော်သမ္မတဦးဝင်းမြင့် ​ပြောကြားသည့်​ မိန့်​ခွန်း အပြည့်​အစုံ

    နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ပေးကြတဲ့ ပြည်ထောင်စုလွှတ်တ်ာကိုယ်စားလှယ်များနဲ့ ဝိုင်းဝန်းအားပေးကြတဲ့ မိဘပြည်သူများအားလည်းကောင်း ပြည်ထောင်စုလွှတ်တော်ကြီးမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ရပြီးနောက် အခုလို မိန့်ခွန်းပြောကြားခွင့်ရတဲ့အတွက်လည်းကောင်း ကျေးဇူးဥပကာရအထူးတင်ရှိပါကြောင်း ဦးစွာပထမပြောကြားလိုပါတယ်။

    ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံသူ၊နိုင်ငံသားများခင်ဗျာ

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ယုံကြည်စွာနဲ့ ထောက်ခံမှုပေးအပ်ခဲ့ကြတဲ့ နိုင်ငံတဝန်းလုံးက ပြည်သူတွေအားလုံးကို အလေးအမြတ်ပြုလျှက် ကျွန်တော့်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေကို တော်တည့်မှန်ကန်လေးနက်တည်ကြည်စွာနဲ့ ထမ်းရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ကျွန်တော်တို့နိုင်ငံဟာ အဘက်ဘက်မှာလိုအပ်ချက်တွေ ဆင်းရဲနွမ်းပါးဆဲ ဖြစ်တာကြောင့် နေရာကဏ္ဍအသီးသီးမှာ အများကြီးဆက်လက်ရုန်းကန်ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။

    နိုင်ငံတကာမျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားနေတာတွေလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ပြည်သူတွေ ဒီကနေ့တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့်တကူဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော့်အနေနဲ့ အစွမ်းကုန်ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား ကျွန်တော့အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေးရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်တဲ့ ၁။ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး ၊ ၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ၊ ၃။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီနေ့ဒီအချိန်ခါဟာ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ခေတ်ပြောင်း၊စနစ်ပြောင်းကာလဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရဲ့ အစပဲရှိပါသေးတယ် ။ ဒီပြောင်းလဲမှု ဖြစ်စဉ်ကြီး  အောင်မြင်ချောမွေ့ စေရန် ပြည်သူပြည်သားများနဲ့ နိုင်ငံဝန်ထမ်းများ ၊ ပြည်သူ့ဝန်ထမ်းများအားလုံးရဲ့ ပုံစံကျနေတဲ့ အတွေးအမြင်တွေ ၊ ပုံသေကားချပ် အလေ့အထတွေအားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်ပါတယ် ။

    ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ် ။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ် ။ အဂတိလိုက်စားမှုကို ပိုမို တိုက်ဖျက်ရပါလိမ့်မယ် ။ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ် ။ မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းရပါလိမ့်မယ် ။

     ပြည်သူ့ဘဏ္ဍာငွေများအလေအလွင့်ဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ် ။ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများပြန်လည်ရရှိရေး ၊လျော်ကြေး နစ်နာကြေးရရှိရေးတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ် ။ တောင်သူလယ်သမားများရဲ့ လူနေမှု ဘဝမြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ ဘဝသာယာစိုပြေရေး ၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေးစသည်တို့ကို ဖော်ဆောင်ရပါလိမ့်မယ် ။

    နိုင်ငံသူ ၊  နိုင်ငံသားများခင်ဗျာ

    ကျွန်တော်တို့အနေနဲ့ အခြေခံဥပဒေအရ အပ်နှင်းထားတဲ့အခွင့်အာဏာကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးနေကြတဲ့ မဏ္ဍိုင်ကြီးသုံးရပ်အကြားမှာ အပြန်အလှန်လေးစားမှု ၊ အပြန်အလှန်နားလည်မှု ၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့ ပြည်သူ့တွေအကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြော ကြားလိုပါတယ်။

    ဒါအပြင် ပြည်သူတွေရဲ့နားတွေ ၊မျက်စိတွေဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့ ကျွန်တော်တို့ အလုပ်အကျွေးပြုရမယ့် နိုင်ငံသူ ၊ နိုင်ငံသားတွေရဲ့ ပြည်သူ့ မဏ္ဍိုင်ကိုအလေးအမြတ်ပြုကြဖို့ တဆက်တည်းမှာပဲ တိုက်တွန်းပြောကြားလိုပါတယ်။

    ကျွန်တော်တို့ရဲ့ နိုင်ငံသူ၊နိုင်ငံသားတွေ မျှော်လင့်တောင့်တနေတဲ့ လိုအင်ဆန္ဒတွေကိုအတတ်နိုင်ဆုံးဖြည့် ဆည်းပေးနိုင်ဖို့ မဏ္ဍိုင်ကြီးတွေအလိုက် ကျွန်တော်တို့ အားလုံး ဆထက်တပိုး ကြိုးပမ်းကြရဦးမှာဖြစ်ပါတယ်။

    အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အလယ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ် ပြန်လည်တောက်ပမြင့်မားလာ အောင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ပို၍ ပို၍ မြင့်တက်လာအောင် ကျွန်တော်တို့အားလုံး  ဆက်လက်ပြီး ကြိုးစားကြရဦးမှာဖြစ်ပါတယ်။

    ကျွန်တော်တို့ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေ ကျွန်တော်တို့လု့အဖွဲ့အစည်း အတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေစနစ်တကျ တိုက်ဖျက်သွားကြဖို့ နောက်ပြီး ကျွန်တော်တို့ နိုင်ငံ သူ နိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင်  ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

    ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေ ၊ ကျော်လွှားဖြတ်သန်းခဲ့ရတဲ့ အကျပ်အတည်းတွေ ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်ခန်စာယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် မိဘပြည်သူများလိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ခြေပြတ်မခံဘဲ အဂတိတရားကင်းရှင်းစွာနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွှေ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    နိုင်ငံသူ ၊ နိုင်ငံသားများခင်ဗျာ

    နိဂုံးချုပ်အနေနဲ့ ကျွန်တော်အနေနဲ့ ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်အောင် ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက် ကတိပြု ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

    Than Win

    အံ့ဖွယ်သံယောဇဉ်


    ဒီနွားလေးက ကျုံပျော်ဇရစ်ရိုးကနွားဦးတိုက်ဆရာတော်ရဲ့ နွားလေးပါ
    ဆရာတော်တရားပွဲသွားတိုင်းဆရာတော်နောက်လိုက်ပြီးသာသနာပြုတယ်
    တရားပွဲပြီးတိုင်းဆရာတော်ကိုဦးတိုက်လေ့ရှိတယ်

    ဝက်ကလေးကတော့မကြာသေးခင်ကမှ တရားပွဲတစ်ခုမှာ နွားဦးတိုက်တာမြင်တော့
    သူလည်းလိုက်ဦးတိုက်တယ်
    ဆရာတော်လည်းအဲ့ဒီဝက်ကလေးကို ပိုင်ရှင်ဆီကအလှူခံလာခဲ့တာ

    တော်တော်ထူးဆန်းပါတယ်
    ဒီနွားနဲ့ ဝက် ကလေးကအတူတူနေတယ်။အတူတူစားတယ်။
    ထူးခြားတာအများကြီးရှိပါတယ်။ရေစက်လို့ ပဲပြောရမလား?

    နွားလေးကတော့သာသနာပြုရင်းပြီးခဲ့တယ့်လေးငါးရက်ကမှ အသက်၂၀မှာသေဆုံးခဲ့တယ်။
    ဒီနွားလေးသေတော့ဝက်ကလေးလည်း တော်တော်ခံစားရတယ်။

    နွားလည်ပင်းကြိုးကိုဆွဲပြီး နွားကိုနှိုးလိုက်နွားကိုယ်ပေါ်တတ်လိုက်
    မြေပြင်မှာလှိမ့်လိုက်နဲ့ မျက်ရည်တောက်တောက်ကျပြီးငိုလိုက်
    ဆရာတော်ဆီပြေးသွားလိုက်နဲ့ တော်တော်သနားဖို့ ကောင်းပါတယ်

    နွားကိုဂူသွင်းမယ့်ကွန်ကရစ် ပေါ်မှာလဲပြီး မျက်ရည်ကျလိုက်နဲ့ သတ္တဝါတွေရဲ့ ချစ်ခြင်းမေတ္တာကို သူတော်ကောင်းတို့ မြင်တွေ့ ရအောင် မျှဝေပေးလိုက်ပါတယ်။
    ပြန်လည်လည်းမျှဝေပေးပါ။

    ရတနာသုံးပါးဦးထိပ်ထားလျက်
    ပရလောကမှရှားပါးမှတ်တမ်းများ

    May Thandar Kyaw Facebook မှ




    Wednesday, March 28, 2018

    ဦးဝင်းမြင့် ဆန္ဒမဲပေးခွင့်ရှိ၊ မရှိ ခုံရုံးက ဆုံးဖြတ်ရမည်

    ဦးဝင်းမြင့် ဆန္ဒမဲပေးခွင့်ရှိ၊ မရှိ ခုံရုံးက ဆုံးဖြတ်ရမည်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
    (၂၀ဝ၈ ခုနှစ်)၊ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ်
    ဒုတိယ သမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင်
    လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်
    ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်
    သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်
    တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ်
    အငြိမ်းစားယူပြီးဖြစ်သည်ဟုမှတ်ယူရမည်ဟု ပြဋ္ဌာန်းထား
    ပါသည်။

    သို့ဖြစ်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း နှင့် ပြည်သူ့လွှတ်တော်
    ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒုတိယသမ္မတဦးဝင်းမြင့်သည် ၂၀၁၈
    ခုနှစ် မတ်လ(၂၈) ရက်နေ့ ကျင်းပခဲ့သော ပြည်ထောင်စုသမ္မတ
    မြန်မာနိုင်ငံတော်၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊
    နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိမည်
    မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်အရ  နိုင်ငံတော်
    သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း
    ခံရသည့်နေ့မှစ၍ဟုဆိုလိုရင်းမှာ သိသာရှင်းလင်းပြီးဖြစ်ပါသည်။

    အကယ်စင်စစ် မဲပေးခွင့်ရှိ၊ မရှိနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ
    ဥပဒေဆိုင်ရာခုံရုံးက အဆုံးအဖြတ်ပေးရမည်ဖြစ်ပါသည်။ ၂၀၁၆
    ခုနှစ် သမ္မတရွေးကောက်ပွဲကျင်းပခဲ့စဉ်ကလည်း ထိုသို့ မဲပေးခဲ့သည်
    ဆိုလျှင် အဆိုပါအချက်ကို ခုံရုံးက ပြန်လည်ကြားနာပြီး၊ အဆုံးအ
    ဖြတ်ပေးရမည်ဖြစ်ပါသည်။ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါပြ
    ဋ္ဌာန်းချက်နှင့်မဆီမလျော်ဖြစ်နေသည်မှာ ငြင်းမရသောအချက်ပင်
    ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ဖွဲ့စည်းပုံအခြေ
    ခံဥပဒေဆိုင်ရာခုံရုံးကသာ ကြားနာ၊ အဆုံးအဖြတ်ပြုနိုင်မည်ဖြစ်
    ပါသည်။ လွှတ်တော်ဥက္ကဋ္ဌသည်ပင် အဆုံးအဖြတ်မပြုနိုင်ဟုနား
    လည်မိပါသည်။ သမိုင်းတွင် အလွဲအချော်၊ အလွဲအမှားမဖြစ်စေလို
    သောသဘောဖြင့် ဝေဖန်ထောက်ပြခြင်းဖြစ်ပါသည်။

    လေးစားလျက်-

    ဒေါက်တာရန်မျိုးသိမ်း
    ရန်ကုန်၊ မြန်မာ။

    အကယ်ဒမီဆုရှင် မမတာရဲ့ မွှေချက်ကလွန်လွန်းတယ် ကြည့်ရှုနိုင်မည်

    အကယ်ဒမီဆုရှင် မမတာရဲ့ မွှေချက်ကလွန်လွန်းတယ် ကြည့်ရှုနိုင်မည်

    အောင်တိုင်းကျော်      ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့်   ဇာတ်လမ်းဂေါ်စိန်၊ ဇာတ်ညွှန်း ကိုကျော်၊   ဒါရိုက်တာကျော်ဇောလင်း(အတွေး ပုံရိပ်) ရိုက်ကူးသည့် မွှေချက်ကတော့ လွန်လွန်း တယ် ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းပွဲကို သမ္မတ ရုပ်ရှင်ရုံတွင် မတ် ၂၆ ရက် နံနက်က ပြသခဲ့သည်။ ကြည့်ရှုသူမိဘပြည်သူများ    ဘဝအမောများ ပြေပျောက်စေရန်   ရည်ရွယ်ရိုက်ကူးထားသည့် ပျော်ရွှင်ဖွယ်ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

    အဆိုပါ ဇာတ်ကားတွင် နေတိုး၊ သက်မွန်မြင့်၊ ယွန်းရွှေရည်၊ အောင်ခိုင်၊ ဝါဝါအောင်၊ ဟိန်းမင်း၊ ဇင်မျိုး၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ညောင် ညောင်၊ ဦးအောင်လွင်စသည့် အနုပညာရှင်များစွာ ပါဝင်ပြီး ဖိုက်စတားအဖွဲ့လည်း ပါဝင်ရိုက်ကူးထား ကာ မတ် ၃ဝ ရက်တွင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ များတွင် ရုံတင်ပြသသွားမည်ဖြစ်သည်။
    ''ကျွန်တော်က   ပရိသတ်ကို   အမြဲတမ်း ပျော်စေချင်တဲ့ ဆန္ဒကြောင့် အမြဲလိုလို ဟာသ ကားလေးတွေပဲ ရိုက်ပါတယ်၊ အခုကားမှာလည်း ပျော်စရာလေးတွေ ကျွန်တော်ဖန်တီးထားတယ်၊ မရယ်ရရင် ကြိုက်သလို ဝေဖန်နိုင်ပါတယ်၊ ဇာတ် ကားထဲမှာ ရွှေတိုး(နေတိုး)ဆိုတဲ့ လူငယ်လေးက ရွာရဲ့ ကာလသားတစ်ယောက်ပါ၊ အလုပ်ဆိုတာ သူအနေနဲ့ လက်ကြောတင်းအောင်လုပ်ကိုင်တတ် သူမဟုတ်ဘဲ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတဲ့ သူ၊    တစ်ရွာထဲနေ   ရွာလူကြီးရဲ့သမီး ဝတ်မှုံ (သက်မွန်မြင့်)ကို ချစ်ခွင့်ပန်၊ နောက်တစ်ရွာတည်း နေတဲ့ စုစု(ယွန်းရွှေရည်)ကလည်း   ရွှေတိုးကို  တိတ်တခိုးကြိုက်နေသူ ၊ ရွာထဲမှာ ပတ်မွှေနေတတ် တဲ့ ရွှေတိုးကို   ဘယ်မိဘကမှ   သဘောမတွေ့၊ တစ်နေ့တော့ ရွာမှာ ဇာတ်ကားရိုက်ဖို့လာတဲ့ ရုပ်ရှင် အဖွဲ့ကို  ရွှေတိုးက မွှေနှောက်လိုက်တာမို့ ရွာ မျက်နှာပျက်ရတယ်ဆိုပြီး ရွာတစ်ရွာလုံးက ပစ်ပယ်  လိုက်ကြတယ်၊ ဒါပေမယ့်  တစ်နေ့  ဒါရိုက်တာ တစ်ယောက် ရထားတိုက်မလိုဖြစ်တာကို ရွှေတိုးက  ကယ်တင်ပေးခဲ့တယ်၊    အဓိကပြောချင်တာက လူငယ်တွေဆိုပေမယ့် ပတ်ဝန်းကျင်အပေါ် ကောင်း ကျိုးပြုတဲ့ စိတ်ဓာတ်လေးတွေ  ရှိနေတတ်တယ် ဆိုတာကို ပြချင်တာပါ''ဟု ဒါရိုက်တာ ကျော်ဇော လင်း(အတွေးပုံရိပ်)က ပြောသည်။      

    ကိုလင်း

    မြန်မာ့ယဉ်ကျေးမှုနှင့်အညီအတာရေသဘင်ကို ဆင်နွှဲကြပါစို့

    မြန်မာ့ယဉ်ကျေးမှုနှင့်အညီအတာရေသဘင်ကို ဆင်နွှဲကြပါစို့


    မကြာမီ   မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော် ကျရောက်တော့ မည်ဖြစ်သည်။ ရှေးမင်းများ လက်ထက်ကစ၍ယနေ့တိုင်မြန်မာ့ ရိုးရာ အတာရေသဘင်ပွဲတော်ကို ကျင်းပဆင်နွှဲခဲ့ကြပြီး မြန်မာ့ နှစ်သစ်ကူးအချိန်ကာလလည်းဖြစ်၍   ကောင်းမှုကုသိုလ်နှင့် အတူ အလှူအတန်းများဖြင့် နှစ်သစ်ကိုမင်္ဂလာရှိစွာဖြတ်သန်း ကြလေ့ရှိသည်။  မြန်မာပြည်၏  လူဦးရေအများဆုံးနေထိုင်ရာ မဟာရန်ကုန်မြို့တွင်   ယခုနှစ်သင်္ကြန်ပွဲတော်ကို  စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ထို့နည်းတူ မြို့နယ်များ တွင်လည်း ယမန်နှစ်ထက်ပိုမိုစည်ကားစွာ ကျင်းပမည်ဖြစ်ရာ ရိုးရာယဉ်ကျေးမှုကို  ထိန်းသိမ်း၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ သော နှစ်သစ်အဖြစ် ကြိုဆိုရန်သတိပြုစေချင်ပါသည်။
    သင်္ကြန်ဆိုလျှင် သပြေခက်နှင့် ရေပက်ဖျန်းခြင်းထက် ရေပုံး ဖြင့်  လောင်းလိုကြသည်။   သင်္ကြန်ဆိုလျှင်   မူးယစ်ပျော်ပါးခြင်း ဖြင့် ပျော်ရွှင်လိုတတ်ကြသည်။ သင်္ကြန်ဆိုလျှင် အပျော်အပါးကို ပို၍ဦးစားပေးတတ်ကြသည်။     ရပ်ကွက်၊     ကျေးရွာ၊   လမ်းစုံ၊ လမ်းမတို့တွင် အသံချဲ့စက်ကြီးများ တပ်ဆင်ကာ အပူရှိန်ပြင်း သော  ရာသီဥတုအောက်တွင်  တရားစခန်းနားမခံသာအောင် သီချင်းသံကျယ်လောင်စွာဖွင့်တတ်ကြသည်။ ရပ်ကွက်၊ လမ်း အတွင်းနေထိုင်သူများ နားမခံသာအောင် ဆူညံသံမျိုးစုံဖြင့် ဘာသာပြန်၍မရသော သီချင်းများဖြင့် ပတ်ဝန်းကျင်ကို အတိ ဒုက္ခပေးတတ်ကြသည်။ ထို့ကြောင့် သင်္ကြန်ကာလတွင်ဆေးရုံနှင့် ရဲစခန်း၌ လူစည်နေတတ်ခြင်းဖြစ်သည်။
    ယဉ်ကျေးမှုကို ထိခိုက်စေသော အရက်နှင့် မူးယစ်ဆေး
    ယဉ်ကျေးမှု   အနှစ်သာရပြည့်ဝစွာဖြင့်   ကျင်းပခဲ့သော အတာရေသဘင်ပွဲတော်ကာလတွင် ယဉ်ကျေးမှုကို ထိခိုက် စေသောအရာမှာ အရက်နှင့် မူးယစ်ဆေးပင်ဖြစ်သည်။ အဆိုပါ နှစ်ခုကို ထိရောက်စွာတားဆီးနိုင်ပါက ယခုနှစ်သင်္ကြန်ပွဲတော် သည်  ယမန်နှစ်ထက်   ထိခိုက်မှုသိသာစွာ  လျော့နည်းစေမည် ဖြစ်သည်။  ၂ဝ၁၆ ခုနှစ်သင်္ကြန်တွင် အရက်ဆိုင်များနှင့် ဘီယာ ဆိုင်များကို တားဆီးသတိပေးခဲ့သည့်အကျိုးအဖြစ် ထိခိုက်မှုများ သိသာစွာကျဆင်းခဲ့၍  သင်္ကြန်အပြီး  ပြည်သူတို့နှုတ်ဖျားတွင် ကောင်းချီးသြဘာအသံများ   ပျံ့လွင့်ခဲ့သည်ကို  သတိပြုမိ ကြမည်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်သင်္ကြန်ကာလတွင် အရက်သေစာ သောက်စားမှုကြောင့်    ခိုက်ရန်ဖြစ်ပွားခြင်း၊    ယာဉ်အ္တရာယ် ဖြစ်ပေါ်ခြင်းနှင့် အပူရှိန်ကြောင့် ထိခိုက်မှုများရှိခဲ့ပြီး အမျိုးသားများသာမက အမျိုးသမီးငယ်များပါ ဖြစ်ပွား ခဲ့သည်ကို တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ နှစ်ကူးသင်္ကြန် ကာလတွင်   ကောင်းမှုကုသိုလ်တို့ဖြင့်   တစ်ဦးနှင့်  တစ်ဦးမေတ္တာ၊ စေတနာပွားများလျက် ဖြတ်သန်း မည်ဆိုပါက နှစ်သစ်မင်္ဂလာကောင်းကျိုးအဖြာဖြာ ကို    ခံစားရရှိစေမည်သာဖြစ်သည်။      မူးယစ်ပျော်ပါး ၍   နှစ်ဟောင်းကုန်နှစ်ကို    ဖြတ်သန်းခြင်းထက် ဘာသာတရားကို  လက်ကိုင်ထားကာ  နူးညံ့သော နှလုံးသားဖြင့် နှစ်ကူးအတာသင်္ကြန်ကို ကြိုဆိုခြင်းက မိမိနှင့် အတူ   မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို  တန်ဖိုးထား ဂုဏ်ပြုရာ ရောက်စေမည် ဖြစ်သည်။  သင်္ကြန်ပွဲတော်တွင်  ပြည်ပနိုင်ငံမှ  နိုင်ငံခြားသားများလည်း    ပါဝင်ဆင်နွှဲလေ့ရှိသောကြောင့် ဘိုးဘွားအမွေ   လက်ဆင့်ကမ်းလာသော  မွန်မြတ်နူးညံ့လှ        သည့် အတာရေသဘင်ပွဲကို  မိမိတစ်ဦးတစ်ယောက်ကြောင့်   အရောင်ဆိုးခံရခြင်း   မဖြစ်စေရန်  အထူးသတိပြုရမည်သာ ဖြစ်သည်။
     မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်မင်္ဂလာ
    ရန်ကုန်မြို့ပြနှင့် မြို့နယ်တို့တွင် သင်္ကြန်ကာလ ယာဉ်မတော် တဆမှု ဖြစ်ပွားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားကြခြင်းသည် အဓိက အားဖြင့် မူးယစ်သောက်စားထားမှုကြောင့် ဖြစ်ပွားခြင်းက ပို၍ များသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မူးယစ်သူတစ်ဦး၊ တစ်ဖွဲ့ ကြောင့် ယာဉ်အ္တရာယ်နှင့် ခိုက်ရန်ဖြစ်ပွားမှု အများဆုံးဖြစ်ပွား ကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အရွယ်သုံးပါးနှင့် မလွတ် ကင်းသောအရက်သေစာရောင်းချမှုကို သင်္ကြန်ပွဲတော်ကာလ အတွင်း  ထိရောက်စွာထိန်းချုပ်ခြင်းဖြင့်   မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော  မြန်မာတို့၏   နှစ်သစ်မင်္ဂလာကို  မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းနိုင်ကြမည်ဖြစ်သည်။   နိုင်ငံတိုင်းတွင်  ကျင်းပသော နှစ်သစ်ကူးပွဲတော်သည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို အခြေခံ၍ ကျန်းမာချမ်းသာ၊ စီးပွားလာဘ်လာဘပေါများစေရန် အတိတ် တဘောင် နိမိတ်ဆောင်စေသောပွဲတော်အဖြစ် ကျင်းပကြခြင်း ဖြစ်သောကြောင့် ဧပြီ ၁၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ သင်္ကြန်အကြိုနေ့မှသည် နှစ်ဆန်း ၁ ရက်ဖြစ်သော ဧပြီ ၁၇ ရက်နေ့ထိ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ် မင်္ဂလာအဖြစ် သင်္ကြန်ကာလရက်ထူး၊ ရက်မြတ်တွင် ပါဝင် ဆင်နွှဲစေလိုပါသည်။
    မြန်မာ့ရိုးရာအတာရေသဘင်ပွဲ
    မိမိတို့ဖြတ်သန်းခဲ့သော တစ်နှစ်တာကာလတွင် မွန်းကျပ်မှု များရှိပါက နှစ်ဟောင်းတွင် ထားရှိ၍ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊  အတွေးသစ်များဖြင့်  မိမိအတွက်  ပတ်ဝန်းကျင်နှင့် တိုင်းပြည်အတွက် အကျိုးရှိစေမည့် လုပ်ဆောင်မှုတို့ဖြင့် အတာ ရေဆေးကြောဖျန်းပက်ခြင်းဖြင့်   နှစ်သစ်ကို   ကြိုဆိုကြစေလို ပါသည်။   မင်္ဂလာရှိစွာကျင်းပသောပွဲတော်တွင်   မင်္ဂလာရှိစွာ ပါဝင်ဆင်နွှဲခြင်းဖြင့် မင်္ဂလာရှိသောအကျိုးတရားများကို ရရှိစေ မည်သာဖြစ်သည်။ မြန်မာ့ရိုးရာအတာရေသဘင်ပွဲတော်တွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကိုထိန်းသိမ်း၍ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်ကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ညီရင်း အစ်ကို  မောင်ရင်းနှမသဖွယ်   ဖေးမကူညီလျက်  ၁၃၇၉   ခုနှစ် မြန်မာ့ရိုးရာအတာရေသဘင်ပွဲတော်ကို မြန်မာ့ ရိုးရာယဉ်ကျေးမှု နှင့်အညီ    ပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေကြောင်း  ရေးသား လိုက်ရပါသည်။      

    သန်းထိုက်(လှိုင်သာယာ)

    တောမီးလောင်ကျွမ်းရာမှတဆင့် ရထားလမ်းဇလီဖားတုံးများအား မီးကူးဆက်လောင်ကျွမ်းမှုဖြစ်၊ရထားလမ်းပိတ်ဆို့မှုဖြစ်ပွား

    တောမီးလောင်ကျွမ်းရာမှတဆင့် ရထားလမ်းဇလီဖားတုံးများအား မီးကူးဆက်လောင်ကျွမ်းမှုဖြစ်၊ရထားလမ်းပိတ်ဆို့မှုဖြစ်ပွား


    မကွေး မတ် ၂၈

              မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာအုပ်စု၊လေးအိမ်ကျေးရွာ၏ အရှေ့ဘက် ကပ်လျှက်တွင် ၂၀၁၈ခုနှစ် မတ်လ ၂၇ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်အချိန်က တောမီးလောင်ကျွမ်းရာမှတဆင့် ရထားလမ်းဇလီဖားတုံးများအား မီးကူးဆက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

       မီးလောင်မှုဖြစ်ပွားရာသို့ နတ်မောက်မြို့နယ်မီးသတ်ဦးစီးဌာန မှ မီးသတ်ဦးစီးမှူးဦးစောမောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာသူ/ရွာသားတို့မှ သည် မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ ၆နာရီ ၄၀မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး တောမီးလောင်ကျွမ်းမှုကြောင့် လေးအိမ်ကျေးရွာ၏အရှေ့ဘက်ရထားလမ်း မိုင်တိုင်အမှတ် ၃၂၄/၁၂/၁၃ကြား၊ တံတားအမှတ် ၁၈၅ပေါ်ရှိ အလျား(၇)ပေ၊ အနံ(၈)လက်မ၊ ထု(၄)လက်မခန့်ရှိ ဇလီဖားတုံး(၁၅)တုံး၊ မီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်း သိရသည်။

         အဆိုပါမီးလောင်ကျွမ်းမှုကြောင့် တံတားပျက်စီးခဲ့သဖြင့် ကျောက်ပန်းတောင်းမှ ပျဉ်းမနားသို့ ထွက်ခွာလာသော စက်ခေါင်းအမှတ်(၁၀၆)အစုန်၊ လော်ကယ်ရထားသည်ညနေ ၄နာရီ၂၀မိနစ်အချိန် လေးအိမ်ဘူတာသို့ရောက်ရှိ ခေတ္တရပ်နားခဲ့ရပြီး ည ၈ နာရီ ၃၅မိနစ်အချိန် ရထားလမ်း ပြင်ဆင်ပြီးဆုံးသဖြင့် အဆိုပါရထားမှာ ည ၉နာရီ ၂၀မိနစ်အချိတွင် ပျဉ်းမနားဘက်သို့ ဆက်လက်ထွက်ခွာ သွားနိုင်ခဲ့ကြောင်း သိရသည်။

    မျိုးမင်းဦး(မကွေး)

    Tuesday, March 27, 2018

    အကယ်ဒမီအခက်အခဲနှင့်အုပ်စုဖွဲ့ချက်တင်အကြောင်း ရှင်းလင်း

    အကယ်ဒမီအခက်အခဲနှင့်အုပ်စုဖွဲ့ချက်တင်အကြောင်း ရှင်းလင်း


    မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့်Forever Group တို့  ဦးစီး ကျင်းပပြုလုပ်သည့်   ၂ဝ၁၇ ခုနှစ်    မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခက်အခဲများ၊    အတွေ့အကြုံများ နှင့်အတူ အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့်    အွန်လိုင်းလူမှုကွန်ရက်Group Chatအတွင်း ပြောဆိုသည့်        အကြောင်းအရာများအပေါ်  ပြန်လည်ရှင်းလင်းပြောကြားခြင်းကို မတ် ၂၆  ရက် နံနက်က  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး     တွင် ကျင်းပသည်။

    အနုပညာရှင်များ    ဖိတ်ကြားသည့်    ပုံစံအား  အစည်းအရုံးအဖွဲ့ဝင်များက  ရှင်းလင်းရာတွင်   လက်မှတ် ၃ဝဝဝ ခန့်ကို နိုင်ငံတော်အဆင့်အပါအဝင် အလွှာအသီးသီးမှ အနုပညာရှင်များ၊ အတတ်ပညာရှင်များအား စနစ်တကျ ဖိတ်ကြားခဲ့ကြောင်း ဖြေရှင်းခဲ့သည်။

    ''လူမှုကွန်ရက်က  ကိစ္စကို ပြောရရင်တော့  အကောင့်တစ်ခုကိုများံခေု တာလားတော့ မသိဘူး။ ဒါမှမဟုတ်လည်း ဂရုဖ်ထဲက သူတစ်ဦးဦး လုပ်သလားပေါ့၊   အခုလိုပြဿနာဖြစ်အောင်   သွေးဆူစေတဲ့အကြောင်း ပြောလာတဲ့ သူနှစ်ဦးရှိတယ်၊ သူတို့တွေ   အခုအစည်းအဝေးမှာမပါဘူး၊ ဂရုဖ်ထဲက လူတွေက တရားစွဲပေးပါဆိုပြီး ပြောတယ်၊ ကျွန်တော် ကတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်၊ အဲဒီလိုလုပ်မယ်ဆိုရင် ရှက်ရမ်းရမ်းတယ်လို့ ပြောလာကြမယ်၊    တရားစွဲခံရသူလည်း    သူရဲကောင်းဖြစ်သွားမယ်၊ အကျိုးအမြတ်မရှိဘူး၊ ဘယ်သူ လုပ်တယ်ဆိုတာလည်း  သိနေတာပဲ၊ သူတို့ အပေါ် ကောင်းတဲ့ ဆက်ဆံမှုမျိုးနဲ့  ဆက်ဆံပါလို့  ပြောလိုက်ပါတယ်၊ အမှန် တကယ်ပြောကြတဲ့သူတွေက    သူတို့    ဟုတ်မှန်ကြောင်း တာဝန်မခံတာ သူတို့ကိစ္စပါ''ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောသည်။

    မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနှင့်  ယခုဖြစ်ပေါ်နေသော ကိစ္စ များနှင့် ပတ်သက်ပြီး အနုပညာအလွှာအသီးသီးကို ဧပြီလပိုင်းတွင် ခေါ်ယူတွေ့ဆုံမည်ဖြစ်ကြောင်း၊ အစည်းအရုံးအနေဖြင့် NGO အဖွဲ့အစည်း တစ်ခု ဖြစ်တာမို့  သြဇာအာဏာသက်ရောက်မှုအနေနှင့်   အားနည်းမှုရှိ ကြောင်း၊  အသိပေး၊  အကြောင်းကြားရုံလောက်သာ   ပြောဆိုမှုသာရကြောင်း  သိရသည်။  

    ကိုလင်း

    ပေါင်းတည်မြို့က ဈေးမှာ စကားများပြီး လင်ဖြစ်သူက မယားဖြစ်သူကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား



    သေဆုံးသူ DB အား ​စေတနာ နာ​ရေးကူညီမှုအသင်းမှ အသင်းသားများ HSE-5453 (နိဗ္ဗာန်​ယာဉ်​)ဖြင့်​သွား​ရောက်​ခဲ့ပြီး အခင်းဖြစ်​ပွားရာ​နေရာတွင်​ ဘယ်​ဘက်​ရင်အုံထိုးသွင်း ဒဏ်​ရာတစ်​ချက်​ဖြင့်​ ​သေဆုံးလျှက်​​တွေ့ရှိရ​သော အမျိုးသမီးတစ်​ဦ ရုပ်​အ​လောင်းအား ပေါင်းတည်​​ဆေး​ရုံ(ရင်ခွဲရုံဌာန)သို့ ပို့​ဆောင်​ကူညီ​ပေးခဲ့ပါသည်​။

    #Unicode Version#
    ယနေ့ မတ်လ ၂၇ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ အုပ်ဖို(၂)ရပ်ကွက်၊ ဈေးသစ်ဝန်း(မြောက်ပိုင်းဈေး)အတွင်း ဈေးသည်လင်မယား စကားများရာမှ လင်ဖြစ်သူမှ မိန်းမဖြစ်သူအား ဓါးဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရပါသည်။

    သေဆုံးသူ DB အား စေတနာ နာရေးကူညီမှုအသင်းမှ အသင်းသားများ HSE-5453 (နိဗ္ဗာန်ယာဉ်)ဖြင့်သွားရောက်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် ဘယ်ဘက်ရင်အုံထိုးသွင်း ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျှက်တွေ့ရှိရသော အမျိူ းသမီးတစ်ဦ ရုပ်အလောင်းအား ပေါင်းတည်ဆေးရုံ(ရင်ခွဲရုံဌာန)သို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

    စေတနာ နာရေးကူညီမှုအသင်း(ပေါင်းတည်)

    အသုတ်မြို့အလွမ်းပြေ

    အသုတ်မြို့အလွမ်းပြေ
    Photo_ Nyein Chang 










    Monday, March 26, 2018

    ခြေလေးချောင်းတော်လှန်ရေး (၂၁)

    ယခင်အပတ်မှ အဆက်

    တိရစ္ဆာန်တို့မှာ အနိုင်ရလိုက်သည် ကားမှန်ပါ၏။ သို့ရာတွင် ဒဏ်ရာ အနာတရနှင့် ခြေမသယ်နိုင် လက်မ သယ်နိုင်ဖြစ်၍ နေကြသည်။ ဤနည်း ဖြင့် ထော့နဲ့ထော့နဲ့နှင့် ပြန်လာကြ ပြီးလျှင် တိုက်ပွဲ၌ကျဆုံးသော မိမိတို့ ၏ရဲဘော်များ မြေကြီးပေါ်တွင် တုံးလုံး ပက်လက်လဲသေနေသည်ကို မြင်ရသော အခါ အချို့တိရစ္ဆာန်များမှာ မျက်ရည် မဆည်နိုင်လောက်အောင် ရှိကြသည်။ ဓါတ်မီးစက်နေရာသို့ ရောက်ကြသော အခါ ဝမ်းနည်းပက်လက်ဖြစ်ကာ တခ ဏတာမျှ စကားမပြောနိုင်ဘဲ ရှိကြသည်။ ဓါတ်မီးစက်မှာ မြေပေါ်က အဆောက် အဦးသာ ပျက်သွားသည်မဟုတ်။ အုတ် မြစ် အခြေတောင်ပင် အနည်းပင် ချွတ် ယွင်းသွားသည်။ သည်တခါ ဓါတ်မီး စက်ကို ပြန်တည်ရမည် ဆိုသော် မလွယ် တော့ချေ။ ကျောက်တုံးများရဘို့လည်း ခက်ပြီ။ အဆောက်အဦတွင်းက ကျောက် တုံးများလည်း ဒိုင်းနမိုင်းဒဏ်ကြောင့် အဝေးအလံသို့ လွင့်စင်၍ သွားကုန်ပြီ။ ဓါတ်မီးစက်ကြီး တခုလုံးမှာ နေရာမျှသာ ကျန်တော့သည်။

    ထိုအခိုက်တွင် သံကြောင်မှာ တနေ ရာမှ ရုတ်တရက်ထွက်ပေါ်လာပြီးလျှင် ဝမ်းသာရွှင်လန်းသော မျက်နှာဖြင့် အမြီး ကို ဟိုဖက်သည်ဖက်ဝင့်၍ တိရစ္ဆာန်များရှိ ရာသို့ လာသည်။ ထိုနောက် ဝက်တို့စံရာ အိမ်ဘက်ဆီမှ သေနတ်ဖေါက်သံကြားကြ ရသည်။
    ထိုအခါ ဂျိုကားက”ဒီအသံက ဘာသံလဲ” ဟု မေးသည်။ သံကြောင်က “ဒို့အောင်ပွဲကျင်းပတဲ့ အသံပေါ့ဟ”ပြော သည်။

    ဂျိုကားမှာ ခြေထောက်မှ သွေးများ ထွက်လျက်ရှိပြီးလျှင် သူ့အသားထဲ၌ ကျည်ဆံများဝင်၍ နေသည့်အတွက်က လည်း မချိမဆံ့ခံ၍ နေရသည်။ ထိုသို့ ဝေဒနာ ခံစားနေရရာမှ “ဘာကို အောင် လို့ ဘာအောင်ပွဲကျင်းပရမှာလဲ”ဟု သံကြောင်ကို မေးသည်။ သံကြောင်က “အခု ဒို့ခြေလေးချောင်း ကွင်းက ရန်သူ တွေပြေးကြရပြီ မဟုတ်လားဟ ဂျိုကား ရ။ တာဟာ ဒို့အောင်တာပေါ့”ဟု ပြော သည်။
    ထိုအခါ ဂျိုကားက ” အောင်တာ တော့လဲ ဟုတ်ပါရဲ့ဟာ။ တာပေမဲ့ ဒို့ ဓါတ်မီးစက်ကြီးမှ မရှိတော့ဘဲနဲ့”ဟု ထပ်၍ပြောသည်။

    သံကြောင်က”တာက အရေးမကြီး ပါဘူးဟာ။ ဓါတ်မီးစက်ပျက်တဲ့အတွက် ကတော့ နောက်ထပ်တခု မကပါဘူး။ ခြောက်ခုလောက် ထပ်တယ်ချင်လဲတယ် နိုင်တာပါတဲ။ အရေးကြီးတာက ဒို့ခြေ လေးချောင်းကွင်း ရန်သူ့လက်ကွင်းက လွတ်သွားတာက အရေးကြီးပါတယ်။ တာဟာ ရဲဘော် ဗန္ဓုလရဲ့ ခေါင်းဆောင်မှု ကောင်းလို့ပေါ့ဟ”ဟု ပြောသည်။ ဂျို ကားက တဖန်”တာဖြင့် ဒို့ကွင်းကို အခု ဒို့ပြန်ရပြီပေါ့”ဟု ဆိုသည်။
    သံကြောင်က “တာပေါ့ဟ။ တာ ကြောင့် ငါက ဒို့အောင်ပြီလို့ပြောတာ ပေါ့” ဟုပြောသည်။
    ဂျိုကားသည် ဓါတ်မီးစက်ကြီးကို အုတ်မြစ်ကစ၍ တဖန်ပြန်တည်ရမည့် တာဝန်ကြီးကို တွေးမိသဖြင့် ရင်လေး မိသည်။ ထို့နောက် သူ့အသက်မှာလည်း ၁၁နှစ်ရှိနေပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ အင်အားမကောင်းတော့ကြောင်းကို တွေး မိပြီး စိတ်လေးလျက် ရှိသည်။

    ထိုနောက် တိရစ္ဆာန်တို့သည် သူ တို့၏ အစိမ်းရောင်ခံချိုနှင့် ခွါအလံကို ထူပြီးလျှင် အောင်ပွဲကျင်းပကြသည်။ ထိုအောင်ပွဲ၌ သေနတ်ခုနစ်ချက်ဖေါက် ပြီးလျှင် ဗန္ဓုလက တိရစ္ဆာန်များအား ခြီး ကျူးစကားပြောသည်။ တိုက်ပွဲ၌ ကျဆုံး သော တိရစ္ဆာန်များကို လှည်းပေါ်သို့ တင်ကာ ဂျိုကားနှင့်ခွါဖြူတို့က ဆွဲပြီး လျှင် အခမ်းအနားဖြင့် သင်္ဂြ လ်ကြသည်။ မသာပို့ရာတွင် ဗန္ဓုလက ရှေ့ဆုံးမှ လိုက် သည်။ မသာကို နှစ်ရက်လုံးလုံးထား သည်။ ထိုနှစ်ရက်အတွင်း၌ ဟောပြော ပွဲများ ကျင်းပ၍ သီချင်းများကိုလည်း သီဆိုသည်။ သေနတ်များလည်း ထပ်၍ ဖေါက်သည်။ အားလုံးသော တိရစ္ဆာန် များလည်း ခါတိုင်းထက်ပို၍ အစာရကြ သည်။ ထိုတိုက်ပွဲကို”အောင်လံစိမ်း တိုက်ပွဲ”ဟု ခေါ်ရန် ဗန္ဓုလက ကျေညာ သည်။ ထိုနောက် ဗန္ဓုလသည် “အောင်လံ စိမ်းဘွဲ့” ဖန်တီးပြီးလျှင် ထိုဘွဲ့ကို သူ့ကိုယ်သူ ပထမဆုံးပေး လိုက်သည်။ အောင်ပွဲကျင်းပ၍ ပျော်ရွှင်နေကြသဖြင့် တိရစ္ဆာန်တို့မှာ ဦးအောင်ပန်းက သူတို့ အပေါ်လိမ်သွားသည့် ကိစ္စကို မေ့မေ့ ပျောက်ပျောက်ဖြစ်၍ နေကြသည်။

    ထိုနောက် ရက်အနည်းငယ်ကြာ သောအခါ ဝက်များသည် ဦးသာခေါင်အိမ် စပါးပုတ်တွင်းမှ အရက်အိုးကြီးတအိုး တွေ့သည်။ ထိုညတွင် ဝက်များနေသော ဦးသာခေါင် အိမ်မှ ဒို့တိရစ္ဆာန်သီချင်း နှင့်တကွ သီချင်းအမျိုးမျိုးဆိုသံကို ကြား ကြရသဖြင့် တိရစ္ဆာန်များမှာ အံ့အား သင့်၍ နေကြသည်။ ည၉နာရီခွဲ အချိန် လောက်တွင် ဗန္ဓုလသည် ဦးသာခေါင်၏ ခမောက်ပျော့ကို ဆောင်း၍ နောက်ဖေး တံခါးမှ ထွက်ပြီးလျှင် ဝင်းထဲ၌ ခွါစုံ ပေါက်၍ ပြေးပြီးနောက် အိမ်ထဲသို့ ပြန် ဝင်သွားသည်ကို တိရစ္ဆန်များ မြင်လိုက် ကြရသည်။ မနက်မိုးလင်းသောအခါ တ အိမ်လုံးတိတ်၍ နေပြီးလျှင် ဝက်တ ကောင်မျှ အိပ်ရာက ထသည်ကို မတွေ့ရ။ ကိုးနာရီထိုးလောက်တွင်မှ သံကြောင် သည် အိပ်ရာက ထသည်။ သူ့ကြည့်ရ သည်မှာ မှုန်တေတေနှင့် ဖြစ်၍နေသည်။ မျက်နှာလည်း မရွှင်။ အမြီးလည်းလှုပ် ဖေါ်မရ။ ပြင်းထန်စွာ မမာဟန်ပင် ထင်ရ သည်။ သံကြောင်သည် စိတ်မကောင်း ဟန်ဖြင့် ဖြည်းညှင်းစွာ လျှောက်လာပြီး လျှင် တိရစ္ဆာန်များကို စုဝေးစေ၍ ရဲဘော် ဗန္ဓုလမှာ သေတော့မည်ဖြစ်ကြောင်း ဝမ်းနည်းစွာ ပြောပြသည်။

    ထိုသတင်းကို ကြားရသောအခါ တိရစ္ဆာန်များမှာ များစွာပူဆွေးဒုက္ခဖြစ်ကြ သည်။ ဝက်စံအိမ်အပြင်ဖက်တွင်လည်း ကောက်ရိုးများ ခင်းကာ ခြေသံမကြားနိုင် စေခြင်းငှါ တိရစ္ဆာန်များသည် ခြေဖျား ထောက်၍ သွားကြသည်။ တိရစ္ဆာန်များ သည် မျက်ရည်စက်လက်ဖြင့် ခေါင်း ဆောင်ကြီး ဗန္ဓုလကွယ်လွန်ခဲ့သည်ရှိ သော် ဘယ်လိုလုပ်ကြမည်နည်းဟု တ ကောင့်တကောင် တိုင်ပင်ကြသည်။ ထို နောက် ဘော်ဖြူက ဗန္ဓုလအား အစာထဲ တွင် အဆိပ်ခပ်သတ်ရန် ကြံစည်ကြောင်း ကောလာဟလသတင်း ဖြစ်ပေါ်၍လာ သည်။ ၁၁နာရီထိုးသောအခါ သံကြောင် ထွက်လာပြီး မည်သူမဆို အရက်သောက် လျှင် သေဒဏ်ပေးမည်ဟု ရဲဘော် ဗန္ဓုလ က မသေမီ နောက်ဆုံးအမိန့်ထုတ်လိုက် ကြောင်း တိရစ္ဆာန်များအား ပြောပြသည်။

    ညနေစောင်းသောအခါ ဗန္ဓုလမှာ သက်သာပုံရလာသည်။ နောက်နေ့မနက် ရောက်သောအခါ ဗန္ဓုလသည် အတော် ကြီး သက်သာလာပြီဟု သံကြောင်က ပြောပြသည်။ ထို့နောက် ညနေတွင် ဗန္ဓုလအလုပ်ဆင်း၍ လုပ်နိုင်သည်။ နောက်တနေ့နံနက်တွင် ဗန္ဓုလက ဦးသာ ရာအား အရက်ချက်နည်း စာအုပ်အဝယ် ခိုင်းသည်။ နောက်တနင်္ဂနွေ တပတ် လောက်ကြာသောအခါ ယခင်က တိရစ္ဆာန် အိုများအတွက် စားကျက်အဖြစ် သတ် မှတ်ထားသော မြေကွက်ကို ကောက်ညှင်း စိုက်ဖို့အတွက် ထွန်ရမည်ဟုဗန္ဓုလ အမိန့် ပေးသည်။

    ထိုအချိန်ဆီလောက်တွင် တည၌ စပါးကျီနားမှ ဝုန်းကနဲအသံကြီးတခု ကြားကြရသည်။ ဘာဖြစ်သည်ဟု မည် သူမျှ မသိကြ။ ထိုအသံကြားရသည့် အချိန်မှာ သန်ကောင်ယံအချိန်ဖြစ်သည်။ တိရစ္ဆာန်အားလုံးလည်း လန့်ဖြန့်ကုန် ကြသည်။ ထိုညမှာ လကလည်းသာ သည်။ သံကြောင်သည် တရားကြီး ခုနစ် ပါးရေးထားသော ကျီနံရံကို လှေကား ထောင်၍တက်ရာ လှေကားကျိုးကသ ဖြင့် ပုံရက်သားလဲလျက်ရှိသည်။ သူ့အ နားတွင် မီးအိမ်စုတ်တံနှင့် ဆေးဘူးများ ရှိသည်။ ခွေးများသည် သံကြောင်အား ဝိုင်း၍ ကာထားကြသည်။ သံကြောင်သည် ရုတ်တရက်သတိမေ့သွားသည်။ သတိရ ၍ လူလဲပြီးထနိုင်သည် တပြိုင်နက် ခွေးများက ဝက်များနေသော အိမ်သို့ ခေါ်သွားကြသည်။ သံကြောင်သည် စုတ် တံနှင့် ဆေးခွက်ကိုယူ၍ ဘာလုပ်ရန် အ ကြံနှင့်ကျီထရံကို တက်သည်ဟု မည် သည့် တိရစ္ဆာန်မျှ မရိပ်မိကြ။ မဟော်တ ကောင်ကမူ သံကြောင်၏အကြံကို သိ သည်။ သို့ရာတွင် မည်သူ့ကိုမျှ တစုံ တရာဖွင့်ဟ၍မပြော။

    ထိုနောက် ခုနစ်ရက်လောက်ကြ သောအခါ မုတ်ဆိတ်သည် တရားကြီး ခုနစ်ပါးကို သွား၍ဖတ်ကြည့်သည်။ထို အခါ တိရစ္ဆာန်များ အမှတ်မှား၍နေသော အရာတခုကို တွေ့ရသည်။ ယခင်က ပဉ္ဖမတရားကြီးမှာ “တိရစ္ဆာန်များ အ ရက်မသောက်ရ ” ဟူ၍ ရေးထားသည် ဟု မှတ်ထင်ခဲ့ရာ ယခုသူဖတ်ကြည့် သောအခါ” တိရစ္ဆာန်များအရက်အလွန် အကျွံမသောက်ရ” ဟု အလွန်အကျွံဆို သော စကားတိုးနေသည်ကို တွေ့ရသည်။ တိရစ္ဆာန်များသည် အလွန်အကျွံဆိုသော စကားကို ဘယ်လိုများမေ့၍ နေကြပါလိမ့် ဟု အောက်မေ့မိသည်။

    သခင်ဘသောင်း

    ဆက်လက်ဖော်ပြပါမည်။

    ကျွန်တော်တို့ကို ဒုက္ခပေးနေတဲ့၊ ဒုက္ခဆက်ပေးမယ့် Groupthink


    ကျွန်တော်တို့ ချစ်တဲ့ နိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး မကြာခဏ ခေါင်းထဲ ရောက်ရောက်လာတဲ့ စကားလုံးက Groupthink ပဲ။ မြန်မာလိုဆိုရင်တော့ အုပ်စုစွဲ၊ ဂိုဏ်းစွဲ ပေါ့။
    .
    Case Study တစ်ချို့ကို ခပ်လွယ်လွယ်နဲ့ ခပ်မြန်မြန်လုပ်ကြည့်ရအောင်လားဗျာ
    .
    (၁) မြန်မာ့ရုပ်ရှင်လောကထဲမှာ ကနေ့ထိ ပေါကားလည်း ရှိတယ်။ အဆင့်အတန်းတစ်ခုရှိတဲ့ ကားတွေလည်း ရှိတယ်။ ပေါကားအရိုက်များတဲ့သူတွေလည်း ရှိသလို၊ ပေါကားမဟုတ်တဲ့ကားတွေပဲ အများရိုက်တဲ့သူတွေလည်း ရှိတယ်။ ပေါကားရော မပေါကားရော ကြုံသလို ရိုက်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် ပေါကားတွေ ဝေဖန်ခံရတဲ့အခါ သိမ်းကျုံးနာကြတယ်။
    .
    (၂) ဆရာဝန်ထဲမှာ အသပြာမက်တဲ့သူရှိတယ်။ စေတနာအရင်းခံနဲ့ ကုတဲ့သူရှိတယ်။ အဟောက်သန်တဲ့သူ ရှိတယ်။ သိပ်ဟောက်လေ့ မရှိတဲ့ ဆရာဝန်ရှိတယ်။ ဒါပေမယ့် ဝေဖန်ခံရရင် ကိုယ်ပါပါ မပါပါ ငါတို့ ဆရာဝန်တွေကို ပြောရက်လေခြင်း ဆိုပြီး ဖြစ်ကြတယ်။
    .
    (၃) စစ်တပ်ထဲမှာလည်း ရာထူးအာဏာကို သုံးပြီး ကျော်မကောင်း ကြားမကောင်းချမ်းသာတဲ့သူရှိတယ်။ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး မိသားစုပေါင်းများစွာကို သေကွဲရှင်ကွဲ ဒုက္ခပေးခဲ့သူရှိတယ်။ ရိုးရိုးသားသားနဲ့ ထားရာနေ စေရာသွားပြီး စည်းနဲ့ ကမ်းနဲ့ တိတိကျကျ မှန်မှန်ကန်ကန် လုပ်နေသူလည်း ရှိတယ်။ ဒါပေမယ့် ကိုယ့်အဖွဲ့ထဲက မှားယွင်းထားတဲ့သူတစ်ချို့ကို ဝေဖန်ရင် ဘာမှ မလုပ်ထားတဲ့သူတွေကလည်း အုံနဲ့ကျင်းနဲ့ နာကြတယ်။
    .
    (၄) NLD လည်း ထိုနည်းလည်းကောင်းပဲ။ အရည်အချင်းရှိတဲ့သူလည်း ရှိတယ်။ အရည်အချင်းအတော်လေး လိုသေးတဲ့ သူတွေလည်း ရှိတယ်။ ဒါပေမယ့် လိုတဲ့သူကို ဝေဖန်ရင် မျက်ထောင့်နီနဲ့ ကြည့်ချင်တဲ့သူတွေ ရှိတယ်။
    .
    အဲလို အုပ်စုစွဲတွေ ဥပမာဆက်ပေးရရင် အများကြီးပဲ။ နိုင်ငံခြားပြန်နဲ့ ပြည်တွင်းဖြစ်၊ ဗုဒ္ဓဘာသာနဲ့ ဘာသာခြား၊ ဇော်ဂျီနဲ့ ယူနီကုဒ်၊ သတင်းဂျာနယ်တိုက်တွေ၊ စသဖြင့် ရေးလို့မကုန်တော့ဘူး။
    .
    Groupthink ၀င်နေတဲ့သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့် အချင်းအရာတွေ ရှိတယ်။ အဲဒါတွေက .....
    .
    Out-group stereotyping - ကိုယ့်အဖွဲ့က မဟုတ်တဲ့သူမှန်သမျှကို လူဆိုး၊ အသုံးမကျ၊ အမြင်ကျဉ်း၊ အဆိုးမြင်၊ တလွဲကောင်လို့ ထင်တယ်။ (ဥပမာ - တပ်နဲ့ NLD ကိုကြည့်။ တစ်ဖက်အဖွဲ့ကကောင်တွေထဲမှာ အသုံးကျတဲ့သူတစ်ေယာက်မှ မပါလို့ ထင်နေတဲ့သူတွေ တပ်ရော NLD မှာပါ ရှိတယ်။)
    .
    Collective rationalization - ကိုယ့်အဖွဲ့ရဲ့ အားနည်းချက်ကို ဝေဖန်ရင် ထောက်ပြရင် ငါတို့တကယ်လိုအပ်အားနည်းနေသလားဆိုတာ စဉ်းစားဖို့ထက် ကိုယ့်ဘက်ကို ဖြည်တွေး၊ ဖော့တွေး တွေးတယ်။ အဖြေမရှာဘဲ ဆင်ခြေပေးတယ်။ ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မလို့ မတွေးနိုင်ဘဲ ခြုံငုံပြီး ဖာထေးတယ်။ (ဥပမာ - ဆရာဝန်မှန်သမျှ သမားတော်။ လာမပြစ်မှားနဲ့။ အဲလိုတော့ ဘယ်ဟုတ်မလဲဗျာ။ တကယ် စေတနာ ၀ါသနာ အရင်းခံနဲ့ လုပ်နေတဲ့သူတွေလည်း ရှိသလို ကျင့်ဝတ်နဲ့ မညီသူတွေလည်းရှိကိုရှိတယ်။ တစ်ခါတစ်လေ တစ်ချို့ဆရာဝန်ဖက်က ဖောင်းမိတာလည်း ရှိမှာပေါ့။ ဒါကို လက်ခံရမယ်။)
    .
    Belief in Inherent Morality of the Group - နောက်တစ်ချက် အပေါ်ကအချက်နဲ့ ဆက်စပ်တယ်။ ကိုယ့်အဖွဲ့ရဲ့ လိုအပ်ချက်ကို ကျိုးကြောင်းဆီလျော်စွာ ထောက်ပြလာရင်တောင် အရှိအတိုင်း လက်မခံနိုင်ဘူး။ ငါတို့အဖွဲ့ မကောင်းဘူးဆိုတာ မဟုတ်။ ငါတို့သည်သာ အကောင်းဆုံးအဖွဲ့အစည်း၊ ငါတို့ မှားယွင်းသည်မှာ မဖြစ်နိုင်၊ ငါတို့သည် အစဉ်အမြဲ ကောင်းမွန်သော အဖွဲ့ လို့ မျက်လုံးမှိတ်ယုံကြည်တယ်။ စာစကားနဲ့ Unquestioned belief လို့လည်း သုံးတယ်။ ကျွန်တော်တို့ မြန်မာတွေသုံးနေကျစကားလုံးနဲ့ ပြောရင် blind trust ပေါ့။ (ဥပမာ - ပြောလိုက်ရင်တော့ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်။ ၁၉၉၀ မှာ အနိုင်ရပါတီကို ဘာလို့ အာဏာမလွှဲတာတုန်း။ ဖုန်းကဒ်က ဘာလို့ သိန်း ၄၀ ထိဖြစ်ခဲ့တာတုန်း။ ၂၀၀၇ မှာ ဘာလို့ ဘုန်းကြီးတွေကို နားပန်ကျင်းတာတုန်း လို့ မေးလိုက်ရင်တော့ ရွာသာကြီးကလိုလို တိုးကြောင်ကလေးကလိုလို လုပ်နေရော)
    .
    Illusion of unanimity - ကိုယ့်အဖွဲ့ဟာ လုံးဝညီညွတ်နေတယ်၊ ခေါင်းဆောင်ကိုပဲ ဖြစ်ဖြစ်၊ အချင်းချင်းကိုပဲ ဖြစ်ဖြစ် အမြင်မတူသူတွေမရှိဘူးလို့ မှားယွင်းစွာယူဆတယ်။
    .
    Direct pressure on dissenters to conform - အဲဒီလို ဇွတ်ကို ညီညွတ်ချင်နေတော့ ကိုယ့်အဖွဲ့ထဲကပင် ဖြစ်ပစေ၊ အမြင်မတူရင် အဲဒီအသံကို နားမထောင်နိုင်ဘူး။ ပိုဆိုးတဲ့သူတွေက အဲဒီအသံကို တိတ်သွားအောင် ဖိအားပေးတယ်။ (ဥပမာ - ကျွန်တော် ရွာသားလို့ပြောတာ လက်ခုပ်မတီးရင် ရန်သူ)
    .
    Accusation of disloyalty - အဲဒီလို ဖိအားပေးလို့မှ အဲဒီအမြင်မတူတဲ့ အသံက မတိတ်သေးဘူးဆိုရင် အဲဒီ အသံပိုင်ရှင်ကို သစ္စာဖောက်လို့ စွပ်စွဲတယ်။ (ဥပမာ - ဘဘဘိုကလေး တင့်အောင်သိသွားရင် ဘာဖြစ်မလဲ)
    .
    Self-censorship - အဲဒီတော့ အဖွဲ့ထဲက လူတွေက အပြင်လူမပါဘဲ အဖွဲ့အတွင်း အချင်းချင်းဆွေးနွေးတဲ့အခါမှာတောင် မတူညီတဲ့ အမြင်တွေကို မတင်ပြတော့ဘဲ အားလုံးကောင်းပါသည်ခင်ဗျား လုပ်ကြတယ်။ ကိုယ့်စိတ်ထဲမှာ တကယ်ရှိတာကို ကိုယ်ယုံကြည်တာကို အဖွဲ့အတွင်းမှာ မပြောတော့ဘူး။ (ဥပမာ - စစ်တပ်မှာ ဒီပြဿနာက တော်တော်ကြီးခဲ့တယ်။ တောက်လျှောက်ပဲ။ ဒါကို အားလုံးအသိ။ အခု NLD လည်း တစ်ချို့နေရာတွေမှာ စလာနေပြီလို့ ထင်တယ်)
    .
    Self-appointed mindguards - ပြီးတော့ အဖွဲ့အပြင်က ပြောတဲ့အသံကို ကိုယ့်အဖွဲ့က မကြိုက်လောက်ဘူးလို့ထင်ရင် အဲဒါကို အဖွဲ့ထဲမှာ အပြင်ကတော့ ဒီလို ပြောနေပြီနော်လို့ မပြောတော့ဘူး။ အဖွဲ့ခေါင်းဆောင်ကိုပဲ ဖြစ်ဖြစ်၊ အချင်းချင်းပဲ ဖြစ်ဖြစ် မပြောတော့ပဲ ရေလိုက်ငါးလိုက်စကားကိုသာ ဆိုကြတော့တယ်။ ပိုပြင်းထန်တဲ့သူတွေက အဖွဲ့တွင်းမှာသာမက အပြင်ကိုပါ လိုက်လံဖာထေး ကြတယ်။ (ဥပမာ - အစိမ်းကြောင် အနီကြောင် ၂ ဖက်လုံးမှာရှိ)
    .
    Illusion of Invulnerability - နောက်တစ်ချက်က ငါတို့သည် ထာဝရ စင်ပေါ်က နေနေမယ့် အဖွဲ့၊ ဘယ်တော့မှ မရှုံးမယ့်အဖွဲ့ လို့ ထင်နေတယ်။ ငါသည်လည်း တစ်သက်လုံး လွှတ်တော်အမတ်ဖြစ်နေမယ်။ လူကြီးဖြစ်နေမယ်။ အာဏာရှိနေမယ်။ (ဥပမာ - NLD အဖွဲ့ဝင်တစ်ချို့မှာလည်း အဲလို သွေးနားထင်ရောက်နေတဲ့ ပြုမူပြောဆိုချက်တွေ တွေ့တွေ့နေရတယ်)
    .
    groupthink ဟာ လူတိုင်းမှာ အနည်းနဲ့အများ ရှိတယ်။ (ကျွန်တော့်မှာလည်း ရှိတယ်။) ဒါကို သတိကပ်ပြီး ထိန်းနိုင်မှ တော်ကာကျမယ်။ ကိုယ့်အဖွဲ့က လုပ်သမျှထောက်ခံဖာထေးနေရင် အားနည်းချက်ကို မသုံးသပ်ဖြစ်တော့ဘူး။ မသုံးသပ်ရင် မသိဘူး။ ကိုယ့်အားနည်းချက်ကိုယ်မသိရင် မတိုးတက်ဘူး။ ဝေဖန်သံမကြားနိုင်လို့ လက် ၂ ဖက်လုံးနဲ့ နား ၂ ဖက်ကို ပိတ်ထားရင် အမှန်တရားကို ဆုပ်ကိုင်ဖို့ လက်မအားတော့ဘူး။
    .
    နိဂျုံးခုတ်ရရင်တော့ Groupthink ကို လျှော့မတွက်ပါနဲ့။ သေးသေးလေးလို့ ထင်ရပေမယ့် ကမ္ဘာပေါ်မှာ ဖြစ်ခဲ့သမျှကြီးကြီးမားမား ဆိုးဆိုးရွားရွား ကိစ္စတွေဟာ groupthink စံနက်မကင်းဘူး။ Groupthink နဲ့ ပတ်သက်တဲ့ case study တွေ အများကြီး ရှိတယ်။ ချယ်လင်ဂျာ ဒုံးပျံလွှတ်တုန်းက ပေါက်ကွဲပျက်စီးတာကအစ၊ ကုမ္ပဏီအကြီးကြီးတွေ ပြိုလဲတာ အလယ်၊ ကမ္ဘာစစ်ဖြစ်တာ အဆုံး သင်ခန်းစာတွေ အများကြီးရှိခဲ့တယ်။
    .
    ဒါကိုမှ သင်ခန်းစာမယူနိုင်ဘဲ အုပ်စုစွဲ၊ ဂိုဏ်းစွဲ၊ အဖွဲ့စွဲတိမ်က ဥာဏ်မျက်လုံးကို ဖုံးနေသူတွေအဖို့တော့ လက်ရှိပကတိအမှန်တရားကေ၀၀ါးနေမှာပဲ။ အုပ်စုစိတ်ဇောကြီးပြီး အချင်းချင်းလက်မထောင်ပြရင်း၊ ကျောသပ်ရင်း၊ အတင်းတုပ်ရင်း၊ အဖွဲ့အုပ်စုမတူသူကို နှိပ်ကွပ်ဖို့ကြိုးစားရင်း အချိန်တွေကုန်ပြီး သံသရာလည်နေမှာပဲ။ ကိုယ့်အစုအဖွဲ့ကိုပဲ ကာကွယ်ရင်း အမှန်တရားကို လျစ်လျူရှုမိလျက်သား၊ တိုးတက်မှုကို ကျောခိုင်းမိလျက်သား ဖြစ်နေမှာပဲ။
    .
    .
    (ကျမ်းကိုးကို ကွန်မန့်တွင်ရှုပါ)
    .
    .
    (တောင်းပန်ချက်။ စိတ်ထဲတွေးမိနေတာတွေကို အရိုးခံအတိုင်း ချရေးမိပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေခြင်းမရှိဘဲ အတွေးတစ်ခုရသွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဆရာကြီးလုပ်တယ်လည်း မထင်စေချင်ဘူးဗျာ။ ကောင်းစေ တိုးတက်စေလိုတဲ့ စေတနာကို ပေါ်အောင် မရေးနိုင်ခဲ့ဘူးဆိုရင် ကျွန်တော့်ညံ့ဖျင်းချက်ပါ။ စာရှည်ကြီးကို ဖတ်ပေးတာ ကျေးဇူးပါပဲခင်ဗျာ။)
    ထက်နေလင်းဦး
    .
    ရေးသားသူ - တပ်မတော်နဲ့ NLD ကို ကောင်းသထက်ကောင်းစေချင်သော မြန်မာ့ရုပ်ရှင်ချစ်သူ ဆရာဝန်တစ်ဦး

    ဗမာပြည်မှာ Copy လုပ်တဲ့ (ခိုးချတဲ့) အ​ကြောင်း ဇဏ်ခီ ​ပြော

    ဗမာပြည်မှာ Copy လုပ်တဲ့ (ခိုးချတဲ့) အ​ကြောင်း ဇဏ်ခီ ​ပြော

    ဗမာပြည်မှာ Copy လုပ်တဲ့ (ခိုးချတဲ့) အလုပ်ကိုရှက်စရာလို့မသတ်မှတ်ကြသေးဘူး။  ရှက်စရာလို့လည်းဘဲ မမြင်နိုင်ကြသေးဘူး။ လူနည်းစုတစ်စုကတော့သိတယ် ရှက်တယ်...ပြောသူလည်းပြောသလို စိတ်ပျက်ပြီးမပြောတော့တဲ့သူတွေလည်းမပြောတော့ဘူး..
    လူများစုအနေနဲ့ဘာ့ကြောင့်ရှက်ရကောင်းမှန်းမသိတာလဲဆိုတဲ့အချက်ကို ကျနော်အကျိုးအကြောင်း သုံးသပ်မိတယ်။   ခိုးချတာအပြစ်ကြီးတယ်ဆိုတာကို မသိလို့ မရှက်တဲ့သူက လူများစုဖြစ်ပြီး သိသိကြီးနဲ့မျက်နာပြောင်တိုက် အရှက်သိက္ခာမဲ့စွာ လောဘဇောနဲ့ လုပ်တဲ့သူကလူနည်းစုဆိုတာကိုတော့ ကျနော် တစ်ထစ်ချယုံကြည်ပါတယ်။
    ဒါဆို အဘယ့်ကြောင့်နည်း။
    ပြီးတော့ ဘာ့ကြောင့် တခြားနိုင်ငံတွေမှာ ဒီခိုးချတဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်ကြီးတယ်လို့ သတ်မှတ်တဲ့အပြင် Plagiarism ဆိုတဲ့စကားလုံးအောက်မှာဥပဒေတွေ
    နဲ့ဘောင်ခတ်ပြီး ငြိစွန်းရင် ထိုက်သင့်တဲ့ပြစ်ဒါဏ်တွေချမှတ်ကြပါ သနည်း။  
    ပထမဆုံးပြောရမယ့်အချက်ကတော့ "norms" သာမှန်လို့သတ်မှတ်ထားတာတွေချင်းမတူလို့ပါ။  ဒီမတူညီချက်ရဲ့အဓိကတရားခံက ယဉ်ကျေးမှုလုံးလုံးမဟုတ်ပါဘူး။  ပညာရေး ပါ။

    ကျနော် ကိုယ်တိုင်လက်တွေ့ကြုံတွေ့ခဲ့လို့ရေးရဲတာပါ။  ကျနော်အလယ်တန်းကျောင်းအထိ ဗမာပြည်မှာတတ်ခဲ့ပြီး အထက်တန်းကျောင်း နဲ့  college ကိုတော့ US မှာတတ်ခဲ့ပါတယ်။
    High school တုန်းကဆိုရင်...ဥပမာ သမိုင်းဘာသာဆိုပါတော့..နေ့စဉ်အိမ်စာအပြင် တခါတလေမှာ research (စာတန်းပြုစု) လုပ်ပြီး တစ်ပါတ် (သို့) နှစ်ပါတ် အတွင်းသတ်မှတ်ထားတဲ့ရက်အမှီတင်ရတယ့် essay တွေလည်းရှိပါတယ်။  ဆိုပါဆို့.. သမ္မတကြီး အေဘရာဟန်လင်ကင်း ရဲ့ biography essay ကို စာမျက်နာ နှစ်မျက်နာ စာ စာလုံးအရေအတွက် ၁၅၀ ထက်မနည်း ၁၈၀ ထက်မများဘဲ နောက်အပါတ် တနင်္လာ နေ့မှာတင်ရမယ် လို့ဆိုတာနဲ့ အဲဒီ့နေ့ကျောင်းဆင်းတာနဲ့ နီးရာစာကြည့်တိုက်ကိုပြေးပြီး လင်ကင်း ရဲ့အထ္တုပတ္တိ စာအုပ်နှစ်အုပ် သုံးအုပ်လောက်ငှါး internet ပေါ်မှာလည်းရှာ dictionary တွေလှန် လုံးစေ့ပတ်စေ့ နားလည်အောင်ဖတ်..  ပြီးမှ ကိုယ်သိလာတဲ့အကြောင်းအချက်တွေကို ကိုယ့်ဖာသာရေးကြရပါတယ်။  တကယ်လို့ ကျောင်းသားတစ်ယောက်က ဟိုစာအုပ်ကတစ်ပိုဒ် ဒီစာအုပ်ကတစ်ပိုဒ် internet ကတစ်ပိုဒ်ပေါင်းပြီး သူရေးထားသလိုလိုနဲ့တင်လိုက်ရင် ဆရာ ဆရာမတွေသိတာများပါတယ်။  အဲ့လိုဖြစ်ပြီဆိုရင် essay က F (zero) ရပါတယ်။  လူချင်းခေါ်တွေ့ပြီးနောင်မလုပ်ဖို့ နဲ့ ဒီလိုလုပ်ချင်းဟာကြီးလေးတဲ့အပြစ်ဖြစ်ကြောင်း ရှင်းပြပြီး record မှာမှတ်ထားပါတယ်။  နောက်ထပ်တစ်ကြိမ်ဖြစ်ရင် ကျောင်းအုပ်ဆီသတင်းရောက်မယ် ကျောင်းအုပ်ကနေတစ်ဆင့် အိမ်ကိုအကြောင်းကြားမယ်။  တတိယအကြိမ်လုပ်ရင်တော့ ကျောင်းကနေအထုတ်ခံရပါတယ်။  တခြားကျောင်းတွေကိုလည်းအပ်ရခက်သွားပါတယ်။  ရှက်စရာအတော့်ကိုကောင်းပါတယ်။  ဒါကြောင့်ကျောင်းသားတော်တော်များများမလုပ်ရဲကြပါဘူး။  ကိုယ်တတ်သလောက် မှတ်သလောက်ကိုရေးပြီးတင်ကြပါတယ်။  ဒါမှလည်းဆရာတွေက ဘယ်ကျောင်းသား ဘယ်အဆင့် မှာရှိနေတယ်ဆိုတာကို အသေအချာသိနိုင်မှာပေါ့။  ဒီစနစ်ဟာ Plagiarism ကို shame လို့ ကျောင်းသားတွေရဲ့ခေါင်းထဲကိုစွဲသွားစေသလို project တွေအချိန်မှီတင်နိုင်ဘို့တစ်ခါတည်း လေ့ကျင့်ပေးရာရောက်ပါတယ်။  တစ်ခါတစ်လေ ဘာသာရပ် နှစ်ခု သုံးခုလောက်က project တွေပြုံ ပြီး assignment တွေပေးတတ်ပါတယ်။  အဲ့လိုအချိန်ကြရင် time management က အရမ်းအရေးကြီးသွားပြီး အချိန်ကိုလေးစားရကောင်းမှန်းပါ တစ်ခါတည်းသိသွားပါတယ်။  Project အချိန်မှီမအပ်နိုင်ရင် ဘယ်လောက်ကောင်းအောင်ရေးထားရေးထား အမှတ်တွေ တစ်ရက်ကနေတစ်ရက် လျှော့လျှော့သွားပါတယ်။  တစ်ပါတ်လောက်နောက်ကျသွားရင်တော့ F ပဲရပါလိမ့်မယ်။
    တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တဲ့စနစ်ပေါ့။

    ကျနော်တို့ဒီကစနစ်ကတော့ အားလုံးသိတဲ့အတိုင်းဘဲ ဆရာကပြောတဲ့ essay ကို ၏ သည် မရွေးလိုက်ရေးပြနိုင်မှအမှတ်ပြည့်ရပါတယ်။ နည်းနည်းလွဲရင် လွဲသလို အမှတ်အလျှော့ခံရတယ်။  ရာနှုန်းပြည့် copy လုပ်နိုင်မှတော်တယ်လို့သတ်မှတ်တယ်။ ကိုယ်တိုင်စာတမ်းပြုစုတာလည်းမဟုတ်တော့ ဒီ essay တစ်ပုဒ်ဖြစ်လာဘို့ ဘယ်လောက်ထိ ခက်သလဲ အချိန်ဘယ်လောက်ထိပေးရသလဲ ပင်ပန်းသလဲ ဆိုတဲ့ နားလည်မှု (knowledge+experience+appreciation) လုံးဝ မရှိတော့တဲ့အပြင် ခေါင်းထဲကို စာတကယ်မရောက်ပါဘူး။  ဆိုတော့ ကိုယ်ပိုင် အတွေးအခေါ် တီထွင်ကြံဆမှုတွေ
    ကွန့်မြူးမှုတွေ မရှိနိုင်တော့တဲ့ ပင်စည်ကနေဖြတ်ခုတ်တဲ့စနစ် လို့မြင်ပါတယ်။
    အမေစု လည်းဒီသင်ရိုးညွှန်းတန်းကိုအမြန်ဆုံးပြင်နိုင်ဘို့အသည်းအသန်
    ကြိုးစားနေပါတယ်။  ပညာရေးဝန်ကြီးဌာနမှာက ရှေးရိုးစွဲ ပုဂ္ဂိုလ်ကြီးတွေကရှိနေတော့ ပြောသလောက် ပြောင်းဘို့မလွယ်ဘူးလို့ကြားတယ်။

    ဆိုတော့ လိုရင်းကိုပြန်ဆွဲခေါ်ပြီးပြောရမယ်ဆိုရင်တော့ ဘာ့ကြောင့် ဗမာပြည်ကလူတွေတော်တော်များများဟာ ဒီ plagiarism လို့ခေါ်တဲ့ သူများ ip (intellectual property) ကို ကူးယူ ခိုးချတာဟာ ရှက်စရာလို့ အသွေးထဲ အသားထဲမှာ ရှိမနေတာလဲဆိုတာဟာ ကျနော်အပေါ်မှာရေးထားတဲ့ ပညာရေးစနစ်ရဲ့ မှားယွင်း ညံ့ဖျင်းမှုကြောင့်လို့ဘဲ ထင်ပါတယ်။

    - Zenn Kyi (ဇဏ်ခီ)
    နိုဝင်​ဘာ ၃ ရက်​၊ ၂၀၁၆ ခုနှစ်

    MOI Webportal Myanmar Facebook Page မှ စန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ

    MOI Webportal Myanmar Facebook Page မှ စန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ

    သို့
              ဆရာ  စန္ဒရားတင်ဝင်းလှိုင်ခင်ဗျား

    ၁။       ၂၃-၃-၂၀၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ Myanmar Event Park မှာ ပြုလုပ်တဲ့  ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(MRTV) နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ အခြေအနေမှန်ကို သိစေချင်လို့ အခုလို စာရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

    ၂။       ဆရာပြောတဲ့အထဲက ဗမာသံ မြေကြီးထဲ မြုပ်မသွားအောင် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ MRTV က လုပ်နေတာတွေ အများကြီး ရှိပါတယ်။ ဆရာသတိမထားမိလို့ဖြစ်မှာပါ။ အဲဒီအထဲက အကျဉ်းလောက် ထုတ်နုတ်ပြောပြရရင် ရေဒီယိုမှာဆိုရင် ၁၉၄၆ ခုနှစ် ဗမာ့အသံဆိုပြီး စတင်ထုတ်လွှင့် ကတည်းက မြန်မာ့အနုသုခုမဆိုင်ရာများနဲ့ မြန်မာသံတေး သီချင်းတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့် လျက်ရှိပြီး မဟာဂီတ သီချင်းကြီးအစီအစဉ်၊ မြန်မာ့ဇာတ်သဘင်၊ တစ်ခေတ်တစ်ခါက အနှစ်သာရ၊ ဗုဒ္ဓ၀င်ဇာတ်တော်ကြီးများ၊ ဇာတ်သဘင်အဖွဲ့ဖျော်ဖြေခန်းများ၊ ဆိုင်းအဖွဲ့ဖျော်ဖြေခန်းများ၊ မြန်မာ့ဓလေ့ တေးသံများ၊ သီချင်းကြီး သရုပ်ဖော်၊ မြန်မာတို့ရဲ့ တေးအစမဟာဂီတ၊ မြန်မာ့အနုသဘင်၊ ဂီတသမား ဂီတစကား၊ ခံစားနားဆင် မြန်မာတေးသံစဉ်၊ မြတ်နိုးစရာကျေးရွာ တေးကဗျာ၊ သူ့ခေတ်သူ့အခါ တေးကမ္ဘာ၊ ရေဒီယိုမူရင်း ရွှေသီချင်းကြေးမုံ စတဲ့ အစီအစဉ်တွေကို တစိုက်မတ်မတ် တစ်နိုင်ငံလုံးကို ထုတ်လွှင့်ပေးနေပါတယ်။

              ရုပ်မြင်သံကြားမှာဆိုရင်လည်း ၁၉၈၀ ပြည့်နှစ်က ရောင်စုံရုပ်မြင်သံကြားအစီအစဉ်တွေ စတင်ထုတ်လွှင့်ချိန်မှစပြီး  မြန်မာသံ မြန်မာ့ယဉ်ကျေးမှုအနုလက်ရာများနဲ့ ပတ်သက်တဲ့အစီအစဉ် တွေကို ထုတ်လွှင့်ပေးလျက်ရှိရာမှာ ဆို၊ က၊ ရေး၊ တီး သီချင်းကြီး၊ ဇာတ်တော်ကြီး၊ ဇာတ်ပြောကွက်စိပ်၊ ရုပ်သေးတင်ဆက် ဖျော်ဖြေမှု၊ မှတ်သားစရာ ပြည်သူ့နီတိကျင့်ဝတ်များ၊ (၃၈) ဖြာ မင်္ဂလာ၊ ပန်းဆယ်မျိုး၊ အနုပညာအစီ အစဉ်များ၊ ဂန္တ၀င်ခေတ်ဟောင်းတေးများ၊ ဂီတသမား ဂီတစကား၊ နေမ၀င်အလှများ၊ ကာလပေါ် တေးများ၊ အနုပညာခန်းရိပ်သာ၊ သုခုမအငြိမ့်သဘင်၊ ၁၂ လရာသီ အငြိမ့်သဘင်၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ၊ မှတ်မှတ်ထင်ထင်မြန်မာ့ရုပ်ရှင်၊ သမိုင်းကို ဖော်ပြ နေသော ၀ါကျများ အပြင် ဆရာ ကိုယ်တိုင်ပါဝင်တဲ့ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်တွေကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်ထုတ်လွှင့်လျက်ရှိပါတယ်။ ဆရာစိုးရိမ်သလို ဗမာသံမြေကြီးထဲ မြုပ်မသွားအောင် ဌာနက ဆောင်ရွက်နေတာလေးသိအောင် အကျဉ်းမျှ ပြောပြတာပါ။

    ၃။       နောက်တစ်ခုက ဆရာပြောသွားတဲ့ RCA ဆိုတဲ့ ဓာတ်ပြားအကြီးကြီးတွေ ဖွင့်တဲ့စက်၊ တိတ် ခွေဖွင့်တဲ့စက် နှစ်ခုမရှိတာ၊ ရေအိုးတွေပဲ တင်ထားတာ ဆယ်စုနှစ်ကျော်သွားပါပြီဆိုတာနဲ့ ပတ်သက် လို့ ပြောပြရရင် ဓာတ်ပြားအကြီး (၁၆ လက်မအရွယ်)ကိုဖွင့်တဲ့ RCA စက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းက မြန်မာ့အသံမှာ သုံးခဲ့တဲ့စက်ဖြစ်ပါတယ်။ စက်နဲ့ ပတ်သက်တဲ့အပိုပစ္စည်းကို မူရင်း ကုမ္ပဏီက လုံးဝ မထုတ်တော့ပါဘူး။ ဒါပေမယ့် မိမိတို့ဌာန ၀န်ထမ်းတွေနဲ့ ပြင်ပပညာရှင်တွေ ပူးပေါင်းပြီး ပြုပြင်ထားတာ ရှိတဲ့စက်နှစ်လုံးမှာ  ၂၀၁၇ ခုနှစ်ကတည်းက တစ်လုံးပြန်ကောင်းနေပါပြီ။ အဲဒီစက်မှာသုံးတဲ့ အပ်ကိုလည်း မူရင်းမရပေမယ့်  သုံးလို့ရတဲ့အပ်ကို ရှာဖွေထားတာ ထိုက်သင့်သ လောက် ရှိပြီး အသုံးပြုနေပါပြီ။ ဒါ့အပြင် ကျန်တဲ့ဓာတ်ပြားဆိုဒ် အသေးမျိုးစုံ ( ၇ လက်မ၊ ၁၀ လက်မ၊ ၁၂ လက်မ) ကို ကူးတဲ့ စက်ဆိုရင်လည်း ခေတ်မီတဲ့စက်တွေနဲ့ အစားထိုးပြီး ဓာတ်ပြားတွေကို ကူး ယူပြီး ဒီဂျစ်တယ်စနစ်နဲ့  Archive ပြုလုပ်လျက်ရှိပါတယ်။  မြန်မာ့အသံက ဓာတ်ပြားနဲ့ အသံသွင်း တိတ်များမှ သီချင်းတွေကို ကူးယူပြီး ဒီဂျစ်တယ်မှတ်တမ်းအဖြစ် Archive လုပ်ထားတာမှာ   မဟာဂီတ၊ ခေတ်ဟောင်း၊ နှောင်းခေတ်ကာလပေါ် တေးသီချင်းနှင့် အငြိမ့်၊ ဇာတ်သဘင် ဆက်စပ်အစီအစဉ်များ စုစုပေါင်း အပုဒ်ရေ ၁၂၃၁၄၈  ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့အထိလည်း နေ့စဉ် ဒီဂျစ်တယ်မှတ်တမ်းအဖြစ်  ကူးယူ ထိန်း သိမ်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။

    ၄။       ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို မလွှင့်နိုင်တာ တစ်နှစ်ရှိပြီလို့ ပြောသွားတာနဲ့ ပတ်သက်ပြီး MRTV အနေနဲ့ ဆရာရဲ့ အစီအစဉ်သစ်များ ရိုက်ကူးမထုတ်လွှင့်နိုင်သေးခင် စပ်ကြားမှာ ယခင်ရိုက်ပြီးသား ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ (ဂီတရိပ်သာ - ၁၉၂) ပိုင်းနဲ့ ၎င်းနဲ့ ဆက်စပ်ဂီတ ရိပ်သာ စတဲ့ အခြားသီချင်းတွေကို စုစည်းတင်ဆက်မှု အစီအစဉ်များအပါအ၀င် စုစုပေါင်း အစီအစဉ် ၂၀၉ ခု ရှိပါပြီ။   ဆရာနောက်ဆုံးရိုက်ကူးတဲ့အစီအစဉ်ထုတ်လွှင့်တဲ့ ၃-၇-၂၀၁၇ ရက် (အင်္ဂါနေ့) နောက်ပိုင်းက စတင်လို့ အပတ်စဉ် ယခင်ရိုက်ကူးပြီးအစီအစဉ်တွေကို အင်္ဂါနေ့ ညနေ ၄ နာရီခွဲ အချိန် တိုင်းမှာ ယနေ့အထိ ထုတ်လွှင့်ပြသလျက်ရှိတာကို ဆရာသိလျှက်နဲ့ မလွှင့်နို်င်တာ တစ်နှစ်ရှိပြီလို့  ထည့်သွင်းပြောခဲ့၊ ဆိုခဲ့တဲ့အပေါ်မှာ နားမလည်နိုင်ဘဲ ဖြစ်ရပါတယ်။  ယခုနှစ် ကျင်းပခဲ့တဲ့  အကယ်ဒမီပေးပွဲကြီး မကျင်းပမီ သုံးရက်အလို ၂၀-၃-၂၀၁၈ ရက်နေ့ကလည်း ဂီတရိပ်သာအပိုင်း ၁၅၂ ကို ထုတ်လွှင့်ခဲ့ပါသေးတယ်။

    ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်သစ်များ ရိုက်ကူးထုတ်လွှင့်ဖို့အတွက် MRTV က ဆရာ့ဆီ အစဉ်တစိုက် ဆက်သွယ်ခဲ့နေခဲ့ပါတယ်။   ၂၇-၆-၂၀၁၇ ရက်နေ့က ဆရာ့သမီးဖြစ်သူနဲ့ အဆက်အသွယ်ရချိန်မှာ ဆရာမျက်စိခွဲစိတ်ကုသဖို့ရှိလို့ တစ်လခန့်ကြာမှာဖြစ်လို့ မရိုက်ဖြစ်သေးကြောင်း ပြောခဲ့ပါတယ်။ ၂၇-၇-၂၀၁၇ ရက်နေ့မှာ ထပ်မံဆက်သွယ်တော့ မျက်စိမခွဲ စိတ်ဖြစ် သေးပေမယ့်  ရုပ်ရှင်ကားကြီးအတွက် တေးဂီတများ တီးခတ်ပေးနေရ တယ်၊  ရိုက်ကူးမယ်ဆိုရင်  ဆက်သွယ်မယ်လို့ ဆရာ့သမီးက ပြောပါတယ်။ ဒါပေမယ့် ထပ်မံဆက်သွယ် လာခြင်းမရှိလို့  ဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာမှာ  ၂၂-၃-၂၀၁၈ ရက်နေ့မှာ ဆရာ့သမီးနဲ့ ဖုန်းဆက်သွယ်မှုထပ်မံရရှိပြီး အကယ်ဒမီ ပွဲကြီးပြီးမှ ရိုက်ကူးမယ်လို့ အကြောင်းပြန်ကြားလာပါတယ်။ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို MRTV မှာ ရိုက်ကူးခဲ့ရာမှာလည်း သီချင်းသုံးပုဒ် ပါအစီအစဉ်တစ်ခုကို ယခင်က ငွေကျပ် တစ်သိန်းသာ ဥာဏ်ပူဇော်ခ ချီးမြှင့်ခဲ့ရာမှ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အစီအစဉ်တစ်ခုကို ဥာဏ်ပူဇော်ခ ၄ သိန်း အထိ တိုးမြှင့်ပြီး ချီးမြှင့်ပေးနေပါတယ်။

    ၅။       နောက်စွပ်စွဲချက်တစ်ခုဖြစ်တဲ့ သီချင်းတွေ ပြန်ကူးတဲ့အခါ ပိုက်ဆံအရမ်းပေးရတယ်၊ ရေအရမ်း လျှံရတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်လို့ ပြင်ပအနုပညာရှင်များက သီချင်းတွေလာကူးရင် တရားဝင်စာတင်ပြီး ခွင့်ပြုချက်ရပါက ချက်ချင်းကူးပေးပါတယ်။ ခွေကူးခအနေနဲ့လည်း သီချင်း သုံးလေးပုဒ်ပါအစီအစဉ်တစ်ခုကို ငွေကျပ် ၂၀၀၀ ပဲ ပေးသွင်းဖို့ တရားဝင်သတ်မှတ်ထားပါတယ်။  ဌာနအတွက် အစီအစဉ်လာရိုက်ကူးတဲ့သူတွေက သီချင်းကူးယူရင်၊ ဌာနအစီအစဉ်အတွက် သုံးရင် တော့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ဆရာ့အနေနဲ့ ငွေအများကြီးပေးရတယ်ဆိုရင်လည်း ဘယ် သူ့ကို ဘယ်လောက်၊ ဘာကိစ္စအတွက်၊ ဘယ်တုန်းက ပေးရတယ်ဆိုတာကို အထောက်အထားနဲ့ တိတိကျကျ တိုင်ကြားရင် အရေးယူပေးမှာ ဖြစ်ပါတယ်။

    ၆။       ဆရာပြောတဲ့အချက်တွေထဲက ဆီးသီးဘန်းမှောက်တယ်ဆိုတာနဲ့၊  ပိုက်ဆံမပေးရင် လူဟောင်း တွေနဲ့ သွားနေတဲ့ ဘယ်ဝန်ကြီးဌာနမှာမှ မရဘူး ၊ ပိုက်ဆံပေးရတာချည်းပဲ ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီးတော့ လာဘ်ပေးလာဘ်ယူမှုရှိတယ်ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် အပါအ၀င် သက်ဆိုင်ရာဌာနများကို တိတိကျကျ တိုင်ကြားလို့ရပါတယ်။ အဲဒီလိုမတိုင်ကြားဘဲ ၀န်ကြီး ဌာနအားလုံးက ၀န်ထမ်းတွေကို သိမ်းကျုံးပြီး အခုလို စွပ်စွဲပြောဆိုတာကတော့ ဌာနအသီးသီးနဲ့ ၀န်ထမ်းတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင်ပြုလုပ်တယ်ဆိုတာကို ဆရာ့အနေနဲ့ သတိပြုသင့်ပါ တယ်။

    ၇။       MRTV နဲ့ ပတ်သက်ပြီး အခုလို စွပ်စွဲပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ MRTV က တာဝန်ရှိသူတစ်ဦးဦးကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ ဆရာဆက်သွယ် မေးမြန်းဆွေးနွေးပြောကြားခဲ့ဖူးခြင်း ရှိပါသလား။ အဲဒီလို ဆက်သွယ်ပြောကြား ခဲ့ပါလျှက်နဲ့ ဌာနဘက် က ဖြေရှင်းဆောင်ရွက်ပေးမှု မရှိခဲ့တာလားဆိုတာကိုလည်း ကွဲကွဲပြားပြား သိလိုပါတယ်။

    ၈။       ဒီနေ့အချိန်မှာ ဌာနတစ်ခုကိုပဲဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ နေရာတွေ၊ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့အခွင့်အရေးတွေ၊ အခြားနည်းလမ်းတွေ အများကြီးရှိနေပါလျက် နဲ့ ယခုကဲ့သို့ ရုပ်မြင်သံကြားလိုင်းပေါင်းများစွာမှ တိုက်ရိုက် (Live) ထုတ်လွှင့်နေချိန်မှာ  ချင့်ချိန်နိုင်မှု အားနည်းစွာနဲ့ ထင်မြင်ရာ စွပ်စွဲပြောဆိုခဲ့တာဟာ ဆရာရဲ့  ဂုဏ်သိက္ခာကိုလည်း ထိခိုက်နစ်နာမှုဖြစ် စေတယ်လို့ မြင်ပါတယ်။ MRTV မှ  ၀န်ထမ်းတွေဟာ ၀န်ထမ်း စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တွေကို အစဉ်တစိုက်လိုက်နာပြီး ကျွမ်းကျင်ရာ လိမ္မာ၊ ၀ါသနာ၊ ပညာ၊ စေတနာအရင်းခံပြီး နိုင်ငံနဲ့လူမျိုး အကျိုးအတွက် ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့အပြင် မြန်မာ့ဂီတဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ဖြည့်စွက် ပြောကြားလိုပါတယ်။

    ၉။       MRTV နဲ့ ဆရာတို့ဟာ  နှစ်ဦးနှစ်ဖက် ဆက်ဆံရေးရှည်လျားခိုင်မာစွာ ရှိလျက်နဲ့ ယခုကဲ့သို့ မဟုတ်မမှန်  စွပ်စွဲပြောဆိုခဲ့ခြင်းအပေါ်  ပြန်လည်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက် ပါတယ်။

    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများ

    Credit - MOI Webportal Myanmar Facebook Page

    အဆိုတော် ဇော်ဝင်းထွဋ်ကို နယ်မြို့များမှ သီချင်းဆိုရန် ကမ်းလှမ်းမှုများ ရှိနေ

    အဆိုတော် ဇော်ဝင်းထွဋ်ကို နယ်မြို့များမှ သီချင်းဆိုရန် ကမ်းလှမ်းမှုများ ရှိနေ

    အဆိုတော်ဇော်ဝင်းထွဋ်ကို သင်္ကြန်မတိုင်မီ Music Tour များသီဆိုရန် နယ်မြို့များမှ ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

    ''နယ်မြို့တွေက သီချင်းတွေလာဆိုဖို့ ချိတ်ထားတာတွေ ရှိပါတယ်။ မရောက်တာကြာပြီ ဖြစ်တဲ့နယ်တွေကို လှမ်းချိတ်မယ်။ အဲဒီဒေသတွေက သေချာစီစဉ်ပေးနိုင်ရင်တော့ သွားရောက်ဖျော်ဖြေမှာပါ။ သွားလို့အဆင်ပြေရင် ကိုယ့်စရိတ်နဲ့ ကိုယ်သွားလို့ရတယ်။ ပြဿနာ မရှိပါဘူး။ ကိုယ်နဲ့ပါမယ့်သူတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးဧည့်ခံရင်ရပါတယ်''ဟု အဆိုတော် ဇော်ဝင်းထွဋ်က ပြောသည်။

    အသက် ၅၄ နှစ်ပြည့်ပြီဖြစ်သည့် အဆိုတော် ဇော်ဝင်းထွဋ်အနေဖြင့် ဖြတ်သန်းနေရသည့် နေ့ရက်တိုင်းကို ပျော်စရာဖြစ်အောင်နှင့် တန်ဖိုးရှိအောင် ကြိုးစားဖြတ်သန်းနေကြောင်း သိရသည်။ ဇော်ဝင်း ထွဋ်သည် တစ်ခေတ်တစ်ခါက ဂီတလောကတွင် ပြည်တွင်း၌ ပရိသတ် အားပေးမှုများစွာ ရခဲ့သော်လည်း လက်ရှိတွင် အသက်အရွယ်ရလာပြီ ဖြစ်သောကြောင့် သီချင်း သီဆိုခြင်းများ ကျဲသွားသဖြင့် ပရိသတ်နှင့် အလှမ်းကွာ သလိုဖြစ်ခဲ့ပြီး ယခုအခါ ဖျော်ဖြေပွဲများ ပြန်လည်ပြုလုပ်လာကြောင်း သိရသည်။ မြ၀တီ

    ၈၄ နှစ်ပြည့် အင်းဝတံတား

    ၈၄   နှစ်ပြည့်  အင်းဝတံတား

    မြန်မာနိုင်ငံ၏ တောင်မြောက် အလျားလိုက်ကို ဧရာဝတီ မြစ်သည် အရှည်လျားဆုံး ဖြတ်သန်းထား၏။ ယင်းသို့ ဖြတ်သန်းရာတွင် အလယ်ရိုးမ၊ မင်းဝံတောင်ကြောတွင် ဘူမိဗေဒသဘောအရ အရှေ့အနောက် တစ်ဆစ်ချိုး စီးဆင်းခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တောင်နှင့် မြောက်ကို တိုးလျှိုပေါက် ဆက်သွယ်ရေးတွင် စစ်ကိုင်းမြို့ အနီးရှိ တောင်မြောက်မှ အရှေ့အနောက်သို့ စီးဆင်းနေ သော ဧရာဝတီမြစ်၏ တစ်ဆစ်ချိုးနေရာသည် အဓိက အချက်အချာကျသော သဘာဝ တံခါးမကြီးနေရာဖြစ်ပါ၏။ တရုတ်ပြည်နယ်စပ် မူဆယ်၊ လားရှိုးမှ သီပေါ၊ ကျောက်မဲ ကိုဖြတ်ကာ  မန္တလေးမှတစ်ဆင့် အနောက်ဘက် အိန္ဒိယ ပြည်၊ ကလေး၊ မိုးရေးနယ်စပ်သို့လည်းကောင်း၊ ရန်ကုန်၊ တောင်ငူ၊ ပျဉ်းမနား(သို့မဟုတ်) မော်လမြိုင်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား(သို့မဟုတ်) ရန်ကုန်၊ ပြည်၊ မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာမှတစ်ဆင့် မန္တလေးကို ဖြတ်ပြီး ကလေး၊ မိုးရေးသို့လည်းကောင်း၊ ဗန်းမော်၊ မြစ်ကြီးနားသို့လည်းကောင်း ဆက်သွယ်သွား လာရေး အတွက် စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ် တစ်ဆစ်ချိုး နေရာသည် လွန်စွာအရေးပါသည့် မဟာဗျူဟာမြောက် နေရာတစ်နေရာလည်း ဖြစ်ပါ၏။

    ပထမဦးဆုံး ဧရာဝတီမြစ်ကူးတံတား

    ထိုနေရာ၏ ဝန်းကျင်၌ မြို့ပြနိုင်ငံများ ထူထောင်ခဲ့ကြ သည့် ခေတ်များ အမြဲတမ်းသုံးစွဲနိုင်သည့် တံတာတစ်စင်း ကို တည်ဆောက်ရန်ကိစ္စအား မိမိနန်းတော်လုံခြုံရေးကို သာ စူးစိုက်အာရုံထားနေသော မင်းဧကရာဇ်များအဖို့ မစဉ်းစားခဲ့သည်မှာလည်း သဘာဝကျပါသည်။ သို့သော် သက္ကရာဇ် ၈ဝ၄ ခုနှစ်တွင် စစ်ကိုင်း ထူပါရုံစေတီ ဒါယကာ နရပတိမင်းသည် အင်းဝမှ တစ်ဖက်ကမ်း စစ်ကိုင်းသို့ ဧရာဝတီမြစ်ကို ဖြတ်သန်း၍ သစ်သားဝါး တံတားကြီးတစ်ခု ယာယီထိုးခဲ့ဖူးသည်ဟု ဆို၏။ စစ်ကိုင်း ဘက်ကမ်းရှိ ထူပါရုံစေတီတော် ထီးတင်ပွဲသို့ အင်းဝ ဘက်ကမ်းမှ မင်း၊ မိဖုရား၊ မှူးမတ်များနှင့်အတူ ပြည်သူ အများက တံတားကို ဖြတ်သန်းသွားလာကာ ဆင်နွှဲခဲ့ကြ သည်ဟု မှတ်သားရဖူးသည်။ သက္ကရာဇ် ၈၂၁ ခုနှစ်တွင် လည်း အလားတူ ယာယီတံတား ထပ်မံတည်ဆောက်ကာ ဘုရားပွဲဆင်နွှဲခဲ့ကြသည်။ ဤကားသမိုင်းရာဇဝင်တွင် ပထမဦးဆုံး ဧရာဝတီမြစ်ကူး တံတားကြီးများ ဖြစ်ဖွယ်ရှိ သည်။

    မန္တလေး ရတနာပုံတွင်ကား ထိုနေရာ၏ အချက်အချာ ကျမှုကို သဘောပေါက်သော အရာရှိကြီးများက ကူးသန်း သွားလာရေးအတွက်  တံတားဆောက်မှုထက် ဧရာဝတီ မြစ်ကြောင်းမှ ဆန်တက်လာနိုင်သည့် အောက်မြန်မာပြည် မှ အင်္ဂလိပ်ရေတပ်ရန်ကို ကာကွယ်နိုင်ရန် မြစ်တစ်ဖက် တစ်ချက်၌ ခံတပ်ကြီးများဆောက်လုပ်မှု၌သာ အားသာ ခဲ့လေသည်။ သို့သော် ထိုအစီအမံကလည်း မထိရောက်ခဲ့ သဖြင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် မန္တလေးလည်း အင်္ဂလိပ်လက်အောက် လုံးလုံးလျားလျား ကျရောက်ပြီး နောက်  မြန်မာနိုင်ငံတစ်ဝန်းလုံး  အင်္ဂလိပ်အုပ်စိုးမှု ယန္တရားကြီးဖြင့် အပြီးအပိုင်လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။

    အမြဲတမ်းတံတားကြီးတည်ဆောက်ရန်

    နိုင်ငံရေး၊ စီးပွားရေးများကို အဓိကချုပ်ကိုင်ချယ်လှယ် ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အင်္ဂလိပ်အုပ်ချုပ်ရေး အသားကျသွားသောအခါ စစ်ဗျူဟာအရ အရေးပါသည့် စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ်တစ်ဆစ်ချိုးနေရာတွင် အမြဲတမ်း တံတားကြီး တည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံဆာဟာကုတ်ဘတ် တလာက အုတ်မြစ်ချခဲ့သည်။ ၁၈၉ဝ ခုနှစ်ကတည်းက ဖောက်လုပ်ပြီးစီးခဲ့သော စစ်ကိုင်း-ရွှေဘို မီးရထား လမ်းသည်လည်း တံတားကြီးကြောင့် မန္တလေးမြို့နှင့် တစ်ဆက်တည်း ဖြစ်သွားပေမည်။ ထိုအခါ ၁၈၉၉ ခုနှစ်ကတည်းက ဖောက်လုပ်ဆက်သွယ်ခဲ့သော ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့်လည်း ဆက်သွယ်မိသွားမည်။ ထို့နောက် ရွှေဘိုမှ မြစ်ကြီးနားသို့လည်း မီးရထားလမ်း ကို ဆက်လက်ဖောက်လုပ်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် စတင်အုတ်မြစ်ချခဲ့သော အင်းဝတံတားကြီးသည် ၂၉၄၈ ပေ ရှည်၍ ၁ဝ၂ ပေ မြင့်သည်။ တံတားမှာ သံပေါင် ပေါင်းကူး တံတားဖြစ်ပြီး ရက်မကြီး ကိုးခု၊ ရက်မလတ် တစ်ခု၊ ရက်မငယ် ခြောက်ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅ဝ အရှည်ရှိပြီး ရက်မလတ်မှာ ပေ ၂၅ဝ ရှည်သည်။ အပိုင်းဆက် ရက်မတိုမှာ ပေ ၆ဝ စီ ရှည်ပြီး သံတန်ချိန်ပေါင်း ၁၁၁၄၅ တန် အသုံးပြုခဲ့သည်။

    တံတားကြီးဆက်ပြီးပြီ

    ၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလပ်မရှိ တောက်လျှောက် ဆက်သွယ်နိုင်ခဲ့၏။ ၁၉၃၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ဘုရင်ခံ ဆာဟျူး စတီဗင်ဆင် (ှငမ.ံကါနှအနလနညျသည) က အထူးမီးရထား ဘုရင်ခံစီးတွဲဖြူကြီးတွင် စီးနင်းကာ ဂတ်ဗိုလ်တွဲတွင် ခရိုင် မီးရထား သယ်ယူပို့ဆောင်ရေး အရာရှိချုပ် ဦးတင်က ခေါင်းပေါင်း၊ ပုဆိုးတောင်ရှည်၊ ရှူးဖိနပ်အနက်နှင့် လက်၌ အလံစိမ်းကြီးကို တလူတူလွှင့်ကာ အင်းဝတံတား ကြီးအား မီးရထားဖြင့် ဖြတ်သန်းပြီးနောက် တံတား တစ်ဖက်မဏ္ဍပ်၌ မန္တလေး ကွန်ဗင့် ကျောင်းသူလေး တစ်ဦးက ဘုရင်ခံအား ပန်းစည်းဆက် ကြိုဆိုခဲ့သည်။ ထို့နောက် တံတားဖွင့်ပွဲကို စည်တော်များ ရွှမ်း၍ ခမ်းနား စွာ ကျင်းပခဲ့၏။ ဘုရင်ခံအား ပန်းစည်းဆက်ကြိုဆိုခဲ့သူ ကွန်ဗင့် ကျောင်းသူလေးမှာ နောင်တွင် မိုးဒေဝါမလှရွှေဟု ထင်ရှားကျော်ကြားမည့်သူလေးဖြစ်ခဲ့သည်။ ထိုစဉ်က နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင် က ''တံတားကြီးဆက်ပြီးပြီ သွားမည့်ခရီးသည်၊ ငှက် သမ္ဗန်ကူးတို့ဆိပ်က  အိပ်ရရှာသည်၊ အခုများတလည်၊ မြန်မာလူမျိုးတွေ အလုပ်မရှိလို့ တံတားကြီးကို ကြည့်ကာ ငိုမိသည်၊ ငိုမိပါသည်'' သီချင်းရေးစပ်ကာ အလုပ် လက်မဲ့ဖြစ်သွားကြသော ကျေးလက်ငှက်သမ္ဗန်သမား လေးများဘက်မှ စာနာပေးခဲ့သည်။

    စစ်ကိုင်းတံတားကြီးအား မိုင်းခွဲဖျက်ဆီး

    ၁၉၄၂ ခုနှစ် ဧပြီ ၃ရက်နေ့တွင် မန္တလေးကို ဂျပန်
    လေတပ်က အကြီးအကျယ် ဗုံးကြဲပြီးနောက် အင်္ဂလိပ် စစ်တပ်မှ ဗိုလ်ချုပ်ဂျင်နရယ်ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ် ဧပြီလ ၃ ရက်နေ့ ည ၁၂ နာရီထိုးရန် တစ်မိနစ် အလိုတွင် စစ်ကိုင်းတံတားကြီးအား မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲသည်။ ထို့ကြောင့် တံတားကုန်းအမှတ်(၇)နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျ ပျက်စီးခဲ့သည်။ လွတ်လပ်ရေးရသော်လည်း ပျက်စီးပြတ် တောက်နေသော အင်းဝတံတားကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ချေ။   စစ်ကိုင်းဆိပ်ကမ်းနှင့်   မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့် ကူးကြရ၏။

    ၁၉၅၃ ခုနစ်  မေလတွင်  ထိုစဉ်က   ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ကြပ်မတ်ကာ မီးရထားဌာန၏ စီမံမှု တွင် မြန်မာအမျိုးသားအလုပ်သမားများ၏ လုံ့လ ဝီရိယ ဖြင့် အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ၁၉၅၄ ခုနှစ် အောက်တိုဘာ ၇ ရက် နံနက် ၁ဝ နာရီ ၃ဝမိနစ်တွင် ထိုအချိန်က နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး ကိုယ် တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျငွေ ၅၇ သိန်းကျော်သည် ဟု ဆိုသည်။

    မီးရထားရော မော်တော်ကားပါ ဖြတ်သန်းနိုင်ခဲ့သော အင်းဝတံတားကြီးမှာ သက်တမ်း ၇ဝ ကျော်နေပြီဖြစ်၍ ပိုမိုတိုးတက်များပြားလာမည့် ကူးသန်းသွားလာမှုများ အတွက် လက်ရှိ တံတားကြီး၏ ရေဆန်ဘက်ပေ ၂ဝဝဝ အကွာတွင် ဧရာဝတီတံတား(ရတနာပုံ)ကို တည်ဆောက် ပြီးခဲ့ပြီ။ ဧရာဝတီတံတား (ရတနာပုံ)မှာ အရှည် ၅၆၁၄ ပေရှိပြီး ပင်မသံပေါင်တံတားမှာ ၃၆၉၄ ပေရှိသည်။ မန္တလေးဘက်ကမ်း သံကူကွန်ကရစ် ချဉ်းကပ်တံတားမှာ ၁၁၄ဝ ပေရှိကာ စစ်ကိုင်းဘက်ကမ်း သံကူကွန်ကရစ် ချဉ်းကပ်တံတားမှာ ပေ ၇၈ဝ ရှိသည်။ ပင်မတံတားတွင် ၃၆၇ ဒသမ ၅ ပေရှိ အခန်းလေးခန်းနှင့် ၇၃၅ ပေရှိ သံပေါင်ခုံး တံတား အခန်းသုံးခန်းပါရှိ၍ ခန်းပွင့်အကျယ် ဆုံး မြစ်ကူးတံတားကြီးလည်း ဖြစ်သည်။

    သက်တမ်း ၈၄ နှစ် တင်းတင်းပြည့်ပြီ

    မည်သို့ပင် ဆိုစေကာမူ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်က သက်တမ်း ၈၄ နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်သော မူလ အင်းဝတံတားကြီးသည် သမိုင်းအရ တန်ဖိုးကြီးမား သော တံတားကြီးတစ်စင်းအဖြစ် တည်ရှိခဲ့လေပြီ။ မြန်မာ နိုင်ငံသမိုင်း၊ ဒုတိယကမ္ဘာစစ်သမိုင်းတို့တွင် ကမ္ဘာသိ ထင်ရှားခဲ့သော တံတားကြီးလည်း ဖြစ်ခဲ့သည်။ အထူး သဖြင့် အင်းဝတံတားထိပ်ရှိ သပြေတန်း ခံတပ်သည် ယခုကဲ့သို့သော သံမဏိတံတားကြီးတစ်စင်းကို အင်္ဂလိပ် လူမျိုးတို့ ယခုနေရာ၌ တည်ဆောက်ခွင့်ရရှိခဲ့သည့် အထက်မြန်မာပြည် သိမ်းပိုက်ရေးဗျူဟာကို ခုခံရာတွင် အရေးတကြီး စစ်ရေးဗျူဟာမြောက်နေရာတစ်ခုအနေ ဖြင့်လည်း အထင်အရှားဖြစ်သည်။

    ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာနှင့် ထိစပ်မှု ပိုမို အားကောင်း၊ ကမ္ဘာကလည်း မြန်မာကို ပိုမိုစိတ်ဝင်စား သည့် အချိန်တွင် သပြေတန်းခံတပ်၊ အင်းဝတံတား၊ စစ်ကိုင်းသာသနာ့နယ်မြေနှင့် နောက်ဆုံးမင်းနေပြည် မန္တလေးတို့၏ ဆက်စပ်မှုမှာ နိုင်ငံခြားသားသုတေသီများ၊ ခရီးသွားများ စိတ်ဝင်တစားရှိကြမည်မှာ သေချာသည်။ ထို့ပြင်  အင်္ဂလိပ်ကအနှစ် ၁ဝဝ ကျော် အုပ်စိုးခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အရှေ့တောင်အာရှ၏စစ်မြေပြင် များတွင် အထင်အရှားရှိခဲ့သော   မြန်မာပြည်တွင် အင်္ဂလိပ်တို့   ဖောက်လုပ်ခဲ့သော   မီးရထားလမ်းများ၊ မြစ်ကူးတံတားကြီးများနှင့်၊ အင်္ဂလိပ်ခေတ် မီးရထား စက်ခေါင်း၊ မီးရထားတွဲဆိုင်းတို့သည် သမိုင်းကို ပုံဖော်ရာ၌ အဓိက ဇာတ်ကောင်၊ ဇာတ်ပို့များ ဖြစ်ခဲ့ပါ၏။

    ၈၄ နှစ် ပြည့် အင်းဝတံတားကြီးဂုဏ်ပုဒ်

    မြန်မာပြည်တွင် ရေနွေးငွေ့အားသုံး မီးရထားစက် ခေါင်းများ၊ အတော်အသင့် ကျန်ရစ်ခဲ့ပါသည်။ အဆိုပါ စက်ခေါင်းများကို ပြန်လည်မွမ်းမံ၍ မြန်မာပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သော ပုဂံနှင့် ကျောက်ပန်းတောင်း အကြား နိုင်ငံခြားသား ခရီးစဉ်များအတွက် ပြေးဆွဲရန် ပြင်ဆင်နေသည်ဟု သိရသည်။ အလားတူ သံဖြူဇရပ်ရှိ ဂျပန်ခေတ်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် သေမင်း တမန်မီးရထားလမ်းတွင်လည်း ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားတစ်စင်းလည်း သရုပ်ပြပြေးဆွဲနေကြောင်း သိရ၏။

    အလားတူ သက်တော်ရှည် ကမ္ဘာကျော် အင်းဝတံတား ကြီးကို ဖြတ်သန်း၍ မန္တလေးရတနာပုံနေပြည်တော်၊ အမရပူရမြို့တော်ဟောင်း၊ သပြေတန်းခံတပ်၊ အင်းဝ တံတား၊ ဇေယျာပူရနေပြည်တော်ဟောင်းနှင့် စစ်ကိုင်း တောင်သာသနာ့နယ်မြေ၊ မီးရထားစက်ရုံ၊ ရွာထောင် ဘူတာတို့ ဆက်စပ်ခရီးစဉ်ကို ရေနွေးငွေ့စက်ခေါင်းသုံး ရှေးဟောင်းတွဲဆိုင်းများဖြင့် ပြေးဆွဲမည့် ခရီးစဉ်တစ်ခု ကိုလည်း   အကောင်အထည်ဖော်၍  ၈၄   နှစ်ပြည့် အင်းဝတံတားကြီးဂုဏ်ပုဒ်ကို       ဖော်ထုတ်ပြသင့်ပေ သည်။     ။

    ဆူးငှက်