Latest News

Thursday, February 8, 2018

ဘုတ်ချောင်းရပ်ကွက် ၌ WYစိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိ

ဘုတ်ချောင်းရပ်ကွက် ၌ WYစိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိ

မြိတ်  ဖေဖေါ်ဝါရီ   ၉

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့  မြိတ်တောင်ကျေးရွာ ဘုတ်ချောင်း ရပ်ကွက်၊ နေအိမ်တွင်မူးယစ်းဆေးဝါးများအားလက်ဝယ်ထားရှိဖြန့်ဖြူး
ရောင်းချသုံးစွဲ့နေကြောင်းသတင်အရ ဖေဖေါ်ဝါရီ ၈ ရက် ညနေ ၄ နာရီ  ၃၀  မိနစ်အချိန်ခန့်ကသွားရောက်ရှာဖွေ့ခဲ့ရာ WYစိတ်ကြွ ရူးသွပ် ဆေးပြား  ၁၈၉၆ ပြားဖမ်းဆီးရမိခဲ့ကြောင်းမြိတ်မြို့မရဲစခန်းမှသိရသည်။
        ဖြစ်စဉ်မှာခရိုင်မှုခင်းအဖွဲ့မှ ရဲအုပ် ခင်မောင်အေး ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူဖေဖေါ်ဝါရီ  ၈  ရက် ညနေ  ၄ နာရီ ၃၀
မိနစ်အချိန်ခန့်ကမြိတ်မြို့  မြိတ်တောင်ကျေးရွာ ဘုတ်ချောင်းရပ်ကွက် ဘုတ်လမ်းစုံနေကျော်ခိုင်ဦးl( ခ )ကျော်စိုး( ခ )တရုတ်၏နေအိမ်တွင် မူးယစ်ဆေးဝါးများ အားလက်ဝယ်ထားရှိဖြန့်ဖြူးရောင်းချသုံးစွဲ
နေကြောင်း သတင်းအရမယဝရမ်းအမှတ်( ၈/ ၂၀၁၈ ) ဖြင့်သွားရောက် ရှာဖွေခဲ့ရာကျော်ခိုင်ဦး( ခ) ကျော်စိုး( ခ ) တရုတ်အားနေအိမ်တွင်တွေ့ရှိ၍ ၎င်းခန္ဓာကိုယ်နှင့်နေအိမ်အတွင်းသက်သေများနှင့်အတူရှာဖွေ့ရာမှ၎င်းဝတ်ဆင်ထားသည်အပြာရောင်ရှပ်အင်္ကျီာလက်ရှည်ယာဘက် အိတ်ကပ် အတွင်းမှWYစိတ်ကြွရူးသွပ်ဆေးပြား  ၉၆  ပြားl နေ အိမ်အတွင်းရှိကားဆိုဖာခုံနှစ်ခုကြားမှအဖြူရောင်ပလပ်စတစ်အိပ်ဖြင့်ထည့်ထားပြီး ၎င်းအတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား၁၈၀၀ ပြားlစုစုပေါင်း WY စိတ်ကြွရူးသွပ်ဆေးပြား   ၁၈၉၆ ပြားlအလေးချိန်  ( ၀  ဒသမ ၁၈၉၆ )  ကီလိုဂရမ်lကာလတန်ဖိုးငွေကျပ် ၉၄၈၀၀၀၀ ကျပ်နှင့်ဆက်စပ်ပစ္စည်း များနှင့်မြန်မာ့ငွေစက္ကူရောရာ  ၃၅၀၀၀၀ ကျပ်တို့အားရှာဖွေတွေ့ရှိခဲ့ပြီး မူးယစ်းဆေးဝါးရောင်းဝယ်ဖြန့်ဖြူးရာတွင်အသုံးပြုသည့်ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးတို့အားသက်သေများရှေ့တွင်သိမ်းဆည်းဖမ်းဆီးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍မူးယစ်းဆေးဝါးများအားလက်ဝယ်ထား
ရှိဖြန့်ဖြူးရောင်ချသုံးစွဲ့သူကျော်ခိုင်ဦး ( ခ )ကျော်စိုး( ခ ) တရုတ်  ၃၉ နှစ်
 ယာဉ်မောင်း l ဘုတ်စုံလမ်း l ဘုတ်ချောင်းရပ်ကွက် l မြိတ်တောင်ကျေးရွာl မြိတ်မြို့နေသူအားမြိတ်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။မြင့်ဦး ( မြိတ် )ပြန်​/ဆက်

No comments:

Post a Comment