Latest News

Saturday, February 10, 2018

ပြည်ထောင်စုနေ့ အခမ်းအနားဖိတ်စာမှာ NLDပါတီကို အမျိုးသားဒီမိုကရေစီပါတီ လို့  မှားယွင်းဖိတ်ကြားမှုအပေါ်ဒေသခံများဝေဖန်

ပြည်ထောင်စုနေ့ အခမ်းအနားဖိတ်စာမှာ NLDပါတီကို အမျိုးသားဒီမိုကရေစီပါတီ လို့  မှားယွင်းဖိတ်ကြားမှုအပေါ်ဒေသခံများဝေဖန်

မနက်ဖြန့် ကျင်းပမည့် (၇၁)ကြိမ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားဖိတ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLDပါတီကို အမျိုးသားဒီမိုကရေစီ ပါတီဟု မှားယွင်းရေးသားမှုအပေါ်ဒေသခံများ ဝေဖန် လျှက်ရှိသည်.။

ပုသိမ်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ထံပေးပို့ သော ဖိတ်စာတွင် အထက်ပါအတိုင်းမှားယွင်းရေးသားထားခြင်းဖြစ်သည်။
ယင်းကဲ့ သို့ မှားယွင်းမှုသည် တစ်ကြိမ်မက အကြိမ်ကြိမ်ဖြစ်သည်ဟု ပုသိမ်မြို့ နယ် NLD ပါတီဝင်တစ်ဦးကပြောသည်။

“သည်အစိုးရသစ်လက်ထက် ၂ နှစ်ဝန်းကျင်ဖိတ်စာတွေမှာ ပုံစံအမျိုးမျိုးနဲ့ မှားနေတယ်သိပ်ပြီးတော့့ ပါတီကို ဂရုမစိုက်ရာရောက်တယ် ကျွန်တော်မြင်တာကတော့ သည်စကားလုံးကမမှားသင့် ဘူး “ဟု၎င်းကပြောသည်။

ယင်းကဲ့ သို့  အခမ်းအနားများကို အစိုးရအဖွ့ဲက ဦးဆောင် ဆောင်ရွက်ကြပြီး ဌာနဆိုင်ရာများကို ညွန်ကြားကာ ဖိတ်ကြားရေးတာဝန်ကို ထွေအုပ်ဝန်ထမ်းများကဆောင်ရွက်ကြခြင်းဖြစ်သည်။
“ပြောပြန်တော့လည်း ကိုယ့် အစိုးရကိုယ်ပြန်ပြောသလိုဖြစ်နေတယ်လေ သည်လိုအခမ်းအနားတွေက အစိုးရက ဦးဆောင်လုပ်တာသူ ကမှ အဆင့်ဆင့်ဆောင်ရွက်ကြတာဆိုတော့ အစိုးရတာဝန်ရှိသူတွေကလည်း လိုတာပေါ့ “ဟု ပုသိမ်ဒေသခံ NLDပါတီ ၀င်တစ်ဦးကပြောသည်။

အဆိုပါ မှားယွင်းဖိတ်ကြားမှုနှင့် ပတ်သတ်၍ ဖိတ်စာလာရောက်ပေးသော ရပ်ကွက် အုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများကို မေးမြန်းရာ မည်သူက ရေးသားသည်ကို ၄င်းတို့ အနေဖြင့်လည်းမသိရှိကြောင်းတုန့် ပြန်သည်။

အစိုးရသစ်အနေဖြင့်  ၀န်ထမ်းများကို ကိုင်တွယ်ရာတွင် အခက်အခဲများရှိပြီး အစိုးရသစ်ကို ပညာစမ်းသည့် အခြေနေများရှိခဲ့ သည်ဟု ယခင်ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီက မီဒီယာများကို နှတ်ထွက်အပြီး ပြောဆိုခဲ့ ဖူးသည်။

မျိုးမင်းပိုင်

No comments:

Post a Comment