Latest News

Saturday, February 10, 2018

Myanmar National Symphony Orchestra Concerts 2018 ဖျော်ဖြေပွဲ ကျင်းပ

Myanmar National Symphony Orchestra Concerts 2018 ဖျော်ဖြေပွဲ ကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ   ၉

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား  နိုင်ငံတော် သံစုံတီးဝိုင်းနှင့်    ဂျပန်နိုင်ငံမှ Mr. YUNOSUKE  YAMAMOTO (Conductor  &  Composer) ဦးဆောင်သော ဂီတအနုပညာရှင်အဖွဲ့ တို့ ပူးပေါင်းကျင်းပသည့် Myanmar National Symphony  Orchestra Concerts 2018 ဖျော်ဖြေပွဲကို ယနေ့ ညနေ ၆  နာရီခွဲက  ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

အဆိုပါဖျော်ဖြေပွဲသို့   ရန်ကုန် တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး ဒေါ်ခင်မိမိ ကြွယ်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟံထူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဂီတပညာရှင်များနှင့်
ဂျပန်နိုင်ငံမှ    ဂီတပညာရှင်များကBizet Carmen  Suite No.1  Les Toreadors၊ Beethoven Symph-ony No.4၊ Tchaikovsky Piano Concerto  No.1   (excerpt)၊ Brahms Hungarian  dance No.5 and No.1၊ Mozart Ave Verum Corpus၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊ မဟာ၊ြBeauty and the Beast၊  Despacito နှင့် မန်းတောင်ရိပ်ခို သီချင်းများကို  ပူးပေါင်းဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂျပန် ဂီတစာဆို  တီးဝိုင်းအဖွဲ့ခေါင်းဆောင် Mr.  YUNOSUKE YAMA MOTO   အား  လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီးMr. TATESHI HIGUCHI က ဂျပန်စန္ဒရားဆရာမ Ms. KYOKO KOYAMAအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟံထူးက မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား နိုင်ငံတော်   သံစုံတီးဝိုင်းအဖွဲ့အား လည်းကောင်း၊    တိုင်းဒေသကြီး စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက သံပြိုင်သီဆိုအဖွဲ့အားလည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဂျပန်ယဉ်ကျေးမှု အဖွဲ့အားလည်းကောင်း၊ တိုင်းဒေသ ကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က မြန်မာ ယဉ်ကျေးမှု   အကအဖွဲ့အား  လည်းကောင်း ဂုဏ်ပြုပန်းစည်းနှင့် ပန်းခြင်းများကို အသီးသီး ပေးအပ် ကြပြီး  ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များနှင့်အတူ  မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment