Latest News

Friday, February 9, 2018

၂ဝ၁၈ အာရှ တာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲ ဒုတိယ ​နေ့ဆက်လက်ကျင်းပ

၂ဝ၁၈ အာရှ တာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲ ဒုတိယ ​နေ့ဆက်လက်ကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ   ၉

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၈ အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲဒုတိယနေ့တွင် အာရှတာဝေး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများအပြင် မသန်စွမ်းစက်ဘီးပြိုင်ပွဲများကိုလည်း စတင်ကျင်းပခဲ့သည်။ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် Jumi Lee(တောင်ကိုရီးယား)က ပထမ၊ Ting Ying Huang(တရုတ်တိုင်ပေ)က ဒုတိယ၊Karami(ဂျပန်)က တတိယ၊ အသက်(၂၃)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင်Hang Shi (တရုတ်)က ပထမ၊Ka Hoo Fung(ဟောင်ကောင်)က ဒုတိယ၊ အျြေကိေ(ဂျပန်)က တတိယ၊ အမျိုးသမီး ပြိုင်ပွဲတွင် Zixin Liu(တရုတ်)ကWing Yee Leung(ဟောင်ကောင်)က ဒုတိယ၊ Mohamad Zubir(မလေးရှား)က   တတိယ၊   အမျိုးသမီး သက်ကြီးတန်းပြိုင်ပွဲတွငှ်Siviang Heng (ကမ္ဘောဒီးယား)က ပထမတို့ ရရှိခဲ့သည်။ အမျိုးသားသက်ကြီးတန်းပြိုင်ပွဲများအဖြစ် အတန်းလေးတန်း ထည့်သွင်းကျင်းပခဲ့ပြီး ယူ-၂၃ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် စက်ဘီး ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း  ဆုတံဆိပ်ရယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။  ထို့အပြင် မသန်စွမ်းပြိုင်ပွဲများကိုလည်း ဆက်လက် ကျင်းပခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဆုရကစားသမား များအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အာရှစက်ဘီးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Mr. Onkar Sigh ၊ အာရှ စက်ဘီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌများနှင့်  တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ကြသည်။ ပြိုင်ပွဲတတိယနေ့ကို ဖေဖော်ဝါရီ ၁ဝ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။ သတင်း-ဖိုးသော်ဇင်၊ဓာတ်ပုံ-ကိုကိုစိုးညွန့်(​ကြေးမှုံ)

No comments:

Post a Comment