Latest News

Thursday, February 15, 2018

ဧရာဝတီ တိုင်းဒေသကြီး သဘောင်္ကျင်း ရေသိုးကုန်းကျေးရွာ မနီလာခိုင် သတ်မှု သတင်းအပြည့်စုံ

 ဧရာဝတီ တိုင်းဒေသကြီး သဘောင်္ကျင်း ရဲစခန်းအပိုင် လင်းဝင်းကြီးအုပ်စု ရေသိုးကုန်းကျေးရွာ တွင် ၁၇.၁.၂၀၁၈.ရက်နေ့ညနေ ၆ နာရီအချိန်ခန့် မှာ အနီလာခိုင် အသက် ၃၇ (ဘ)ဦးသန်းရှိန် ပုသိမ်သက္ကသိုလ် သချာင်္ဌာန စာရေးဝန်ထမ်း ဒါးဒါဏ်ရာတို့ဖြင့်အသတ်ခံရမှုအား ဖခင်ဖြစ်သူ ကတရားလိုပြု၍ တိုင်ကြားခဲ့သဖြင့် သဘောင်္ကျင်း နယ်မြေရဲစခန်း (ပ)၁၇/၂ ၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်၍ အမှုအား စခန်းမှူးရဲအုပ်ခင်မောင်ဝင်းက တာဝန်ယူ စစ်ဆေးဆောင်ရွက်ခဲ့သည်။
အမှုဖွင့်ပြီးနောက် စခန်းမှူး ကအဆင့်ဆင့်တင်ပြခဲ့ပြီး အခင်းဖြစ်ရပ်အား စစ်ဆေးရန် မိမိတပိဖွဲ့ဝင်များနှင့်သွားရောက်ကြပြီးဆောင်ရွက်နေချိန်ရှေ့နောက်ထပ်ချပ်မကွာ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဆွေ ခရိုင်မှု/ကူ ဌာနစုမှ ရဲအုပ်ငြိမ်းချမ်းကျော် နှင့်အဖွဲ့ တိုင်းမှု/ကူ ဌာနစုမှ ရဲအုပ်ဇော်မျိုးမင်း နှင့်အဖွဲ့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်စိုးနှင့်အဖွဲ့တို့ CID တပ်စုမှူးနှင့်အဖွဲ့တို့ပါရောက်ရှိလာပြီးအတူပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပူးပေါင်းအဖွဲ့က ဆက်လက်ပြီး စစ်ဆေးကြရာ မြေပြင်အခြေနေရတရားခံ အိမ်တွင်းမှာပင်ခြေရာပျောက်နေပြီး အိမ်ရှေ့မင်္ဂလာဆောင်ရဲ့ အသံချဲ့စက် ဆောင်ဘောက်အသံကြောင့် ပတ်ဝန်းကျင် က အခင်းဖြစ်ရပ်ကအသံမကြားနိုင် အလောင်းနားကတွေ့ရှိသောဒါး ရဲ့အချိန်တွယ်နှင့်ရရှိဒါဏ်ရာကိုက်ညီမှုမရှိ ထိုးသွင်းဒါဏ်ရာသာလျှင်တွေ့ရှိသောဒါးဖြစ်နိုင်ကြောင်း ပြတ်ရှ ဒါဏ်ရာ မှာ အလေးချိန်ရှိသောလက်နက်ဖြစ်နိုင်ကြောင်းသုံးသတ်မိခဲ့ကြသည်။
နေအိမ်အတွင်းသို့ဆက်လက်စစ်ဆေးကြရာအိမ်ဒေါင့်တနေရာမှာ မသကာင်္ ဖွယ်ရဲဒင်းတလက်တွေ့ရှိရဖြင့် ဥပဒေ နှင့် ညီသိမ်းဆည်းခဲ့ကြသည် နောက်နာရေးကိစ္စသဂြုင်္ိပြီး တရားလို အားစစ်ဆေး၍ နေအိမ်ထမ်မံစစ်ဆေးခဲ့ရာ နေအိမ်နောက်မျက်ခင်းမှာလျှော်ဖွတ်နေလမ်းထားသော တရားလို ၏အက်ႌပုဆိုးမ်ားမွာမသကာၤ သွေးကွက်များတွေ့သဖြင့်သိမ်ဆည်းခဲ့၏ မသကာင်္ သွေးစွန်းနေသော ရဲဒင်းနှင့်ဦးမောင်ပု(ခ)ဦးသန်းရှိန် အသက် ၆၅ နှစ်(ဘ)ဦးငွေရှိန် ၏ပုဆိုး စွပ်ကျယ်အင်္ကျီတို့အားဓာတုဗေဒ စစ်ဆေးပြန်စာရရှိပြီး ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးဝင်းမြင့်ထူးကိုတိုင်ပါဝင်သော အမှုစစ်စခန်းမှူးရဲအုပ်ခင်မောင်ဝင်း ရဲအုပ်ငြိမ်းချမ်းကျော် ရဲအုပ်ဇော်မျိုးမင်း တို့ပူးပေါင်းပါဝင်သောအဖွဲ့ က စိတ်ရှည် လက်ရှည် ရဲပညာများဖြင့်စစ်ဆေးကြရာ ၁၄.၂.၂၀၁၈ ရက်နေ့ည ၁၂ နာရီခန့်အချိန် မှာ မငြင်းသာတော့ဘဲဝန်ခံခဲ့ရ၏။
ဝန်ခံထွက်ဆိုသည်မှာ ၁၇.၁.၂၀၁၈.ရက်နေ့ညနေ ၅ နာရီကျော်အချိန့်မှာ သ္မီးဖြစ်သူ မနီလာခိုင် အသက် ၃၇ နှစ်အလုပ်ကပြန်လာပြီး ရေချိုးရန်ပြင်စင်နေရင်း ပုသိမ်မြို့ ကင်မလင်းကျွန်း ရပ်ကွက် မှာ အိမ်ခြံမြေဝယ်ရန်ကိစ္စ ပြောဆိုခဲ့ကြရာ သ္မိး ဖြစ်သူအား ချောင်ကျ နေ၍မဝယ်သင့်ကြောင်းတားခဲ့ရာကစကားများခဲ့ကြသည် သ္မီး ဖြစ်သူက ခွန်းတုံ့ပြန် ရိုင်းစိုင်းကြမ်းတမ်းသောစကားလုံးများသုံးပြီးဆက်ဆံသောဒေါသထွက်လာပြီး အနီးမှာတွေ့တဲ့ငြုပ်ကျည်ပွေ့နှင့်ဦးခေါင်းနောက်အားရိုက်လိုက်ရာ ငိုက်ဆိုက်ငိုက်ဆိုက်ဖြင့် အိမ်နောက်ဘက်ရှိ အိမ်သာဘက်သို့ရောက်သွားရာ ဘာဖြစ်တာလဲ မသိ ကြောင်အိမ်ပေါ်မှဓားမြှောင်ကိုယူပြီးဘယ်နှစ်ချက်ထိုးမိသည်ထိုးလိုက်ရာအိမ်သာအတွင်းလဲကြသွားပြီးဓားလဲလွှတ်ကျသွားခဲ့ပါသည် အိမ်သာဘေးမှာအသင့်တွေ့တဲ့ ရဲဒင်းနှင့်ထပ်ခုတ်လိုက်ပြီး သေပြီထင်တာနဲ့အိမ်သာတခါးအားပိတ်လိုက်ပြီး အိမ်နောက်ဘက်ရှိ ရေကပြင်အားသွားရောက်ပြီးရဲဒင်းရေဆေး ခြေလက်မျက်နှာဆေးသစ်လိုက်ပါတယ် နောက်ပြီး သွေးစွန်းနေသော အင်္ကျီပုဆိုးတို့လဲလိုက်ပြီး ပီနှံအိပ်တအိပ်ဖြင်ထည့်ုပြီး ထင်းပုံကြားဝှက်ထားလိုက်ပြီး ခြေဆလက်ဆမကျန်အောင်ပြုလုပ်ပြီး အိမ်နီးနားရှိညီဝမ်းကွဲတော်စပ်သူ အုန်းမောင်ထံ သွားရောက်ပြီး နီလာခိုင် အသတ်ခံရကြောင်း သွားရောက်ပြောပြီး ရဲစခန်းသို့တရားလိုပြုတိုင်ကြားခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့သည်။
ရွှေဘို ဝဠာ
နှင့်
ဝဠာအောင် /ဝဠာမောင်

No comments:

Post a Comment