ဘင်္ဂါလီဒုက္ခသည် စခန်းများဆီက လုပ်ကြံဇာတ်လမ်းတချို့
လီဒါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ။ ငယ် ရွယ်သူညီအစ်မလေးဦးမှာ တစုတစည်းတည်း ထိုင်နေကြသည်။ သို့သော် သူတို့မှာ မိဘမရှိ၊ သူတို့ ချည်းသာဖြစ်သည်။
သူတို့ဇာတ်လမ်းက ရင်နင့် စရာ။ သူတို့မိခင်သည် မြန်မာ ပြည်အနောက်ပိုင်း ရခိုင်ပြည်နယ် က သူတို့အိမ်ကို စစ်သားများမီးရှို့ စဉ်မှာ ဆုံးပါးခဲ့သည်။ သူတို့ဖခင် မှာ မြန်မာအစိုးရက ဖမ်းဆီးထိန်း သိမ်းစစ်ဆေးစဉ် ပျောက်ခြင်းမလှ ပျောက်ပြီး သေဆုံးပြီဟု ယူဆရသော ထောင်ချီနေသော ရိုဟင် ဂျာမွတ်စလင်တွေထဲက တစ်ဦး ဖြစ်သည်။
သို့သော် အသက်(၁၂)၊ (၈)၊ (၅)၊(၂)နှစ်အသီးသီးရှိနေကြပြီ ဖြစ်သည့် သူတို့ညီအစ်မတွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတော့ ခိုလှုံ ရန် အရောက်လာနိုင်ခဲ့၏။ ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီ(မူရင်း ဆောင်းပါးတွင် ရိုဟင်ဂျာဟု သုံး နှုန်း) ဒုက္ခသည်စခန်းမှာ လေးနှစ် ကြာအောင် နေထိုင်နေသော သူ တို့ဦးလေးတစ်ဦးက သူတို့ကို ခေါ်လာခဲ့သည်။ ဆာလောင်မွတ် သိပ်နေသော သူ၏ကလေးများ ထဲမှာ မိန်းကလေးတွေကိုပါ အတူခေါ်ထားလိုက်၏။
‘‘ကျွန်မမိဘတွေက မြန်မာ ပြည်မှာ အသတ်ခံရတာ။ သူတို့ ကို အရမ်းအောက်မေ့တာပဲ’’ဟု အကြီးဆုံး မိန်းကလေး ဂျနုကာဘီ ဂမ်က ပြောသည်။
ကျွန်မသည် ဒုက္ခသည်စခန်း များထဲသို့ မိသားစုမပါဘဲ ရောက် လာသူကလေးများအကြောင်းကို သတင်းမှတ်တမ်းလုပ်နေသူ ဖြစ် သည်။ အဆိုပါ မိန်းကလေးများ၏ ဦးလေးကို ငွေကြေးထောက်ပံ့နေ သူနိုင်ငံတကာ လူမှုအဖွဲ့အစည်း တစ်ခုက ကျွန်မကိုသူတို့နှင့် တွေ့ ရန်ခေါ်လာခဲ့ခြင်း ဖြစ်သည်။
တစ်နာရီအတွင်းမှာပဲ ကရု ဏာသက်စရာ စကားများဖြင့် ကျွန်မ၏မှတ်စုစာအုပ်ပြည့်သွားခဲ့ သည်။ သို့သော်လည်း သူတို့ပြော သမျှမှာ အနည်းငယ်လောက်သာ မှန်၏။
သုံးရက်လောက် သတင်း မှတ်တမ်းလုပ်အပြီးမှာ အမှန်တ ရားကစပြီးပေါ်လာသည်။ သူတို့ကို ဒုက္ခသည်စခန်းထဲ ခေါ်လာသူ သူတို့ ဦးလေးဆိုသည့်ဆို ရွတ်ဟိုစိန် မှာ တကယ်တော့သူတို့အဖေသာ ဖြစ်သည်။ သူ့မှာမိန်းမသုံးဦးရှိပြီး ဘင်္ဂလားဒေ့ရှ်မှာ နှစ်ဦး၊ မြန်မာမှာတစ်ဦးဟု သူက၀န်ခံသည်။ ထိုမိန်းကလေးများမှာ သူ၏ အငယ်ဆုံးမိန်းမဖြစ်သည့် မြန်မာနိုင်ငံက မိန်းမနှင့်ရသော ကလေးများသာ ဖြစ်သည်။
မည်သည့်ဒုက္ခသည်စခန်း မှာမဆို ကြေကွဲဝမ်းနည်းနာကျင် စရာများက တန်ဖိုးရှိလှသည်။ အ ကူအညီပေးသူများက အကူအညီ အလိုအပ်ဆုံးကိစ္စများကို ကူညီ ပေးချင်ကြသည်။ အခြားပိုင်ဆိုင် မှုများ ဆုံးရှုံးခဲ့ရသည့် မိသားစုများ ထက်စာလျှင် ထိုညီအစ်မလေး ဦး ဇာတ်လမ်းကပိုတန်ဖိုး ရှိသည်ကို လူတွေက ချက်ချင်းသဘော ပေါက်ကြသည်။
အကူအညီပေးရေးအဖွဲ့များ ဆီက ဝေမျှပေးနေသော အ ထောက်အပံ့အကူအညီများကို ရရန် မွေးစကလေးများကို လက် မှာချီထားသော မိန်းမများကို စေ လွှတ်ဖို့ ဒုက္ခသည်များက သဘော ပေါက်လာကြသည်။ ငိုနေသော ကလေးများကြောင့် တန်းစီသည့် အခါ ရှေ့ဆုံးတန်းကို ရောက်သွား စေသည်။
ထိုအတတ်များက သဘာဝ အလျောက် ရှင်သန်ရပ်တည်ရေး အတွက် တတ်လာသည့်အရာသာ ဖြစ်သည်။ မိသားစုကို ကျွေးမွေး ဖို့ ဘယ်သူကကော ဒါမျိုးတွေ မလုပ် ဘဲ နေမလဲ။
သို့သော်လည်း ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံဇာတ်လမ်း တွေက ဘင်္ဂါလီဒုက္ခသည်များအ ပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် များ၏ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ရွာတွေအမြောက်အမြား မီး လောင်ခံရမှုတွေ ကြုံခဲ့ရသည့် တကယ့်အစစ်အမှန် ရင်နာစရာ အဖြစ်တွေကို တန်ဖိုးမဲ့သွားစေ သည်။ ယခုကဲ့သို့ ပိုပိုသာသာ ဇာတ်နာအောင် လုပ်ကြံထည့် ထားသည့် ဇာတ်လမ်းတွေက မြန်မာအစိုးရ၏ ငြင်းဆိုမှုဖြစ်သည့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေသည့် အရာများမှာ နိုင်ငံတကာက ထင် သလို လူမျိုးသုတ်သင်ရှင်းလင်း ရေးမဟုတ်ကြောင်း နိုင်ငံခြားက ကျူးကျော်သူများ၏ လုပ်ကြံမှုပါ ဆိုသည်ကို ထောက်ခံပေးသလို ဖြစ်စေသည်။
မြန်မာအစိုးရ၏ တရားဝင် ပြောကြားထားသည့် ဇာတ်လမ်း ကမူ အောက်ပါအတိုင်းဖြစ်သည်။ ဘင်္ဂါလီများသည် လူဦးရေပေါက် ကွဲမှုဖြစ်နေသည့် ဘင်္ဂလားဒေ့ရှ် မှ တရားမ၀င်အခြေချလာသူများ ဖြစ်၏။ မွတ်စလင်ယောက်ျားများ သည် မိန်းမအများအပြားယူကြ သည့်အတွက် မြန်မာနိုင်ငံ၏ အဓိ ကလူမျိုးစုဖြစ်သည့် ဗုဒ္ဓဘာသာ များထက် သူတို့ကလျင်မြန်စွာ လူဦးရေတိုးလာနေသည်။
သည်ပြောဆိုချက်ကို ချေပ ဖို့ အထောက်အထားများ အများ အပြားရှိသည်။ သည်ဒေသမှာ မွတ်စလင်မျိုးနွယ်စုများ ရှိနေသည် မှာ မျိုးရိုးအစဉ်အဆက်ကတည်းက ဖြစ်သည်။ ရာစုနှစ်ဝက်ကျော် သည်အထိ မြောက်ပိုင်း ရခိုင်ဒေ သက မွတ်စလင်နှင့် ဗုဒ္ဓဘာသာ ၀င် လူဦးရေအချိုးအစားမှာ သိသိ သာသာ ပြောင်းလဲခြင်းမရှိပါ။
သို့သော်လည်း ဘင်္ဂါလီများ နေထိုင်ခဲ့သည့် ဒေသသို့သွားရန် မြန်မာအစိုးရကကန့်သတ်ထား ခြင်း၊ ကုလသမဂ္ဂက ထိပ်တန်းတာ ၀န်ရှိသူများကို တိုင်းပြည်သို့အ၀င် မခံခြင်းတို့ကြောင့် စုံစမ်းစစ်ဆေး သူများနှင့် သတင်းစာဆရာများအ တွက်သည် ပြဿနာနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် အချက်အလက် စုံ စမ်းရယူဖို့ မဖြစ်နိုင်ပါ။ လူတွေအ မြောက်အမြား မြှုပ်နှံခံရသည့် သတင်းကိုထောက်လှမ်းရန် ကြိုး စားခဲ့သည့် ရိုက်တာသတင်းဌာန ၏ ပြည်တွင်းသတင်းထောက်များ ပင် အချုပ်ထဲရောက်နေပြီ ဖြစ်၏။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများထဲက ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများနှင့် ကြုံလာခဲ့ သူများကိုသာ မေးမြန်းရဖို့ဖြစ်လာ ခြင်းပင်၊ ကလေးတစ်ဦး၏ ကိုယ်ပေါ်က လတ်လတ်ဆတ်ဆတ် သေနတ်ဒဏ်ရာက အဖြစ်ဆိုးများရှိခဲ့သည်ဆိုသည့် သက်သေဖြစ်သည်။
လူတိုင်းကိုမေးလာကြသည် ထဲက လူ ၁၂ ဦးလောက်၏ ပြော စကားများသာ ကျွန်မမှတ်စုထဲမှာ ကျန်ရစ်ခဲ့သည်။ သို့သော် ကျွန်မ တို့၏ သတင်းဆောင်းပါးတိုင်းမှာ လိုအပ်သည့် သတင်းထောက် သည် သူများပြောသမျှ မယုံဘဲ မဖြစ်မနေ သံသယရှိရမည်ဆို သည့် အချက်ကသူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကို ထိခိုက်စေ သည်။ အဓမ္မအကျင့်ခံရတာကို သူစိမ်းတစ်ဦးအား ဖွင့်ပြောသည့် ဘင်္ဂါလီအမျိုးသမီးတစ်ဦးအနေ ဖြင့် သူပြောတာကို မယုံကြဘူးဟု သိလျှင် ဘယ်လိုခံစားရမလဲ။
အခြားတစ်ဖက်မှာလည်း ကျွန်မမြင်တွေ့ရသည့် နိုင်ငံခြား သတင်းမီဒီယာများမှာပါသည့် ဘင်္ဂါလီလူမျိုးများ ပြောသည့် ဇာတ်လမ်းများမှာ မမှန်ကြောင်း ကျွန်မသိလာသည်။ တကယ့်ခံစား မှု အပြည့်အ၀ရင်နာစရာ ဇာတ် လမ်းများကဲ့သို့ အချို့ကိစ္စများမှာ အလွန်အကျူးတွေ ဖြစ်နေကြ သည်။
သို့သော်လည်း ပြီးခဲ့သည့် ငါးလကျော်ကျော်မှာ ဘင်္ဂါလီခုနစ် သိန်းခန့် ဘင်္ဂါလာဒေ့ရှ်ကို ပြေးဝင် လာခဲ့သည့်ဆိုသော အဖြစ်ဆိုးကို လျှော့တွက်တာမဟုတ်ပါ။ ပြီးခဲ့ သည့် နှစ်က တစ်လအတွင်းဘင်္ဂါ လီလူမျိုး ၆,၇၀၀ ခန့် အကြမ်းဖက် မှုများကြောင့် သေဆုံးခဲ့ရသည်ဟု နယ်စည်းမခြားဆရာဝန်အဖွဲ့က ခန့်မှန်းတွက်ဆထားသည်။ ကျန်းမာရေး အကူအညီပေးရေးအဖွဲ့ များက ထိုအရေအတွက်ကိုပင် နည်းသေးသည်ဟု ဆိုသည်။
လေးရက်ကြာအောင် အ သက် (၉)နှစ်အရွယ် နူးရှက်ဆို သည့် ကောင်လေးတစ်ဦးကို ကျွန် မမေးမြန်းခဲ့ပြီး သူ့ဇာတ်လမ်းကို အကုန်ရလာခဲ့သည်။ ကျွန်မ၏ မှတ်စုစာအုပ်ထဲမှာ သူ၏အိမ်နှင့် မြန်မာစစ်သားတွေ သူ့မိဘများကို ကြိုးဆွဲချသည့် သစ်ပင်ပုံကို သူက ဆွဲပြခဲ့သည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်ကို လာရန် မြစ်ကိုဖြတ်ကူးခဲ့စဉ်က သူ ကိုင်ထားခဲ့သော ရေဘူးကိုဆွဲပြ သည်။ သူကဖိနပ်ပါးကို ခါးမှာ ထိုးပြီးနွယ်ကြိုးတွေနှင့် ချည်ခဲ့ သည်ဟု ဆိုသည်။ ဖိနပ်ပါးများ က သေဆုံးသွားသော သူမိခင်ဆီ က ဖြစ်သည်။ သူကပုံတွေကိုကြည့် ပြီး ငိုရှိုက်၏။
သို့သော်ငြား သူ့စကားများ မှာ ရှေ့နောက်မညီတာတွေလည်း ရှိ၏။ သူသည် မြန်မာပြည်မှာ လူ ကြိုက်မများ ဘင်္ဂလားဒေ့ရှ်မှာသာ လူကြိုက်များသော ခရစ်ကတ် အားကစားကို ကြိုက်သည်ဟု ဆို သည်။ သူ့အဘိုး၊ အဘွားတွေကို မြန်မာစစ်တပ်က သတ်ခဲ့သည်ဟု သူပြော၏။ သို့သော် နောက်ပိုင်း တွင် သူတို့ဘာသာ ရောဂါနှင့် သေသည်ဟု ပြောပြန်သည်။
သူလာခဲ့သည်ဟု ယူဆရ သော ရွာကရွာသားတွေကို ကျွန်မ တွေ့ခဲ့ရသည်။ သစ်ပင်ကနေ ကြိုး ဆွဲသတ်ဖို့ ဆိုတာ ဝေလာဝေး။ ထိုရွာမှာ ဘယ်သူမှအသတ်မခံခဲ့ရ ဘူးဆိုတာ သိရသည်။
ထိုသို့ဆိုလျှင် နူးရှက်က ဘယ်ကနေလာပါသလဲ။ ကုတူပါ လန်ဒုက္ခသည်စခန်းက ဈေးထဲမှာ ငိုနေသောသူ့ကို လူတွေကတွေ့ခဲ့ ရသည်။ တခြားဒုက္ခသည်များက ကျောင်းတစ်ကျောင်းသို့ သူ့ကို ခေါ်လာပြီး ထိုကျောင်းမှာ အမျိုး သမီးနှစ်ဦးက ပွေ့ဖက်နှစ်သိမ့်ကာ ဟင်းတွေပေးခဲ့ကြသည်။ သိသာ သည်ကတော့ သူ့မှာ ဆိုးဆိုးရွား ရွား တစ်ခုခုနှင့် ကြုံခဲ့ပုံရသည်။ သို့သော် သည်နေ့အထိ မည်သူက မျှ သူ့ဇာတ်ကြောင်းအမှန်ကို မဖော်ထုတ်နိုင်ကြချေ။
ကလေးတွေဘာကြောင့် အ မှန်တွေကို မပြောရသလဲဆိုသည့် ဆေးပညာဆိုင်ရာ ရှင်းပြချက်တစ် ခု ရှိသည်။ ငယ်ရွယ်နုပျိုသည့် စိတ်အတွေးများသည် တကယ် ဖြစ်ခဲ့သော ဖြစ်ရပ်များနှင့် တခြား က ကြားခဲ့သည့် ခပ်ဆင်ဆင်ဖြစ် ရပ်များကို စွဲနေတတ်သည်ဟု ဆို သည်။
‘‘ကြမ်းကြုတ်ရက်စက်မှုတွေ ကို ကြားရုံပဲကြားလာခဲ့ရတဲ့ ကလေးတွေမှာတောင် ကြောက် စိတ်က သူတို့ထဲမှာ စွဲနေပြီ။ သူ တို့အနေနဲ့ ဒါဟာသူတို့မြင်ခဲ့ရတာ လား၊ ကြားခဲ့တာလားဆိုတာခွဲနိုင် ဖို့ သိပ်ခက်တယ်။ ကြောက်စရာ ကောင်းတဲ့ ရုပ်ရှင်တစ်ခုကို ကြည့် ရသလိုပေါ့။ ကလေးတွေရဲ့အ တွေ့အကြုံက လူကြီးတွေနဲ့ မတူ ဘူး’’ဟု ဘင်္ဂင်္လားဒေ့ရှ်နိုင်ငံ ကော့ ဘဇားရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ပြောခွင့်ရသူ ဘန်ဂျမင်စတိန်လီရှနာက ပြောကြား သည်။
မိန်းကလေးလေးဦး၏ အဖေ မစ္စတာဟိုစိန်၏ ဘ၀ကိုလည်း ကျွန်မကောင်းကောင်း နားလည် သွားသည်။ မြန်မာနိုင်ငံကို ခေတ္တ ပြန်စဉ်တွင် အသားဖြူဖြူသွယ် သွယ် အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးကို မြင်ခဲ့သည့် အချိန်ကစပြီး သူ့မှာဒုက္ခစဖြစ်တော့သည်ဟု ဟိုစိန်က ပြောသည်။
‘‘သူကသိပ်လှတော့ ကျွန် တော်လည်း သူ့ကိုလက်ထပ်ချင် သွားတယ်’’
ကလေးသူငယ်များကို လက် ထပ်ခြင်းကလည်း ဘင်္ဂါလီများအ ကြားမှာ ရင်နာနာနှင့်တွေ့ရသော ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သည်။ မကြာခင် ဟိုစိန်သည် မိန်းမသုံး ဦးကြားမှာ လွန်းပြန်ထိုးသွားလာ နေရတော့၏။ မည်သည့် မိန်းမက မှ ဟိုစိန်၏ တခြားမိန်းမအကြောင်း ကို မသိကြပါ။ သို့သော် မိန်းမသုံးဦးယူသည်ဆိုတာကိုများလှသည်ဟု ဟိုစိန်ကမထင်။ သူ့အဖေဆိုလျှင် မိန်းမခြောက်ယောက်နှင့် ကလေး ၄၂ ယောက်တောင် ရှိ သည်ဟု သူကဆိုသည်။
သို့သော် သူ၏မိသားစုဆက် ဆံရေးကို မျှတအောင်လုပ်ရာမှာ သူသိပ်မကျွမ်းကျင်ဟု ဟိုစိန်က ၀န်ခံသည်။ သူတို့ရွာမီးလောင်ခံရပြီး သူ့သမီးလေးဦးက ဘင်္ဂလားဒေ့ရှ်မှာနေဖို့ ရောက်လာသော အခါ သူနှင့်အတူ လီဒါဒုက္ခသည် စခန်းထဲမှာနေထိုင်သည့် သူ့မိန်းမဇာဂျီဒါက စိတ်ဆိုးသည်။
‘‘ကျွန်မယောက်ျားက မကောင်းတဲ့ လူတစ်ယောက်ပါ။ သူ့အလိမ်အညာတွေကို ကျွန်မ စိတ်ကုန်လှပြီ’’ဟု မိန်းကလေး လေးဦး၏ ဇာစ်မြစ်ကိုပြောပြပြီးသောအခါ ဇာဂျီဒါကဆိုသည်။
ထို့နောက် ကျွန်မက မစ္စတာဟိုစိန်ကို ဖုန်းခေါ်သောအခါ သူ က သိပ်ကျေလည်ပုံမရပါ။
‘‘ခင်ဗျားပြန်သွားတာနဲ့ ဒီမိန်းမကို ကျွန်တော်ရိုက်ထား တယ်။ နက်ဖြန်လည်း ရိုက်ရဦး မယ်’’
သူတို့မိသားစု၏ ရှုပ်ထွေးလှ သော အဖြစ်မှန်ကို ဟိုစိန်၏မရီး ကလည်း ရှင်းပြသည်။ ဇာဂျီဒါ၏ ရိုးသားစွာပြောပြမှုကြောင့် သူ့ ယောက်ျားဟိုစိန်၏ အရိုက်ခံရ သည်ဟု အိမ်နီးနားချင်းတစ်ဦးက နောက်ပိုင်းမှာ ကျွန်မကို သတင်း ပေးလာသည်။
အထီးကျန်ဖြစ်နေသော မိန်း ကလေးများ၏ အခက်အခဲပြဿ နာကို အသားပေးရမည့်အစား ကျွန်မ၏သတင်းမေးမြန်းခြင်းက အိမ်ထောင်စုနှစ်စု၏ အိမ်တွင်း အကြမ်းဖက်မှုကို ပိုဆိုးလာစေ သည်။ ဇာဂျီဒါကိုမေးမြန်းခဲ့သော နေ့များကို ကျွန်မနောင်တရမိ သည်။
သူ့ယောက်ျား၏ သမီးတွေ ကို မြန်မာပြည်ဘက်ပြန်ပြီး ပျောက် သွားစေချင်သည်ဟု ပြော သည့်အခါ ဇာဂျီဒါ၏ အကြင်နာ ကင်းမဲ့ပုံကို မြင်ခဲ့ရသည်။ သို့ သော် ထိုညမှာပင် သူ့ယောက်ျား က သူ့ကိုရိုက်ခဲ့ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူ၏ အငယ်ဆုံးမိန်းမ ဆီက သမီးလေးဦးကို မကြို ဆိုခဲ့မှု အတွက် ကျွန်မကမတ်တတ်ရပ် ပြီး သူ့ကိုဝေဖန်စိစစ်နေချိန်မှာ သူ တို့အိမ်ကြမ်းပေါ်မှာ ပိုးဟပ် တွေက ပြေးလွှားနေကြသည်။ ကြွက်တစ်ကောင်ကလည်း နောက်က နေ လိုက်ပြေးသွားခဲ့သည်။
ဇာဂျီဒါကတော့ စပြီးငိုနေပါ ပြီ။နေရာတိုင်းမှာ ဘင်္ဂါလီတဲတွေ ၏ အိမ်နံရံအဖြစ်လုပ်ထားသည့် ၀ါးကပ်နံရံတွေကနေပြီး ကလေး တွေ၏ မျက်လုံးများက ကျွန်မ သွားလာလှုပ်ရှားမှုတွေကို လိုက် ကြည့်နေကြသည်။ သည်နေရာ မှာ ကျွန်မဘာလာ လုပ်နေတာလဲ။ ဇာဂျီဒါကဲ့သို့ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးကို ငိုရအောင် ကျွန်မကဘာတွေများ လုပ်ခဲ့သလဲ ဆိုတာကို သူတို့တွေ အံ့သြနေကြသည်။
7Day News
နယူးယောက်တိုင်းမ်သတင်းစာ ပါ ဆောင်းပါးရှင် Hannah Beech ၏ The Rohingya Suffer Real Horrors. So Why are some of their Stories Untrue? ကို ဘာ သာပြန်ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment