Latest News

Friday, February 16, 2018

ပုသိမ်မြို့ရှိ သစ်ညိုကုန်းသုသာန်အား ပိတ်သိမ်း နိုင်ရေး တိုင်းဒေသကြီး အစိုးရထံ တင်ပြမည်

ပုသိမ်မြို့ရှိ သစ်ညိုကုန်းသုသာန်အား ပိတ်သိမ်း နိုင်ရေး တိုင်းဒေသကြီး အစိုးရထံ တင်ပြမည်

ပုသိမ်၊ ဖေဖေါ်ဝါရီလ ၁၇ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ် ၁နယ်မြေ သစ်ညိုကုန်းရပ်ကွက်ရှိ နှစ်ပေါင်း၁၀ဝန်းကျင်ခန့် ရှိသည့် သစ်ညိုကုန်း သုဿန် အားပိတ်သိမ်း နိုင်ရေး အတွက် ဖေဖေါ်ဝါရီလ တတိယပတ် အတွင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ထံ တင်ပြ သွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံး မှသိရှိရသည်။

သဂြိုလ်ရန်မြေ နေရာ မရှိတော့ခြင်း လူနေအိမ်ခြေများနှင့် နီးကပ်စွာ ရှိလာခြင်း သဂြိင်္ုလ်သည့် မြေနေရာထပ်ကာ တူးဖေါ်ရသဖြင့် အချင်းများမှု ရှိနေခြင်း တို့ကြောင့် လက်ရှိ အနေအထားတွင် သင်္ဂြိုလ်တာနှင့်ပက်သတ်ပြီး ခွင့်ပြုရန် အခက်အခဲ ရှိနေသောကြောင့် ယခုလိုအစိုးရ အဖွဲ့ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ သဘောထား ရရှိရန် ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း  ပုသိမ်မြို့ စည်ပင်သာယာ ကော်မတီ ဥက္ကဌ ဦးဇော်ထွန်းခိုင် ထံမှသိရသည်

"အဲသချိုင်းမှာကစဏ္ဏာလလည်းမရှိတာကြာပြီ  မြေနေရာကလည်း သဂြိုလ်ဖို့ ဆက်ထားနေရင်း အခက်အခဲဖြစ်နေတယ် ဒါကြောင့်ပိတ်သိမ်းသင့်နေပြီ"ဟုပုသိမ်မြို့ စည်ပင်သာယာ ကော်မတီ ဥက္ကဌ ဦးဇော်ထွန်းခိုင်မှပြောသည်

ပုသိမ်မြို့နယ် နှင့် ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တို့၏ ကန့်ကွက်ရန် မရှိ သဘောထား ရရှိ ပြီးဖြစ်တဲ့ အတွက် တိုင်းအစိုးရအဆင့် ကိုဆက်လက် တင်ပြရခြင်းဖြစ်ကြောင်း ၄င်းကရှင်းလင်းပြောကြားသည်

ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ သဘောထား တောင်းခံ မှုအား ပုသိမ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဌာနက စီစစ်ပြီး ကန့်ကွက်ရန် မရှိကြောင်း ပြန်လည်တင်ပြ လာသဖြင့် ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့်  လုပ်ထုံးလုပ်နည်း နှင့် အညီ ဖေဖေါ်ဝါရီလ ၅ ရက် နေ့က ကန့်ကွက်ရန်ဟု  သဘောထားပေး ခဲ့ပြီး ဖြစ်ကြောင်း ပုသိမ်ခရိုင် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူး ထံမှသတင်းရ ရှိသည်

အဆိုပါနေရာတွင် ၁၉၂၀ ကျောင်းသားသပိတ် ခေါင်းဆောင် ပုသိမ် ဇာတိ ၎င်းရပ်ကွက်နေ ဦးထွန်းဝင်း ရဲ့ ဂူဗိမ္မာန် ရှိသည်

သတင်းထောက် ရွှေရည်ဝင်း(တိုင်းဧရာ)

No comments:

Post a Comment