Latest News

Sunday, February 18, 2018

ကုန်တင်ယာဉ်များ ကတ္တား ချိန်တွယ်ရာတွင် တိုးဂိတ်များရှိ ကတ္တား အလေးချိန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မည်

ကုန်တင်ယာဉ်များ ကတ္တား ချိန်တွယ်ရာတွင် တိုးဂိတ်များရှိ ကတ္တား အလေးချိန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မည်

ရန်ကုန်   ဖေဖော်ဝါရီ   ၁၈

ယခုနှစ် ဖေဖော်ဝါရီ  ၂၂ ရက်မှစ၍ ကုန်တင်ယာဉ်များ ကတ္တားချိန်တွယ်ရာတွင်   တိုးဂိတ်များ၌ရှိသည့်  ကတ္တားအလေးချိန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ကုန်တင်ယာဉ်များအား   လမ်းများပေါ်ရှိ BOT လမ်းတံတား၊ တိုးဂိတ်များ၌ တပ်ဆင် အသုံးပြုလျက်ရှိသည့် ကတ္တားများဖြင့် ချိန်တွယ်ရာ၌ ဂိတ်တစ်ခုနှင့်တစ်ခု အလေးချိန် ကွာဟခြင်းကြောင့်  အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားနေခြင်းကို   ယခုကဲ့သို့ ဖြေရှင်းပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရန် ကတ္တားကုမ္ပဏီများက ဇန်နဝါရီ ၁၁ ရက်မှ  ဖေဖော်ဝါရီ  ၃ ရက်အထိ လမ်း၊ တံတား၊ တိုးဂိတ်များ၌ရှိသည့် ကတ္တားအားလုံးကို အလေးချိန် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အခြေအနေများ ဆောင်ရွက်မှုပြီးစီးခဲ့ကြောင်း သိရသည်။

ကုန်တင်ယာဉ်များ အနေဖြင့် သတ်မှတ် တန်ချိန်များအတိုင်း တင်ဆောင်ဖြတ်သန်း မောင်းနှင်ရမည်ဖြစ်သည့်အပြင်  သတ်မှတ်ထားသော စည်းကမ်းချက်များအား  လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကာ    တန်ပိုတင်ဆောင်လာသော ကုန်တင်ယာဉ်များ အနေဖြင့်လည်း တိုးဂိတ်များကို ရှောင်ရှားမောင်းနှင်မှု မပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ကတ္တားအလေးချိန် သတ်မှတ်ချက်များသည် တိုးဂိတ်အားလုံး၌ တစ်ပြေးညီတည်း ဖြစ်စေရန် စနစ်တကျ ပြင်ဆင်ပေးသင့်ပြီး ကတ္တားကိုင်တွယ်မှုများ အပေါ် စစ်ဆေးခြင်း များကိုလည်း ဆောင်ရွက်ပေး သင့်ကြောင်း၊ ကုန်တင်ယာဉ်များ သတ်မှတ်တန်ချိန်အတိုင်း တင်ဆောင်ဖြတ်သန်း မောင်းနှင်မည်ဆိုပါက လက်မှတ်ရ စစ်ဆေးပေးအဖွဲ့၏ အမည်ကို ဖော်ပြထားသင့်သည့် နည်းတူ လစဉ် စစ်ဆေးပေး သည်နှင့် အငြင်းပွားမှုများ မဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးသင့်ကြောင်း ကုန်တင်ယာဉ်မောင်းများက အကြံပြု ထားကြသည်။မြ၀တီ

No comments:

Post a Comment