ပုဂံ ဖေဖော်ဝါရီ ၁ဝ
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ပြည်တွင်း ပြည်ပမှ ဧည့်သည်များ နေ့စဉ် လာရောက်လည်ပတ်လျက်ရှိရာ ပုဂံမြို့မှ အလှစီး လှည်းယာဉ်များအား ပြည်ပ ခရီးသည်များ စိတ်ဝင်စားမှုများပြား ကြောင်း သိရသည်။
ပိုမိုစိတ်ဝင်စား
''လှည်းယာဉ်ကတော့ ပြည်ပခရီး သည်တွေက ပိုမိုစိတ်ဝင်တစား ငှားစီး ကြတာများတယ်၊ ကျွန်တော်တို့ ပြည်တွင်းဧည့်သည်ကတော့ ငှားစီးတာ နည်းတယ်၊ လှည်းယာဉ်တစ်စီးကို နှစ်ယောက်စီးလို့ ရပါတယ်၊ စီးခက ငွေ$ကျပ်တစ်သောင်းပါ''ဟု လှည်း ယာဉ်ပိုင်ရှင် ဦးပိုက်က ပြောသည်။
ပုဂံမြို့ဟောင်းတွင် လှည်းယာဉ် ပိုင်ရှင်များမှ လှည်းယာဉ်အသင်း ဖွဲ့စည်း ထားရှိပြီး လှည်းယာဉ် ၂၅ စီးခန့်ရှိ ကြောင်း သိရသည်။
''လှည်းယာဉ်စီးချင်ရင် လှည်းခေါင်း ကို ဖုန်းဆက်ပြီး ငှားရတာပါ၊ နှစ်ရက်၊ သုံးရက်လောက် ကြိုပြောရတယ်၊ နွားလှည်းစီးရေက နည်းလို့ပါ'' ဟု ပုဂံ မြို့ဟောင်းမှ လှည်းယာဉ်အသင်း ခေါင်းဆောင် ဦးထွန်းအေးက ပြောသည်။
အိမွန်ဆွေ(ရေစကြို)မြန်မာ့အလင်း
No comments:
Post a Comment