Latest News

Tuesday, February 13, 2018

အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်

အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်

ကျောက်ဆည်၊ဖေဖော်ဝါရီလ (၁၃) ရက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး မိုင်တိုင်အ မှတ်(၄၀၀/၁)တွင် ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်းကို သတင်းအရတာဝန်မှူး ဒုရဲအုပ် မြတ်ကိုကို မှ သက်သေများနှင့်အတူ ဖေဖော်ဝါရီလ(၁၃)ရက်၊ ည(၁)နာရီတွင် သွားရောက် စစ်ဆေးကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဇော်ဝင်းထွန်း၊ (၃၀)နှစ်၊ ယာဉ်မောင်း၊ ရှမ်းပွဲကွက်သစ် ရပ်၊ မြစ်သားမြို့နေသူ မောင်းနှင်လာသော 4A/----- နံပါတ်ပါ ဟိုင်းလက်အမျိုးအစား (အဖြူရောင်)လေးဘီးယာဉ်(မြင့်မြတ်သူ)မြစ်သား-မန္တလေးယာဉ်လိုင်းကားသည် ရန်ကုန်- မန္တလေးလမ်းအတိုင်း တောင်မှမြောက်သို့မောင်းနှင်စဉ် မိုင်တိုင်အမှတ် (၄၀၀/၁) အနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏အရှေ့ဘက်ခြမ်းသစ်ပင်အားဝင်တိုက်မိပြီး တိမ်း မှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာသော ဦးတင်(၇၁)နှစ်၊ ရှမ်းပွဲရပ်၊ မြစ်သားမြို့နေသူတွင် နဖူး(၁)လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်မျက်ခုံး အထက်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်ပါးပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ယာဘက်လက်ပြင်နာကျင်ဒဏ်ရာ(စိုးရိမ်ရ)၊ မချိုမာ(၄၄)နှစ်၊ရှမ်းပွဲရပ်၊ မြစ်သားမြို့နေသူတွင် ယာဘက်လက်မောင်းနာကျင်ဒဏ် ရာ၊ နောက်ကျောနာကျင်ဒဏ်ရာ၊ မခင်စန်း(၅၁)နှစ်၊ ရှမ်းပွဲရပ်၊ မြစ်သားမြို့နေသူတွင် နဖူးထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်ပေါင်ဖူးရောင်နာကျင်ဒဏ် ရာ၊ မညိုလွင်(၄၈)နှစ်၊ ရှမ်းပွဲရပ်၊ မြစ်သားမြို့နေသူတွင် ဦးခေါင်းယာဘက်ဖူးရောင်၊ ဝဲဘက်ပါးရောင်ဒဏ်ရာ၊ ယာဘက်နံရိုးနာကျင်ဒဏ်ရာ အသီး သီးရရှိခဲ့ပြီး ယာဉ်မောင်း ဇော်ဝင်းထွန်း မှာ ထွက်ပြေးတိမ်းရှောင်ခဲ့၍ ယာဉ်မောင်းအား ဒုရဲ အုပ်မြတ်ကိုကို မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျောက်ဆည်မြို့ရဲစခန်းက အရေးယူမှုဖြင့် အမှုအား လ ၂၂၂၁၉၆ ဒုရဲအုပ် မြတ်ကိုကို မှ စစ်ဆေးရဲလုပ်ငန်းများပြည့်စုံအောင်ဆောင်ရွက်လျက် ဒဏ်ရာရရှိသူ(၄)ဦး အနက် ဦးတင် မှာ ကျောက်ဆည်ဆေးရုံမှတဆင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိ ရာ ယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် န။ထအဖွဲ့နှင့်အတူ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ခင်မောင်လွင်(မြန်​မာ့အလင်း)

No comments:

Post a Comment