Latest News

Tuesday, February 13, 2018

အမေရိကန်ရဲ့ ပြောင်းလဲလိုက်တဲ့ အခွန်ဥပဒေ က္ဘာ့ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်းအပေါ် အကျိုးသက်ရောက်မှာလား

အမေရိကန်ရဲ့ ပြောင်းလဲလိုက်တဲ့ အခွန်ဥပဒေ က္ဘာ့ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်းအပေါ် အကျိုးသက်ရောက်မှာလား

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံ စူးစိုက်မှုကို အထူးလိုအပ်နေတဲ့ ဖွံ့ဖြိုး မှုအနည်းဆုံး   နိုင်ငံတွေဟာ ၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုရည်မှန်းချက်ကို အကောင်အထည် ဖော်ရန်   မလွယ်ကူသေးကြောင်း အသစ်ထုတ် ပြန်လိုက်တဲ့ကုလသမဂ္ဂ  လေ့လာမှုစစ်တမ်းတွေကဆိုထား သော်လည်း ကုလသမဂ္ဂကုန်သွယ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ  ဖွံ့ဖြိုး မှုအနည်းဆုံးနိုင်ငံတွေဟာ ၂ဝ၁၇ ခုနှစ်မှာ ပျမ်းမျှအားဖြင့်  ၅ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပြီး ၂ဝ၁၈ ခုနှစ် မှာ  ၅  ဒသမ  ၄  ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း  ဖော်ပြခဲ့ပါ တယ်။ အဲဒီပမာဏဟာ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်း ချက်အချက်နံပါတ် ၈ မှာ  ပြထားတဲ့ ပမာဏထက်တော့ လျော့နည်းခဲ့တာ ကို တွေ့ရပါတယ်။    
သို့သော်လည်း  အမေရိကန် နိုင်ငံမှာ ပြည်ပနိုင်ငံတွေရဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ အမေရိကန်နိုင်ငံ လုပ်ငန်း ကုမ္ပဏီတွေရဲ့    ပြည်ပရင်းနှီးမှု စုစုပေါင်းဟာ  က္ဘာ့နိုင်ငံခြား တိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု စတော့ရှယ်ယာ စုစုပေါင်းရဲ့ ထက်ဝက်ခန့်ရှိတယ်လို့ ကုလသမဂ္ဂကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအစည်းအဝေးက ထုတ်ပြန် ခဲ့တဲ့ အစီရင်ခံစာအရသိရပါတယ်။ အမေရိကန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ထက်ဝက်လောက် ရှိတာကြောင့် အမေရိကန်နိုင်ငံရဲ့  အခွန်နှုန်းထား ပြောင်းလဲမှုဟာ က္ဘာ့ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းအပေါ် တိုက်ရိုက်သက် ရောက်မှုများစွာ      ဖြစ်ပေါ်စေမှာ          ဖြစ်တယ်လို့  အဆိုပါ အစီရင်ခံစာမှာ ဆက်လက်ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံရဲ့     အခွန် လျှော့ချရေးနဲ့  အလုပ်အကိုင်အခွင့် အလမ်းဖော်ဆောင်ရေးအက် ဥပဒေ က အမေရိကန်နိုင်ငံလုပ်ငန်းကုမ္ပဏီ တွေ ပြည်ပဌာနခွဲမှာ  အမြတ်ငွေ         ထိမ်ချန်မှုပမာဏများစွာ လျော့ကျ လာနိုင်ဖွယ်ရှိကြောင်း၊  အဆိုပါ  လုပ်ငန်းကုမ္ပဏီတွေရဲ့    ပြည်ပမှာရှိတဲ့ အမေရိကန်ဒေါ်လာနှစ်ထရီလီယံ ငွေကြေးပမာဏဟာ  အမေရိကန် နိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ် ဆိုပါက အမေရိကန်နိုင်ငံရဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ ကာလတစ်ခုအထိ အနုတ်လက္ခဏာဖြင့် မြင့်တက်လာ မှာဖြစ်ကာ က္ဘာ့ရင်းနှီးမြှုပ်နှံမှုအခင်း အကျင်းအပေါ်  သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေမှာ  ဖြစ်ကြောင်း ကုလသမဂ္ဂကုန်သွယ်ရေးနဲ့  ဖွံ့ဖြိုး တိုးတက်ရေးအစည်းအဝေးရဲ့ အသစ် ထုတ်ပြန်လိုက်တဲ့ က္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအလားအလာလေ့လာ ဆန်းစစ်မှုအစီရင်ခံစာမှာ ဖော်ပြခဲ့ ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အခွန်နှုန်း ထားပြောင်းလဲမှုပြုလုပ်တဲ့  အက် ဥပဒေမှာ ယခင်က က္ဘာလုံးဆိုင်ရာအခွန်ကောက်ယူမှုစနစ်မှ    ဒေသ အလိုက်အခွန်ကောက်ယူမှုစနစ်သို့ ပြောင်းလဲလိုက်ပါတယ်။ ဒါကြောင့် က္ဘာလုံးဆိုင်ရာ အခွန်ကောက်ယူမှု စနစ်မှာ အမေရိကန်နိုင်ငံရဲ့ ပြည်ပလုပ်ငန်း ဌာနခွဲတွေမှ  ရရှိတဲ့  ဝင်ငွေတွေဟာ အမေရိကန်နိုင်ငံကိုသာ   ပြန်လည် လွှဲပြောင်းခဲ့မယ်ဆိုပါက အခွန်ပေးဆောင် ရမှာဖြစ်ပါတယ်။   အခွန်ပေးတာကို ရှောင်ရှားချင်တဲ့အတွက် နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီတွေရဲ့ ပြည်ပလုပ်ငန်း ဌာနခွဲတွေမှ   ရရှိတဲ့  ဝင်ငွေတွေကို အမေရိကန်နိုင်ငံကို ပြန်လည်လွှဲပြောင်းခြင်းမပြုတော့ဘဲ ပြည်ပမှာသာ ထားရှိ စေတဲ့ အကြောင်းတရားတွေဖြစ်စေခဲ့ ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အသစ်ထုတ်ပြန် လိုက်တဲ့ အခွန်နှုန်းထားအက်ဥပဒေမှာ လုပ်ငန်းကုမ္ပဏီတွေရဲ့ပြည်ပဝင်ငွေတွေ ကို ထည့်သွင်းစဉ်းစားခြင်းပြုလုပ်တော့မှာ မဟုတ်ပါဘူးလို့ ကုလသမဂ္ဂကုန်သွယ် ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းကုမ္ပဏီတွေရဲ့ ဒါရိုက်တာ   ကျန်ရှောင်နင်က   ပြောပါ တယ်။ အဲဒီလိုလုပ်ငန်း  ကုမ္ပဏီတွေရဲ့ ပြည်ပဝင်ငွေတွေကို ထည့်သွင်းစဉ်းစား ခြင်းမပြုတော့တဲ့အတွက် နိုင်ငံတကာ လုပ်ငန်း ကုမ္ပဏီတွေရဲ့ပြည်ပဝင်ငွေတွေ ကို ထိမ်ချန်ထားလိုတဲ့ အယူအဆတွေကို လျော့နည်းသွားစေမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အသစ်ထုတ်ပြန် လိုက်တဲ့  အခွန်နှုန်းထားပြောင်းလဲမှု အက်ဥပဒေသစ်မှာ နိုင်ငံတကာလုပ်ငန်း ကုမ္ပဏီတွေရဲ့လက်ရှိအချိန်မှာ ပြည်ပမှာ ထိမ်ချန်ထားတဲ့ ငွေကြေးအရင်းအနှီးတွေ ကို တစ်ကြိမ်တည်းဖြင့် အခွန်အားလုံး ကောက်ယူမှာ ဖြစ်ပါတယ်။  အဲဒီလို           တစ်ကြိမ်တည်း  အခွန်ကောက်ယူတဲ့ အတွက်ကြောင့်  နိုင်ငံတကာလုပ်ငန်း ကုမ္ပဏီတွေရဲ့ အခွန်ပေးချေပြီးဖြစ်တဲ့ အရင်းအနှီးတွေဟာ အမေရိကန်နိုင်ငံကို ပြန်လည်ရောက်ရှိဖို့ ဆွဲဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။
အကယ်၍များ အမေရိကန်နိုင်ငံ နိုင်ငံတကာလုပ်ငန်း ကုမ္ပဏီတွေရဲ့ပြည်ပ အရင်းအနှီးပမာဏလျော့ကျလာမယ် ဆိုပါက ယင်းအခြေအနေဟာ က္ဘာလုံး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်း အပေါ်  သက်ရောက်လာမှာပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂကုန်သွယ်ရေးနဲ့  ဖွံ့ဖြိုး တိုးတက်ရေးအစည်းအဝေးက ထုတ်ပြန် ခဲ့တဲ့  အစီရင်ခံစာမှာ  အခွန်နှုန်းထား ပြောင်းလဲမှုကြောင့် ပြည်ပရှိ အရင်းအနှီး တွေဟာ အမေရိကန်နိုင်ငံကို ပြန်လည် ဝင်ရောက်  လာနိုင်ခြေရှိသော်လည်း အမေရိကန်နိုင်ငံအနေနဲ့ အဲဒီလို များပြား လှတဲ့    ငွေကြေးပမာဏ   လက်ခံနိုင်ဖို့ အရည်အချင်းရှိမရှိ   ခန့်မှန်းရန်ခက်ခဲနေ ကြောင်း ရေးသားဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ အသစ်ထုတ်ပြန် လိုက်တဲ့  အခွန်နှုန်းထားပြောင်းလဲမှု အက်ဥပဒေသစ်ကြောင့် အမေရိကန်နိုင်ငံ အတွင်းကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း သစ်တွေ  ပေါ်ပေါက်လာနိုင်ကြောင်း လေ့လာသုံးသပ်သူအချို့က   သုံးသပ်ခဲ့ သော်လည်း အမေရိကန်နိုင်ငံ ဗဟိုဘဏ် အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူတွေအနေနဲ့ကတော့ အခွန် နှုန်းထားပြောင်းလဲမှု အက်ဥပဒေသစ် ကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်နဲ့ ပတ်သက်ပြီး  သတိထားသုံးသပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ     အတွင်းသို့ ပြန်လည်ဝင်ရောက်လာမယ့်   ငွေကြေး တွေဟာ ပထမအချက်အရ လုပ်ငန်းရှယ် ယာရှင်တွေထံသို့ အမြတ်ငွေခွဲဝေပေးခြင်း သို့မဟုတ်  အစုရှယ်ယာတွေ  ပြန်လည် ဝယ်ယူတဲ့  ပုံစံတွေအနေနဲ့သာ  ရောက်ရှိ လာမှာဖြစ်ကြောင်း    သို့မဟုတ်ပါက နောက်တစ်နည်းအနေနဲ့ လုပ်ငန်းကုမ္ပဏီ တွေဝယ်ယူပေါင်းစပ်တဲ့အနေနဲ့ သို့မဟုတ်ြေ<ွကးမြီတွေ ပေးချေခြင်းမှာ အသုံးပြုဖို့ ရောက်ရှိလာနိုင်ကြောင်း၊  ကုန်ထုတ် လုပ်ငန်းတွေအတွက် မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂကုန်သွယ်ရေးနဲ့     ဖွံ့ဖြိုး တိုးတက်ရေးအစည်းအဝေးက  ထုတ်ပြန် ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အသစ်ထုတ်ပြန်လိုက်တဲ့ အခွန်နှုန်း ထားပြောင်းလဲမှု အက်ဥပဒေသစ်အရ အခွန်တွေ လျော့ကျလာခဲ့သော်လည်း နိုင်ငံတကာလုပ်ငန်း ကုမ္ပဏီတွေအနေနဲ့ ပြည်ပမှာ  အတိုင်းအတာတစ်ခုအထိ  အရင်းအနှီးတွေထားရှိရမှာဖြစ်ပြီး ပြည်ပ လုပ်ငန်းတွေ တိုးချဲ့မှု၊  ဝယ်ယူပေါင်းစပ် မှုနဲ့ စီးပွားရေးဈေးကွက်သစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုပြုခြင်း၊ အဲလိုနည်းတွေနဲ့ အမြတ်ငွေတွေ  ရရှိအောင်လုပ်ဆောင် ရမှာဖြစ်ကြောင်း   အစီရင်ခံစာမှာ ဆက်လက်ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ အခွန်နှုန်းထား ပြောင်းလဲမှုအက်ဥပဒေသစ်မှာ  အရင်း အနှီး ဆိုင်ရာအသုံးပြုငွေ ထည့်သွင်းတွက် ချက်ခြင်းကို လုပ်ငန်းကုမ္ပဏီရဲ့ အရင်း အနှီးထဲသို့  ထည့်သွင်းတွက်ချက်မှာ ဖြစ်တာကြောင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကို တွန်းအားတစ်ခုဖြစ်ပေါ်စေမှာ ဖြစ်ပါ တယ်။ ထို့အတူပဲ လက်ရှိလုပ်ငန်းကုမ္ပဏီ တွေကိုလည်း  လုပ်ငန်းတိုးချဲ့မှုနဲ့ အဆင့် မြှင့်တင်မှုတွေ  ဆောင်ရွက်ဖို့ တွန်းအား ဖြစ်စေမှာ  ဖြစ်ပါတယ်လို့  ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့      ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ အစီရင် ခံစာအရ သိရပါတယ်။
အမေရိကန်နိုင်ငံရဲ့ အခွန်နှုန်းထား ပြောင်းလဲမှု အက်ဥပဒေသစ်အတည်ပြုလိုက်ပြီးနောက်ပိုင်းမှာ      ဘိုးရင်းနဲ့ အက်ပဲလ်လုပ်ငန်း    ကုမ္ပဏီတွေအနေနဲ့ အမေရိကန်ပြည်တွင်းမှာ     ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ   ပြုလုပ်သွားမှာဖြစ် တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါ တယ်။
ပြောင်းလဲလိုက်သော အခွန်နှုန်း ထားဥပဒေသစ်အရ  လုပ်ငန်းကုမ္ပဏီ တွေရဲ့ ဝင်ငွေခွန် ၃၅ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါတယ်။ အခွန် လျှော့ချမှုဆောင်ရွက်ခြင်းဟာ လွန်စွာ ကောင်းမွန်တဲ့ ဆောင်ရွက်မှုတစ်ခုဟု ထင်မြင်ရသော်လည်း ရင်းနှီးမြှုပ်နှံမှု ကို ဆွဲဆောင်ရန်မှာ အကန့်အသတ် တစ်ခုရှိနေပါတယ်လို့  ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးရဲ့   ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းကုမ္ပဏီတွေရဲ့    ဒါရိုက်တာ ကျန်ရှောင်နင်က    ပြောပါတယ်။ သို့သော်လည်း    လျှော့ချပေးခဲ့တဲ့ အခွန်နှုန်းထားဟာ  အမေရိကန်နဲ့ အာရှဖွံ့ဖြိုးဆဲစီးပွားရေးအသိုက် အဝန်းရှိ လုပ်အားခကွာဟမှုကို ကုစား မပေးနိုင်ကြောင်း ¤င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်လုပ်ငန်း ကုမ္ပဏီတွေ ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုစုစုပေါင်းတန်ဖိုးဟာ လက်ရှိမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ထရီလီယံရှိပြီး  ¤င်းအနက် လေးပုံတစ်ပုံခန့်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာဖြစ်ပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံ မှုတွေဟာ ကုန်ထုတ်လုပ်ငန်းတွေ ဖြစ် တာကြောင့် ရွှေ့ပြောင်းရန် မလွယ်ကူ သဖြင့် အမေရိကန်နိုင်ငံသို့ ပြန်လည် ဝင်ရောက်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ အခွန် ပြောင်းလဲမှု အက်ဥပဒေသစ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် သက်ရောက် နိုင်မှုဟာ အကန့်အသတ်ရှိနေဆဲ ဖြစ်ပါတယ်။ နိဂုံးချုပ် ပြောရမယ်ဆိုရင် နောင်လာမယ့်အနာဂတ်မှာ က္ဘာ့ နိုင်ငံအသီးသီးကလည်း အခွန်လျှော့ချ ကောက်ခံမှုတွေ အပြိုင်အဆိုင်ဆောင် ရွက်လာနိုင်တဲ့အခြေအနေတွေဖြစ် ပေါ်လာမှာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အခွန်လျှော့ချမှုကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ ရလဒ်တွေအပေါ်  တန်ပြန်  အကျိုးသက်ရောက်မှုတွေရှိလာမှာပဲဖြစ်ပါတယ်။        
တင်လင်းအောင် (မြန်​မာ့အလင်း)
ကိုးကား -ဆင်ဟွာ

No comments:

Post a Comment