ကျောင်းသားထုအခွင့်အရေးများအတွက် နံရံကပ် ကမ်ပိန်း
ရန်ကုန်တွင်ပြုလုပ်
ဓာတ်ပုံ ABFSU (YGN)
ပုသိမ် ဖော်ဖ၀ါရီ ၈
ကျောင်းသားထုအခွင့်အရေးများ ကျာင်းထုတ်ခံထားရသည့် အကြောင်းအရာများနှင့်သက်ဆိုင်သောစာသားများဖြင့်နံရံကပ်ကမ်ပိန်းကိုယနေ့နံနက်ပိုင်းအချိန်ကဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသား ယဉ်ကျေးမှူ့နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများ သမဂ္ဂမှ ၎င်းတို့ကျောင်းဝန်းအတွင်းနီးစပ်ရာနေရာများတွင်
ပြုလုပ်ခဲ့ကြောင်းသတင်းရ သည်
အဆိုပါကမ်ပိန်းတွင် "ကျောင်းသားထု အခွင့်အရေး ကို ကာကွယ်ကြမတရားမှူ့ကို ဆန့်ကျင်ကြဆန္ဒပြကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ချက်ချင်းပေး"နှင့် "ကျောင်းသားထု အခွင့်အရေး ကို ကာကွယ်ကြ" ဟူသောနံရံကပ် ကမ်ပန်းစာသားများပါဝင်သည်
အဆိုပါကမ်ပိန်းနှင့်ပက်သက်ပြီး ကျောင်းသားသမဂ္ဂ ဗကသကျောင်းသားတစ်ဦးကိုတိုင်းဧရာမှဆက်သွယ်မေးမြန်းခဲ့ရာ
"ကျောင်းသားတွေရဲ့အခွင့်အရေးကို လျစ်လျူရှူမနေစေချင်ဘူး ပြီးတော့ လက်ရှိဘက်ဂျက်
တောင်းဆိုထားတဲ့သူတွေကတစ်ဦးတယောက်ကောင်းဖို့မဟုတ်ဘူး အားလုံးအတွက်အနစ်နာခံထားကတာ အဲတော့ သူတို့ကိုကျောင်းပြန်တက်ခွင့်ပေးစေချင်တယ် ဒီမိုကရေစီခောတ်မှာမတရားမှူ့တွင်ပပျောက်စေချင်တယ် မတရားမှူ့မှန်သမျှဆိုရင် ကျောင်းသားသမဂ္ဂအနေနဲ့တခါမှ လက်ပိုက်ကြည့်မနေခဲ့ဖူးပါဘူး ဒါကြောင့်မတရားမှူမှန်သမျှဆန့်ကျင်ကမှာပါ"ဟုပြောသည်
သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ABFSU (YGN)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment