မြန်မာ့ရုပ်ရှင်အစည်းအရုံး အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌသစ်က ''¤င်းအနေဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်လောကသားတို့ ပါဝင်သည့် တွေ့ဆုံပွဲကျင်းပရေး ကိစ္စ ကို ဦးစားပေး ဆောင်ရွက်မည်''ဟု ပြောဆိုသည့်အတိုင်း ရုပ်ရှင် ညီလာခံ ကြီးကို ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ ခံ့ညားထည်ဝါ စွာ ကျင်းပခဲ့သည်ကို တွေ့ရသည်။
မြန်မာ့ရုပ်ရှင်အလုပ်အမှုဆောင်
အဖွဲ့သစ်
အဆိုပါ ရုပ်ရှင်ညီလာခံကြီးတွင် အကြုံပြုချက်များမှ ၈၆ ချက်ကို မှတ် တမ်းတင်အတည်ပြုချက်ရယူခဲ့သော် လည်း အကြံပြုချက် လေးချက်ကိုသာ ဆုံးဖြတ်အတည်ပြုချက် ရယူနိုင်ခဲ့ သည် ဖြစ်ရာ ကျန်အကြံပြုချက်များကို မြန်မာ့ရုပ်ရှင်အလုပ်အမှုဆောင် အဖွဲ့ သစ်အနေဖြင့် ဆက်လက် အကောင် အထည်ဖော်ပေးရမည်ဖြစ်ကြောင်း တွေ့ရသည်။
ဤတွင် ရုပ်ရှင်လောကသားတချို့ ကလည်း ''ညီလာခံကနေ ပြောင်းလဲမှု တွေ ပေါ်ပေါက်လာလိမ့်မည်ကို ယုံကြည်ကြောင်း'' မြန်မာ့ရုပ်ရှင် အစည်းအရုံး၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် မျှော်လင့်နေသည် ဆိုသော ဆွေးနွေးချက်ပေါ်ထွက်နေ သည်ကို တွေ့ရသည်။ ''၂ဝ၁၇ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် သတ်မှတ် ထားသော အကယ်ဒမီဆုအားလုံးပေး ရန် အကယ်ဒမီဘုတ်အဖွဲ့ကို တိုက်တွန်း သွားမည်''ဟု ပြောဆိုခြင်းကို စာရေး သူအနေဖြင့် ကြိုဆိုထောက်ခံပါ ကြောင်းအပြင် အကြံပြုချက်များကို လည်း ရေးသားတင်ပြလိုပါသည်။
မြန်မာ့ရုပ်ရှင် ပြည်သူနှင့်အတူ ရှိနေ စေရန်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲနှင့် ပတ်သက်ပြီး ပြုပြင် ပြောင်းလဲသင့်သည်များကို ပြည်သူများ ၏ အသံများအရ တင်ပြလိုပါသည်။
၂ဝ၁၆ ခုနှစ်က အကယ်ဒမီစာရင်း ဝင် စုစုပေါင်း ၃၃ ကား ရှိခဲ့ရာ ယခုနှစ် တွင် ပိုမိုများပြားလိမ့်မည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် လောကသားများအတွက် ကြီးမားသော မျှော်လင့်ချက်ဖြစ်သည်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ ပွဲဆူခြင်း မဖြစ်ရလေ အောင် ယခုပိုမို ဂရုစိုက်ရမည်ဖြစ်သည်။
ဆန်ခါတင်ဆုစာရင်း
အကယ်ဒမီဆု ဆန်ခါတင်အမည် စာရင်းတင်မကဘဲ နောက်ဆုံးအဆင့် ဆန်ခါတင်ဇာတ်ကားများ၏ အမည် စာရင်းကို ရုပ်ရှင်ချစ်ပြည်သူများကို ထုတ်ပြန်ကြေညာခဲ့ခြင်း အလျင်းမရှိခဲ့ပါ။ မြန်မာ့ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးစွာ အားပေးနေသော ပြည်သူတွေထံ အသိ ပေးထုတ်ပြန်ခြင်းမပြုသည်ကို သတိ ထားမိခဲ့သည်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုများသည် ပြည်သူ တွေနှင့်မသက်ဆိုင်၊ ပြည်သူနှင့်အတူ ရှိမနေဘဲ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး (သို့မဟုတ်) အကယ်ဒမီ ရွေးချယ် ရေးအဖွဲ့နှင့်သာ သက်ဆိုင်သည့် အနေ အထားအဖြစ် တွေ့ရသည်။
အကယ်၍ နောက်ဆုံးအဆင့် ဆန်ခါ တင်ဇာတ်ကားအမည်စာရင်း၊ ဆန်ခါတင် အကယ်ဒမီဆုရသူများ အမည်စာရင်း ထုတ်ပြန်ကြေညာပေးခဲ့ပါက မြန်မာ့ ရုပ်ရှင်အစည်းအရုံးနှင့် အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့တို့အနေဖြင့် ပြည်သူ များထံမှ အသံများ၊ ဝေဖန်မှုများ၊ ချီးကျူးမှုများကို အပြုသဘောဖြင့် ကြား သိခွင့်ရကြပါမည်။ ရွေးချယ်သတ်မှတ် ပေးထားမှုများအပေါ် ဆန်းစစ်နိုင်ရန် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။
မြန်မာ့ဆိုရိုးစကားဖြစ်သည့် ''ဘေး က ကြည့်တော့ ပိုမြင်တယ်'' ဆိုသော စကားအတိုင်း မိမိကိုယ်တိုင် မမြင် မတွေ့ မကြားမိသည့်ကိစ္စများကို မြင် တွေ့ ကြား သိခွင့်များ ရရှိနိုင်မည်ဖြစ် သည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှင့် အကယ်ဒမီရွေးချယ်ရေးအဖွဲ့သည် ယင်းကိစ္စကို မြန်မာ့ရုပ်ရှင်ချစ်သော ပြည်သူနှင့်အတူ ပြည်သူတွေ ကြိုတင် ချိန်ဆ ပျော်ရွှင်မှုဖြစ်ရလေအောင် ပြုပြင် ပြောင်းလဲရေး အရွေ့ဆီသို့ တွန်းပို့ပေး နိုင်ပါက အကောင်းဆုံးဖြစ်ပါမည်။
ဤတွင် က္ဘာ့အဆင့်ဖြစ်သည့် ဟောလိဝုဒ်၏ ကျင်းပပြီးစီးခဲ့သော (၈၉) ကြိမ်မြောက် အကယ်ဒမီဆု၊ အော်စကာ ဆုပေးပွဲကို စေ့ငုတင်ပြလိုပါသည်။ အဆိုပါ ဆုပေးပွဲမတိုင်မီ တစ်လခန့်အလိုတွင် ဆန်ခါတင်အားလုံးကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ကြေညာသည့် အပြင် အဆိုပါ ဆုပေးပွဲတွင် အခမ်း အနားမှူးအဖြစ် ဆောင်ရွက်မည့်သူကိုပါ တစ်ပါတည်း ကြိုတင်ကြေညာသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ထုတ်ပြန်ကြေညာ ခြင်းသည် ပွင့်လင်းမြင်သာရှိမှုအဖြစ် ယူဆပြီး ထွက်ပေါ်လာမည့် စောဒကတက် ဝေဖန်မှုများကိုလည်း ရင်ဆိုင်နိုင်သော လက္ခဏာဖြစ်သည့်အပြင် ဝေဖန် စောဒကတက်မှု ပြဿနာတစ်စုံတစ်ရာ မရှိဟုလည်း တစ်ထစ်ချ ခံယူထားကြပုံရ သည်။
လတ်တလော ရုပ်ရှင်နှင့်ပတ်သက် သော သတင်းဖြစ်ပေါ်မှုများတွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ရွှေက္ဘာလုံး ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် လျာထား သော ဆန်ခါတင်ဆု စာရင်းများကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ရက် ကတည်း ကပင် အမေရိကန်နိုင်ငံ ကယ်လီဖိုး နီးယားပြည်နယ် ဗီဗာလီဟေးလ် နာမည် ကျော် ဟောလိဝုဒ် သရုပ်ဆောင်များက ကြိုတင်ထုတ်ပြန်ကြေညာပေးခဲ့သည် ကို တွေ့ရသည်။
အဆိုပါ ဆန်ခါတင်ကြိုတင် ကြေညာသည့် ထူးချွန်ဆုများ အနေ ဖြင့် ထူးချွန်ဆုအများဆုံး ဇာတ်ကား များ၊ ဘက်စုံသုံးနိုင်ငံခြား ဘာသာ စကားရုပ်ရှင်ဆု၊ တေးဂီတဆု၊ ရုပ်သံ ဖန်တီးမှု ရုပ်ရှင်ဆု၊ အကောင်းဆုံး အမျိုးသားနှင့်အမျိုးသမီး ဇာတ်ဆောင် ဆုများ ပါဝင်သည်ကို တွေ့ရသည်။
ပြုပြင်ပြောင်းလဲမှုအရွေ့တစ်ခု
မြန်မာ့ရုပ်ရှင်သည် မြန်မာတစ်မျိုး သားလုံးနှင့် သက်ဆိုင်သည်ဖြစ်ရာ မြန်မာတစ်မျိုးသားလုံး ဝမ်းမြောက် ဝမ်းသာဖြစ်ရလေအောင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနှင့် အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့တို့အနေဖြင့် ဆန်ခါ တင် ဇာတ်ကားစာရင်းအပြင် ဆန်ခါ တင်သရုပ်ဆောင်ဆုနှင့် အခြားဆုများ ကို လျှို့ဝှက်မထားဘဲ ရဲရဲဝံ့ဝံ့ဖြင့် ပွင့်လင်းစွာ ကြိုတင်ထုတ်ပြန်သင့်သည် ဟု အကြံပြုလိုသည်။ သို့မှသာ မြန်မာ့ ရုပ်ရှင်သည် ပြည်သူတို့နှင့်အတူရှိပြီး ပြုပြင်ပြောင်းလဲမှု အရွေ့တစ်ခု ပေါ် ထွက်လာသည်ဟု သတ်မှတ်ရမည်ဖြစ် သည်။
ထို့အပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုသည် မြန်မာ့ရုပ်ရှင် လောကအတွက် အမြင့်မားဆုံး ဖြစ်ရာ အကယ်ဒမီထူးချွန်ဆုများကို ရွေးချယ် ရာမှာလည်း ရုပ်ရှင်လုပ်ငန်းကို တစိုက် မတ်မတ်ဆောင်ရွက်နေသည့် ရုပ်ရှင်လောကသားစစ်စစ်များဖြင့်သာ ရွေး ချယ်သင့်သည်။ ရုပ်ရှင်လောကသား မဟုတ်ဘဲ အခြားပုဂ္ဂိုလ်များ ပါဝင်လာ ခြင်းမှာ ''လူများပွဲမစည်'' အခြေအနေ ကိုသာ ဆိုက်ရောက်စေသည်ဟု စေတနာကောင်းဖြင့် အကြံပြုရေးသား ရပါကြောင်း။ ။
ခင်မောင်သော်(ကမာရွတ်)မြန်မာ့အလင်း
No comments:
Post a Comment