Latest News

Thursday, February 8, 2018

မြန်မာနိုင်ငံတစ်ဝှန်းမှလူဦးရေ ၈၀၀၀၀ ကျော်အားသွားနှင့် ခံတွင်း ကျန်းမာရေး အခမဲ့စမ်းသပ်စစ်ဆေးပေးမည်

မြန်မာနိုင်ငံတစ်ဝှန်းမှလူဦးရေ ၈၀၀၀၀ ကျော်အားသွားနှင့် ခံတွင်း  ကျန်းမာရေး အခမဲ့စမ်းသပ်စစ်ဆေးပေးမည်

ရန်ကုန်-ဖေဖေါ်ဝါရီ   ၈

မြန်မာတစ်နိုင်ငံလုံးတွင်ပြုလုပ်မည့် ( ၆ ) ကြိမ်မြောက်သွားနှင့်ခံတွင်း တစ်လတာအခမဲ့စစ်ဆေးပေးခြင်းအစီအစဉ်စတင်မိတ်ဆက်သည့် အခမ်းအနားကိုဖေဖေါ်ဝါရီ ( ၇) ရက်မွန်းလွဲကရန်ကုန်မြို့ ၊ ပန်းဘဲတန်း မြို့နယ်ရှိ Junction City တွင်ကျင်းပသည် ။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်းနှင့် Colgate - Palmolive တို့ပူးပေါင်း၍ ဖေဖေါ်ဝါရီ ( ၁ ) ရက်မှ ( ၂၈ )ရက်နေ့ထိပြုလုပ်မည့် အဆိုပါအစီအစဉ်သည်မြန်မာနိုင်ငံနေရာအနှံသို့ရောက်ရှိပြီးမိသားစုများကိုသွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးနိုင် မည်ဟု မျှော်မှန်းထားသည် မြန်မာပြည်သူများသွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးအသိပညာများ အကျိုးကျေးဇူးများရရှိစေရန်ရည်ရွယ်ပြီးလူဦးရေ ၈၀၀၀၀ ကျော်ကို စမ်းသပ် စစ်ဆေးပြုလုပ်သွားမည်ဖြစ်သည် ။
Junction City ဈေးဝယ်စင်တာတွင်လာရောက်လည်ပတ်သူ များကိုသွားနှင့်ခံတွင်းအခမဲ့စစ်ဆေးစမ်းသပ်ပေးပြီးသွားကျန်းမာရေးနှင့်
ပတ်သက်သောအသိပညာများကိုသွားနှင့်ခံတွင်းဆရာဝန်များကရှင်း
လင်းပြောကြားသည်ယခုနှစ်ဖေဖေါ်ဝါရီလတွင်ပြုလုပ်သည့်သွားနှင့်ခံတွင်းကျန်းမာရေးလ အစီအစဉ်တွင်ကလေးငယ်များအပါအဝင် မိသားစုဝင်များသွားနှင့်ခံတွင်းကျန်းမာရေးအသိပညာများယခုထက်ပိုမိုကျယ်ပြန့်စွာသိရှိစေရန်မြန်မာနိုင်ငံတစ်ဝန်းရှိသွားနှင့် ခံတွင်းဆေးရုံ ဆေးခန်းစုစုပေါင်း ( ၅၂၁ )ခန်းနှင့်ချိတ်ဆက်ပြီးဆောင်ရွက် သွားမည်ဖြစ် သည် ။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးသိန်းကြူ ကပြောကြားရာတွင်မြန်မာနိုင်ငံအတွင်းသွားနှင့်ခံတွင်း ကျန်းမာရေးတစ်လတာအစီအစဉ်ကို ( ၆ ) နှစ်ကြာ Colgate နှင့်အတူလက်တွဲဆောင်ရွက် နိုင်သည်ကိုကျေနပ်ကြောင်း တူညီသည့်ရည်ရွယ်ချက်အတိုင်းမြန်မာတစ်နိုင်ငံလုံးရှိကလေးလူကြီးနှင့်မိသားစုများကိုသွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးမှု စောင့်ရှောက် မှုများကို Colgate နှင့်အတူဆက်လက်လက်တွဲဆောင်
ရွက်သွားမည်ဖြစ်ကြောင်း အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ကြောင်း ပြောကြားသွားသည် ။အောင်သူရ(မြန်​မာ့အလင်း)

No comments:

Post a Comment