Latest News

Saturday, February 10, 2018

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၁၅ ဦး အထိရှိလာ

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၁၅ ဦး အထိရှိလာ

ထိုင်ဝမ် ဖေဖော်ဝါရီ ၁ဝ

တရုတ်နိုင်ငံမှ နောက်ထပ်ခရီးသွားသုံးဦးသေဆုံးကြောင်း ဖေဖော်ဝါရီ ၁ဝ ရက်က အတည်ပြုရာ လက်ရှိ ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ဦးရေမှာ ၁၅ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ထပ်မံသေဆုံးကြောင်း အတည်ပြုခံရသူများမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့်  ကလေးတစ်ဦးတို့ဖြစ်ကြောင်းသိရပြီး  ¤င်းတို့၏  ရုပ်အလောင်းကို  ငလျင် လှုပ်ခတ်မှုဖြစ်ပွားရာ ထိုင်ဝမ်ရှိဟွာလင်စီရင်စု၏ ၁၂ ထပ်မြင့် အဆောက်အအုံ အောက်တွင် တွေ့ရှိခဲ့ရကြောင်း  မီးသတ်တပ်ဖွဲ့အာဏာပိုင်များက အတည်ပြုပြောကြား ခဲ့သည်။
အဆိုပါသေဆုံးသူ သုံးဦးမှာ တရုတ်ပြည်မကြီးမှဖြစ်ကြောင်း၊ နောက်ထပ်မိသားစုဝင် နှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် တရုတ်ပြည်မကြီးမှ ခုနစ်ဦး၊ ထိုင်ဝမ်မှ ငါးဦး၊ ဖိလစ်ပိုင်မှ တစ်ဦး၊ ကနေဒါမှ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရပြီး ၂၇ဝ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါငလျင်သည် ထိုင်ဝမ်တွင် ရာစုနှစ် ငါးစုအတွင်း လှုပ်ခတ်ခဲ့သည့် အဆိုးရွား  ဆုံးငလျင်ဖြစ်ကြောင်း သိရသည်။ ဟွာလင်စီရင်စုအကြီးအကဲဖြစ်သူ ဖူကွန်ချီက သေဆုံးသူ၏ မိသားစုဝင်များ အလွယ်တကူလာရောက်နိုင်ရေးအတွက် ကူညီမှုများပေးနေကြောင်း ပြောခဲ့သည်။
မြန်​မာ့အလင်း

No comments:

Post a Comment