Latest News

Saturday, February 17, 2018

မုံရွာ မြို့အ၀င် တိုးဂိတ် အခမဲ့ ဖြတ်သန်းသွားကတ်များယခုလကုန် နောက်ဆုးံထား ထုတ်ပေးမည်

မုံရွာ မြို့အ၀င် တိုးဂိတ် အခမဲ့ ဖြတ်သန်းသွားကတ်များယခုလကုန် နောက်ဆုးံထား ထုတ်ပေးမည်


   မုံရွာမြို့နယ်အတွင်းရှိ  အိမ်စီး ကားများ၊လိုက်ထရပ်ယာဉ်၊ခွေးဘီလူးယာဉ်များကို မုံရွာ-မန္တလေးလမ်း မုံရွာမြို့အ၀င် လမ်းအသုးံပြုခ ကောက်ခံရေး တိုး ဂိတ်အခမဲ့ ဖြတ်သန်းခ ကင်းလွတ်ခွင့်ကတ်များ  ကို မုံရွာခရိုင်လမ်းဦးစီးဌာနတွင် ထုတ်ပေးနေရာ လာရောက်ထုတ်သူ နည်းနေပြီး ဖေဖော်ဝါရီ ၂၈ တွင် နောက်ဆုးံထားထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
     
  မြို့ဝင်တိုးဂိတ်တွင် ယာဉ်ဖြတ်သန်းသွားလာခွင့် အခမဲ့ ကတ်များကို ဇန်န၀ါရီ ၁၀ ရက်နေ့မှ ခရိုင်လမ်းဦးစီးဌာနမှ  စတင်ထုတ်ပေးနေခြင်းဖြစ်ပြီး တစ်လနီးပါး အကြာတွင်  ထုတ်ယူသူမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်းသိရဥည်။ မုံရွာမြို့ပေါ် ရပ်ကွက် ၃၀ တွင် အခမဲ့သွားလာခွင့်ကတ် ထုတ်ယူရမည့် ကားအစင်းရေ ၂၂၂၀ တွင်  ဖေဖောဝါရီ ၇ ရက်နေ့အထိ ၂၆၀ သာ  ကတ်လာထုတ်ထားသည်။ မုံရွာမြို့နယ်ကျေးရွာအုပ်စု  ၅၄ အုပ်စုရှိ ကားအစင်း ၅၇၉ စင်းတွင် ၂၆၂ စင်းသာ လာထုတ်ထားသည်။    
   
   " ကျေးရွာတွေထဲမှာ ပေါက်ပင်ရွာကဆို ခုချိန်ထိ တစ်စင်းမှ လာမထုတ်သေးဘူး၊ ဒီဖေဖော်ဝါရီ လကုန်ဆို ထုတ်မပေးတော့ဘူး၊ ဒီကားအစင်းရေက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ တဆင့် နံပါတ်တွေနဲ့တကွတောင်းထားတာ၊ ဒီ Free Card မပြ နိုင်ရင်တော့ ပိုက်ဆံပေးဖြတ်ရမှာပဲ၊ သတ်မှတ်ရက်နောက်ပိုင်းမှာ လာထုတ်ချင်ရင်တော့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးဆီ အခြေအနေ တင်ပြ နိုင်ရင် အစုလိုက် ထုတ်ပေးမယ်၊ဒီရုးံမှာတော့ ထုတ်မပေးတော့ဘူး "ဟု မုံရွာခရိုင်လမ်းဦးစီးဌာန ဦးစီးမှူးဒေါ်မာလာဝင်း
 ကပြောသည်။
 
 အခမဲ့ဖြတ်ခွင့်ကားများကို မုံရွာမြို့တွင်း နေထိုင်သည့် YGN၊ MDY ၊SGG စသော မည်သည့်နံပါတ်ကို မဆို  မုံရွာမြို့  နန္ဒ၀န်ရပ်ကွက် မြို့နယ် စုပေါင်းရုးံအနီး ခရိုင်လမ်းဦးစီး ရုံးတွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
 
မုံရွာမြို့အ၀င် ရွှေတောင်ကုမ္ပဏီ တိုးဂိတ်သည် မုံရွာမြို့ နယ်အတွင်းရှိ ဘုရားဖူးကားများ၊ ဒေသထွက်ကုန်စည်တင်ကားများကို လမ်းအသုးံပြုခ ကောက်ခံရ၌ မုံရွာ-မြင်းမူ လမ်းပိုင်းကြေးနှုန်းထားဖြင့်ကောက်သောကြောင့် ကားသမားများနှင့် ဒေသခံများမှ  တိုးဂိတ်တွင်ကားများ ပိတ်ဆို့ရပ်၍ တောင်းဆိုမှုများပြုလုပ်ခဲ့သဖြင့် တိုးဂိတ်ကို မုံရွာမြို့နယ်နမိတ်အဆုးံထိ မရွှေ့ပြောင်းမီ ကာလအတွင်း မြို့နယ် အတွင်းရှိကားများအားလုးံကို ဖြတ်သန်းခ ကင်းလွတ်ခွင့်ကတ်များ ထုတ်ပေးခြင်းဖြစ်သည်။

       အခမဲ့ဖြတ်ခွင့်ကတ်ထုတ်ရန် ကျန်ရှိနေသေးသော   ကားများ စာရင်းကို အရပ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ဖေ့ဘုတ်စာမျက်နှာတွင်လည်း ကူညီ ဖော်ပြကြေညာပေးမည်ဟု ၄င်းကော်မတီ အဖွဲ့ဝင် တစ်ဦးကပြောသည်။
ကိုသစ္စာ-မုံရွာ

No comments:

Post a Comment