ရန်ကုန် ဖေဖော်ဝါရီ ၁၄
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁ဝ၃ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း၏ ပုံတူကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် မြကန် သာပန်းခြံ၌ ဖေဖော်ဝါရီ ၁၃ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲသို့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးÓဏ်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဗိုလ်ချုပ်ကြေးရုပ်တုကို ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
''ကျွန်တော်တို့ နိုင်ငံတစ်နံတစ်လျားမှာ ဗိုလ်ချုပ်ရုပ်တုတွေ ဖွင့်လှစ်နေကြပါတယ်၊ ဗိုလ်ချုပ်ကြေးရုပ်တွေဟာ မြင်းစီးနေပုံ၊ ကိုယ်တစ်ပိုင်းပုံ၊ ယူနီဖောင်းနဲ့ပုံတွေ များပါ တယ်၊ ဒီကနေ့ သာကေတမှာဖွင့်တဲ့ ဗိုလ်ချုပ်ရုပ်တုကတော့ မတူကွဲပြားတဲ့ပုံပါ၊ ဗကသဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ပုံပါ၊ ဒီလို ဗိုလ်ချုပ်ရဲ့ဘဝကို ထုဆစ်တဲ့ နေရာမှာ ဗကသဥက္ကဋ္ဌပုံကို ရွေးချယ်ထုဆစ်ခဲ့တဲ့အတွက်လည်း အထူးပဲကျေးဇူး တင်ပါတယ်''ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက ''၂ဝ၁၅ ရွေး ကောက်ပွဲအပြီး မြို့နယ်အတော်များများမှာ ဗိုလ်ချုပ်ကြေးရုပ်တွေ ဖွင့်လှစ်ဖို့ ကြိုးပမ်း လာချိန်မှာ ကျွန်တော်တို့မြို့မှာလည်း ဗိုလ်ချုပ်ကြေးရုပ်တုတစ်ခု ထားရှိသင့်တယ်လို့ ညှိနှိုင်းတိုင်ပင်ကြရာမှ ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၆ ရက်မှာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက် ရေးကော်မတီကို ဖွဲ့စည်းပြီး အများပြည်သူထည့်ဝင်ငွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ ဗိုလ်ချုပ်ကြေးရုပ်ထုလုပ်ဖို့ စဉ်းစားတဲ့အခါမှာလည်း တစ်နိုင်ငံလုံးမှာ ထုလုပ်ခြင်းမရှိ သေးတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ထိုင်နေပုံကို ထုလုပ်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြပါတယ်''ဟု ပြောသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ကို မ္တလေးမြို့ ကြေးသွန်းရပ်ရှိ တပ္ပဝတီဦးလှမြင့်၏သား ကိုအောင်မိုးက ကြေးသွန်းဆရာအဖြစ် ကြီးကြပ်လုပ်ကိုင်ပေးခဲ့ကြောင်း၊ ကြေးပိဿာ ချိန် ၂၅ဝ ခန့်ရှိပြီး အမြင့် ၈ ပေ၊ အောက်ထိုင်ခုံအမြင့် ၄ ပေရှိကာ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ အဖြစ် တာဝန်ယူသည့်ပုံဖြစ်ကြောင်း သိရသည်။
မြင့်မောင်စိုး၊ ဓာတ်ပုံ-သက္က(မြန်မာ့အလင်း)
No comments:
Post a Comment