Latest News

Tuesday, February 13, 2018

ရွှေဘိုမြို့တွင် ငွေကျပ်သိန်း ၂၄၂ဝ တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

ရွှေဘိုမြို့တွင် ငွေကျပ်သိန်း ၂၄၂ဝ တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

နေပြည်တော်    ဖေဖော်ဝါရီ   ၁၂

ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက် ည ၁ဝ နာရီခွဲက ရွှေဘိုမြို့ ရွှေဘို-ရေဦးကားလမ်း မြို့ထွက်မောင်းတံ ဂိတ်၌ ကျင်ဇတွန်း မောင်းနှင်ပြီး လန်ခန့်ဆူမ် လိုက်ပါလာသည့် မော်တော်ယာဉ် ကို စစ်ဆေးရန်ရပ်တန့်ခိုင်းသည့်အတွက် မောင်းနှင်ထွက်ပြေးသွားရာ ရွှေဘို မြို့နယ် မင်္ဂလာကျေးရွာအနီး မိုင်တိုင်(၇/၁)နှင့် (၇/၂)ကြားတွင် မော်တော် ယာဉ်မှာ လမ်းဘေးသို့  ထိုးကျသွား၍  ရှာဖွေရာ  ဘိန်းဖြူဆပ်ပြာခွက်  ၂၄၂  ခွက် (အလေးချိန် ၂ ဒသမ ၄၂ ကီလို)  သိမ်းဆည်းရမိခဲ့သဖြင့်  ကျင်ဇတွန်းနှင့် လန်ခန့်ဆူမ်(၄၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီခွဲက မိုးကုတ်မြို့နယ် မိုင်းလုံ-မိုးကုတ်သွားကားလမ်း မိုးကုတ်မြို့အဝင်၌ စိုင်းဟန်လူး မောင်းနှင်ပြီး စိုင်းအုံး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၁၂ ခွက်(အလေးချိန် ၁၃၆ ဂရမ်) ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့မွန်းလွဲ ၂ နာရီခွဲက  မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင်အုပ်စု  ဝမ်ကျောက်လုံ-ပန်စလိ ကျေးရွာသွား ကားလမ်းဘေးရှိ မနားတီ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉ဝဝ  သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment