Latest News

Friday, February 16, 2018

မြန်မာပြည်တရုတ် မျိုးနွယ်၊ ရိုးရာနှစ်သစ်ကူးပွဲတော် ညနေပိုင်းအခမ်းအနားပြုလုပ်

မြန်မာပြည်တရုတ် မျိုးနွယ်၊ ရိုးရာနှစ်သစ်ကူးပွဲတော် ညနေပိုင်းအခမ်းအနားပြုလုပ်


ဖေ​ဖော်​ဝါရီ ၁၆ ရက်

 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်​ ဦးဖြိုးမင်းသိန်းသည် ယနေ့ညနေ ၆ နာရီ အချိန်က ရန်ကုန်မြို့၊ လသာလမ်းတွင် ညနေပိုင်း ဆက်လက် ကျင်းပသည့် မြန်မာပြည်တရုတ်မျိုးနွယ် ရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


     အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်​ ဦးဖြိုးမင်းသိန်း၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန် တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။




အခမ်းအနားတွင် တရုတ်ရိုးရာယဉ်ကျေးမှု ဆိုင်ရာ မီးပုံးအလှများ လသာလမ်းတစ်လျှောက် လှပစွာ ထွန်းညှိထားပြီး၊ ရန်ကုန်ယူနန်လူမှုကူညီရေး အမျိုး သမီးအဖွဲ့၊ မြန်မာတရုတ်အမျိုးသမီးအဖွဲ့၊ ထျာန်းသင် သင်တန်းကျောင်း၊ ဖူရှင်းဘာသာရေး သင်တန်းကျောင်းအပါအဝင် မြန်မာပြည် တရုတ်မျိုးနွယ်အဖွဲ့အစည်း (၁၁)ဖွဲ့က တရုတ် ယဉ်ကျေးမှု ပြဇာတ်၊ ဂီတအနုပညာများဖြင့် ဖျော် ဖြေတင်ဆက်ခဲ့သည်။





ထို့ပြင် တေးသံရှင် ဂျေမောင်မောင်၊ အိမ့်ချစ်၊ စုထက်လှိုင်၊ ဇာခြည်တို့အပါအဝင် အနုပညာ ရှင်များကလည်း တေးဂီတများဖြင့် ဖျော်ဖြေ ဧည့်ခံခဲ့ကြသည်။
YRG Info:

No comments:

Post a Comment