Latest News

Friday, February 16, 2018

စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းတွင် အမည်မသိ လူသေအလောင်း တွေ့ရှိ

စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းတွင် အမည်မသိ လူသေအလောင်း တွေ့ရှိ

စစ်တွေ၊ ဖေဖေါ်ဝါရီ ၁၆

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းတွင် ဖေဖော်ဝါရီ  ၁၆ ရက် ယနေ့ မွန်းလွဲ ၃နာရီ ၄၅ မိနစ်ခန့်က အမည်မသိ လူသေအလောင်းတစ်လောင်း တွေ့ရှိရသည်ဟု စစ်တွေမြို့ အမှတ်(၂) ရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်မိုးက ပြောသည်။

“ဒီရွှေမင်းဂံဆိပ်ကမ်းက ဓည၀တီ ငွေတင်းဖြည့်ကုမ္ပဏီ အနီး ချောင်းထဲမှာတွေ့တာပါ။ အလောင်း ကတော့ ရေနစ်လို့ သေနေတာ သုံးလေး ရက်လောက်ကြာနေပြီလို့ ခန့်မှန်းရတယ်။ အရပ်က ၅ ပေ ၆ လက်မလောက်ရှိတယ်။ မျက်နှာဝိုင်းဝိုင်းနဲ့ ။ ခန္ဓာဝတယ်၊ နှာခေါင်းတင်းတယ်၊ မျက်လုံးပြူး တယ်ပေါ့”ဟု  ရဲအုပ်ကျော်မိုးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါအလောင်း၏ ရင်ဘတ်နှင့် လက်မောင်းတွင်လည်း ဘီလူးပုံ ဆေးမှင်ထိုးထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“လောလောဆယ် ကျနော်တို့က အဖေ အမေ၊ နေရပ်လိပ်စာ စုံစမ်းလို့ မရသေးဘူး။ အဲဒီ အနီးအနားက အုပ်ချုပ်ရေးမှူးတွေကိုတော့ ဖုန်းဆက်အကြောင်းကြားထားတာရှိတယ်။ လောလောဆယ် နီးစပ်ရာ ရဲစခန်းမှာ လူပျောက်တိုင်ကြားထားတာ ရှိမရှိဆိုပြီးတော့မှ အကြောင်းကြားစာတွေ ပို့မေးမြန်းတာ တွေတော့ လုပ်နေပါတယ်”ဟု  စခန်းမှူးက ပြောဆိုသည်။အမည်မသိအလောင်း၏ နေရပ်လိပ်စာကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
စံမောင်သန်း၊နိရဉ္စရာ

No comments:

Post a Comment