Latest News

Tuesday, February 13, 2018

သန်လျင်၌ယာဉ်တိုက်မှုဖြစ်ပွားနှစ်ဦးဒဏ်ရာရ

သန်လျင်၌ယာဉ်တိုက်မှုဖြစ်ပွားနှစ်ဦးဒဏ်ရာရ

ရန်ကုန် ဖေဖော်ဝါရီ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ခြောက်လမ်းသွားလမ်းမ၌ ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီအချိန်ကကားနှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦးဒဏ်ရာရရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာသန်လျင်မြို့နယ် ၆လမ်းသွားလမ်းအတိုင်းတောင်မှမြောက် (၆လမ်းသွားလမ်းဆုံဘက်မှ ကုလားဝဲတံတားဘက်) သို့ ယာဉ်မောင်းဇင်လင်းသူအသက် (၂၆) နှစ် ဆင်ကန်ရပ်ကွက်ကျောက်တန်းမြို့နယ်နေသူမောင်းနှင်လာသောယာဉ်အမှတ် 9H/--- တိုယိုဗစ် အနက်ရောင် ကိုယ်ပိုင်ယာဉ်သည် သန်လျင်မြို့နယ် ငါးပြေမကျေးရွာထိပ်အကျော်အရောက် အရှိန်မထိန်းနိုင်ဘဲတစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာမျက်နှာချင်းဆိုင် (ကုလားဝဲတံတားဘက်မှ ၆ လမ်းသွားလမ်းဆုံဘက်) သို့ ဆိုင်ကယ်မောင်းကိုအောင်မျိုးဦးအသက် (၁၉) နှစ် ငါးပြေမကျေးရွာ၊ သန်လျင်မြို့နယ်နေသူမောင်းနှင်လာသောဆိုင်ကယ်အမှတ် (မပါ) ဘရှမ်းအမျိုးအစား ၁၂၅ ဖြူ/နီ ကြားရောင်ဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။
ထိုသို့ ၀င်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းကိုအောင်မျိုးဦးတွင် ဘယ်ဘက်ပါးပွန်း၊ ညာဘက်လက်ခုံပွန်း၊ ညဘက်ဒူးပွန်းဒဏ်ရာ၊ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ ဦးမျိုးဝင်း အသက် (၄၆) နှစ် ငါးပြေမကျေးရွာ၊ သန်လျင်မြို့နယ်နေသူတွင် ဘယ်ဘက်လက်ခုံပွန်း၊ ဘယ်ဘက်ဒူးဖုယောင်ပေါက်ပြဲ၊ ဘယ်ဘက်ခြေသလုံးပွင့်ထွက်ပေါက်ပြဲဒဏ်ရာများရရှိသဖြင့် သန်လျင်အထွေထွေဆေးရုံ၌ (မစိုးရိမ်ရ) ဖြင့် ဆေးကုသလျက်ရှိပြီးယာဉ်နှင့်ဆိုင်ကယ်ပျက်စီးခဲ့ကြောင်းသိရသည်။ အဆိုပါ ယာဉ်မှုအားသန်လျင်မြို့မရဲစခန်းမှ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။သက်ခိုင် (သန်လျင်)မြန်​မာ့အလင်း

No comments:

Post a Comment