Latest News

Tuesday, February 6, 2018

လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်-ပုသိမ် ကားလမ်းဘေးမှ ဈေးဆိုင်များကြောင့် ယာဉ်သွားလာမှုခက်နေ

လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်-ပုသိမ် ကားလမ်းဘေးမှ ဈေးဆိုင်များကြောင့် ယာဉ်သွားလာမှုခက်နေ

ရန်ကုန်  ဖေဖော်ဝါရီ  ၆

လူဦးရေနှစ်စဉ်တိုးလာလျက်ရှိသော လှိုင်သာယာမြို့နယ်တွင် ယာဉ်သွားလာမှုမှာ လည်း ကျပ်တည်းလာလျက်ရှိရာ အထူးသဖြင့်  လူနှင့်ယာဉ် ဖြတ်သန်းသွားလာမှု များသော ရန်ကုန်-ပုသိမ် ကားလမ်းမဘေး၌  စီးပွားရေးလုပ်ငန်းလုပ်ကိုင်သော ဆိုင်ခန်းများ  ထပ်မံတိုးပွားလာမှုကြောင့်  စက်ရုံတက်ဆင်းချိန်များတွင်  လူနှင့် ယာဉ်များ သွားလာရေးခက်ခဲမှုများကို ယခင်ထက်ပို၍ ကြုံတွေ့နေရကြောင်း သိရ သည်။

''မနေ့က မြို့နယ်စည်ပင်သာယာက လာပြောသွားတယ်၊ ၁၄ ရက်နေ့မှာ ရုံးကို လာပြီး ၁၅ ရက်နေ့မှာ ဒဏ်ငွေဆောင်ဖို့ ပြောသွားတယ်၊ ဒီမှာနေတာ လေးလကျော်  ပဲရှိသေးတယ်၊ အင်းစိန်ကိုသွားပြီး ဒဏ်ငွေဆောင်ရင် တစ်လကို ကျပ် ၁၆ဝဝဝ ပေးရ တယ်၊ လမ်းဘေးရေဆေးခုံတွေ၊ ဈေးဆိုင်တွေ၊ ဝပ်ရှော့တွေ၊ သစ်သီးဆိုင်တွေအားလုံး ဆောင်ရတယ်၊ မဆောင်ဘဲနေလို့မရဘူး၊ ရပ်ကွက်ထဲမှာ အိမ်လခငါးသောင်းပေးရ တာထက်စာရင် ကားလမ်းဘေးမှာ လုပ်ငန်းလေးလုပ်ပြီး ဒဏ်ငွေဆောင်နေရတာ အဆင်ပြေတယ်လို့ဆိုရမှာပါ''ဟု စက်မှုဇုန်နှင့် အဆင့်မြင့်မှတ်တိုင်ကြားရှိ အမြန် လမ်းမကြီးဘေးတွင် ကားဝပ်ရှော့လုပ်ငန်းဖွင့်ကာ လူပါနေထိုင်လျက်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်-ပုသိမ်  ကားလမ်းမကြီးဘေး၌  နှစ်စဉ်  စီးပွားဖြစ်ဆိုင်ခန်းများ  တိုး၍ ဖွင့်လှစ်လာမှုကြောင့် ယာဉ်များသွားလာရေး ခက်ခဲသည်သာမက ညပိုင်းအချိန်များ တွင် လမ်းဘေးအမှောင်ရိပ်ထဲ၌ ရပ်တန့်ထားသောယာဉ်များကြောင့် ဖြတ်သန်းသွား လာသောယာဉ်များမှာ ယာဉ်မတော်တဆမှုများ ဖြစ်ပွားမည့်အ္တရာယ်ကိုလည်း စိုးရိမ်နေရသည့်အပြင် နေ့ပိုင်းတွင်လည်း သစ်သားခုံ၊ ကော်ပစ္စည်း၊ သံပိုက်နှင့် ရေစည်ပိုင်း စသည်တို့ ရောင်းသောဆိုင်များတွင်  ပစ္စည်းအတင်အချပြုလုပ်ချိန်များ၌ ယာဉ်များရော လမ်းသွားလမ်းလာ ပြည်သူများပါ ယာဉ်အ္တရာယ်ကို စိုးရိမ်နေရ ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-ပုသိမ် ကားလမ်းမကြီး၏ စက်မှုဇုန် မီးပွိုင့်လမ်းဆုံမှ ဘီအိုစီမီးပွိုင့် လမ်းဆုံအထိ လမ်းဘေးဝဲယာ၌ စီးပွားဖြစ်လူနေဆိုင်ခန်းများကို ဖွင့်လှစ်လုပ်ကိုင် နေကြသည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့တိုင် ရှင်းလင်းဆောင်ရွက်နိုင်ခြင်းမရှိ သေးကြောင်း ဒေသခံအချို့၏ ပြောကြားချက်များအရ သိရသည်။
သန်းထိုက်(လှိုင်သာယာ)၊ ဓာတ်ပုံ-သန်းစိုး(မြန်​မာ့အလင်း)

No comments:

Post a Comment