Latest News

Tuesday, February 13, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်​ ​ပြောစကား​ကောက်​နုတ်​ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်​ ​ပြောစကား​ကောက်​နုတ်​ချက်





ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ ကြီးပြင်းလာတဲ့အချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ထူးမခြားနား နိုင်ငံတော်မျိုး
ကို ကျွန်မတို့ ထားရစ်ခဲ့ရမှာလား စည်းလုံးညီညွတ် ခိုင်မာ
တောင့်တင်းပြီး အများသူငှါက လေးစားရတဲ့ နိုင်ငံတော်
ကို ကျွန်မတို့ ထားရစ်ခဲံရမှာလား အလေးအနက်ထား
စဉ်းစားကြဖို့ ကျွန်မအနေနဲ့ ဒီကနေ့ ဒီနေရာကနေ
တိုက်တွန်းပြောကြားလိုပါတယ်။




လက်နက်ကိုင်ပဋိပက္ခတွေကို စတင်ခဲ့ကြတဲ့ သူတွေ
ကတော့ ဒီကနေ့ ဒီအချိန်မှာ ဒီလောကကြီးထဲမှာ မရှိကြ
တော့ပါဘူး။ အမွေဆိုးအဖြစ် ထားရစ်ခဲ့တဲ့ ဒီပဋိပက္ခတွေ
ကို ဆက်လက်သယ်ဆောင်ပြီး ကျွန်မတို့လက်ထက်မှာ
လည်း စစ်မီးမငြိမ်း မြက်ခင်းမစိမ်းနိုင်သေးဘဲ ယမ်းငွေ့
တွေ ဝေနေဦးမှာလား ဆက်ပြီးတော့လည်း ယမ်းငွေ့တွေ
ဝေနေစေချင်သေးတာလား ကိုယ့်ကိုကိုယ် မေးကြရမှာပါ။

[တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ
စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် အမျိုးသား
ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ဖော်ပြသည်]

ဓါတ်ပုံ - မောင်သိန်း(ဒဿနိက)
၁၃.၂.၂၀၁၈

No comments:

Post a Comment