Latest News

Tuesday, February 13, 2018

ညောင်တုန်းမြို့နယ်အတွင်းရှိကျောင်းသားမိဘများ သိရှိစေရန်


ယနေ့၁၃.၂၀၁၈ ရက်နေ့တွင် ကျောင်းတွင်းအတန်းတင်စာမေးပွဲများ ဖြေဆိုရမည်ဟု ကြေညာခဲ့ပါသည်။ ယနေ့သွားရောက်ဖြေဆိုချိန်တွင် ကျောင်းသား/သူများကို အခန်းတွင်းသွင်း၍ စာမေးပွဲကို နောက်ရက်ရွေ့လိုက်သည်ဟု ဆရာများမှပြောဆိုမှု့အပေါ်ကျောင်းသားမိဘများမှ ကြေနပ်မှု့မရှိသည်ကိုလည်း သိရှိရပါသည်။
ကျမအနေနှင့် မိဘများနှင့်ထပ်တူခံစားမိပါသည်။စာမေးပွဲရက်စဉ်အပြောင်းအလည်း ကို တိုင်းအစိုးရမှ အမိန့်တစုံတရာမှထုတ်ပြန်ခဲ့ခြင်းမရှိပါ။ အစိုးရစစ် ဖြစ်သော ၄တန်း။ ၈တန်း။ ၁၀တန်းသာလျှင် တိုင်းမှတာဝန်ယူထားပါသည်။ ကျောင်းတွင်းစစ်ဖြစ်သော အတန်းများ၏ စာမေးပွဲအချိန်ဇယားသည် မြို့နယ်ပညာရေးမှူးကသာ စီမံပိုင်ခွင့်ရှိပါသည်။
ယနေ့ဖြစ်ပျက်သွားသော အချင်းအရာသည် အရမ်းကိုအရုပ်ဆိုးအကျည်းတန်စေပါသည်။ ပညာရေးဌါန၏ လုပ်ရပ်သည် လက်ရှိအစိုးရအပေါ်များစွာအကြည်အညိုပျက်စေပါသည်။
***ဧရာဝတီတိုင်းအတွင်းရှိတခြားမြို့များတွင်စာမေးပွဲဖြေဆိုနေကြရသော်လည်း ညောင်တုန်းမြို့တွင် ဘာကြောင့် အချိန်ဇယားကို ပြောင်းလည်းခဲ့ပါသည်း???

***လက်ရှိအစိုးရကိုအကြည်အညိုပျက်စေရန် ပညာရေးဌါနမှ လုပ်ဆောင်နေပါသလား???

ကျောင်းသားမိဘများနှင့်ထပ်တူ အဖြေကိုစောင့်မျှော်နေပါသည်။

ဒေါ်နီနီမိုး
တိုင်းဒေသကြီး(၁)
ညောင်တုန်း





No comments:

Post a Comment