Latest News

Wednesday, February 7, 2018

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အခြေခံပညာနှစ်ဆုံးစာမေးပွဲ နိုင်ငံတစ်ဝန်း၌ကျင်းပ

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အခြေခံပညာနှစ်ဆုံးစာမေးပွဲ နိုင်ငံတစ်ဝန်း၌ကျင်းပ

ရန်ကုန်    ဖေဖော်ဝါရီ    ၇

နိုင်ငံတစ်ဝန်းလုံးရှိ  အခြေခံပညာကျောင်း များ၏    ၂ဝ၁၇-၂ဝ၁၈   ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို   ဖေဖော်ဝါရီ  ၇ ရက် တွင် စတင်ကျင်းပသည်။
ယခုနှစ်တွင် သင်ရိုးòန်းတမ်းအသစ် ဖြင့်သင်ကြားသော ပထမတန်းကို စာသင် ခန်းအတွင်း ပုံမှန်စစ်ဆေးမှုပြုလုပ်၍ စစ်ဆေးအကဲဖြတ်ခြင်းပြုလုပ်ရန် သတ် မှတ်ထားကြောင်း မြန်မာနိုင်ငံ   စာစစ် ဦးစီးဌာနမှ သိရသည်။
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက်   ဒုတိယတန်း၊ တတိယတန်း၊ ပဉမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းနှင့်  နဝမတန်း များ၏   ကျောင်းတွင်းနှစ်ဆုံးစာမေးပွဲ များကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၆   ရက် အထိ     တစ်ရက်လျှင် တစ်ဘာသာနှုန်း ဖြင့် စာသင်ချိန် တစ်ချိန်စာသာ စစ်ဆေး မည်ဖြစ်သည်။
ယခုပညာသင်နှစ်၏  အခြေခံပညာ အတန်းများဖြစ်သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများ၏     နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်းများကို လာမည့်   ဖေဖော် ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိနှင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၇ ရက်မှ ၁၆ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာ စစ်ဆေး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်   အခြေခံ ပညာအဆင့်၌ွု သီးသန့် ၇၉၅၉၆ ဦး အပါအဝင် မူလတန်းတွင် ၄၅ဝ၇၁၂ ဦး၊  အလယ်တန်းတွင် ၃၃၂၉ဝဝ၊ အထက်တန်း တွင် ၁၃၁၂၂၆ ဦး အပါအဝင် ကျောင်း သား ကျောင်းသူ စုစုပေါင်း ၉၁၄၈၃၈ ဦး တက်ရောက်ပညာသင်ကြားခဲ့ကြောင်း ပညာရေးမှူးရုံးမှ   ကျောင်းဖွင့်ရာသီက သတင်းထုတ်ပြန်ချက်အရ သိရသည်။
မ္တလေးတိုင်းဒေသကြီးအတွင်း၌ လည်း  အခြေခံပညာကျောင်း ၄၁၈၆ ကျောင်းတွင် ၂ဝ၁၇- ၂ဝ၁၈ ပညာသင်နှစ် အတွက် စာမေးပွဲများ  စတင်ကျင်းပခဲ့ ကြောင်း သိရသည်။

မ္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်   ပညာ သင်ကြားလျက်ရှိသော   ကျောင်းသား ကျောင်းသူများအနက်မှ    တက္ကသိုလ် ဝင်တန်း၊  အဋ္ဌမတန်းနှင့်   စတုတ္ထတန်း ကျောင်းသား ကျောင်းသူများမှအပ ကျန် ကျောင်းသား ကျောင်းသူများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက်  အတန်းတင် စာမေးပွဲများကို   တိုင်းဒေသကြီးအတွင်း ရှိ   ခရိုင်၊ မြို့နယ်အသီးသီးမှ ကျောင်းများ တွင်လည်း  ယနေ့နံနက်ပိုင်းက အေးချမ်း စွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ယနေ့တွင်     နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၏   ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ဒုတိယတန်း၊ တတိယ တန်း၊ ပဉမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း နှင့် နဝမတန်းများ၏ နှစ်ဆုံးစာမေးပွဲများ ကို တစ်ပြိုင်နက်တည်း  စတင်ကျင်းပခဲ့ရာ နေပြည်တော်၊ ရန်ကုန်၊ မ္တလေးမြို့ကြီး များနှင့် နိုင်ငံတစ်ဝန်းရှိ  အခြေခံပညာ ကျောင်းများတွင် ကျောင်းသား ကျောင်း သူများက   စာမေးပွဲကို   အေးချမ်းစွာ   ဖြေဆိုခဲ့ကြကြောင်း သိရသည်။

မတ် ၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာပြည် တစ်ပြည်လုံး၌ ကျောင်းတွင်းဖြေဆိုသူ ၅၁၈ဝဝ၆ ဦးနှင့် ကျောင်းပြင်ပ ဖြေဆိုသူ ၃၂၆၂၃၁ ဦး စုစုပေါင်း   ၈၄၄၂၃၇   ဦးတို့ ဖြေဆိုကြမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသ ကြီးတွင် ကျောင်းတွင်းဖြေဆိုသူ ၇၂၈၉ဝ နှင့်  ကျောင်းပြင်ပဖြေဆိုသူ   ၄၈၄၄ဝ စုစုပေါင်း ၁၂၁၃၃ဝ တို့ ဝင်ရောက်ဖြေဆို ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ သိရသည်။
သတင်း-ဥမ္မာသန့်၊ အေးမြ(မ္တလေး)မြန်​မာ့အလင်း

No comments:

Post a Comment