Latest News

Sunday, February 18, 2018

နွေဦးရာသီ မန္တလေးမြို့ ကန်တော်ကြီးပန်းခြံသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကား

နွေဦးရာသီ   မန္တလေးမြို့   ကန်တော်ကြီးပန်းခြံသို့  လာရောက်အပန်းဖြေသူများဖြင့်  စည်ကား

မန္တလေး ဖေဖော်ဝါရီ ၁၈

နွေဦးရာသီကာလ မန္တလေးကန်တော်ကြီးတွင် မြို့ခံမိသားစုများ၊ ခရီးသွား ဘုရားဖူးဧည့်သည်များ လာရောက်အပန်းဖြေသူများဖြင့် စည်ကား လျက်ရှိကြောင်းသိရသည်။

မန္တလေးကန်တော်ကြီးကို ၁၉၉၇ မှစကာ တက်သေးအင်းအမည်မှ မန္တလေးကန်တော်ကြီးအမည်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ကန်တော် ကြီးတွင် ခေတ်မီစားသောက်ဆိုင်များ၊ အနားယူအပန်းဖြေစရာပန်းခြံ များ၊ ကလေးကစားကွင်းများနှင့် လှပစွာတည်ရှိနေသည်။ မြေပဒေသာ ကျွန်းများ၊ သစ်ပင်၊ ပန်းမန်များဖြင့် အစိမ်းရောင်လွှမ်းခြုံနေသော အပန်းဖြေစရာနေရာတစ်ခုဖြစ်လာပြီး ရုံးပိတ်ရက်များ ကျောင်းပိတ် ရက်များနှင့် အခြားအခါကြီးရက်ကြီးများတွင် အပန်းဖြေအနားယူသူ များစွာဖြင့် စည်ကားသောနေရာတစ်ခုပင်ဖြစ်သည်။

ကောင်းမွန်သော ကန်ပတ်လမ်းများမှသည် အနောက်ဘက်ဧရာဝတီ ရှုခင်းကိုကြည့်ရှုနိုင်သည့် အခွင့်အရေးများလည်းရှိသည်။ ပြည်ကြီး မွန်ဖောင်တော်၏ အလှကန်တော်ကြီးရေပြင်၏အလှများကို ရှုစားနိုင် ပြီး မြင့်မားလှသည့်ဈေးချိုအနီးမှအဆောက်အအုံများကို ထင်ရှားစွာ မြင်တွေ့နိုင်သော နေရာပင်ဖြစ်သည်။ အထူးသဖြင့်ကလေးငယ်များ ဆော့ကစားနိုင်ရန် စီစဉ်ပေးထားသော ကစားစရာ အရုပ်များကို လှပစွာသရုပ်ဖော်ပေးထားမှုမှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။

ပြည်သူများ   လွတ်လပ်စွာ  အပန်းဖြေအနားယူနိုင်ရေးအတွက် ကန်တော်ကြီးသာယာလှပရေးကို ဆက်လက်တိုးချဲ့လုပ်ဆောင်နေ ကြောင်း သိရသည်။ လက်ရှိကာလတွင် ကလေးငယ်များ ဆော့ကစား နိုင်သောနေရာများတွင် လှပသောအရုပ်များဖြင့် စီခြယ်ထားပြီး အစိမ်း ရောင်မြို့တော်ဖြစ်ရေးအထောက်အကူပေးသည့်  ဆောင်ပုဒ်များကိုပင် ရေးထိုးကာ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထားသည်။

ယခုအခါ ကန်တော်ကြီးပန်းခြံအတွင်း လာရောက်အပန်းဖြေသူ များဖြင့် စည်ကားကာ တိရစ္ဆာန်ငယ်တို့၏ ပုံကလေးများဖြင့် တွဲဖက် ကာ အမှတ်တရဓာတ်ပုံရိုက်ကူးမှု များပြားလျက်ရှိသည်။
တိမ်တမန်(​ကြေးမှုံ)

No comments:

Post a Comment