Latest News

Friday, February 9, 2018

ဗိုလ်မြတ်ထွန်းတံတားတွင် အထောက်အထားမဲ့ ခိုးဝင်လာသူများ ဖမ်းဆီးရမိ

ဗိုလ်မြတ်ထွန်းတံတားတွင် အထောက်အထားမဲ့ ခိုးဝင်လာသူများ ဖမ်းဆီးရမိ

ညောင်တုန်း  ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတားတိုးဂိတ်တွင်ဖေဖော်ဝါရီ ၈ရက် ညနေ၆နာရီခွဲက အထောက်အထားမဲ့ ခိုးဝင်လာသူ ခုနစ်ဦး ဖမ်းဆီးရမိကြောင်း ညောင်တုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

သတင်းအရ ညောင်တုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးစိုးမင်းသိန်း ဦးစီးသော ပူးပေါင်းအဖွဲ့သည် ဗိုလ်မြတ်ထွန်းတံတားရှိ တိုးဂိတ်တွင် ပုသိမ် ဘက်မှရန်ကုန်သို့ ယာဉ်မောင်းအောင်နိုင်ဦး (၄၉နှစ်) (၁၃)ရပ်ကွက် ပုသိန်မြို့နေသူ မောင်းနှင်လာသော 8H/---- စူပါကာစတန်ယာဉ်အား ရှာဖွေစစ်ဆေးရာ အထောက်အထားမဲ့ ခိုးဝင်လာသူခုနစ်ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၄င်းတို့အား ဝါးကုန်းကျေးရွာ၊ မင်းတုန်းမြို့နယ်နေသူ မောင်ဟင်း(၃ဝနှစ်)ဆိုသူက ခေါ်ဆောင်လာပြီး မကွေးတိုင်းပဒါန်းလမ်းခွဲမှ ပုသိမ်သို့လည်းကောင်း၊ ထို့နောက် ပုသိမ်မှရန်ကုန်သို့ ကားငှား၍လည်းကောင်း ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲမှူး စိုးမင်းသိန်းကပြောပြသည်။ ယခုကဲ့သို့ ညောင်တုန်းမြို့နယ်တွင် အထောက်အထားမဲ့ ခိုးဝင်လာသူများ ဖမ်းဆီးရမိမှုမှာ တစ်လအတွင်းဒုတိယအကြိမ်ဖြစ်၍ ဖေဖော်ဝါရီ ၃ ရက်ကလည်း ကုန်ကားပေါ်မှ အထောက်အထားမဲ့ ခိုးဝင်လာသူ ၂၁ ဦးဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအောင်နိုင်ဦး၊ မောင်ဟင်းအားနှင့် ဖမ်းဆီးရမိသူများအား ညောင်တုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထား ကြောင်းသိရသည်။
မြတ်ဟိန်းကျော်(ကော့မှူး)မြန်​မာ့အလင်း

No comments:

Post a Comment