Latest News
Wednesday, February 28, 2018
ဖမ်းဆီးခံထားရသော ရိုက်တာသတင်းဌာန မှ သတင်းထောက်နှစ်ဦး ရုံးထုတ် သက်သေနှစ်ဦးစစ်ဆေးဆောင်ရွက်
ဖမ်းဆီးခံထားရသော ရိုက်တာသတင်းဌာန မှ သတင်းထောက်နှစ်ဦး ရုံးထုတ် သက်သေနှစ်ဦးစစ်ဆေးဆောင်ရွက်
ရန်ကုန်   ဖေဖေါ်ဝါရီ   ၂၈
မြန်မာနိုင်ငံအစိုးရလျို့ဝှက်ချက်များအက်ဥပဒေဖြင့်  ဖမ်းဆီးခံထားရသော  ရန်ကုန်အခြေစိုက်ရိုက်တာသတင်းဌာန  မှသတင်းထောက် သက်ဦးမောင် (ခေါ်)ဝလုံး  နှင့်  ကျော်စိုးဦး(ခေါ်)မိုးအောင် တို့ နှစ်ဦးကို  ယနေ့နံနက် (၁၀)နာရီက  ရန်ကုန်မြောက်ပိုင်းခရိုင်  တရားရုံး သို့ရုံးထုတ်ပြီး   အမှုနှင့်ပတ်သက်သော  တရားလိုပြသက်သေ  နှစ် ဦး   ထပ်မံစစ်ဆေးမှု ပြု လုပ်ခဲ့ကြောင်း  အဆိုပါတရားရုံးမှသိရသည်။
ယနေ့ရုံးထုတ်စစ်ဆေးဆောင်ရွက်မှု  နှင့်ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး  ဒုတိယ ခရိုင်တရားသူကြီး-၂သတင်းနှင့်ပြန်ကြားရေး အရာရှိ  ဦးအုန်းခိုင် က"ဒီကနေ့ မှာ  ၂၀၁၈ ခုနှစ်ရာဇဝတ်ကြီး  အမှုအမှတ်-၄  တရားလို  ဒုတိယရဲမှူးကြီး  ယုနိုင် နဲ့  တရားခံ  သက်ဦးမောင်(ခေါ်)ဝလုံး  ပါ-၂    မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ၃(၁)(ဂ)  အရ  စွဲဆို တင်ပို့တဲ့အမှု နဲ့ပတ်သက်ပြီး  တရားလိုပြသက်သေနှစ်ဦးကိုစစ်ဆေးပါတယ်   အဲဒီနှစ်ဦးအနက်  တစ်ဦးကရှာဖွေရာတွင်ပါဝင်တဲ့  ကုန်းတလပေါင်ကျေးရွာရာအိမ်မှူး ဦးကျော်ရှိန်  နောက်တစ်ဦးကဆောင်းရိပ်မွန်  စားသောက်ဆိုင်ပိုင်ရှင်
ဒေါ်ဌေးဌေးမြင့်  ပါ   အခင်းဖြစ်တဲ့နေ့  တွေ့မြင်သိရှိတာနဲ့ ပတ်သက်ပြီး ဖြေကြားသွားတာပါပဲရုံးချိန်းကို  မတ်လ(၇)ရက် ထပ်မံချိန်းဆိုထားပါ
တယ်  လိုပြသက်သေ နှစ် ဦးခေါ်နိုင် အောင်ဆောင်ရွက် ပေးဘို့ လဲ ဥပဒေအရာရှိကိုမှာကြားလိုက်တာရှိပါတယ်"ဟုပြောကြားသည်။
မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက် ချက်များအက် ဥပဒေ  အမှု နှင့်ပတ်သက်၍  ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး  ဒုတိယ ခရိုင်တရားသူကြီး-၆  ဦးရဲလွင်  က  အ မှုကိုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ  ဦးခင်မောင်ဇော် နှင့်ဦးသန်းဇော်အောင်  တို့က  တရားစွဲဆိုခံထား
ရသူ တရာခံများဘက်မှ လိုက်ပါဆောင်ရွက်နေသူများဖြစ်ကြောင်းနှင့်
တရားစွဲဆိုတင်ပို့သည့်နေ့ရက်အပါအဝင်ရုံးချိန်းပေါင်း(၇)ချိန်း တွင် တင်သွင်းထားသောသက်သေ(၃၇)ဦးရှိသည့်အနက်(၈)ဦးထိစစ်
ဆေးမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းမြောက်ပိုင်း ခရိုင်တရား ရုံးမှထပ်မံ သိရှိရသည်။
သတင်းနှင့်ဓါတ်ပုံ
                                        မျိုးမင်းသိန်း(မရမ်းကုန်း)မြန်​မာ့အလင်း
ယာကွက်များရောင်းရငွေအား ယောက္ခမထံတောင်းရာမှ စကားများပြီး ဝါးဆစ်တုတ်ဖြင့်ရိုက်၍ သေဆုံး
ယာကွက်များရောင်းရငွေအား ယောက္ခမထံတောင်းရာမှ စကားများပြီး ဝါးဆစ်တုတ်ဖြင့်ရိုက်၍ သေဆုံး
       မိတ္ထီလာ ဖေဖဝါရီ ၂၈
  မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မွေကျေးရွာတွင် ဖေဖဝါရီ ၂၈ရက် နံက် ၉နာရီခွဲ အချိန်ခန့်က ယာကွက်များရောင်းရငွေ တောင်းရာ စကားများပြီး ဝါးဆစ်တုတ်ဖြင့်ရိုက်နှက်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။
  ဖြစ်စဉ်မှာ ဦးအောင်မြင့်(၅၉)နှစ်  မွေကျေးရွာ မိတ္ထီလာမြို့နယ် နေသူသည် နေအိမ်၌ရှိနေစဉ် ဇနီးဖြစ်သူ ဒေါ်ညွန့်ရီမှာ ကျေးရွာ အရှေ့မြောက် (၃)ဖာလုံခန့်အကွာ လယ်တောတွင် နေထိုင်သည့် သ္မီးဖြစ်သူ မသန်းသန်းဆင့်(ခ) မမိုးဆွေထံသို့ ထွက်သွားပြီးနောက် ဖေဖဝါရီ ၂၈ရက် နံက် ၁၀နာရီခွဲအချိန်ခန့်တွင် သမီးဖြစ်သူမှ ဇနီးဖြစ်သူ ဒေါ်ညွန့်ရီ အရိုက်ခံရကြောင်း အကြောင်းကြားသဖြင့် ဆေးရုံသို့ သွားရောက်ကြည့်ရှုရာ ဇနီးဖြစ်သူတွင် ယာနားထင်သွေးထွက်၊ ယာဂျိုစောင်းဖူးရောင်၊  ယာနားထင်အထက် ဖူးရောင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် သမီးဖြစ်သူအားမေးမြန်းရာ ၎င်း၏ ခင်ပွန်းဖြစ်သူ ရဲသန်းထွန်းမှ ဒေါ်ညွန့်ရီထံ ယာကွက်များရောင်းထားသော ငွေအား တောင်းရာမှစကားများပြီး ရဲသန်းထွန်းမှ ဝါးဆစ်တုတ်ဖြင့်ရိုက် ခဲ့ကြောင်း ပြောပြသိရှိရသည်။ ဒေါ်ညွန့်ရီမှာ မိတ္ထီလာပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် ဖေဖဝါရီ ၂၈ရက် နေ့လည်  ၁၂နာရီ ၅၀မိနစ်ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။
  ဖြစ်စဉ်နှင့်ပတ်သက်၍ ဝါးဆစ်တုတ်ဖြင့်ရိုက်ခဲ့သူ ရဲသန်းထွန်းအား အရေးယူပေးပါရန် ဦးအောင်မြင့်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မမစ(ထီလာ)(ပ) ၁၁၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
ထီလာ ကိုငယ်လေး(MMAL)
ဘင်္ဂါလီ(၄)ဦးနှင့် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသူ(၂)ဦးတို့ကို အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်စီ ချမှတ်
ဘင်္ဂါလီ(၄)ဦးနှင့် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသူ(၂)ဦးတို့ကို အလုပ်နှင့်ထောင်ဒဏ်(၅)နှစ်စီ ချမှတ်
ဖလမ်း ဖေဖော်ဝါရီ ၂၈
ဘင်္ဂါလီ(၄)ဦးနှင့် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသူ(၂)ဦးတို့ကို ဖလမ်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်စီချမှတ် ခဲ့ကြောင်းသိရသည်။
 ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်ကြသော နုရ်အီစ္စလာမ် အသက်(၁၉)နှစ်၊ နူရ်ဝါရာ အသက်(၂၁)နှစ်၊ ရော်မီနာ အသက်(၂၀)နှစ်၊ ရှောင်ရှီတာ အသက်(၁၉)နှစ် ဘင်္ဂါလီ(၄)ဦးတို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ၀င်ရောက်လာကာ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက် တံတားရှောင်ကွင်းလမ်းမှ ကလေးမြို့ သို့သွားရန် ဇဗျက်လျန်နာ အသက်(၂၂)နှစ်၊ ဟရင်ဇကပ် အသက်(၁၇)နှစ်တို့၏ ဆိုင်ကယ်များကို ဘင်္ဂါလီများက ငှားရမ်းပြီး ကလေးမြို့သို့အသွား တီးတိန်မြို့နယ်၊ မွာလ်ဘဲမ်းကျေးရွာနှင့် လေးသော့ကျေးရွာကြားတွင် ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်နေ့တွင် ဖမ်းဆီးခြင်းဖြစ်သည်။
 ဘင်္ဂါလီ(၄)ဦးနှင့် တင်ဆောင်လာသူ(၂)ဦးတို့ကို လ၀က အက်ဥပဒေ ၁၃(၁)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်စီကိုလည်းကောင်း၊ တင်ဆောင် လာသူ(၂)ဦးတို့ကို လ၀က အက်ဥပဒေ ၁၃(၅)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်စီကိုလည်းကောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖလမ်းမြို့နယ် တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်
ချင်းအမျိုးသားတပ်ဦးCNFနဲ့ တွေ့ဆုံ​မေးမြန်းခန်း
ချင်းအမျိုးသားတပ်ဦးCNFနဲ့ တွေ့ဆုံ​မေးမြန်းခန်း
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက် တစ်ပါတီတို့ လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှောင့်နှေးကြန့်ကြာနေရခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်၊ချင်းအမျိုးသားတပ်ဦး(CNF)ဒုတိယဥက္ကဌ ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်အား ပြည်သူ့အရေးမှ တွေ့ဆုံမေးမြန်းထားသည်။
အခုဟာ ကျွန်တော့်အတွက်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက အဆင်မပြေဘူး။ကျွန်တော်တို့မျှော်မှန်းသလို မလုပ်နိုငိခဲ့ဘူး။ ကျွန်တော်တို့ မျှော်မှန်းခဲ့တာကတော့ အမှန်က ဇန်န၀ါရီ၊ဖေဖော်ဝါရီမှာ ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံကြီးလုပ်နိုင်ဖို့ အဲဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့နိုဝင်ဘာလလုပ်ကတည်းက အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေထားတော့ လူထုတွေ့ဆုံပွဲတွေကို တခြားနေရာမှာလုပ်ဖို့ ကျွန်တော်တို့ ပြင်ဆင် ထားပါတယ်။ ဒါပေမဲံ (RCSS)က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်ရတယ်။ အဲဒီလုပ်ခွင့်ရတဲ့ အတွက်ကြောင့် ကြိုတင်ပြင်ဆင်မှုတွေနဲ့  လူထုတွေ့ဆုံပွဲတွေနဲ့လုပ်တယ်။အဲဒီလူထုတွေ့ဆုံပွဲ တွေကို အစိုးရပြောရမလား တပ်မတော်ပြောရမလား အဲဒါလာပိတ်တာပေါ့။အမှန်စင်စစ်ကလာ ပိတ်တော့ အဲဒီမှာ အားလုံးရပ်သွားတယ်။အဲဒီမှာ ကျွန်တော့်အမြင်တော့ အဓိက အားနည်းချက်က ကျွန်တော်တို့ တိုင်းရင်းသား ဘက်က အားနည်းချက်မဟုတ်ပဲနဲ့ အစိုးရနဲ့တပ်မတော်ကြားမှာ ပေါ်လစီတစ်ခုထဲမရှိတဲ့ အားနည်းချက်ပဲ။ (RCSS)ကနေပြီးတော့ လူထုတွေ့ဆုံပွဲတွေလုပ်ဖို့အကူအညီပေးပါ။ထောက်ခံချက်တောင်မှ နိုင်ငံတော်ဒ၏ အတိုင်ပင်ခံရုံးကနေ ထုတ်ပေးပြီးပြီ။ပြည်နယ်တွေ မြို့နယ်တွေ ညွန်ကြားချက်ပေး အဲဒါကိုတပ်ဘက်က လာတားတဲ့အခါကျတော့ အစိုးရဘက်က ဒါကိုပြန်ပြီးတော့ ရုတ်သိမ်းတယ်။အဲဒါတွေက အင်မတန်မှ မကောင်းတဲ့ လက္ခဏာလို့ ကျွန်တော်တို့က မြင်တယ်။အဲဒီအနေအထားပေါ်မှာ ကျွန်တော်တို့ ပြန်ပြီး မလုပ် နိုင်တဲ့အပေါ် (PPST)အစည်းအဝေးလုပ်တယ်။အဲဒီ ppst  အစည်းအဝေးကနေ အစိုးရဘက်ကို တောင်းဆို တယ်။ပြီးတော့ ကျွန်တော်တို့အနေနဲ့ တပ်ချုပ်ကြီးတို့ နိုင်ငံတော်၏ အတိုင်ပင်ခံတို့နဲ့တွေ့ဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။အဲဒါလည်း ဒီနေ့အထိ  အဆင်က မပြေသေးဘူး။ဒါပေမယ့် ဒီကြားထဲမှာ အဆိုးထဲက အကောင်းဖြစ်သွားတာက မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့ လည်း လက်မှတ်ထိုး ပါတယ်။ ဆိုတော့ သူတို့လက်မှတ်လာထိုးလိုက်တော့ ကျွန်တော်တို့ မျှော်လင့်ခဲ့တာက သူတို့လက်မှတ် ထိုးခြင်းအားဖြင့် မွန်ပြည်သစ်ပါတီလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်လို့ရမယ်။လူထုတွေ့ဆုံပွဲ  တွေလုပ်လို့ ရမယ်။လားဟူဒီမိုကရက်တစ်လည်း လုပ်လို့ရမယ်။အဲဒါဆိုရင် ကျွန်တော်တို့ အခုတစ်ဆို့နေတဲ့ (RCSS)တို့ တခြားလူထုတွေ့ဆုံပွဲတွေလည်း တဖြည်းဖြည်းနဲ့ ပါသွားနိုင်တယ်ဆိုပြီးတော့ မျှော်လင့်ချက်တော့ ကျွန်တော် အကြီးအကျယ်ထားပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ လက်မှတ်ထိုးပွဲက ဖေဖော်ဝါရီလ 13ရက်နေ့မှာ လုပ် တယ်။ (14)ရက်နေ့မှာ (UPDJC) အတွင်းရေးမှူးအဖွဲ့အစည်းအဝေးခေါ်ထားတယ်။15ရက်နေ့မှာ (UPDJC)ဒါက ကျွန်တော်တို့ (EAO)ဘက်က သိပ်အဆင်မပြေသေးဘူး။အဲဒီအပေါ်မှာ ကျွန်တော်တို့က ပြန်ပြီးတော့ စောင့်နေ ရတယ်။ကျွန်တော်တို့ အခု(18၊19၊20)ရက်တွေမှာ လက်မှတ်ထိုးပြီးသားအဖွဲ့နဲ့ အသစ်လက်မှတ်ထိုးလိုက်တဲ့ အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲလုပ်နေပါတယ်။အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ မကြာခင်တော့ (UPDJC) အစည်း အဝေးကျင်းပနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်တယ်။(UPDJC)အစည်းအဝေးကျင်းပမယ် ပြီးလို့ ရှိရင် အခုအသစ်ထိုးလာတဲ့အဖွဲ့တွေကိုလည်း အမျိုးသားအဆင့်လုပ်မယ်။ထိုးပြီးတော့မှ မလုပ်နိုင်သေးတဲ့အဖွဲ့ တွေအတွက်လည်း အခွင့်အလမ်းပိုမယ်လို့ ပြောလို့ရတယ်။
ကျွန်တော်တို့အခုဆွေးနွေးတဲ့အထဲမှာ နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍ အဲဒါတွေက တကယ်တရားဝင် ပုံမှန် အစည်းအဝေးတွေမှာဆိုရင် သူ့မူကိုယ့်မူနဲ့ တိုင်ပင်ကြတော့ ဆွေးနွေးရ အရမ်းခက်တယ်။အဲဒါကြောင့် ကြိုပြီး တော့ ဆွေးနွေးရအောင်ဆိုပြီး ကျွန်တော်တို့ (EAO)ဘက်ကတောင်းဆိုခဲ့တာ။တောင်းဆိုပြီးတော့ နိုင်ငံရေး ကဏ္ဍဆိုရင် အရင်ညီလာခံတုန်းက ဆွေးနွေးလို့ အဖြေမရနိုင်တဲ့ အချက်တွေ၊ဆွေးနွေးတယ် ဒါပေမယ့် သဘောမတူနိုင်တဲ့အချက်တွေ။ပြီးတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲက တက်လာတယ်။ဆွေးနွေးလို့ အချိန်မရတဲ့အချက်တွေ အဲဒီအပေါ်မှာ အရေးကြီးတယ်ဆိုပြီးတော့ တင်ပြနေတဲ့အချက်တွေ ဒါတွေကို အစိုးရ ဘက်ကို ပေးပါတယ်။ဆယ်ချက်ပေးပါတယ်။အဲဒါလည်း ကျွန်တော်တို့ ပထမအလွတ်သဘောဆွေးနွေးပွဲ လုပ်ပါ တယ်။ဒီဇင်ဘာမှာ ကျွန်တော်တို့ဆွေးနွေးတယ်။အဲဒါကို အစိုးရဘက်က ကျွန်တော်တို့တင်ပြချက်အပေါ်မှာ တုန့်ပြန်တယ်ဆွေးနွေးတယ်။ဒါလည်း အကြို အလွတ်သဘောဆွေးနွေးတာပဲ။အဲဒီအတွက်ကို ဇန်န၀ါရီလမှာ ပြင်ဆင်ခဲ့တာ ဒါပေမယ့် (RCSS)အဆင်မပြေတဲ့အပေါ်မှာ အဲဒီအလွတ်သဘောဆွေးနွေးပွဲတွေ အားလုံးက လည်း အခုထိတော့ လောလောဆယ်ရပ်နေတယ်။ကျွန်တော်ဖြစ်ချင်တာကတော့ ဆွေးနွေးပွဲတွေ မရပ်ပဲနဲ့ အဆင်မပြေသော်လည်း ဆွေးနွေး၊နည်းလမ်းကို အတူတကွရှာ ပြီးတော့ အခက်အခဲကို အတူတကွကျော်လွှား နိုင်အောင် စဉ်းစားအဲဒါမျိုးဆို ပိုကောင်းတယ်။မတွေ့တာက ခက်တယ်။အဲဒါကြောင့် ဟိုတစ်နေ့က အစည်း အဝေးမှာလည်းပဲ (UPDJC)ကျင်းပသင့်တယ် မကျင်းပသင့်ဘူးဆိုတဲ့ ခဏစောင့်သင့်တယ်(သို့ မဟုတ်) ကျင်းပ သင့်တယ်။အဲဒီမှာတော့ ကျွန်တော်ကတော့ ကျင်းပသင့်တယ်ဆိုတဲ့ မူဘက်က ဆွေးနွေးတယ်။
(EAOs)ကလည်း ကျွန်တော်တို့အခု စီမံချက်အတိုင်းတော့ တစ်ခုမှ မဖြစ်ဘူး။မဖြစ်တဲ့အကြောင်းအရင်းက လည်း (RCSS)မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမလုပ်နိုင်ဘူး။တခြားနေရာမှာလည်း လူထုတွေ့ ဆုံ ပွဲတွေ မလုပ်နိုင်ဘူးဆိုတဲ့ ဟာပါပဲ။လူထုတွေ့ဆုံပွဲတွေလုပ်မယ်။အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်။အဲဒါတွေ တက်လာတဲ့ဟာကို အဲဒီလူထုအသံထဲကနေပြီးတော့ ဘာတွေကို စုစည်းပြီးတော့ တင်ပြ မလဲဆိုတာ ဆွေးနွေးဖို့ (EAOs summit )ကို ခေါ်တာဖြစ်တယ်။ဆိုတော့ အမျိုးသားအဆင့်တွေ မလုပ်နိုင် သေးတဲ့ အပေါ်မှာ အခုအဲဒါကလည်း အားလုံးနောက်ဆုတ်သွားတယ်။(EAOs summit )ကတော့ မကြာခင် လုပ်နိုင်ရင်ကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ခုနက အခြေခံမူနဲ့မပတ်သက်ရင်တောင်မှ နှစ်ဖွဲ့တိုးလာပြီ ဆိုတော့ သူတို့ကို ကျွန်တော်တို့ နေရာပေးဖို့လိုတယ်။ဘယ်လိုပေးမလဲ။သူတို့အခန်းကဏ္ဍကိုလည်း ဘယ်လို လုပ်မလဲဆိုတာ ဆွေးနွေးဖို့လိုတယ်။အခုကတော့ နှစ်ဖွဲ့က တိုးလာပြီ။အမှန်အားဖြင့် (ကေအန်ပိပီ)ကလည်း ထိုးဖို့အဆင့်သင့်ဖြစ်တယ်။သူတို့က တလောကဖြစ်တဲ့ အက်စီးဒင့်တစ်ခုကြောင့် ခဏစောင့်ထားတဲ့ သဘော ဖြစ်တယ်။(UNFC)အနေနဲ့ကတော့ အခုက အလုပ်မဖြစ်တော့ပါဘူး။နှစ်ဖွဲ့ကျန်တဲ့အထဲမှာ တစ်ဖွဲ့ကလည်း (ဘိုင်လထွယ်)ထိုးပြီးသား (KNPP) ရှိတယ်။(ANC)တစ်ခုပဲ အနေအထားမရှင်းမရှင်းဖြစ်သေးတယ်။ဘာလို့ဆို ရခိုင်မှာက အခုဆို (ALP)တောင်မှ လက်မှတ်ထိုးတာ ကြာပြီ။သူတို့အနေနဲ့လည်း အမျိုးသားအဆင့်က ရခိုင် ပြည် နယ်မှာ လုပ်လို့မရဘူး။ရခိုင်ပြည် နယ် အခင်းအကျင်းက အားလုံးသိတဲ့အတိုင်း ဒီအချိန်မှာ နည်းနည်းထိ လွယ်ရှလွယ်ဖြစ်နေတဲ့အချိန်မှာ သွားပြီး တော့ လုပ်လို့မကောင်းသေးဘူး။
ဖက်ဒရယ်အခြေခံမူတွေ ချမှတ်နိုင်ပါတယ်။2018က အခုမှ ဖေဖော်ဝါရီပဲ ရှိသေးတယ်။ဆယ်လတောင် ကျန် သေးတယ်။ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ မျှော်လင့်ပါတယ်။ပြီးတော့အဲဒီအထဲမှာလည်း ကျွန်တော့်အမြင် ပေါ့။ဥပမာအားဖြင့် ကျွန်တော်တို့ (PPST)ကနေတင်တာ အခြေခံမူက ဆယ်ချက်ရှိတယ်။တစ်ခါဆွေးနွေး ပြီးတော့မှ ကျန်တဲ့အချက်တွေ အားလုံးပါတယ်။အခုအဲဒါမှာ ကြည့်မယ်ဆိုရင် အဓိကအချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုထူထောင်မယ်ဆိုပြီးတော့ ကျွန်တော်တို့မူကျပြီးပြီ။အခြေခံမူ အဖြစ်လည်း သဘောတူပြီးပြီ။အဲဒီ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုဆိုတဲ့အထဲ ဖက်ဒရယ်ဖြစ်ဖို့အတွက်ကတော့ အချက်တွေများမယ်။ဒါပေမယ့်အဲဒီအချက်တွေများတဲ့အထဲမှာ ကျွန်တော့် အမြင်ကတော့ အရေးကြီးဆုံး ငါးချက်လောက်ကို အစိုးရဘက်က သဘောတူပေးနိုင်တယ်ဆိုရင် အများကြီး လမ်းပွင့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ဖက်ဒရယ်ရဲ့အဓိကအရေးကြီးတဲ့အချက်ငါးချက်က ကျွန်တော့် အမြင်ပေါ့။နံပါတ်တစ်က (NCA)စာချုပ်အပိုဒ်တစ်က ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ စာချုပ်အဖြစ်နဲ့ ပြန်ပါ သင့်တယ်။အဲဒီအထဲမှာ အချက်အလက်အားလုံးပါပြီးပြီ။အဲဒါကြီးပြန်ပါမယ်ဆိုရင် ကျွန်တော်တို့ အများကြီး အလုပ်လုပ်လို့ဖြစ်မယ်။ပြီးခဲ့တဲ့ညီလာခံတုန်းက ဒါကို ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ သီးသန့်အဖြစ်နဲ့ ထည့် ထားတာ။ပြီးတော့ (NCA)မှာလည်းပါပြီးသား သဘောတူပြီးသာဖြစ်တယ်။ဒါပေမယ့် ဒါကို ကျွန်တော်တို့ ရှေ့ ဆက် အကောင်အထည်ဖော်ဖို့အတွက်  ပြည်ထောင်စုသဘောတူစာချုပ်အဖြစ်နဲ့ ပြန်ပါသင့်တယ်။နံပါတ်နှစ် ကတော့ တန်းတူရေး၊တန်းတူရေးကတော့ တော်တော်များများပါပြီးပြီ။နံပါတ်သုံးကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ။ ကိုယ်ပိုင်ပြဌာန်းခွင့်မှာ အမှန်စင်စစ်က အစိုးရအနေနဲ့ ဒီလောက်ကြီးကြောက်ဖို့ မရှိဘူး။ပင်လုံစာချုပ်အပိုဒ် ငါးမှာ ပါပြီးပြီ။စကားလုံးအသုံးအနှုန်းသာ နည်းနည်းကွာတာ။နံပါတ်လေးက ဖက်ဒရယ်(ပရင့်စပယ်)။အခြေခံမှုမှာ အရေးကြီးတဲ့အချက်က အများကြီးရှိတယ်။ဒါပေမယ့်အရေးကြီးဆုံး နှစ်ချက်ရှိတယ်။အဲဒီအထဲမှာ ဘာလဲဆိုရင် နံပါတ်တစ်က ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ အာဏာခွဲဝေမှုရှိရမယ်။သဘောတူပြီးပြီ အဲဒီအချက်က။ဒါပေမဲ့ ဘယ်အာဏာတွေကို ပြည်ထောင်စုပဲ။ဘယ်အာဏာတွေကို ပြည်နယ်မှာထားမယ်ဆိုတာ ကျွန်တော်တို့ အသေး စိတ် ထပ်ပြီးတော့ ဆွေးနွေးရဦးမယ်။ဒါတော့ ကြာဦးမယ်။တစ်ခါထဲနဲ့လည်း မပြီးနိုင်ဘူး။တခါထဲနဲ့လည်း ပြီးပြီ ဆိုပြီး နိဂုံးချုပ်လို့ မကောင်းဘူး။နောက်နောင်နောက်နောင်မှာ လိုအပ်ချက်တွေ ထပ်ပြီးတော့ ပေါ်လာဦးမှာပဲ။ ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စ၊စာပေကိစ္စ၊ယဉ်ကျေးမှုကိစ္စ အများကြီးလုပ်ဖို့ကျန်သေးတယ်။ဒါကို သဘောတူစာချုပ် ထဲမှာ အားလုံးလည်း ထည့်လို့မရဘူး။ကျွန်တော်တို့လည်း မမြင်နိုင်ဘူး။အဲဒီအတွက်ကြောင့် ဒါမျိုးကတော့ အဓိကအရေးကြီးတဲ့အခြေခံမူကိုပဲ ပြည်ထောင်စုနဲ့ပြည်နယ်အားလုံးကြားမှာ အာဏာခွဲဝေမှုရှိရမယ်။ဘယ် အာဏာကို ပြည်ထောင်စုပေးမလဲ။ဘယ်အာဏာကို ပြည်နယ်ပေးမလဲ။ဘယ်အာဏာကိုပြည်ထောင်စုနဲ့ ပြည် နယ်ပူးတွဲပြီးတော့ ကျင့်သုံးမလဲ။အားလုံးအခြေခံမှု သဘောတူတယ်ဆိုရင် ပြီးတယ်။နောက်ဒုတိယ ဖက်ဒရယ် အခြေခံမူထဲမှာ အရေးတကာ့အရေးကြီးဆုံးက ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင် ဖက်ဒရယ်စနစ်က အများကြီးရှိတယ်။အဲဒီအများကြီးထဲမှာမှ ကျွန်တော်တို့တိုင်းရင်းသားတွေ 1947ခုနစ်ကတည်းက တောင်းဆိုတဲ့ 61၊62ခုနစ် တောင်ကြီး ညီလာခံတို့က တောင်းဆိုတယ်။ယနေ့ထိတောင်းဆိုတယ်ဆိုတာ ပြည်ထောင်စုအဖွဲ့ဝင် များ တိုင်းဒေသကြီးအပါအ၀င် အားလုံးမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရှိရမယ်။အဲဒါမှပဲ ပြည်နယ်တွေက လွတ်လပ်စွာ ကိုယ့်ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းရေးကိစ္စအားလုံးကို ကိုယ့်ဟာကိုယ် စီမံဆောင်ရွက်လို့ ရမှာဖြစ်တယ်။ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့စကားကို ကျွန်တော်တို့အသုံးပြုနေတဲ့အချိန်မှာ ကျွန်တော်တို့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ထဲမှာ အမြင်ဆုံးအာဏာက ဘာလဲ။အမြင့်ဆုံး လုပ်ပိုင်ခွင့်က ဘာလဲ။အဲဒါကို ကြည့်ဖို့လိုတယ်။ကိုယ်ပိုင်ပြဌာန်းခွင့်ထဲမှာ အမြင့်ဆုံးလုပ်ပိုင်ခွင့် အာဏာက ဥပဒေပြုခွင့်အာဏာပဲ။အုပ်ချုပ်ရေးအာဏာတရားစီရင်ရေးအာဏာ။ဥပဒေပြုအာဏာ သုံးခုစလုံးပါမယ်။ ဒါပေမယ့် ဒီထဲမှာမှ အရေးကြီးဆုံးက ဥပဒေပြုအာဏာ အဲဒီဥပဒေပြုအာဏာပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရမယ်။ဒါပါပဲ ။ဒါကလည်းပဲ ကျွန်တော်တို့အသစ်အဆန်းတောင်းနေတာလည်း မဟုတ်ဘူး။ချင်း၊ ကချင်၊ ရှမ်းတို့က ပင်လုံစာချုပ်လက်မှတ်မထိုးခင်ကတည်းက ဒီဥပဒေတွေ ရှိပြီးပြီ။ပြည်နယ်  ဖွဲ့စည်းပုံအခြေခံဥပဒေ တွေက ရှိပြီးပြီ။ဆိုတော့ ကိုလိုနီခေတ်မှာတောင် ရှိပြီးတော့ အခုလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း နှစ်ပေါင်း ခုနစ်ဆယ်ကြာပြီ။ဘာလို့မရှိရမှာလဲ။အဲဒီအတွက်ကြောင့် ဘာမှမထူးဆန်းဘူး။အစိုးရကလည်း အရမ်းကြောက်ဖို့ လည်းမလိုဘူး။ပေးသင့်တယ်လို့ ကျွန်တော်မြင်တယ်။ဆိုတော့ ဒီလေးချက် ပါပြီဆိုရင် သိပ်ပြီးတော့ အခက်အခဲ မရျိတော့ဘူးလို့ ကျွန်တော်မြင်တယ်။နောက်ပြီးခဲ့တဲ့ ပွဲမှာ တစ်ဆို့နေတဲ့အချက်အဲဒါကလည်း ကျွန်တော်တို့ ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
တတိယအကြိမ် 21ပင်လုံညီလာခံက ခန့်မှန်းဖို့က တော်တော်လေးခက်တယ်။အမှန်စင်စစ်ကတော့ အနည်းဆုံး ကတော့ အသစ်ထိုးလာတဲ့သူရယ်။အမျိုးသားအဆင့်လုပ်ဖို့ဆိုရင်တော့ တစ်လတစ်လခွဲလောက်တော့ရှိမယ်။ဒီ ကြားထဲမှာ (RCSS)တို့ဘာတို့လည်း လုပ်မယ်ဆိုရင်တော့ တစ်လခွဲလောက်တော့ ကြာမယ်ထင်တယ်။မနှစ်က မေလမှာ လုပ်တယ်ဆိုတော့ ဒီနှစ်လည်း မေလမှာ လုပ်ဖြစ်မယ်ထင်တယ်။
အရင်တုန်းက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် ဥပမာ ဟိုပုန်းမှာလုပ်ဖို့ ခွင့်ပေးတယ်။ ဒါပေမဲ့ တောင်ကြီးမှာလည်း လူထုတွေ့ဆုံပွဲလုပ်လို့ရတယ်။အဲဒါလည်း တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ကြဘူး။ဒါပေမဲ့ အဲဒီလူထုတွေ့ဆုံပွဲဆိုတာက ကျွန်တော်တို့ မူဘောင်မှာ အတိအကျရေးထားတာ မရှိဘူး။ဒါပေမဲ့ ဘယ်အခြေအနေကြောင့် ကျွန်တော်တို့ လူထုတွေ့ဆုံပွဲကို အများဆုံးလုပ်ကြသလဲဆိုတော့ တစ်ဖွဲ့ချင်းတွေ့ဆုံတဲ့သဘောတူညီချက်ထဲမှာ လူထုတွေ့ဆုံပွဲကို အဖွဲ့အားလုံးနီးပါးက တောင်းဆိုတယ်။ ကျွန်တော်တို့(CNF)ဆိုရင် ပထမဦးဆုံးတောင်းဆိုတယ်။လုပ်လည်း လုပ်ခဲ့တယ်။ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ တယ်။ (NCA)စာချုပ်မှာ ကြည့်မယ်ဆိုရင် တစ်ဖွဲ့ချင်းသဘောတူထားတာကိုလည်း ထပ်လောင်းအတည်ပြုတာ ဖြစ်တယ်ဆိုတာပါတော့ အဲဒီအခြေခံမူနဲ့ လူထုတွေ့ဆုံပွဲကို လုပ်တာဖြစ်တယ်။တပ်မတော်က ပြောနေတဲ့ဟာ ကတော့ မူဘောင်တစ်ခုထဲကိုပဲ ကြည့်တဲ့သဘောပဲ။အဲဒီအတွက်ကြောင့် အခုကျွန်တော်ကြည့်ရသလောက် ကတော့ (ToR)အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာပေါ့။နံပါတ်နှစ်က ဒါ ကျွန် တော် တပ်မတော်ဘက်ကို တိုက်ရိုက်ဦးတည်ပြီးတော့ ပြောချင်တာက သူတို့က လူထုတွေ့ဆုံပွဲကို ကြောက် တယ်။တစ်ချို့တပ်မတော်အရာရှိကြီးတွေ ပြောနေတာကလည်း ကျွန်တော်တို့ ကြားခဲ့ရပါတယ်။အဲဒါ ဘာလဲ ဆိုတော့ အခုလက်ရှိ (NLD)အစိုးရရယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရယ်က ပေါင်းပြီးတော့ လူထုအားကို ယူပြီး တပ်မတော်ကို ဖိအားပေးချင်တယ်ဆိုတဲ့အမြင်မျိုးရှိပုံရတယ်။အဲလိုမရှိဘူးဆိုတာကို ကျွန်တော် မေတ္တာရပ်ခံချင်တယ်။ဘာလို့ဆို ကျွန်တော်တို့အနေနဲ့ လူထုတွေ့ဆုံပွဲလုပ်တယ်။လူထုကို စုဆောင်း   တယ်ဆိုတဲ့ဟာက တပ်မတော်ကို ဖိအားပေးဖို့မဟုတ်ဘူး။ဒီအချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ရှိသင့် တယ်လို့ ကျွန်တော်ထင်တယ်။အဲလိုယုံကြည်မှုမရှိပဲ ဆက်သွားမယ်ဆိုရင် ဒါကမလွယ်ဘူး။အဲဒီအတွက်ကြောင့် တပ်မတော်အနေနဲ့ လူထုတွေ့ဆုံပွဲလုပ်ပြီးတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာက တပ်မတော်ဖြစ်ဖြစ် အစိုးရဖြစ်ဖြစ် ဘယ်သူ့အဖွဲ့အစည်းကိုဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ လူထုအားနဲ့ ဖိအား ပေးဖို့ မဟုတ်ဘူး။အမှန်စင်စစ်စစ်က အစိုးရ၊လွှတ်တော်၊တပ်မတော်နဲ့ နိုင်ငံရေးပါတီ သူတို့ကပဲ အမှန်စင်စစ် စစ်က လူထုနဲ့ထိစပ်ဖို့ နည်းလမ်းက ရှိတယ်။ကျွန်တော်တို့ (EAO)ဘက်က ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာ မရှိပါဘူး။အမှန်စင်စစ်စစ်က နှိုင်းယှဉ်ပြီးတော့ ပြောမယ်ဆိုရင် အဲဒီအတွက်ကြောင့် ကျွန်တော်မီဒီယာကနေ တစ်ဆင့်မေတ္တာရပ်ခံချင်တာက လူထုတွေ့ဆုံပွဲလုပ်တယ်။အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်တယ် ဆိုတာ ကျွန်တော်တို့လူထုအားကို သုံးပြီးတော့ တပ်မတော်ကိုဖိအားပေးဖို့လုံးဝမဟုတ်ပါဘူးဆိုတာပါပဲ။
Miemie Mie
ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့်​ တွေ့ဆုံမေးမြန်းခန်း
ချင်းပြည်နယ် ဒေသအတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ လမ်ပန်းဆက် သွယ်မှုအခြေအနေ၊လျှပ်စစ်မီးရရှိမှု၊သဘာဝပတ်ဝန်းကျင်အခြေအနေများနှင့် ပတ်သက်ပြီး ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်အား ပြည်သူ့အရေးမှ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြ လိုက်သည်။
မေး - ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်လာတဲ့ ၂ နှစ်တာ ကာလမှာ ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့အနေနဲ့ စိတ်ကျေ နပ်တဲ့ လုပ်ဆောင်ချက်က ဘာလဲ၊ လုပ်မပေးနိုင်ပဲ အားမရဖြစ်တာက ဘာရှိမလဲ။
ဖြေ - လမ်းပန်းဆက်သွယ်ရေးက အခက်အခဲဆုံး။ အဲကိစ္စကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ လေကြောင်း လိုင်းနဲ့ ပြည်တွင်း/ပြည်ပကို ဆက်သွယ်လို့ရအောင် လေယာဉ်ကွင်း တည်ဆောက်နေတယ်။ လေယာဉ်ကွင်း တည်ဆောက်ခွင့်ပေးဖို့ သမ္မတကြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တင် ပြတဲ့အခါမှာ ခွင့်ပြု တယ်။ ဖလမ်းလေယာဉ်ကွင်းက ပထမတွက်ချက်က ၃၇ ဘီလီယံလောက် ကုန်မယ်။ ၃၇ ဘီလီယံနဲ့ ၂၅ ဘီလီ ယံကျပ်လောက် ကုန်မယ်ဆိုပြီးတော့ တွက်ချက်ပြီး တည်ဆောက်နေတယ်။အဲဒီ လေယာဉ်ကွင်းအောင်မြင် သွားပြီဆိုရင်တော့ ပြည်တွင်း/ပြည်ပ သွားလာနိုင်မယ်ဆိုတဲ့အခါကျတော့ ချင်းပြည်ဟာ ကုန်းပိတ်အနေအထား ကနေ ပင်လယ်ထွက်ပေါက်လည်းရှိမယ်။ လေကြောင်းလိုင်းကလည်း အိန္ဒိယ၊ တရုတ်၊ထိုင်း စသဖြင့် နိုင်ငံ တကာနဲ့ ဆက်သွယ်နိုင်မယ်။ နောက် ရန်ကုန်၊မန္တလေး၊ ကလေး စသဖြင့် ပေါ့ ဆက်သွယ်ခွင့်ရမယ်ဆိုရင် အဲဒီ အပေါ်မှာ တော်တော်လေးကို ကျနော်တို့ အားတက်တယ်။ ကျနော်တို့ အစိုးရ  လက်ထပ်မှာ အမြန်ဆုံး ပြီး အောင်လည်း ကြိုးစားနေတယ်။ အဲဒါ မကြာခင်တော့ ကျနော်တို့ ဖွင့်နိုင်မှာ ၂၀၂၀ -၂၁ နောက်ဆုံး အဲဒီ မတိုင် ခင်မှာလည်း ပြီးနိုင်တယ်။နိုင်ငံတော်က ဘတ်ဂျက် မြန်မြန်ချပေးနိုင်ရင် ၂၀၂၀-၂၁ ထက် စောပြီး ပြီးအောင် လုပ်လို့ရတယ်။ ဘတ်ဂျက် အပေါ်မှာ မူတည်တယ်။အားမရတာက ဥပမာ ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  ဇယား ၂၊ ၅ တို့အရ ကျနော်တို့ကို လုပ်ပိုင်ခွင့်ပေးထားတာရှိတယ်။ပထမလမ်းပန်း ဆက်သွယ်ရေး၊ ဒုတိယက လျှပ်စစ် လုပ်ငန်း ကလည်း အင်မတန် အရေးကြီးတယ်။လျှပ်စစ်ဓာတ်အားမရနိုင် ပဲနဲ့ တိုးတက် ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူး။ မဖြစ်နိုင်သလောက်ပဲ။
ဥပမာ အားဖြင့် ဟိုတယ်နဲ့ခရီး ဒီမှာ တောတောင် သဘာဝ အလှတွေရှိတယ်။ လာမကြည့်ဘူး။ ဟိုတယ်နဲ့ ခရီး သွား တိုးတက်အောင် မြှင့်တင်မယ်ဆိုကတည်းကိုက အဓိက ဘာလို့အပ်လဲဆို လမ်းပန်းဆက်သွယ်ရေးက ပထမ၊ ဒုတိယက လျှပ်စစ်မီး။ လျှပ်စစ်မီး မရှိရင် ဘာမှ ဟိုတယ်ကောင်းကောင်း တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ရေပူ ရေအေးလိုအပ်တာတို့၊ ကွန်ပျူတာတွေ၊ အပူအအေးလိုတာတို့ လုပ်နိုင်ဖို့ လျှပ်စစ်မီး မရှိပဲနဲ့ မရဘူး။ လျှပ်စစ်ဓာတ်အားကို မီဂ္ဂဝ ၃၀ ထိတော့ တိုင်းနဲ့ပြည်နယ်တိုင်းကို ဖွင့်ပေးတယ်။ လုပ်ခွင့်တော့ ရှိတယ်။ လျှပ်စစ်ဓာတ်အား မထွက်နိုင်တော့ ကျနော်တို့ ပြည်နယ်က ဘတ်ဂျက်မရှိဘူး။ ဝယ်ယူဖို့ ၊ ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးမယ်။ဒါပေမယ့် နိုင်ငံတော်က ဝယ်မှ ရတာကိုး။နိုင်ငံတော်ဘတ်ဂျက်က ဝယ်မှရတာကိုး၊ လုပ်ခွင့်တော့ရှိ တယ်။သို့သော်လည်းပဲ လျှပ်စစ်ဓာတ်အား ထွက်လာဖို့ဆိုရင်တော့ ကျနော်တို့ ပြည်နယ်က ဘတ်ဂျက်မရှိဘူး။ ဝယ်ဖို့လေ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးမယ်။ ဒါပေမယ့် ဓာတ်အားရောင်းဖို့ကျတော့ နိုင်ငံတော်က ဝယ်မှ ရတာ ကိုး။ဥပမာ - မဏိပူဆီက လျှပ်စစ် ကျနော်တို့လုပ်နိုင်မယ်။ ပိုက်ဆံလည်း အပြည့်အစုံရှိတယ်။ ဒါပေမယ့် လုပ် ခွင့်ပေး ပါ။ ရတယ် ကျနော်တို့ လုပ်ခွင့်ပေးမယ်။ ဘီလီယံ အများကြီးကုန်မယ်။ ဒီဓာတ်အားခကို ချင်းပြည်နယ် အစိုးရ အနေနဲ့ ဘယ်လောက်ထိ ပေးနိုင်မလဲ။ ဘယ်လောက် ဈေးနဲ့ ဝယ်မလဲ၊ စာချုပ်ချုပ်ဖို့လိုလာပြီး။အဲဒါ ကျနော်တို့ လုပ်ခွင့်မရှိဘူး။ ပြည်ထောင်စုက သဘောတူမှ အဲခါကျတော့ တခြမ်းတော့ ပြည်နယ်က လုပ်ပိုင်ခွင့် ရှိသလိုလိုနဲ့ နောက်ဆုံးမှာတော့ ပြည်ထောင်စုအစိုးရနဲ့ နိဂုံးချုပ်သွားတယ်။
မေး - တက္ကသိုလ်တွေ ချင်းပြည်နယ်မှာ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။အဲဒီအခြေအနေ လေး သိပါရစေ။
ဖြေ -  ကျွန်တော်တို့ ချင်းပြည်နယ်က စိုက်ပျိုးရေး တက္ကသိုလ်ပဲ ရှိတယ်။ ချင်းပြည်နယ်က စိုက်ပျိုးရေး ရှိတယ်။ စိုက်ပျိုးရေး ပညာမရှိရင် စိုက်ပျိုးရေးက တိုးတက်မှာ မဟုတ်တော့ဘူး။ အဲဒါ ဖွင့်ပေးပါ။ စက်မှုလက်မှု အထက် တန်း ကျောင်း ဖွင့်ပေးဖို့ တင်ပြထားတာရှိတယ်။ ပညာရေးဝန်ကြီးဌာန သဘောထားနဲ့ ဘတ်ဂျတ် တောင်း တယ်။  ဒါဆို မြေနေရာ လိုက်ရှာတဲ့။ မြေနေရာပေးနိုင် မယ်ဆိုရင် စဉ်းစားပေးဖို့ ရှိတယ်ဆိုတဲ့ အခါကျတော့ ပညာရေး ဝန်ကြီးဌာနက သူတို့ မြေနေရာ သတ်မှတ်ပေးတယ်။အဲဒါကြောင့် မင်းတပ်မှာလည်း မြေနေရာ လိုက်ရှာပေးတယ်။ ဧက ၂၀၀၊ ၃၀၀ လောက် ယာထားပါတယ်။ အဲဒီ နေရာကို ဒုသမ္မတ (ဦးဟင်နရီဗန်ထီးယူ) ကိုလည်း လိုက်ပြတယ်။ ၃၀၀ ဘာလို့ အဲလောက် ယာထားလဲဆိုတော့ သိပ္ပံတက္ကသိုလ်တို့၊ ကွန်ပျူတာ တက္ကသိုလ်တို့ တိုးလာမယ်ဆိုရင် အဲမှာပဲ ပေါင်းစပ် ဖွင့်လို့ရအောင် ကျနော်တို့ ယာထားပါတယ်။ ဒုသမ္မတကလည်း အဲဒါကို စိတ်အားထက်သန်တယ်။ ကျနော်စိတ်ထဲမှာတော့ သေချာပေါက် ရနိုင်မယ်လို့ ထင်ပါတယ်။ ဒီနှစ်အတွင်းမှာ အပြောင်းအလဲ တခုခုတော့ ရှိနိုင်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း ကျနော်တင်ပြတုန်းက သူ့အနေနဲ့လည်း သဘောတူပါတယ်။ ချင်းပြည်နယ်မှာ ပညာတတ်တွေ ထွက်လာ အောင် ပညာတတ်များများ ထွက်လာမှ အမျှော်အမြင်ရှိလာမယ် စည်းလုံးညီညွတ်ရေးကို လုပ်နိုင်မယ်လို့ ပြောတယ်။
မေး - တက္ကသိုလ် ၄ ခုလောက် ဖွင့်ဖို့ ပြောထားတယ်ဆိုတော့ အကုန်လုံးကျနိုင်လား၊ တစ်ခုချင်း ကျနိုင်လား။
ဖြေ - တခုချင်းပဲ ကျနိုင်ပါတယ်။ပထမဆုံးတော့  ဟားခါးမှာ ဖွင့်လှစ်ရမယ့် နည်းပညာတက္ကသိုလ်ရယ်၊ မင်းတပ်မှာ ဖွင့်လှစ်မယ့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ပထမတော့ တက္ကသိုလ်က မဟုတ်ပဲ ကောလိပ်က စတာကို အခု ဟားခါးလည်း ဟားခါးကောလိပ်ပဲ ရှိသေးတယ်။အဲဒါကြောင့် ဒီနှစ်ခုတော့ အရင်ဆုံး ရမယ်လို့ ထင်တယ်။ ပြည်ထောင်စုဝန်ကြီးကလည်း အဲဒီ ၂ ခုအတွက် မြေနေရာ ရှာဖို့ ပြောတယ်။
မေး - ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မဖြစ်မနေ လုပ်ဖို့ လမ်းညွန်ခဲ့တာ ဘာတွေရှိလဲ။
ဖြေ  - အများကြီးရှိတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ပထမဆုံးတော့ ချင်းပြည်နယ်အစိုးရအနေနဲ့ ချင်းပြည် နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိက ဘာလို့အပ်သလဲဆိုတော့ ချင်းပြည်နယ်မှာ အဓိက မတိုးတက်တာ မဖွံ့  ဖြိုး နိုင်တာက လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။ လမ်းပန်းဆက်သွယ်ရေးကို ပထမဆုံး ဦးစားပေးလုပ် မယ်။
တောင်ပိုင်း ၊ မြောက်ပိုင်း ဆက်သွယ်ဖို့ တော်တော် ခက်ခဲတယ်။ဟားခါး - ပလက်ဝ သွားမယ်ဆိုရင် တိုင်းနဲ့ ပြည်နယ် ၅ ခုလောက် ဖြတ်ကျော်ပြီးမှ ပလက်ဝရောက်နိုင်တယ်။ အဲဒါကို ဟားခါး - ပလက်ဝ တောက်လျှောက် ပေါက်သွားအောင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ပေါက်သွားပြီး။ ချင်းပြည်နယ်တောင်ဘက်မှာ အစွန်းဆုံးက ပလက်ဝဖြစ်တယ်။
ပလက်ဝကနေပြီး ဆမီး၊ မတူပီ၊ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ သီးကီးရ်၊ ကျီးခတ် အဲဒီလမ်းက မိုင်  ၅၀၀ ကျော်ရှိတယ်။ အဲဒီလမ်းမကြီးကို ကျနော်တို့ ၁၂ ရာသီ သွားလာလို့ ရအောင် ပထမဆုံး ဦးစားပေးလုပ်တယ်။ အဲဒီလမ်းပေါက်သွားလို့ရှိရင် ပလက်ဝကနေ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ သဘောတူပြီးတော့ MOU ထိုးထားတဲ့ ဟာ ကုလားတန်မြစ်ကူး တံတား ထိုးဖို့စနေပြီး။ အဲဒါပြီးရင် ရခိုင်ကနေပြီးတော့ ပလက်ဝ။ ပလက်ဝကနေပြီး တော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ထွက်မယ့် ဟိုင်းဝေးလမ်းပေါ့။ ပလက်ဝကနေ အဲဒီကို တောက်လျှောက် ပေါက်နိုင်တဲ့ ကားလမ်း တလမ်းပေါ့နော်။
နောက်ပြီးတော့ စစ်တွေမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံ သဘောတူညီချက် MOU ထိုးထားတာနဲ့ စစ်တွေမှာ ရေနက် ဆိပ်ကမ်းတခု လုပ်နေတယ်။ အဲဒီ ရေနက်ဆိပ်ကမ်းကနေပြီးတော့ တန် ၃၀၀ လောက် သယ်ဆောင်နိုင်တဲ့ အငယ်စား သဘောင်္လေးတွေပေါ့။ ကုန်တင် သဘောင်္ပေါ့ အဲဒါနဲ့ ပင်လယ်ရေကြောင်းကနေ တက်လာပြီး ချလာမယ့် ပစ္စည်းတွေကို အဲဒီအငယ်စား သဘောင်္နဲ့ ပလက်ဝကို တင်မယ်။ ပလက်ဝကနေ ကုလားတန် မြစ် ကြောင်းနဲ့သယ်မယ်။ အဲ တန် ၃၀၀ သဘောင်္က တနေ့ ၆ စင်းပေါ့ သယ်မယ်။ ပင်လယ်ကနေ ချတဲ့ ကုန်တွေ ကို အဲသဘောင်္အငယ်တွေနဲ့ ပလက်ဝကို တင်မယ်။
တန် ၃၀၀ သင်္ဘောနဲ့  တနေ့ကို ၆ ခေါက်ပေါ့။ ပလက်ဝကို တင်မယ်တဲ့။ ပလက်ဝကနေပြီးတော့ အိန္ဒိယလမ်း ပေါက်နေတယ်။ အိန္ဒိယက လုပ်သား ၃၀၀ လောက်နဲ့ လမ်းအူကြောင်း ဖောက်နေပြီး။ အဲဒါကို အမြန် အောင် မြင်အောင် ဖောက်နိုင်ရင် ပင်လယ်ပြင် ထွက်ပေါက်လည်း ကျနော်တို့ ရှိနေပြီး။ အရင်တုန်းက ချင်းပြည်နယ်က ကုန်းပိတ်ပြည်နယ်။ ဘယ်မှာ ဆက်သွယ်လို့ မရတဲ့ ပြည်နယ်ကနေ ကားလမ်းတွေကနေ တောင်အစွန်းကနေ မြောက်အစွန်း ဟိုတီးတိန်၊ ဟားခါးအထိ ပေါက်မယ်။
နောက် ကျီးခါးကနေပြီးတော့ မဏိပူရပြည်နယ် အဲဒီကို တီးတိန်၊ဟားခါးကနေ လမ်းပေါက်မယ်။ အဲဒါ လည်း သဘောတူပြီးသား ။ အဲတော့ ကုန်လမ်းလည်း ပေါက်သွားမယ်။ ရေလမ်းလည်း ပေါက်သွားမယ်။ ပလက်ဝမှာ သင်္ဘောကပ်မယ့် ဆိပ်ခံလည်း ပြီးသွားပြီ။ ဒါပေမယ့် စစ်တွေဘက်မှာ တည်ဆောက်နေတဲ့ ရေနက်ဆိပ်ကမ်း တော့ မပြီးသေးဘူးပေါ့။ အဲဒါ ပြီးတာနဲ့ ကျနော်တို့ ပလက်ဝ၊ ပလက်ဝကနေပြီးတော့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် ပြည်နယ်ကို ကားနဲ့ ဆက်သွယ်မယ်။ မဝေးဘူး မိုင်အားဖြင့် ၆၇ မိုင်ပဲရှိတယ်။
အုပ်ချုပ်ရေးမှူး မြို့နယ် အုပ်ချုပ်ရေးမှူး၊နောက်သစ်တော စသည်ဖြင့ိ ဆက်စပ်တဲ့ ဌာနပေါင်းစုံနဲ့ ကော်မတီ အကျယ်ကြီး ဖွဲ့ပြီးတော့ ထိန်းသိမ်းတယ်။အခက်အခဲတစ်ခုတော့ရှိတယ်။အဲဒီတောင်ပေါ်မှာ ဘုရားတစ်ဆူ ရှိတယ်။အသက်ကြီး ရွယ် အိုတွေ ဘုရားဖူးဖို့အတွက်နဲ့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရှိဖို့ကို တဖြည်း ဖြည်း စည်းရုံး လုပ်ဆောင် သွားမယ်။ကျွန်တော်တို့ကတော့ ၂၀မိုင်အထိ ဆိုင်ကယ်တက်ခွင့်ပေးလိုက် ရင်တော့ အဆင်ပြေမယ် ထင်တယ်။ အဲဒီဆယ်မိုင်အထိ ဖွံ့ဖြိုးတဲ့နေရာအထိ ဈေးသည်များများရောက်လာဖို့က အဓိက ပါ။အဲဒီမှာ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းနိုင်မယ်။
မေး - နှာဟရိန်မြီု့သစ်ဖွင့်လှစ်ရခြင်းအကြောင်းနှင့်ပတ်သက်ပြီး သိပါရစေ။
ဖြေ - ရွာကို မြို့အသစ်ဖွဲ့တဲ့ကိစ္စကတော့ လရိန်ဆိုတာက ချင်းပြည်နယ်မှာ တောင်ပိုင်းရှိတယ် မြောက်ပိုင်း ရှိတယ်။ တောင်ပိုင်းနဲ့ မြောက်ပိုင်းက မိုင်ပေါင်း နှစ်ရာကျော်မယ်။အဲဒီအလယ်လောက်မှာ မြို့လေးတစ်မြို့ ဖြစ်လာရင် တောင်မြောက်ဆုံရာနေရာဖြစ်မယ်။တောင်မြောက်ဆက်သွယ်ရေးအလယ်ဗဟိုမှာရှိတဲ့အခါကျတော့ ပထ၀ီ အနေအထားအရ နဟရီကနေ ထန်တလန်ဘက် ဟားခါးဘက် နောက်မကွေးတိုင် ဂန့်ဂေါဘက်ကို ထွက်နိုင်တဲ့ နေရာဖြစ်တဲ့အတွက် အဲဒီနေရာကိုရွေးတာဖြစ်တယ်။ချင်းပြည်နယ်မှာလည်း တောင်နဲ့မြောက် ဒီလိုလှမ်းဝေးတဲ့ အခါ တွေ့ဆုံမှုနည်းတယ်။ကျွန်တော်တို့စိတ်ဓါတ်တွေလည်း စည်းလုံးညီညွတ်မှုက အားနည်း သွားတယ်။ တစ်ယောက်အကြောင်း တစ်ယောက်မသိတော့ စိမ်းကားပြီးတော့ ညှိနှိုင်းတဲ့အခါမှာလည်း မြောက် ပိုင်းက တောင်ပိုင်းကတော့ ဆိုတဲ့ မလိုအပ်တဲ့ပြဿနာလေးတွေ နည်းနည်းရှိလာတတ်တယ်။အဲဒီ အခြေအနေ အားလုံးကို ကျွန်တော်တို့က ဖြေရှင်းလို့ရအောင် ဒေသလည်း ဖွံ့ဖြိုးသွားအောင် စီးပွားရေးလမ်းကြောင်းလည်း ပွင့်သွားအောင်ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ အခက်ခဲဆုံး ပထ၀ီအနေအထားအရ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဆက်သွယ်ဖို့လမ်းကြောင်းမှာ တော်တော်လေး အချက်အခြာကျတဲ့ ရွာလေးဖြစ်လို့ နိုင်ငံတော်အကြီးအကဲ အနေနဲ့လည်း အဲဒါတွေ သဘောပေါက်ပြီးတော့ မြို့ဖြစ်နိုင်တဲ့အခြေအနေအားလုံး မပြည့်စုံသေးပေမယ့် ခွင့်ပြု လိုက်တယ်။
မေး - တောင်ဇလပ်ပန်းနဲ့ တောရိုင်းတိရိစ္ဆာန်သတ်ဖြတ်တာနဲ့ပတ်သက်ပြီး ဒေသန္တရအမိန့်ထုတ်တာ ဘာ ကြောင့်ပါလဲ။
ဖြေ - ဒေသန္တရအမိန့်လည်းထုတ်တယ်။ ဒါကို နိုင်ငံတော်အတိုင်ပင်ခံရဲ့လမ်းညွန်မှုနဲ့ တောင်ဇလပ်ပန်းကို စောင့် ရှောက်ပါ။ ရှိပြီးသားအပင်ကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပါ။နောက်အသစ်လည်း စီမံကိန်းလုပ်ပြီးတော့ စိုက်ပါဆိုပြီးတော့လမ်းညွန်ထားပါတယ်။ နောက်အောက်ချင်းဌက်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပါ။လုံးဝ သတ်ဖြတိခြင်းမရှိပါနဲ့ဆိုပြီးတော့ လမ်းညွန်ထားပါတယ်။အဲဒါက သစ်တောဥပဒေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းခြင်းဥပဒေလည်း ပြဌာန်းပြီးသားဖြစ်တယ်။အဲဒါကြောင့်လည်း ကျွန်တော်တို့က အရေးယူမှုတွေ လုပ်နေပါတယ်။အရေးယူမှုက သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဥပဒေအရ အရေးယူမှာ ဖြစ်တယ်။ တောင်ဇလပ်ပန်းကတော့ တစ်ချိန်လုံးခုတ်နေတာတော့ မဟုတ်ပါဘူး။ ခရစ္စမတ်ပွဲမှာ ဘုရား ကျောင်းကို ပြင်ဆင်တဲ့အခါ အလှပြင်တာဖြစ်တယ်။နောက်တောင်ဇလပ်ပန်းကို ၀ိုင်ချက်တာလည်း လုပ်တယ်။ အဲဒါလည်း မလုပ်ခိုင်းထားဘူး။နောက်သစ်ခွပန်းတွေလည်း ဒီလိုပဲ ။သစ်ခွပန်းတွေ တရုတ်က လာဝယ်တယ်။ ခွင့်ပြုချက်မရှိပဲ လိုင်စင်မရှိပဲ ချင်းဒေသခံတွေက သစ်ခွပန်းတွေယူပြီးတော့ အခြောက်လှမ်းပြီး တရုတ်ပွဲစား လာတဲ့အခါရောင်းတယ်။တရုတ်ပြည်ပို့တာ။ အဲဒါတော်တော်လေးကို တားမြစ်တယ်။ ဒါပေမယ့် သစ်တော ၀န်ထမ်းတွေကလည်း အားနည်းတာလဲပါတယ်။စန်ထမ်းအင်အားမလုံလောက်တာလည်းပါတယ်။အာဂတိ တရားလည်း ပါတယ်။သိရက်နဲ့ မဖမ်းတာလည်းရှိတယ်။တောင်ဇပန်ုးခုတ်ရင်ဆိုတာက ဥပဒေထဲမှာ သုံးမျိုး လောက် ရှိတယ်။ ထောင်ခြောက်လချလို့ရတယ်။ဒဏ်ငွေ ရိုက်လို့လည်းရတယ်။အရေးယူမှုတွေလည်း လုပ်နေ တယ်။ခရစ္စမတ်ပွဲကြောင့် ထောင်ချတယ်ဆိုတာလည်း လူမူရေးအရမကောင်းဘူးလေ ဒါကြောင့် ဒဏ်ငွေပဲရိုက် တယ်။
မေး - ချင်းအစိုးရအနေနဲ့ မီဒီယာနဲ့အဆင်မပြေဘူး၊အတွေ့မခံဘူးလို့ ပြောကြပါတယ်။ဘာကြောင့်ပါလဲ။
မရှိပါဘူး။သို့သော်လည်းပဲ မီဒီယာတွေမှာက သံအမတ်ကြီးက လာရောက်တွေ့ဆုံတဲ့အခါ ပြောပါတယ်။ ချင်းပြည်နယ်အနေနဲ့  မီဒီယာနဲ့ အတွေ့မခံဘူးဆိုတာရှိတယ်တဲ့။မဟုတ်ပါဘူး ကျွန်တော်တို့မှာ မီဒီယာနဲ့ ဖြေဖို့ ၀န်ကြီးရှိပါတယ်။တွေ့တဲ့အခါရှိတယ်။ကြုံတဲ့အခါ၇ှိတယ်။ ကျွန်တော်တို့ကတော့ခရီးသွားနေလို့ သူ့ကို ပြောရေး ဆိုခွင့်ပေးထားပါတယ်။ ဘယ်မီဒီယာကို မျက်နှာပေးတယ်။ဘယ်မီဒီယာကို ဖြေခွင့်ပေးတယ်ဆိုတဲ့ ခွဲခြားမှု မရှိပါဘူး။ ကျွန်တော်တို့အခုလို အားတဲ့အချိန်နဲ့ တွေ့ဆုံနိုင်တဲ့အချိန်နဲ့ ကြုံကြိုက်ရင်တော့ တွေ့ပါတယ်။
မေး -  ၀န်ကြီးချုပ်အနေနဲ့ ထပ်ဖြည့်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ - ကျွန်တော်တို့ ပြည်တွင်းခရီးသွားဝါသနာပါတဲ့ အီကိုတိုးရစ်ဇငိတွေ အဲဒါချင်းပြည်နယ်ရဲ့ အလှက ဘယ် နေရာပဲ သွားသွား တော်တော်လေးကို လှပါတယ်။ ချင်းပြည်နယ်ရဲ့ အလှအပနဲ့အေးမြတဲ့ရာသီဥတုအကြောင်း ကို ကမ္ဘာ လည့်ခရီးသွားတွေက မသိကြဘူး။ မသိလို့ မလာကြတာဖြစ်တယ်။ပုဂံညောင်ဦးကနေ လေးနာရီပဲ မောင်းရတယ်။ခဏလေးဆို ၀ိတိုရိယရောက်တာပဲ။နတ်မတောင်ကို ခဏလေးရောက်ပါတယ်။ တည်းခိုဖို့က လည်း ဟိုတည် ခြောက်ခု၊ ခုနစ်ခုလောက်ရှိတယ်။ နောက်ရိရ်ရေကန်လည်း သိပ်မဝေးပါဘူး ။ ကလေးကနေ ခြောက်ဆယ်ရှစ်မိုင်ဆိုတော့ နည်းနည်းလှမ်းပါတယ်။ဒါပေမယ့် တစ်ရက်နဲ့ ရောက်တယ်။ အဲလို သွားလို့ရပါပြီ ဆိုတာကို မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူတွေရော ကမ္ဘာလည့်ခရီးသည်တွေရော ခရီးသွားလာ ချင်တဲ့ပြည်သူတွေရော အားလပ်ရက်တွေမှာ လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
Miemie Mie
Tuesday, February 27, 2018
မြစ်ကူးတံတားတစ်စင်းသာ အမြန်လိုချင်ပါသည်
မြစ်ကူးတံတားတစ်စင်းသာ အမြန်လိုချင်ပါသည်
လှိုင်မြစ်အတွင်း---။
အချိန်အားဖြင့် နံနက် ၂ နာရီခန့်။
ရှေ့တူရူ ဆယ်ပေကျော်သည်နှင့် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရ။ အအေးဓာတ်နှင့်အတူ ဖြူလွှလွှနှင်းမှုန်တို့က ပတ်ဝန်း ကျင်ကို လွှမ်းခြုံထားသည်။ မြစ်လယ်ဟိုအဝေးဆီတွင် ရပ်နားနေ  သော သင်္ဘောဆီက မီးရောင်တို့က မှုန်ပျပျ။
ဗဟိုစံပြငါးဈေးကြီး
သို့သော် စက်တပ်သမ္ဗန်ငယ်များဆီမှ တရုတ်နီအင်ဂျင် စက်သံနှင့်အတူ လက်နှိပ်ဓာတ်မီးသဖွယ် စူးရှရှည်လျားသော အလင်းတန်းတို့က မြစ်ပြင်တစ်လျှောက် ဟိုမှ သည်မှ ကြားနေရ၊ မြင်နေရသည်။ သူတို့အားလုံး ဦးတည်ရာမှာ ဗဟိုစံပြ ငါးဈေးကြီး ရှိရာ ကမ်းနားဈေး ကျောက်တံတား ဆိပ်ဆီသို့ ဖြစ်သည်။
ကြည့်မြင်တိုင်   ဗဟိုစံပြငါးဈေးကြီးမှာ ၂၄ နာရီပတ်လုံး အရောင်းအဝယ်ရှိသည်ဆိုသော်လည်း နံနက် ၂ နာရီနှင့် နံနက် ၆ နာရီအတွင်းသာ အရောင်းအဝယ်အစည်ကားဆုံးအချိန် ဖြစ်သည်။
ထို့အတွက် တစ်ဖက်ကမ်းရှိ မြို့နယ်၊ ရပ်ကွက် ဈေး အသီးသီးဆီသို့  ငါးရောင်းသူများ၊   ဈေးကြီး အတွင်း ငါးတောင်းထမ်းသူ၊   ငါးလှည်းဆွဲသူ၊   ဒိုင် လုပ်သား၊  ငါးခြစ်သူများနှင့်   စက်တပ်သမ္ဗန်မောင်းသူတို့က  စက်သံနှင့်  အလင်းတန်းတို့ကို အားပြု၍   အရဲကိုး သွားနေ ကြခြင်းဖြစ်သည်။   အမှောင်ကိုလည်း မကြောက်၊ သမ္ဗန်မှောက် မှာကိုလည်း မကြောက်၊ သူတို့အတွက် ဝမ်းစာအရေးကလွဲ၍ ဘာမှအရေးမကြီး၊ အရေးကြီးသည်က ဈေးကြီးအတွင်းဆီသို့  အချိန်မီရောက်ဖို့အရေးသာ ဖြစ်သည်။
လှိုင်မြစ်ဖြတ်တံတား
ဤသည်က   တစ်နေ့  အလုပ်မဟုတ် နိစ္စဓူဝဖြစ်သည်။ ထို့အတွက် သူတို့အားလုံး မျှော်လင့်နေသည်က အိပ်မက်သဖွယ် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေသော မြို့သစ်စီမံကိန်း ကြီးမဟုတ်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း လှိုင်မြစ်ကို ဖြတ်သန်း တည်ဆောက်ပေးမည့် တံတားကြီးတစ်စင်းမျှသာ ဖြစ်သည်။
ဈေးကြီးအတွင်း ငါးတောင်းထမ်းသူ ငါးရုံဆိပ်မှ ဦးကုလား က ''အလွန်ခမ်းနားတဲ့ မြို့သစ်စီမံကိန်းကြီးဆိုတဲ့ အိပ်မက်ထက် မြစ်ဟိုဘက် ဒီဘက်ကို အ္တရာယ်မရှိဘဲ၊ အသက်အ္တရာယ်လုံခြုံ စိတ်ချရတဲ့ တံတားကြီးတစ်စင်းပဲ အမြန်လိုချင်ပါတယ်၊ ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ ဆန္ဒမဟုတ်ပါဘူး၊ ဒီဘက်ကမ်း မှာ နေသူတွေရဲ့ အများဆန္ဒပါ'' ဟု ရင်တွင်းစကားကို  လှစ်ဟ ဖွင့်ဆိုခဲ့သည်။
ရပ်ကွက်ကြီးလေးရပ်ကွက်
ကြည့်မြင်တိုင်မြို့နယ်အတွင်း လှိုင်မြစ်တစ်ဖက်ကမ်းတွင် ကျေးရွာပေါင်း ၁၁ ရွာရှိသည်။ ¤င်းတို့ကို ပေါင်းစု၍ ရပ်ကွက်ကြီး လေးရပ်ကွက်အဖြစ် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ ဦးမြ - ဆိပ်ကြီး -  ငါးစင်ရပ်ကွက် ၊ စက်ဆန်း - အောက်ရုံ - အလတ် - ချောင်း ရပ်ကွက် ၊  စက်ကလေး-  အေးရွာ (အရှေ့) - ဘလုတ်ညွန့် ရပ်ကွက်နှင့် ဝါးရုံဆိပ် -အေးရွာ(အနောက်) ရပ်ကွက်တို့ဖြစ်သည်။ အိမ်ခြေအားဖြင့် ၈ဝဝဝ ခန့်၊ လူဦးရေအားဖြင့် ၄ဝဝဝဝ ခန့် စုစည်းနေထိုင်ရာ ရပ်ဝန်းဖြစ်သည်။
သူတို့အားလုံး၏ ဝမ်းစာရေးနှင့်  စီးပွားရေးမှာ ကြည့်မြင် တိုင် မြို့ပြတစ်ဖက်ကမ်းဆီမှ အခြား အခြားသော နေရာများဆီ သို့သာ ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက အမြင်နီးလျက် မြစ်ခရီးက ခြားနေခဲ့သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီခွဲခန့်---။ တစ် ယောက်သောသူ၏။ ''မီး-မီး-မီး''ဆိုသော အသံက ဘလုတ် ညွန့်ရွာအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ အသံ၏ အဆုံးဝယ် မီးရှိန်၊ မီးညွန့်တို့က တစ်ရှိန်ထိုး ထိုးတက်လာခဲ့သည်။ ရွာအတွင်း ကိုယ်လွတ်ရုန်း ပြေးထွက်လာသူ၊  မြင်ရာကို တစ်ပိုင်တစ်နိုင် သယ်ပိုးလာသူတို့ဖြင့် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။
သတင်းရသည်နှင့် မြို့နယ်စုံမှ မီးငြှိမ်းသတ်ရေးယာဉ်များက သတိပေးသံနှင့်အတူ ရောက်ရှိလာကြသည်။ သို့သော် သူတို့အား လုံး ရှေ့ဆက်မတိုးသာ၊ ကမ်းနားဈေးရှေ့ ကျောက်တံတားဆိပ် အနီးတွင်သာ ရပ်တန့်နေရသည့် လှိုင်မြစ်ကြီးက အဆီးအတား ဖြစ်နေသည်။
ဟိုဘက်ကမ်းဆီမှ မီးတောက် မီးညွန့်များကို သည်ဘက် ကမ်းဆီမှ အထင်းသားမြင်တွေ့နေရပြီး မီးညွန့်မှ မီးပွားများက လေအဝှေ့ဝယ် ခုန်ခုန်ကူးနေကြသည်။
အချိန်များအလဟဿဖြစ်
မီးသတ်တပ်ဖွဲ့ဝင်များ မှောင်နှင့်မည်းမည်း အရဲစွန့်ကြရပြီး မီးသတ်ရန် အပေါ့စား မီးသတ်စက်များ၊ ပိုက်လိပ်များကို ကိုယ်စီ သယ်ဆောင်၍ သမ္ဗန်ငယ်များဖြင့် မြစ်ပြင်ကို ဖြတ်သန်းကြပြီး စက္ကန့်နှင့်အမျှ အရေးကြီးသော အချိန်ဝယ် နှောင့်နှေးခဲ့ကြရ သည်။ အချိန်များအလဟဿ ဖြစ်ခဲ့ရသည်။
ဝါးအိမ်၊ သစ်သားအိမ်များ အများစုဖြစ်သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်သည့်အချိန်၌ အတော်များများ ကို ''အဂ္ဂိတောဝါ''  ဆိုသော  မီးဘေးက   အနိုင်ယူထားပြီး  ဖြစ်သည်။  ထို့ထက် ပိုဆိုးသည်က ''မီးလောင်ရာလေပင့်'' ဆိုသကဲ့သို့ လောင်အားကောင်းနေသောမီးကို လေက မြှောက် ထိုးပင့်ကော် အားပေးနေခဲ့သည်။ တိုက်သည့်လေမှာ ကမ်းနား မြစ်ဘက်ခြမ်းဆီသို့မဟုတ်ပေ။ ရွာအတွင်းဘက်ဆီသို့ ဖြစ်သည်။
အချို့သော မီးငြှိမ်းသတ်ရေးယာဉ်များက လှိုင်သာယာဘက် ဆီမှ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ ခရီးကဝေးသည့်အပြင် လမ်းခရီးတစ်နေရာ၌ မီးသတ်ယာဉ်၏ ဝန်ကိုမခံနိုင်၍ တံတား တစ်စင်းကျိုးသွားခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာ၌ တစ်ချိန် တည်း သတင်းတက်လာခဲ့သည်။
ထိုစဉ်က မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောစကားသံက ယနေ့ထက်တိုင်     နားထဲဝယ်   ကြားယောင်နေဆဲဖြစ်သည်။  ''အကယ်၍သာ ဒီလိုနေရာမျိုးမှာ မြစ်ကူးတံတားသာရှိခဲ့ရင်  အခုလို ဆုံးရှုံးမှုတွေ များပြားမှာ မဟုတ်ဘူး'' ဟု ---။
မြစ်ကူးတံတားကြီး ငါးစင်းပါဝင်သော မြို့သစ်စီမံကိန်းကြီး ကို  ယခင်အစိုးရလက်ထက်  စီစဉ်မှုများရှိခဲ့ဖူးသည်။  ယနေ့ ကာလတွင် စီစဉ်မှုများကိုလည်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ် များဆီက ထပ်မံကြားသိနေရသည်။
ဤသို့ ပြောနေကြဆဲ၊ ကြားနေရဆဲမှာပင် ၂ဝ၁၈ ခုနှစ် အစ ဇန်နဝါရီ ၂၄ ရက် ည ၁ဝ နာရီခန့်တွင် စက်ဆန်း - အောက် ရုံ - အလတ်ချောင်းရပ်ကွက် - အောက်ရုံအပိုင်တွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ရပြန်သည်။
ကံတရားက ဖေးကူ
မီးသတ်တပ်ဖွဲ့ဝင်များက အပေါ့စားမီးသတ်စက်ငယ်များ၊ မီးသတ်ပိုက်လိပ်ကိုယ်စီ သယ်ဆောင်၍ မှောင်နှင့်မည်းမည်း မှာပင် စက်တပ်သမ္ဗန်ငယ်များဖြင့် မြစ်ပြင်ကို ဖြတ်သန်း၍ ငြှိမ်း သတ်မှုပြုပေးခဲ့ရပြန်ပါသည်။ ဤအကြိမ်တွင် ကံတရားက မိမိ ဘက်က ဖေးကူပေးသည့်အတွက် ဂိုဒေါင်တစ်လုံးနှင့် အိမ်လေး လုံးသာ ဆုံးရှုံးမှုဖြစ်ခဲ့ရသည်။
ဘလုတ်ညွန့်မှ ဦးစန်းလွင်က ''တကယ်လို့သာ တစ်ဆု တည်းသော ဆုကိုတောင်းပါဆိုရင် မြို့နယ်အတွင်း လှိုင်မြစ်ကူး တံတားတစ်စင်းပဲ အမြန်ဆုံးလိုချင်ပါတယ်၊ ဒါမှ နေ့စဉ် သမ္ဗန်နဲ့ ကူးနေရတဲ့ဘဝ၊ မီးလောင်လို့မှ ကူမယ့်သူရှိပြီး အမြန်ဆုံးရောက် မလာနိုင်တဲ့ ဘဝတွေက အမြန်ဆုံးလွတ်မြောက်ချင်ပါပြီ၊ နောက် တံတားကြီးရှိလာမယ်ဆိုရင်  ဒီဘက်ကမ်းမှာနေရတဲ့  ပြည်သူ တွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အဖြာဖြာ ကလည်း   အများကြီးပြောင်းလဲလာနိုင်ပြီး တစ်မြို့တည်းနေပြီး တစ်မြစ်ခြားလို့ မတူညီတဲ့ လူမှုဘဝတွေ ပိုပြီး မြင့်မားလာနိုင် မယ်လို့လည်း ယုံကြည်မိပါတယ်''--- ဟု ပြောပြလေသည်။ တင်ဝင်းလေး(ကြည့်မြင်တိုင်)မြန်​မာ့အလင်း
စောင့်ကြည့်ပြန်ထားနဲ့ ရန်ကုန်ကားဈေးကွက်
စောင့်ကြည့်ပြန်ထားနဲ့ ရန်ကုန်ကားဈေးကွက်
 ရန်ကုန် ကားအရောင်းအဝယ်  ဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ် အနည်းငယ်သာရှိနေပြီး အများစုမှာ စောင့်ကြည့်နေဆဲ အနေအထားပင်ဖြစ်ကြောင်း  သိရှိရသည်။   လက်ရှိဈေးကွက်အတွင်း ဝယ်ရောင်းအများစုမှာ မော်တော်ကား လက်ဝယ်ထားရှိမှုတွင် အမြတ်အစွန်း နည်းပါးဆုံးသော  ကားများကို ထုတ်ရောင်းလာကြပြီး ဈေးလျှော့ရောင်းသဖြင့် အရောင်းအဝယ်ပြန်ဖြစ်လာနေသည်ကို တွေ့ရသည်။  ဈေးနှုန်းမြင့်မားခြင်းကြောင့် မော်တော်ကား လက်ဝယ်ကိုင်ဆောင်  ထားလိုကြသော်လည်း အဝယ်မလိုက်မှု  ကြာရှည်လာသဖြင့်    ငွေလည်ပတ်ရန်အတွက် ယခုကဲ့သို့    ရောင်းချနေကြခြင်း ဖြစ်သည်။
ညာမောင်းများအတွက် အခွင့်သာနေချိန်
မော်တော်ယာဉ်တင်သွင်းခွင့်ကို   ဇန်နဝါရီ ၂ ရက်ကစတင်ခွင့်ပြုပေးခဲ့သော်လည်း  ဘယ်မောင်းနှင့် အသားမကျသူများအတွက် တင်သွင်းရန် အားယူနေကြရမည့် ကာလဖြစ်ခြင်းကြောင့် ညာမောင်းများ အတွက် အခွင့်သာနေချိန် ဖြစ်နိုင်သည်။ သို့သော် လက်ရှိတွင် ဈေးမှာအတက်ဈေးဖြင့်   ငြိမ်သက်နေပြီး  ပွင့်လင်းရာသီ အရောင်းအဝယ်ကောင်းချိန်တွင် တက်ဈေးကားများသည် အရောင်းအဝယ်  အလွန်အားနည်းနေသည်။    ယခုအချိန်တွင် စတိကားများ၊   နံပါတ်ထွက်ပြီးသား   ရန်ကုန်လိုင်စင်ကားများအားလုံး    ပုံမှန်ပင် အရောင်းအဝယ်ရှိသော်လည်း ယခင်ကဲ့သို့   ရောင်းအားမြင့်မားလာခြင်းမရှိသည်မှာ ကြာခဲ့ပြီဖြစ်သည်။
ကားဈေးကွက်  အရောင်းအဝယ်ပါးနေ
''အဓိကကတော့ ဈေးကွက်အနေအထားပေါ့၊ ဘယ်မောင်းကားတွေရဲ့တန်ဖိုးက ဘယ်လိုဖြစ်မလဲဆိုတာမသိဘူး၊ ကိုယ့်အတွက် နည်းနည်းမှကျန်မှာ မဟုတ်ဘူးဆိုရင်တော့ လုပ်ရကိုင်ရတာ ခက်မယ်၊   လက်ရှိ   ကားဈေးကွက်ကလည်း အရောင်းအဝယ်ပါးနေ တော့ စောင့်ကြည့်နေဆဲပါ''ဟု ကားအရောင်းပြခန်းတစ်ခုမှ ပိုင်ရှင်ဖြစ်သူက ပြောသည်။
အခွန်စည်းကြပ်ခြင်းများ
လက်ရှိကားဈေးကွက်အတွင်း လူကြိုက်များ အင်ဂျင်ပါဝါနိမ့် ၁၃ဝဝ စီစီ ကားသေးများ၊ အင်ဂျင် ပါဝါ ၆၆ဝ စီစီ မီနီထရပ်လေး များ၊ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ တက္ကစီများနှင့် အိမ်သုံး အင်ဂျင်ပါဝါ ၁၈ဝဝ  နှင့်   ၂ဝဝဝ  ကြား  မော်တော်ကားများ အရောင်းအဝယ်   အနည်းငယ်ရှိနေသော်လည်း ဈေးမှာမူ အမြင့်ပိုင်းတွင်သာရှိကြောင်း သိရသည်။ အခွန်စည်းကြပ်ခြင်းများတွင်လည်း စီအိုင်အက်ဖ် တန်ဖိုးဖြင့် အခွန်စည်းကြပ်မည်မဟုတ်ဘဲ အမှာစာပါ ဈေးနှုန်းအပေါ်တွင်သာ အခွန်စည်းကြပ်မည်ဖြစ်သဖြင့်  ပေးဆောင်ရမည့်  အခွန်နှုန်းထား မြင့်မားလာနိုင်ခြင်းကြောင့်  ၂ဝ၁၈ ခုနှစ်အတွင်း ဘယ်မောင်းကားများ များများစားစားတင်သွင်းရန် အားမထုတ်ဘဲ လာမည့်ဧပြီတွင် ပြောင်းလဲလာမည့် စီအိုအီးစနစ်ဖြင့် ရန်ကုန်လိုင်စင် ချထားပေးရန် စီစဉ်ဆောင်ရွက်မှုနှင့် နယ်လိုင်စင်ရရှိထား သည့် သက်တမ်း နှစ် ၂ဝ ၊ တိုက်ကြေ ယာဉ်အို ယာဉ်ဟောင်း အပ်ကားများအား ရန်ကုန်လိုင်စင်ပြောင်းရန်   ခွင့်မပြုတော့သည့်   မူဝါဒကိုလည်း စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း သိရသည်။
စတိဈေးနှုန်းများ မြင့်တက်နေ
ထို့ပြင် လာမည့်ဘဏ္ဍာနှစ်အတွက် အခွန်အခများဆိုင်ရာဥပဒေကို  စောင့်ကြည့်နေကြသူ များပြားပြီး ယခုရက်ပိုင်းအတွင်း စတိဈေးနှုန်းများသည်လည်း မြင့်တက်နေပြီး အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။  ။ မင်းသော်(မြန်​မာ့အလင်း)
ရန်ကုန်မြို့ပြခေတ်မီလှပဖို့ စည်းကမ်းလိုက်နာထိန်းသိမ်းစို့
ရန်ကုန်မြို့ပြခေတ်မီလှပဖို့ စည်းကမ်းလိုက်နာထိန်းသိမ်းစို့
ရန်ကုန်မြို့ပြ၏ မြို့လယ်ဖြစ်သော  ဆူးလေ ခုံးကျော် တံတားပေါ် တွင် ရုံးပိတ်ရက်ဖြစ်၍ ပြည်သူများ ရုံးဖွင့် ရက်ထက် စည်ကားလျက်  ရှိသည်။    ထိုခုံးကျော်တံတားကြီးကို   စတုရန်းပုံ  တည်ဆောက်ပြီးနောက်ပိုင်း လမ်းလေးဖက်သို့ ဖြတ်သန်းသွားလာကြသော အများပြည်သူ  စိတ်အေးချမ်းသာ စွာဖြင့်  သွားလာကြလျက်ရှိသည်။ အချို့မှာ ခုံးကျော်တံတားကြီးပေါ်မှ ရွှေရောင် လွှမ်းလျက်ရှိသည့် ဆူးလေစေတီတော်ကို ဖူးမြော်နေကြသည့်နည်းတူ အချို့မှာ သိမ်ကြီးဈေးဘက်သို့  တရွေ့ရွေ့ဖြင့်  မောင်းနှင်နေကြသော   လိုင်းကားများနှင့်  ယာဉ်များ စီစီရီရီ သွားလာနေမှုကို  ဖုန်းကင်မရာဖြင့်   မိမိကိုယ်တိုင်ပုံဖြင့်  လည်း ကောင်း၊ သူငယ်ချင်းများဖြင့် လည်းကောင်း၊ ကင်မရာဖြင့်လည်းကောင်း မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကြလျက်ရှိသည်။ အချို့က မိုးမျှော်ဟိုတယ်ကြီးများနှင့် မြို့လယ် ရုပ်ရှင်ရုံများကို ခုံးတံတားပေါ်မှ မြို့ပြ၏အလှကို ခံစားကြလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံခြားသားများလည်း အဆိုပါဆူးလေခုံးကျော်တံတားပေါ်မှ ရန်ကုန်မြို့ပြ၏အလှကို မှတ်တမ်းတင် ကြည့်ရှုခံစားကြလျက်ရှိသည်။
 ရန်ကုန်မြို့လယ်ဖြစ်၍ နေ့စဉ်လူစည်ကားရာ  နေရာဖြစ်သည့် အပြင် ယာဉ်မပြတ်သွားလာသော နေရာဖြစ်သောကြောင့်  ကိုယ်စီကိုယ်စီ မြို့ပြ စည်းကမ်းနှင့် မိမိအသိစိတ်ကို ရင်ဝယ်ပိုက်လျက် သွားလာကြလျက်ရှိသည်။ အများ ပြည်သူသွားလာသည့် ပလက်ဖောင်းပျောက်နေသော ရန်ကုန်မြို့လယ်နှင့် ကားလမ်း ပခုံးများတွင် ငွေပေး၍ ရပ်နားထားသော မြို့လယ်လမ်းများကြောင့် ယာဉ်များ သွားလာရေး အခက်အခဲကြုံနေရသည့်တိုင် ကိုယ်စီကိုယ်စီအသိစိတ်ဖြင့် အဆင်ပြေ စွာဖြင့် သွားလာမောင်းနှင်ကြလျက်ရှိသည်။ ရန်ကုန်မြို့လယ် ပြည်သူလျှောက်သော   ပလက်ဖောင်းလမ်းများ ယခင်လို လွတ်လပ်စွာ သွားလာလိုကြသည်မှာ ရန်ကုန်မြို့နေ ပြည်သူတို့ အသီးသီးဆန္ဒရှိကြမည်သာ ဖြစ်သည်။ ထိုနည်းတူ ရာသီဥတုပူပြင်းလာ သော ရန်ကုန်မြို့ ကားလမ်းပေါ်တွင် မီးပွိုင့်အားလုံးတွင်သာမက မောင်းနှင်ရာ ကား လမ်းပေါ်တွင် တလှုပ်လှုပ်ဖြင့် သွားလာနေရသော စိတ်ဒုက္ခခံစားနေရသော လိုင်းကား စီး ခရီးသည်များ နေ့စဉ်ဆုတောင်းနေတတ်သည်မှာ ရန်ကုန်မြို့ယာဉ်ကြောရှင်းလင်း ပြီး လိုရာခရီး  မြန်မြန်ရောက်ပါစေဟူသော ဆုမှလွဲ၍ အခြားမရှိနိုင်ပေ။ ကောင်း မွန်သောစနစ်တစ်ခုသို့ ပြောင်းလဲရာတွင် အစိုးရတစ်ရပ်တည်း ဖော်ဆောင်၍ မရနိုင် ဘဲ ပြည်သူအပေါင်း ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိမည်သာ ဖြစ်သည်။
မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ၊ ဆူးလေစေတီတော်နှင့် ဆူးလေခုံးကျော် တံတားပေါ်တို့တွင် နံနက် ပိုင်းနှင့်    ညနေပိုင်းတို့၌ လာရောက်အပန်းဖြေသူတို့ဖြင့် ရန်ကုန်မြို့လယ်သည် စည်ကားမြဲ ဖြစ်သည်။  အထူးသဖြင့်  ဖြူဖွေးလှပ စွာ ခြယ်သထားသော ဆူးလေခုံးကျော် တံတားကြီးမှာ     မြို့ပြ၏ကျက်သရေ ကို ဆောင်လျက်ရှိသည်။ ထိုတံတားကို အောက်ဘက်    ယာဉ်ကြောရှုပ်ထွေးမှု ကြောင့် အများပြည်သူ      ယာဉ်အ္တရာယ် ကင်းရှင်းစေရန် ခုံးကျော်တံတားပေါ်မှ သွားလာနိုင်ရန် တည်ဆောက် ထားခြင်းပင်  ဖြစ်သည်။ သို့သော် တံတားအောက်မှ ပြည်သူအချို့မှာ လမ်းပေါ်မှ ယာဉ်များကြားတွင် တိုးဝှေ့သွားလာနေကြသည့်နည်းတူ ဆူးလေခုံးတံတား၏ လူသွား စကြံင်္ပေါ်တွင်လည်း   ကွမ်းတံတွေးများ  စွန့်ပစ်ထားသည်ကို   တွေ့မြင်ရလျက်  ရှိသည်။  နိုင်ငံခြားသားခရီးသွားတို့ ထိုတံတားပေါ်မှ လာရောက်လေ့လာကြလျက် ရှိရာ ခုံးတံတားပေါ်မှ ကွမ်းတံတွေးတို့ကြောင့် ရန်ကုန်မြို့ပြအလှကို ထိခိုက်စေမည်မှာ အမှန်ပင်ဖြစ်သည်။ အမှိုက်စွန့်ပစ်ရန်  အမှိုက်ပုံးများ   လူသွားလမ်း  လေးဖက် လေးတန်တွင် ထားရှိရန်လည်း လိုပါသည်။ တံတားပေါ် အမှိုက်စွန့်ပစ်ရန် လှေကား အတက်၊ အဆင်းတို့တွင် ထားရှိရန်လိုအပ်မည်ဖြစ်သည်။ အမှိုက်ပုံး နည်းသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ   အများပြည်သူသွားလာသော  လူကူးခုံးကျော် တံတားပေါ်တွင် ကွမ်းတံတွေးမထွေးသင့်သည်မှာ  အမှန်ပင်ဖြစ်သည်။ မိမိမြို့ပြကို  မိမိကိုယ်တိုင်    ထိန်းသိမ်းစောင့်ရှောက်မှုမရှိလျှင် အခြားသူများလည်း တန်ဖိုးထားမည် မဟုတ်သည် ကို သတိပြုသင့်ပေသည်။
ဆူးလေခုံးကျော်တံတားပေါ်မှဆင်း၍ ၃၃ လမ်းသို့ သွားလာရာတွင် ပလက် ဖောင်းပေါ်မှ ဈေးသည်များကို  တွေ့မြင်ရသည့်အပြင် ရန်ကုန်မြို့လယ်တွင် ဆိတ်များ ထားရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြို့ပြ၏ဂုဏ်ကို ထိန်းသိမ်းရန် အလေးမမူ ခြင်းထက် လျစ်လျူရှုထားခြင်းသည် ရန်ကုန်မြို့လယ်၏အလှကို အရောင်ဆိုးစေ  လျက်ရှိသည်။ ၃၃ လမ်းထိပ်၊ ၃၄ လမ်းထိပ်တို့တွင်
သူ့ထက်အပြိုင်  လမ်းပေါ်ဈေးသည်များ  ဖွင့်လှစ်ထားခြင်းကြောင့် လမ်းအတွင်း ဝင်၊ ထွက်သွားလာကြသည့် အများပြည်သူ အခက်အခဲရှိနေမည်မှာ   အမှန်ပင်ဖြစ်သည်။ သို့သော် မည်သူမျှ ထိရောက်စွာ  ယနေ့တိုင် ရှင်းလင်းဆောင်ရွက်နိုင်မှု  မရှိသည့် အတွက်   ရန်ကုန်မြို့လယ်  လမ်းထိပ်တို့တွင် ဈေးသည်မျိုးစုံ အခြေချရောင်းချနေခြင်းပင် ဖြစ်မည်။
၃၄ လမ်းကျော်တွင်  မဟာဗန္ဓုလပန်းခြံလမ်းရှိပြီး ထိုလမ်းထိပ်တွင်   ဈေးတန်း  ပမာ ဖွင့်လှစ်ထားသော ထမင်းဆိုင်တို့ကြောင့် ချောင်ချိစွာ သွားလာနိုင်သော မူရင်း ကားလမ်းမှာ ယာဉ်တစ်စီးသွားလာရန်အတွက်ပင်  အခက်တွေ့နေရလျက်ရှိသည်။ ထိုလမ်းနှစ်ဖက်ရှိ ကားလမ်းအစပ်တို့တွင် ထမင်းဆိုင်များ စီစီရီရီ ဖွင့်လှစ်ထားလျက် ရှိပြီး လူသွားလမ်းပလက်ဖောင်းပေါ်တွင်လည်း  ပလက်ဖောင်းဘေးဈေးဆိုင်များမှ  ပလက်ဖောင်းပေါ်ထိ ခုံများချ၍ ဖွင့်လှစ်ထားကြသည့်အတွက် လူတစ်ယောက်စာပင် သွားလာမရအောင်  အခက်ကြုံတွေ့နေရလျက်ရှိသည်။  နိုင်ငံခြားသားများလည်း ထိုလမ်းကျဉ်းကျဉ်းပေါ်တွင် မိမိတို့ခန္ဓာကိုယ်ကို ကျုံ့၍ သွားလာနေကြရလျက်ရှိသည်။  ကားလမ်းပေါ်   ထမင်းဆိုင်၊ ကွမ်းယာဆိုင်တို့ကြောင့် ပလက်ဖောင်းပေါ်မှ သွားမည်  ဆိုသော်လည်း ပလက်ဖောင်းပေါ်တွင်လည်း ဈေးဆိုင်များ တိုးချဲ့ ဖွင့်လှစ်ထားသော ကြောင့်  ရန်ကုန်မြို့တွင်း  သွားလာနေကြသော ပြည်သူများတို့မှာ ထိုပလက်ဖောင်း ပေါ်တွင်လည်း လမ်းသွားရင်း အသက်ရှူမဝ ဖြစ်နေကြလျက်ရှိသည်။
ရန်ကုန်မြို့လယ်သည် အများပြည်သူသွားလာရာ၊ လေ့လာအပန်းဖြေရာနေရာ အဖြစ် ယနေ့တိုင် စည်ကားနေဆဲဖြစ်သည်။ ဆူးလေလူကူးခုံးကျော်တံတားပေါ်တွင် ကွမ်းတံတွေးများ စွန့်ပစ်ခြင်း၊ မြို့လယ်တွင် တိရ္ဆာန်များထားရှိခြင်းနှင့် လူသွားလမ်း နှင့်လမ်းထိပ်တို့တွင် ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ မုန့်ဟင်းခါးဆိုင်နှင့် အခြားဈေးဆိုင် များ ဖွင့်လှစ်ခြင်းကြောင့်  မြို့ပြအလှကို ထိခိုက်စေလျက်ရှိပြီး အများပြည်သူသွားလာ ရေး အခက်အခဲ  ဖြစ်ပေါ်စေလျက်  ရန်ကုန်မြို့၏  အလှကိုလည်း  ထိခိုက်စေလျက် ရှိသည်။
ကိုယ်စီကိုယ်စီ စည်းကမ်းလိုက်နာမှု အားနည်းလာခြင်းသည် မိမိမြို့၏ဂုဏ်ကို ထိခိုက်စေခြင်းပင်ဖြစ်သည်။  လွန်ခဲ့သော  အတိတ်ကာလ  ရန်ကုန်မြို့လယ်ကဲ့သို့  မြို့တွင်း သန့်ရှင်းသာယာလှပလျက်  ယာဉ်သွားလာမှုချောမွေ့ကာ အများပြည်သူ သွားလာသော ပလက်ဖောင်းများ စိတ်အေးချမ်းသာစွာ သွားလာနိုင်မှုကို ရန်ကုန်မြို့နေ ပြည်သူတို့ ပြန်လည်တောင့်တနေကြမည်မှာ အမှန်ပင်ဖြစ်သည်။
သို့ဖြစ်၍  ရန်ကုန်မြို့ပြ  ခေတ်မီလှပမှုကို  ဆက်လက် ထိန်းသိမ်းသွားနိုင်ရန် ကိုယ်စီကိုယ်စီ စည်းကမ်းလိုက်နာခြင်းဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ဟု ရေးသား လိုက်ရပါသည်။           ။
သန်းထိုက်(လှိုင်သာယာ)မြန်​မာ့အလင်း
ရန်ကုန်မြို့တစ်ခွင်မှာ Smart Parking ပေါ်လာတော့မှာလား
ရန်ကုန်မြို့တစ်ခွင်မှာ  Smart Parking  ပေါ်လာတော့မှာလား
ပန်းဆိုးတန်းလမ်းအထက်ဘလောက် လမ်းဘေးဝဲယာတစ်လျှောက်မှာ ကား တွေ   စီတန်းရပ်ထားတာကို  လှမ်းကြည့်ရင်း ကျွန်တော်စီးလာတဲ့ သူငယ်ချင်းရဲ့ကားကို လိုက်ရှာ မိပါတယ်။ လမ်းတစ်ဖက်ခြမ်း ခပ်လှမ်းလှမ်းမှာ  ရပ်ထား တဲ့ သူငယ်ချင်းရဲ့ကားကိုတွေ့ရလို့ ခပ်သွက်သွက် လမ်းဖြတ် ကူးရင်း ကားအနီးရောက်သွားတဲ့အခါ အသင့်စက်နိုးပြီးစောင့်နေတဲ့ သူ့ကားပေါ်  တက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကားအနီးကို လူတစ်ဦး ကပ်ပြီး ရပ်နေတာကို သတိထားမိလိုက်ပါတယ်။ သူငယ်ချင်းက အဲဒီလူကို ''ခင်ဗျားက ဘာတာဝန်လဲ'' လို့မေးတော့ ''ဘာမှမဟုတ်ပါဘူး၊ ကူညီတာပါ''ဘုဆတ်ဆတ် မာကျောကျော ထွက်ခိုင်းတာမို့ ကျွန်တော်တို့ကားလည်း မောင်းထွက်ခဲ့ပါတယ်။
ကားမောင်းနေတဲ့  သူငယ်ချင်း ကိုအောင်မော်က ''အဲဒီလူက ကားပါကင်ထိုးခ တောင်းဖို့ပြင်နေတာ''လို့ ပြောတော့မှ အံ့သြသွားမိပါတယ်၊ ဒီလူ့ပုံစံက ရှုတည်တည်နဲ့ လူမိုက်လိုလို၊ ဘာလိုလို။ သြော်.. ဒါကြောင့် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက '' မြို့တော်ဝန်ကားတောင် ကားပါကင်ခ မိုက်ကြေးခွဲတောင်းတာ မလွတ်ဘူး'' လို့ ပြောတာ     ကိုး ... လို့ သတိရသွားမိပါတယ်။
တကယ်တော့ ရန်ကုန်မြို့ဟာ မော်တော်ယာဉ်တွေ များပြားလွန်းတာကြောင့် ကားပါကင်အတွက် အခက်အခဲတစ်ရပ်အဖြစ်၊ စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ကလည်း ကားပါကင်တွေ   စနစ်တကျထွက်ပေါ်လာစေဖို့   စီစဉ်ဆောင်ရွက်နေတာ   မကြာခင်  ရန်ကုန်မြို့တစ်ခွင် မှာ Smart Parkingတွေ  ထွက်ပေါ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
''ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကားပါကင်ပြဿနာ ဖြေရှင်းနိုင်ဖို့ Smart Parkingတွေ  တည်ဆောက်နိုင်ရေး စီစဉ် ဆောင်ရွက်နေပါတယ်''လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)မှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့တယ်။
ရန်ကုန်မြို့ရဲ့ မြို့တွင်းလမ်းတွေပေါ်မှာသာမကတော့ဘဲ အခြားမြို့နယ်တွေရဲ့ လမ်းမကြီးတွေ၊ ရပ်ကွက်လမ်းတွေပေါ်မှာလည်း ကားတွေ ရပ်နားထားတာတွေက တစ်မျှော်တစ်ခေါ်  မြင်တွေ့ နေရတာမို့ ကားပါကင်ပြဿနာတွေလည်း နေစဉ်နေ့တိုင်း ဖြစ်ပေါ်နေ တာကို ကြားသိနေရပါတယ်။  အရင်က လမ်းတွေပေါ်မှာ ကားပါကင်ဦးထားတဲ့ တိုင်တွေ၊ ကြိုးတန်းတွေ၊ သတိပေးဆိုင်းဘုတ်တွေထားရှိ ရင် ဖယ်ရှားဖို့ သတိပေးချက်တွေ၊ စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့လို့ အဲဒီကားပါကင် ဦးမှုတွေရဲ့ အမှတ်အသားတွေကို တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ကားပါကင်ကို Smart Parkingအဖြစ် ပြောင်းလဲဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်ပြီး  ပုဂ္ဂလိကကုမ္ပဏီတစ်ခုနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး လုပ်ကိုင်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ အခါ ကားပါကင်ကို Horizontal area အတိုင်းမသွားဘဲ Vertical Extension area  နဲ့ ကားထားဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
''ကားပါကင်ကို ertical Extension area   နဲ့ဆိုရင် ကားတင်ကားချက  အမြင့်ပေ ၂ဝ နဲ့ ကားရှစ်စီးလောက်ကို ထားနိုင် တဲ့ ဧရိယာမျိုး၊ ကားရှစ်စီးလောက်ထားနိုင်တဲ့ အကျယ်အဝန်းအတိုင်း အထပ်လိုက်ထားသွားမယ်''ဟု မြို့တော်ဝန် ဦးမောင်မောင် စိုးက ပြောကြားပါတယ်၊ လျှပ်စစ်နဲ့ အတင်အချပြုလုပ်ပြီး ကားများကို ပါကင်ဆောင်ရွက်သွားမှာဖြစ်ပေမယ့် လျှပ်စစ်မရခဲ့ရင်လည်း အတင်အချဆောင်ရွက်လို့ရအောင် Manualစနစ်နဲ့ ဆောင်ရွက်နိုင်တဲ့ ကားတွေရှိတာမို့ အဲဒီစနစ်ကို လောလောဆယ် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို တင်ပြအဆုံးအဖြတ်ရယူပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။        
အဲဒီစနစ်ကို လွှတ်တော်က အတည်ပြုပြီးရင်တော့ တင်ဒါကျယ်ကျယ်ပြန့်ပြန့်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ Smart Parking  စနစ်နဲ့ ဆောင်ရွက်မှုကို ပီပီစနစ် (PPP System)နဲ့ သွားတဲ့အခါ ပုဂ္ဂလိက ကို လုပ်ကိုင်ခွင့်ပေးမှာဖြစ်ပြီး နိုင်ငံတော်က ဘတ်ဂျက်ကုန်ကျမှုလည်း သက်သာ၊ ဝင်ငွေရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဓိကပြဿနာဖြစ်တဲ့ ကားပါကင်ကိစ္စလည်း ဖြေရှင်းပြီးသွားမှာဖြစ်တာမို့ အဲဒီ Smart Parking  စနစ်ကို အကောင်အထည် ဖော်နိုင်ရေး စီစဉ်နေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တရားဝင်မှတ်ပုံထင်တားတဲ့ မော်တော်ယာဉ်အစီးရေဟာ စုစုပေါင်း ၆ဝဝဝဝဝ လောက် ရှိနေတာမို့ ကားပါကင်ကိစ္စကို အရေးတယူဖြေရှင်းပေးဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။ အရင်ခေတ်တွေကတော့ ရန်ကုန်ကားပါကင် စနစ်ကို ပုဂ္ဂလိကတွေကို ကန်ထရိုက်သဘောမျိုးပေးခဲ့တာမို့ အခက်အခဲတွေ ရှိခဲ့ဖူးပါတယ်။ ကားပါကင်တွေကို အရင်က ကောက်ခံ ခဲ့ပေမယ့် စနစ်တကျမရှိခဲ့တာမို့ လမ်းအလိုက် ကားပါကင်ခ ကောက်ယူမှုတွေ ရှိခဲ့တာကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် အခုလို အထပ်လိုက်ထားမယ့် ကားပါကင်စနစ်ကို စီစဉ်နေခြင်းပါပဲ။
တကယ်တော့ ရန်ကုန်မြို့မှာရှိတဲ့ ရန်ကုန်လိုင်စင် ကားစီးရေဟာ တစ်နိုင်ငံလုံး ကားအစီးရေရဲ့ ၅၅ ရာခိုင်နှုန်းခန့်ရှိနေပြီး မြန်မာနိုင်ငံမှာ ၂ဝ၁၁ ကားတင်သွင်းခွင့် မူဝါဒမပြောင်းခင်က ဒီလောက်အထိ ကားအစီးရေ မရှိသေးပါဘူး။ ခေတ်စနစ် ပြောင်းလဲ လာတဲ့ အခြေအနေအရ ကားအစီးရေ တိုးပွားလာခြင်းနဲ့အတူ ကားလမ်းတွေအပေါ်မှာ ကားတွေပြည့်ကျပ်လာသလို ကားပါကင် အတွက်လည်း အခက်အခဲတစ်ရပ်လို ဖြစ်လာပါတယ်။
လက်ရှိအနေအထားမှာလည်း မြို့နယ် ခြောက်မြို့နယ်မှာလည်း ကားပါကင်နဲ့ ပတ်သက်ပြီး ဝန်ဆောင်ခမယူတဲ့အတွက် နီးစပ် ရာမှာ ဥပဒေမဲ့၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားထားတာတွေ ရှိနေတဲ့အပြင် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခြားမြို့နယ်တွေမှာလည်း ဘတ်စကားမှတ်တိုင် ဧရိယာအတွင်းမှာတောင် တက္ကစီနဲ့ ကိုယ်ပိုင်ကားတွေ အချိန်ကြာမြင့်စွာ ရပ်နားထားတာကြောင့်  ယာဉ်ကြော ပိတ်ဆို့မှုနဲ့ မတော်တဆဘေးအ္တရာယ်ဖြစ်မှုတွေ ဖြစ်ပေါ်နေတာမို့ စနစ်တကျ စိစစ်ကြီးကြပ်ဖို့တော့ လိုနေပြီဖြစ်ပါတယ်။
ဒါ့ကြောင့် အကောင်အထည်ဖော်ဖို့စီစဉ်နေတဲ့ Smart Parking တွေ ရန်ကုန်မြို့တစ်ခွင်မှာ အကောင်အထည်ဖော်လာ နိုင်မယ်ဆိုရင် ရန်ကုန်မြို့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ အထိုက်အလျောက် လျော့ကျသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။     ။
သတင်း-ဝေယံဦး(မြန်​မာ့အလင်း)
ရန်ကုန် မြို့တွင်း သောက်သုံးရေ များသည် အမှန်တကယ် ညစ်ညမ်းနေပြီလော
အဆိုပါ မေးခွန်း၏ အဖြေကို ကျွန်တော်လည်း သေချာမသိ၊ ထို့အတူ ရန်ကုန် စည်ပင် မှ တာဝန်ရှိသူများလည်း အသေအချာမသိ၊ ဆရာဝန်ကြီးတဦးက အိမ်များသို့ ၀င်၍ သောက်သုံးရေ ကို ဓါတ်ခွဲစမ်းသပ်မှု ပြုရာမှ တွေ့ရှိခဲ့တယ်လို့သာ ပြောပြီး စံချိန် စံနှုန်းများ၊ မည်သည်လူနေဒေသများ များ တွင် တွေ့ရှိသည်ဟု အသေအချာ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာ များ နှင့် ပြောဆိုခဲ့ခြင်းလည်း မရှိ ၍ မသိကြရခြင်းပင်။ ထို့အပြင် ဤသို့သာ ရန်ကုန် မြို့နေလူထု မစင်ရေများကို သောက်သုံးရသည် ဆိုက ၀မ်းလျော ၀မ်းပျက် ရောဂါများ နှင့် လူနာများ နေ့စဉ်လို မြင်မကောင်းအောင် ဆေးရုံ ဆေးခန်း များ မှာ တွေ့ကြရမှာလည်း ဖြစ်ပါတယ်။
သို့သော် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ စိတ်ချလက်ချ သောက်သုံးနိုင်သော ရေသန့် နှင့် ပါတ်သက်ပြီး သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းက ရှိပါတယ်။ အဲံသည့် စံချိန် စံနှုန်းကတော့ 10 µg/L ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလန်း များ တိုးတက်ပေါ် ပေါက်လာပြီး နိုင်ငံခြား ကုမ္ပဏီများ အလုံးအရင်း နဲ့ စတင်ဝင်ရောက်လာချိန်တွင်မတော့ နိုင်ငံ ၏ ရေအရင်းအမြစ် စံနှုန်း မည်မျှ အထိ ရှီသည်ဆိုသည်နှင့် ပါတ်သက်၍ သတင်း အချက်အလက်များ က မရှိသလောက် ဖြစ်နေပါတယ်။ ထို့အတွက် တိုကျို တက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ဌာနမှ ဟီရိုရှီ ဆာကိုင်း ဦးဆောင်ပြီး ရန်ကုန် နဲ့ နေပြည်တော် တွင် ထဲထဲဝင်ဝင် သုတေသန တွေ ပြုလုပ်ခဲ့တဲ့ တွေ့ရှိချက် မှတ်တမ်းတွေကို တော့ လေ့လာ သိရှိခွင့် ရခဲ့ပါတယ်။ ၎င်းတို့အဆိုအရ ရေနဲ့ ပါတ်သက်ပြီး လေ့လာတိုင်းတာမှုက ယခုအချိန်အထိ တကြိမ်သာ ပြုလုပ်ခဲ့ဖူးသေးတယ်လို့ သိရပါတယ်။
၎င်းတို့လေ့လာသိရှိခဲ့သော ရေ အရင်းအမြစ် အခြေခံ အဆောက်အအုံများရဲ့ မှတ်တမ်းများကို သိရှိနိုင်ရန် နေပြည်တော်ကို ချန်လှပ်ပြီး ရန်ကုန် နဲ့ ပါတ်သက်တာ အနည်းငယ် မျှဝေ ပေးလိုပါတယ်။
ရန်ကုန် တွင် သောက်ရေ နဲ့ ပါတ်သက်ပြီး လေ့လာ ဆန်းစစ်မှုများကို လေးမျိုးခွဲပြီး ပြုလုပ်ခဲ့ပါတယ်။ ပထမတမျိုးက ကတော့ Pot လို့ ခေါ်တဲ့ လမ်းဘေးရေအိုးစင်များ၊ ဒုတိယက nonpiped taps လို့ ခေါ်တဲ့ ဘုရားကျောင်းကန်များ တွင် အလှုဒါန ပြုထားတဲ့ Tap water သောက်ရေများ၊ တတိယကတော့ အဆောက်အဦးများကို သွယ်တန်းပေးတဲ့ ပိုက်မှ ရေ များ နဲ့ စတုတ္ထကတော့ bottle water လို့ ခေါ်တဲ့ သောက်ရေသန့်ဗူးများ ပဲ ဖြစ်ပါတယ်။ အဓိက ကတော့ ဘက်တီရီယား ပါဝင်မှု အတိုင်းအတာ ကို လေ့လာ ဆန်းစစ်ကြခြင်းပဲ ဖြစ်ပါတယ်။
အဆိုပါ လေးမျိုး တွင် ပါရှိသော သောက်သုံးရေ များကို E. coli နဲ့ coliform လို့ ခေါ်တဲ့ ဘက်တီရီယား level အတွက် ဓါတ်ခွဲစမ်းသပ်ရာမှာ လေးမျိုးစလုံးတွင် E. coli မတွေ့ရှိခဲ့ရဖူးလို့ ဆိုပါတယ်။ မစင်တွေပါတဲ့ ရေဆိုရင်တော့ ဒင်းကြမ်းပြည့်နေမှာ ကြိမ်းသေပါတယ်။ သို့သော်လည်း CFU level မှာတော့ ဂျပန် စံချိန် စံနှုန်းအရ မသောက်သုံးသင့်ဖူးလို့ ဆိုပါတယ်။ အထူးသဖြင့် လမ်းဘေးရေးအိုးစင်များ ဖြစ်ပါတယ်။ အ၀ီစိ တွင်းများ တွင် ဖလိုရိုက် level က 1mg/L ရှိတဲ့ အတွက် WHO စံ ဖြစ်တဲ့ 1.5 mg/L နဲ့ နီးစပ်မှု ရှိပါတယ်။ ရေသန့် အခြေအနေက အထက်က ပြောခဲ့တဲ့ WHO စံချိန် 10 µg/L မှာ 7.9 µg/L ရှိတဲ့ အတွက် သန့်စင်ပြီး သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။
အဆောက်အဦးများကို သွယ်တန်းပေးတဲ့ ရေ မှာ ကလိုရင်း level 0.03mg/L တွေ့ရပါတယ်။ ထို့အတွက် အဆိုပါ ပိုက်လိုင်းများ အတွင်း water quality ကို ထိမ်းသိမ်းမှု ရှိနေသည်ဟု ဖေါ်ပြထားပါတယ်။ သောက်ရေသန့် အမျိုးအစား တခုတွင်တော့ ပိုက်ကရေထက် ပင် အခြေအနေ ဆိုးနေတာ တွေ့ခဲ့ရပါတယ်။
ရန်ကုန်မှာ E. coli နဲ့ coliform လို့ ခေါ်တဲ့ ဘက်တီရီယား level သည် ရန်ကုန် မြစ်အတွင်း တွေ့ရှိမှုသည် 52 CFU/mL ဖြစ်ပြီး ဂျပန် စံချိန် စံနှုန်းဖြစ်တဲ့ 50 CFU/mL နဲ့ နီးစပ်တာ တွေ့ရပါတယ်။ အဆိုပါ ရေ ကို နောက်ဆုံးပေါ် နည်းပညာ များ နဲ့ သန့်စင်နိုင်ခဲ့ရင် သောက်သုံးလို့ ရပြီ လို့ ဆိုပါတယ်။
ရန်ကုန် ရှိ လူအများ အပန်းဖြေရာ ဥယာဉ်များရှိ ရေနမူနာကို စမ်းသပ်ရာမှ E.coli မတွေ့ရဖူးလို့ ဆိုပါတယ်။ သို့သော်လည်း CFU/mL က ၂ ဖြစ်နေတဲ့ အတွက် သောက်သုံးသင့်သော ပမာဏ ၁.၂ ထက် ကျော်လွန်နေတဲ့ အတွက် သောက်သုံးရန် မသင့်တော်ဖူးလို့ ဆိုပါတယ်။
နိဂုံးချုပ် အနေနဲ့ နိုင်ငံတွင်း ရှိ မြို့ပြများတွင် ရှိ water quality ကို ခြုံငုံ စစ်ဆေးခဲ့သည့်အပြင် မြစ်များ၊ ဆည်များ၊ ရေကန်များ နှင့် တွင်းရေ များကို စစ်ဆေးရာမှာ ယေဘုယျ အား ဖြင့် ကောင်းမွန်ကြောင်း ဖေါ်ပြထားပါတယ်။ သို့သော်လည်း အများသုံး ရေအိုးစင်များ နှင့် ဘုရားကျောင်းကန်များတွင် တွေ့ရသော သောက်ရေ အမျိုးအစားများကိုမူ တိုးတက်ရန် လုပ်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်တမ်းကို ကမ္ဘာလုံးဆိုင်ရာ သိပ္ပံ ဂျာနယ်ကြီးတွင် ဖေါ်ပြထားပြီး လေ့လာလိုသူ ပညာရှင်များ အတွက် link ကို ပူးတွဲ ဖေါ်ပြလိုက်ပါတယ်။
ထိုကဲ့သို့ အချက်အလက် ပြည့်စုံစွာ ဖြင့် မည်သည့်နေရာ တွင် မည်သို့ ရေနမူနာယူ၍ တွေ့ရှိခဲ့သည်ဟု ဆရာဝန်ကြီးမှ ပူးတွဲ တင်ပြနိုင်လျင် တာဝန် ရှိသူများလည်း အရေးယူ ဆောင်ရွက်ခွင့် ရ၍ ကောင်းပေစွ ဟု လည်း ထင်မြင်မိပါတယ်။
လှစိုးဝေ
မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်(၂၀၁၇) အားပုသိမ်တွင် တိုင်းအဆင့်အနေနှင့်ပထမဆုံးအကြိမ် ရှင်းလင်း ဆွေးနွေး
ပုသိမ် ဖေဖေါ်ဝါရီ ၂၇ရက်
 မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇)အား မိတ်ဆက်ဖြန့်ချိခြင်းနှင့် မြန်မာနိုင်ငံပြည်သူများ၏ ရာသီဥတုပြောင်းလဲမူ့နှင့် ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေးစီမံကိန်းအားရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကိုတိုင်းအဆင့်အနေနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  ပုသိမ် ဟိုတယ်တွင် ဖေဖေါ်ဝါရီ ၂၆ရက်နေ့နံနက်ပိုင်းက  ကျင်းပခဲ့ကြောင်းသတင်းရ ရှိသည်
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ် နှင့်ပက်သက်လာရင် သက်ဆိုင်ရာဌာနတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်ပြီး ကာလတို/ကာလရှည် တွေအတွက်  သက်ဆိုင်ရာများမှ လုပ်ဆောင်သင့်သည့်အချက်များအား လာရောက်ဆွေးနွေးချပြခဲ့ခြင်းဖြစ်ကြောင်းဧရာဝတီတိုင်း ဒေသကြီး  ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ရုံး မှတိုင်းဦးစီးမူး ဦးသန်းစိုးထံမှ သိရှိရသည်
"ခုဆွေးနွေးကြတာက သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇)ကို လာဆွေးနွေးကြတာပါ ညွန် ချူပ်က သက်ဆိုင်ရာဌာနတွေကို ဒီစီမံချက်ထဲကပါတဲ့အချက်အလက်တွေကို ဖြန့်ချီမိတ်ဆက်တာလဲဖြစ်ပါတယ် "ဟုဧရာဝတီတိုင်း ဒေသကြီး  ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ရုံး မှတိုင်းဦးစီးမူး ဦးသန်းစိုးမှတိုင်းဧရာကိုပြောသည်
ယင်းစီမံချက်သည် ၂၀၀၉ခုနှစ် မှ စတင်ရှိခဲ့ပြီး ၂၀၁၂ခုနှစ်တွင် တရားဝင်ထုတ်ပြန် ခဲ့ကြောင်း၂၀၁၅ ခုနှစ်တွင် ယင်းစီမံချက်အတိုင်းလိုက်နာဆောင်ရွက်ကြတဲ့ အခါ ဘတ်ဂျက် ကြောင့်နဲ့ နည်းပညာအခက်အခဲတွေကြောင့် စီမံချက်အတိုင်းမလုပ်နိုင်တာတွေရှိခဲ့ကြောင်း၂၀၁၆ခုနှစ် နေပြည်တော် ညွန်ကြားရေးမှူးရုံးတွင်  သက်ဆိုင်ရာ ဌာနမှပညာရှင်များဖြင့် ပြန်လည်သုံးသပ်ကာ ၂၀၁၇ ခုနှစ်အောက်တို ဘာလတွင် ယင်းစီမံကိန်းမျာကို ပြန်လည်ထုတ်ပြန်အတည်ပြုလိုက်ကြောင်း  ၎င်းမှဆက်လက်ရှင်းလင်းပြောကြားသည်
သက်ဆိုင်ရာ အစိုးရအဖွဲ့များဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ အရပ်ဘက်အဖွဲ့အစည်းများနှင့်  ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုပေါ်တွင် များစွာ မူတည် ကြောင်း MAPDRR စီမံချက်ကို စာရွက်ပေါ်တွင်သာမက လက်တွေ့မြေပြင်ပေါ်တွင် အကောင်အထည်ဖော်နိုင်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်မှ ယင်းအခမ်းအနားတွင်ပြောကြားခဲ့ကြောင်း သိရသည်
 “၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးမှာအသင့်ဖြစ်နေစေဖို့ နိုင်ငံတော်အစိုးရနဲ့ ပြည်တွင်းပြည်ပအလှူရှင် များရဲ့ လှူဒါန်းထောက်ပံ့မှုနဲ့ ကမ်းရိုးတန်းဒေသများမှ Cyclone Shelter (၅၅)လုံး ဆောက်လုပ်ခဲ့တယ် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားသဘာဝဘေး  အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေထောက်ပံ့မှုနဲ့ School Cum Shelter (၅)လုံးကို ဆောက်လုပ်ခဲ့ပြီး လက်ရှိအခြေအနေတွင် ကမ်းရိုးတန်းဒေသများအပါ အ၀င် နှစ်စဉ်ရေလွှမ်းမိုးတတ်သည့်ဒေသများပါ School Cum Shelter (၅၇)လုံးကို ဆောက်လုပ်ခွင့် ရရှိရန် အမျိုးသားသဘာဝဘေး  အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ တင်ဒါခေါ်ယူနေကြောင်း သိရှိရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများကိုယ်စား များစွာ ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း"ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြားသည်
 အဆိုပါအခမ်းအနားတွင် ကနေဒါအစိုးရ ကိုယ်စားလှယ်ဖြစ်သူ Ms. Heather Mc.Bride နှင့် Asian Development Bank (ADB) အဖွဲ့အစည်းမှ Mr. Arghya Sinha Roy တို့မှလည်း အသီးသီးအမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများလူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ စုစုပေါင်း(၇၈)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရ ရှိသည်
သတင်းထောက် ရွှေရည်ဝင်း
ပိုတို Department of Disaster Management Myanmar
" ပျောက်ကွယ်လု မီးဖုန်းတော်အလှူပွဲ"
" ပျောက်ကွယ်လု မီးဖုန်းတော်အလှူပွဲ"
 တပို့တွဲလသည် မြန်မာပြက္ခဒိန်အရ ဆယ့်တစ်လမြောက်လဖြစ်သည်။ ထန်းပင်မှ ထန်းဖူးများ၊ ထန်းခိုင်တံတို့ အောက်သို့ ကိုင်းညွတ်တွဲကျသော ရာသီဖြစ်သောကြောင့် ထန်းပို့တွဲမှ တပို့တွဲဟု ခေါ်ဝေါ်ဆင်းသက်လာကြောင်း၊ မြန်မာစာဆိုများက ညွှန်းဆိုထားသည်။  မြန်မာမူဗေဒင်အရ ကုံရာသီဟု ခေါ်၍ စန်းယှဉ်နက်္ခတ်မှာ မာဃနက်္ခတ်ဖြစ်ပြီး ယှဉ်သော တာရာမှာ ချိန်တာရာဖြစ်သည်။ ရာသီရုပ်မှာ ရေထမ်းသမား ရုပ်ဖြစ်ပြီး ပေါက်ပန်း၊ လဲပန်း၊ လက်ပံပွင့်များ ပွင့်သော ရာသီဖြစ်သည်။ အေးချမ်းလှသော ဆောင်းရာသီကို နှုတ်ဆက်၍ ဂိမာန်နွေဦး ကူးပြောင်းရာ အချိန်လည်းဖြစ်၍ ဤရာသီတွင် ““တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ”” ဟု ဆိုရိုးနှင့်အညီ ကျွဲချိုပင် တုန်ခိုက်အောင်အေးသည်။ နောက်ဆုံး နှုတ်ဆက်ဆောင်းက အစွမ်းကုန် ချမ်းပြရာ အချိန်လည်း ဖြစ်သည်။  နှာရည်ယိုရွှဲ တပို့တွဲဟုပင် တင်စားကြသည်။  ကောက်ညှင်းဆန်၊ မြေပဲ၊ နှမ်း စသော ကောက်ဦးသီးနှံသစ်ပေါ်ချိန်လည်း ဖြစ်သော ကြောင့် ထမင်းနှဲထိုးပွဲ ကျင်းပ၍ ဘုရားရှင်ကို ကပ်လှူပူဇော် ပွဲတော် ကျင်းပရာ ချိန်ခါလီလည်းဖြစ်သည်။ ရှေးခေတ်က တပို့တွဲလ၌ ယာဂုပွဲ ဆင်နွှဲသည်ဟု ကုန်းဘောင်ခတ် မဟာရာဇ၀င်တော်ကြီးတွင် ဖော်ပြထားသည်။ ယာဂုမှာ ဆန်ကို ကျိုချက်သော ဆန်ပြုတ်နှင့် ကောက်ညှင်းကို ထိုးသော ထမနဲ ဟူ၍ ရှိသည်။ နှစ်မျိုးလုံးကို ကပ်လှူဒါန်းခဲ့ကြသည်။ တပို့တွဲလပြည့်နေ့တွင် မြန်မာပြည်အနှံ့ ထမနဲပွဲများ ကျင်းပကြသည်။ နှမ်းဆီ၊ နှမ်း၊ ကောက်ညှင်းဆန်၊ မြေပဲဆံ၊ အုန်းသီး တို့ကို ဒယ်အိုးထဲတွင် ထည့်၍ အရသာစပ်ကာ မီးပြင်းပြင်းဖြင့် ဗလတောင့်သော ယောက်ျားကြီးများက တစ်ယောက်တစ်လှည့် ယောက်မကြီးများဖြင့် မွှေကာ ချွေးတလုံးလုံးဖြင့် ချက်ပြုတ်ကြသည်။ အချို့နယ်များတွင် ထမနဲကို ယှဉ်ပြိုင်ထိုး၍ ပြိုင်ပွဲများကျင်းပကြသည်။ ဆီနိုင်နိုင်ဖြင့် ထမနဲ ထိုး၍ ဘုရားနှင့် သံဃာတော်များအား ကပ်လှူပြီး အိမ်နီးချင်းများကို ဝေငှသည့် ဓလေ့ကလည်း ချစ်စရာ မြန်မာ့ စိတ်ရင်း  ဖြစ်သည်။  ထမနဲပွဲနှင့်အတူ ကျင်းပသည့် ဗုဒ်္ဓဘုရားကို နံ့သာများ မီးရှို့၍ ပူဇော်သောမီးဖုန်းပွဲမှာ လူသိနည်းသော ပွဲတော်တစ်ခုအဖြစ် ယနေ့ခေတ်တွင် တည်ရှိနေသည်။ ယခုခေတ် လူငယ်များကြားတွင် ထမနဲ ပွဲသာလူသိများပြီး ဘုရားရှင်အား ရည်စူးပူဇော်သော မီးဖုန်းပွဲမှာ အသိနည်းပြီး တိမ်မြှုပ်ပျောက်ကွယ်လျှက် ရှိနေသည်။
  --မီးဖုန်းတော်ပွဲသမိုင်း
 မီးဖုန်းတော်ပွဲကို တစ်ချို့ဒေသများ၌ ဖျားမီးကပ်ပွဲ၊ မီးလှုံ့ပွဲ၊ မီးပုံပွဲ၊ မီးဖုန်းအလှူပွဲ ဟူ၍ ခေါ်ဝေါ်ကြသည်။ တပို့တွဲလပြည့်နေ့ရောက်တိုင်း နံ့သာထင်းမီးများကို မိမိတို့ ရပ်ရွာရှိ ဘုရားများတွင် မီးရှို့ပူဇော်ကြသည်။ ပုဂံခေတ် ကတည်းက ကျင်းပလေ့ရှိကြောင်း သိရသည်။ မီးဖုန်းပွဲ ကျင်းပရခြင်းမှာ မြတ်စွာဘုရားရှင်လက်ထက်က ၀ိနည်းအရ တပည့်ရဟန်းတို့ကို မီးလှုံ့ခြင်း၊ မပြုရန် တားမြစ်ခဲ့သည်။မီးသည် မျက်စိနှင့် မသင့်၊ အဆင်းပျက်ခြင်း၊ ခွန်အား ဆုတ်ယုတ်ခြင်း၊ မီးလှုံရင်းနှင့် အတူ အပေါင်းအဖော်တို့နှင့် အကျိုးမရှိ သိမ်ဖျင်းသော စကားများပြောဆို မွေ့လျော် ခြင်းတို့ကြောင့် ခွင့်မပြုခဲ့ပေ။  သို့သော် တပို့တွဲမှ တပေါင်းလသို့ အကူးအပြောင်းကာလသည် အလွန်အေးမြသောကြောင့် တပည့်ရဟန်းများကို မီးလှုံ့ခွင့် ပေးရုံမက ကိုယ်တော်တိုင်လည်း ခြေတော်လက်တော်တို့ကို မီးရှိန်တော်ခံခဲ့သည်။ ဤသည်ကို အစွဲပြု၍ ရှေးမြန်မာကြီးများက မြတ်ဗုဒ်္ဓအား ရည်မှန်း၍ ဘုရား၊ ကျောင်း၊ တန်ဆောင်း၊ စေတီများရှေ့တွင် မီးဖိုကြီးများပြုလုပ်ရန် မီးဖုန်းတော်ကုသိုလ်အလှူကို တီထွင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-မီးဖုန်းတော်ပွဲဘယ်လိုကျင်းပကြသလဲ
 မီးဖုန်းတော်အလှူပွဲကို ရှေးခေတ်က မြန်မာဘုရင်များကိုယ်တိုင် ဦးစီး၍ ခမ်းခမ်းနားနား ကျင်းပခဲ့ကြသည်။ မြန်မာပြည်ကြီး အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘ၀ မကျရောက်မီ အချိန်ထိ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်ခေတ်နောင်းပိုင်း သီပေါဘုရင်လက်ထက်တွင်ပင် မီးဖုန်းပွဲနှင့် ယာဂုပွဲတော်ကြီးကိုနှစ်စဉ် ကျင်းပခဲ့ကြောင်း၊ ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီးတွင် မှတ်တမ်း ပြုထားသည်ကို တွေ့ရသည်။ မြန်မာပြည်အောက်ပိုင်း ကရင်ပြည်နယ်နှင့် ထားဝယ်ဒေသတို့၌ မီးဖုန်းတော် အလှူပွဲကို ယခင်က ကြီးကျယ်ခမ်းနားစွာ ကျင်းပလျှက်ရှိခဲ့ ကြသည်။ မီးဖုန်းပွဲကျင်းပရန် တပို့တွဲလပြည့်မတိုင်မီ လူငယ်လူရွယ်များစု၍ တောအတွင်း နံ့သာထင်းများကို သွားရောက်ခုတ်ယူကြသည်။ ထို့နောက် ဘုရားကျောင်းကန်ရှေ့တွင် စုပေါင်း၍ လပြည့်ည၌ မီးဖိုကာ ပူဇော် ကြသည်။ ထင်းမီးဖို တစ်ထောင်၊ယာဂုအိုး တစ်ထောင်၊ ထန်းစင် တစ်ထောင် စီမံ၍ ပူဇော်ခဲ့ကြသည်။ အချို့နယ် များတွင် မီးပူဇော်ရန် ပင်လုံးချောသော သက်ရင့်ပင်များကို ခုတ်၍ မြေတွင် စိုက်ထူထားသည်။ အောက်ခြေတွင် အမွှေးနံ့သာများ ဖြန်းထားသော ထင်းများကို စုပုံ၍ လပြည့်နေ့ နံနက် ဝေလီဝေလင်းအချိန်တွင် ရဟန်းရှင်လူတို့ မြတ်ဗုဒ်္ဓကို ရည်မှန်း၍ ရှိခိုးကန်တော့ကြသည်။ ထို့နောက် ဦးဆောင်ဆရာတော်က မီးစတင်ရှို့လိုက်ရာ ကျန်လူများက နီးစပ်ရာ ထင်းပုံများကို အလုအယက် ဦးအောင် မီးရှို့ကြကြောင်း မှတ်သားရသည်။
-မီးဖုန်းတော်အလှူပွဲကို ပြန်လည်အသက်သွင်းကျင်းပခဲ့သည့် စုဖုရားလတ်
 ကိုလိုနီခေတ် အင်္ဂလိပ်လက်အောက်သို့ နှစ်ပေါင်းတစ်ရာကျော်တိုင် ကျရောက်ခဲ့သော မြန်မာပြည် သည် ရိုးရာဓလေ့ ထုံးစံအချို့ ကွယ်ပျောက်ခဲ့ရသည်။ တောနယ်အချို့တွင်သာ မြန်မာ့ရိုးရာပွဲတော်များကို ကျင်းပလျှက်ရှိသည်။ မြို့ကြီးများတွင် လူစုလူဝေး ဖြစ်လာမည်စိုး၍ အင်္ဂလိပ်အာဏာပိုင်တို့က ခွင့်မပြုခဲ့သောကြောင့် ရိုးရာ ပွဲများမှာ ပျောက်ကွယ်ခဲ့ရခြင်းဖြစ်သည်။  ပျောက်ကွယ်ခဲ့သော မီးဖုန်းတော်အလှူပွဲလည်း ပါဝင်သည်။ နန်းချခံရပြီး အိန်္ဒိယနိုင်ငံသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့သော သီပေါဘုရင်၏ မိဖုရားခေါင်ကြီး စုဖုရားလတ်သည် မောင်တော် သီပေါဘုရင် နတ်ရွာစံပြီးနောက် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုစဉ် တပို့တွဲလပြည့်နေ့နှင့် ကြုံကြိုက်၍ ယခင် ဘုန်းမီးနေလတောက်စဉ်က ကျင်းပခဲ့သည့် မီးဖုန်းတော်အလှူပွဲကြီးကို ကျင်းပလိုစိတ် ပြင်းပြစွာ ရှိခဲ့သည်။ ထို့ကြောင့် နန်းမတော်ကြီးအလိုကျ နောက်ပါခြွေရံများက ရန်ကုန်ရွှေတိဂုံဘုရားကြီး ရင်ပြင်တွင် နံ့သာ (၁၀)မျိုးဖြင့် မီးဖုန်းတော် အလှူပွဲကြီးကို (၁၉၂၂)ခုနှစ်က ပြန်လည်ကျင်းပလိုက်ရာမှ မြန်မာတို့၏ စိတ်သံဌာန်တွင် မီးဖုန်းတော် အလှူပွဲကြီးကို ပြန်လည် မြင်ယောင်လာပြီး ယနေ့ထက်တိုင် မြို့ရွာများ၌ ကျင်းပနေခဲ့ ခြင်းဖြစ်ကြောင်း မှတ်သားရမိသည်။
-ယနေ့ခေတ်မီးဖုန်းတော်အလှူပွဲ
မီးဖုန်းတော်အလှူပွဲကို ယနေ့ခေတ်တွင် မြန်မာပြည်အထက်ပိုင်း အညာဒေသအချို့သာ အစဉ်အလာမပျက် ကျင်းပနေကြသည်။ လူသိနည်းသော ရာသီပွဲဖြစ်နေခဲ့သည်။လူငယ်အများစုသည်လည်း ရိုးရာအတိုင်း ကျင်းပသည်ဟု အထင်ရောက်ကာ မီးဖုန်းတော်အလှူပွဲဟူ၍ပင် အမည်ခေါ်ဝေါ်ကြောင်း မသိတော့ပေ။ မီးဖုန်းတော်ပွဲကျင်းပရာ နံ့သာဆယ်မျိုးနေရာတွင်လည်း ဈေးသက်သာသော သနပ်ခါး ထင်းများကို အစားထိုး၍ ပူဇော်လာသည်ကို တွေ့ရသည်။ သနပ်ခါးပင်များ ပေါရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများတွင် ယနေ့ထက်တိုင် ကျင်းပနေကြသေးကြောင်း သိရသည်။ မုံရွာမြို့ရှိ ထန်းတောရပ်ကွက်၊ နန်းဦးဘုန်းကြီးကျောင်းတွင်လည်း တပို့တွဲလပြည့်နေ့၌ မီးဖုန်းတော်အလှူပွဲကို ရိုးရာ မပျက် ကျင်းပဆဲဖြစ်ကြောင်း သိရသည်။
 ““ဘုရားရှင်က လေးပါသော မဟာဘူတ မျှတစေဖို့ ခြေတော်လက်တော်တွေကို မီးကင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို ရည်စူးပြီး မီးဖုန်းတော်ပွဲ ပြုလုပ်တာပါ။ ခုခေတ်ကလေးတွေက မသိကြတော့ဘူး။ အဖွားတို့ရပ်ကွက်က ရပ်ကွက်ဘုရားပွဲနဲ့ လပြည့်နေ့တိုက်လို့ သနပ်ခါးထင်းလှူရတယ်ဆိုပြီး သိကြလို့ လှူတာပဲရှိတယ်။ မီးဖုန်းတော်ပွဲလို့ မသိကြဘူးဟု ထန်းတောရပ်ကွက်မှ အသက်(၈၀)အရွယ် အဖွားတစ်ဦး က ပြောသည်။
 ဘာသာတရားနှင့်ယှဉ်တွဲ၍  ကျင်းပသော ရိုးရာဓလေ့ မီးဖုန်းတော်အလှူပွဲကိုထမနဲပွဲတော် ကဲ့သို့ လူသိများ၍ ပြန်လည်ကျင်းပလာစေရန် ရည်သန်၍  ဤဆောင်းပါးရေးသားလိုက်ရပါသည်။
 ကိုသစ္စာ(မုံရွာ)
ဆွာမြို့လယ်တွင် အိမ်စီးယာဉ်ငယ်နှင့်ဆိုင်ကယ်တို့ အရှိန်လွန်တိုက်မိမှုဖြစ်ပွား
ဆွာမြို့လယ်တွင် အိမ်စီးယာဉ်ငယ်နှင့်ဆိုင်ကယ်တို့ အရှိန်လွန်တိုက်မိမှုဖြစ်ပွား
ရေတာရှည်   ဖေဖေါ်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့တောင်ပိုင်း(၁)ရပ်ကွက်၊ လျှပ်စစ်ရုံးရှေ့ ရန်ကုန်- မန္တလေးကားလမ်းဟောင်းတွင် ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းက အိမ်စီးယာဉ်ငယ်နှင့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဆွာနယ် မြေရဲစခန်းမှ  ဒုရဲအုပ် မြလွင်ဦး နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ ဝင်းအောင်(၃၅)နှစ်၊ အမှတ်(၂)ရပ်ကွက်၊ ဆွာမြို့နေသူမောင်းနှင်လာသော 1D/------ CELSIORအိမ်စီးယာဉ်ငယ်သည် ကားလမ်းမကြီးပေါ်သို့ကွေ့တက်စဉ် လမ်းကြောင်းတူဘက်မှ ထွန်းထွန်းဝင်း(၃၁)နှစ်၊ ငါးကြီးကွေ့ကျေးရွာ၊ ဆွာမြို့နေသူမောင်းနှင်လာသော ၄၄ယ/-------NEWZHINENG 110 ဆိုင်ကယ်ဖြင့်တိုက်မိခဲ့ပြီး ဆိုင်ကယ်ယာဉ်မှာ အိမ်စီးယာဉ်ငယ်၏ ရှေ့အပေါ်၌ ကန့်လန့်ဖြတ် တင်နေပြီး ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာအချို့ရရှိသွားခဲ့ကြောင်းသိရ၍ ဆွာနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။ ကိုလွင်(ဆွာ)မြန်​မာ့အလင်း
မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ ဘေးမဲ့ပြန်လွှတ်
မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း    မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ ဘေးမဲ့ပြန်လွှတ်
နွားထိုးကြီး ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး    နွားထိုးကြီးမြို့နယ် မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ ကို သဘာဝတောထဲသို့ စတုတ္ထအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၄ ရက်က ပြန်လည်လွှတ်ပေးခဲ့သည်။
မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂ဝ၁၃ ခုနှစ်က ပထမဦးဆုံးအကြိမ်အဖြစ် သဘာဝတော အတွင်းကို  မြန်မာ့ကြယ်လိပ်  ၁၅ဝ စတင်၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သဘာဝတောအတွင်းကို      ဒုတိယအကြိမ် ပြန်လွှတ်ခြင်းတွင် မြန်မာ့ကြယ်လိပ် အကောင် ၃ဝဝ၊ တတိယအကြိမ် ပြန်လွှတ်ခြင်းတွင် အကောင် ၃ဝဝ နှင့် စတုတ္ထအကြိမ်    ပြန်လွှတ်ရာတွင် အကောင် ၃ဝဝ တို့ကို ညင်သာစွာ စေလွှတ်ခြင်း အစီအစဉ်ဖြင့် (Soft released) ဘေးမဲ့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်    မင်းစုံတောင်    တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် မြန်မာ့ကြယ်လိပ် စုစုပေါင်း အကောင် ၁ဝ၅ဝ ကို သဘာဝတောထဲသို့ အောင်မြင်စွာ ပြန်လွှတ်နိုင်ခဲ့ပြီးဖြစ်သည်။
၂ဝ၁၃ ခုနှစ်မှ စတင်၍ မင်းစုံတောင်ဘေးမဲ့တောထဲသို့ ပြန်လွှတ်ခဲ့ရာတွင် ၉၇ ရာခိုင်နှုန်းမှာ အောင်မြင်ပြီး ခုနစ် ရာခိုင်နှုန်းမှာ သဘာဝတောထဲတွင် သားပေါက်ကြောင်း သုတေသနပြုလုပ် ချက်များအရ သိရသည်။
ဇန်နဝါရီလတွင်လည်း ရွှေစက်တော်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောထဲကို ညင်သာစွာ စေလွှတ်ခြင်း အစီအစဉ်ဖြင့် ကြယ်လိပ် ၉ဝဝ ကို ပြန်လွှတ်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ရှားပါးမြန်မာ့ ကြယ်လိပ်များကို ၁၄ဝဝဝ ကျော်အထိ အောင်မြင်စွာ သားဖောက်မွေးမြူ၍ ထိန်းသိမ်းထားနိုင်ပြီဖြစ်သည်။
မြန်မာ့ကြယ်လိပ် ဘေးမဲ့လွှတ်ပွဲကို သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  ဆက်စပ်ဌာနဆိုင်ရာများ၊ မင်းစုံတောင် တောရိုင်းတိရစ္ဆာန်     ဘေးမဲ့တောမှအုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင်နှင့်ဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုး ဆက် ရှင်သန်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ညီတူး(​ကြေးမှုံ)
ရေးမြို့နယ်အံဒင်ကျေးရွာ ငါးမျှားစခန်းမှာ ကမ်းနီးငါးဖမ်းလှေများဝင်ငွေထိခိုက်
ရေးမြို့နယ်အံဒင်ကျေးရွာ ငါးမျှားစခန်းမှာ ကမ်းနီးငါးဖမ်းလှေများဝင်ငွေထိခိုက်
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်းရွာရှိ ငါးဖမ်းလုပ်ငန်းမှာ အရင်နှစ်ထက်ကမ်းဝေးငါးဖမ်းလှေဝင်ရောက်
ဖမ်းဆီးမှုကြောင့် ကမ်းနီးငါးဖမ်းလှေတွေ ဝင်ငွေထိခိုက်နစ်နာမှုတွေ ရှိနေကြောင်းသိရသည်။
ဒီမှာက ကမ်းနီးငါးဖမ်းလှေတွေ အများစုလုပ်ကိုင်ရာတွင် ကမ်းဝေးငါးဖမ်းလှေလာဖမ်းတဲ့အခါ ငါးဖမ်းကိရိယာတွေ ပျက်စီးဆုံးရှုံးမှု
ထိခိုက်မှုတွေကြောင့် ဝင်ငွေထိခိုက်နစ်နာခဲ့ပြီးအကျိုးမြတ်နည်းပါးခဲ့ရခြင်းဖြစ်ကြောင်း ကမ်းနီးငါးဖမ်းသမားတွေက ပြောသည်
အခုလိုကမ်းဝေးငါးဖမ်းလှေတွေမဝင်ရောက်ဖို့အတွက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ က အချိန်မီ တားဆီးစေလိုကြောင်း ကမ်းနီးငါးဖမ်းသမားတွေက ဆိုသည်။
အဆိုပါအံဒင်ကျေးရွာ ငါးမျှားစခန်းမှာ ကမ်းနီးငါးဖမ်းလုပ်ကိုင်သူ ၅၀ဦးခန့် ရှိပြီး ပြီးခဲ့နှစ်ထက် ဝင်ငွေထိခိုက်ခဲ့သလို ရေပေါ်ငါးတွေဖြစ်တဲ့  ငါးကျံရွက်နဲ့တခြားငါးမျိုးစုံတွေသာ ရ ရှိနေကြောင်းသိရသည်။
ငါးမျှားစခန်းမှာ ရွှေ့ပြောင်းရေလုပ်သားအများစုနေထိုင်ကြပြီး ဝင်ငွေနည်းတဲ့မိသားစုဝင်တွေထဲက သားသမီးရဲ့ပညာရေးမှာ ကောင်းမွန်စွာ ပညာမသင်ကြားရဘဲ မိသားစုအတွက် ကုန်းပေါ်ရေလုပ်ငန်းထဲမှာ ဝင်ရောက်လုပ်ကိုင်နေရကြောင်းသိရသည်။
နေမျိုးထွဋ်     ရေး(မြန်​မာ့အလင်း)
ကော့သောင်း-ရနောင်းကူးတို့ ပဲ့ချိတ့်စက်လှေများစက်သံမကျယ်လောင်ရေးသတိပေးချက်များထုတ်ပြန်
ကော့သောင်း-ရနောင်းကူးတို့ ပဲ့ချိတ့်စက်လှေများစက်သံမကျယ်လောင်ရေးသတိပေးချက်များထုတ်ပြန်
ကော့သောင်း ၊ ဖေဖေါ်ဝါရီ ၂၇
ထိုင်းနိုင်ငံရနောင်းမြို့နှင့်မြန်မာနိုင်ငံကော့သောင်းမြို့တို့သို့ ပြေးဆွဲလျှက်ရှိသည့် ပဲ့ချိတ်စက်လှေများတွင်တပ်ဆင်ထားသည့် အင်ဂျင်စက်သံကျယ်လောင်စွာထွက်ပေါ်နေသဖြင့် အများပြည်သူစိတ်အနှောက်အယှက်မဖြစ်ပေါ်စေရေးပြန်လည်ပြုပြင် ကြရန် ထိုင်းတပ်မတော်တပ် မတော်နှင့် မြန်မာနိုင်ငံတာဝန်ရှိ အဖွဲ့အစည်းများ မှ ပဲ့ချိတ်ပြေးဆွဲသူပိုင်ရှင်များအားသတိပေးချက်များထုတ်ပြန်ထားကြောင်းယမန်နေ့ ကသိရသည်။
ကော့သောင်း-ရနောင်းပြေးဆွဲလျှက်ရှိသည့် ပဲ့ချိတ်စက်လှေ အပါအဝင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ သွားရောက်မည့် စက်လှေများစက်သံကျယ်ပါကထိုင်းအာဏာပိုင်များဘက် မှ လှေ သိမ်းသည်အထိအရေးယူသွားမည်ဖြစ်ကြောင်းထိုင်းနိုင်ငံရနောင်းဘက်ကိုဝင်လာသည့် စက်တပ် လှေများအားသတိပေးချက်ထုတ်ပြန်ထားကြောင်း ၊ ကူးတို့ကူးခရီးသည်တင် ပဲ့ချိတ်စက်လှေအပြင် စက်သံကျယ်လောင်စွာထွက်ပေါ်သည့် စက် လှေများအားလုံးကိုအရေးယူရန်ရှိကြောင်းထိုင်းနိုင်ငံဘက် မှ ထိုသို့အသံကျယ်လောင်သည့်စက်တပ်လှေအားလုံးကိုပထမဆုံးအကြိမ်အဖြစ်သတိပေးပြီးထပ်မံဝင်ရောက်လာ မည်ဆိုပါကထိုင်းနိုင်ငံ၏ဥပဒေများအရငွေဒဏ်ဘတ်၅၀၀၀ပေးဆောင်စေခြင်း၊စက်လှေသိမ်းခြင်းတို့ကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ထိုင်းတပ်မတော်တပ်ရင်း၂၅ မှ တာဝန်ရှိသူတဦးပြောဆိုချက်အရသိရသည်။
ကော့သောင်းမြို့အနေဖြင့်လည်းယခုနှစ် ခရီးသွားရာသီအတွင်းကော့သောင်းဒေသပင်လယ်ကျွန်းခရီးစဉ်များသို့လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပနိုင်ငံခြားခရီးသွားဧည့်သည်များ  များပြားစွာဝင်ရောက်လည်ပတ်နေကြပြီဖြစ်ရာ ခရီးသွားဧည့်သည်များရေဆိပ်တွင် အဆိုပါပဲ့ချိတ်စက်လှေများ၏ အသံကျယ်အိပ်ဇောများကြောင့် စိတ်အနှောက်အယှက်ဖြစ်ပေါ်မှုဖြစ်ပွားလျှက်ရှိသဖြင့် မြို့၏ပုံရိပ်ကျဆင်းမှုမဖြစ်ပေါ်ရေးမြို့နယ် ရေယာဉ်ငယ်များထိမ်သိမ်းရေးအသင်းမှ  ပဲ့ချိတ်မောင်းနှင်သူနှင့်ပိုင်ရှင်များအားမိမိတို့မောင်းနင်မည့်ပဲ့ချိတ်စက်လှေများ၏ အင်ဂျင်များတွင် ဆိုင်လင်ဇာ (အသံထိန်းကရိယာများ)တပ်ဆင်ပြေးဆွဲကြရေးကျယ်ကျယ်ပြန့်ပြန် အသိပေးထားကြောင်းပဲ့ချိတ် အသင်းဥက္ကဋ္ဌ ဦးတင်ဦး ၏ ပြောဆိုချက်အရသိရသည်။
ကျော်စိုး (ကော့သောင်း)မြန်​မာ့အလင်း
ပဲခူးရိုးမ၌တောဆင်ရိုင်းတစ်ကောင်တူမီးသေ နတ်ဖြင့် ပစ်ခတ်ခံရကာသေဆုံးမှုဖြစ်ပွား
ပဲခူးရိုးမ၌တောဆင်ရိုင်းတစ်ကောင်တူမီးသေ နတ်ဖြင့် ပစ်ခတ်ခံရကာသေဆုံးမှုဖြစ်ပွား
ကျောက်တံခါး
    ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ်ဖဒိုနယ်မြေရဲစခန်းအပိုင်ပဲခူးရိုးမတောင်ပေါ်ရဲနွယ်သစ်တောကြိုးဝိုင်းအကွက်အမှတ်(၇)ရိုးကြီးချောင်းဖျား၌ဖေဖော်ဝါရီ၂၆ရက်ညနေ၃နာရီကတောဆင်ရိုင်းတစ်ကောင်တူမီးသေနတ်ဖြင့်ပစ်ခတ်ခံရကာသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
    သတင်းအရဆင်သေဆုံးသည့်နေရာသို့ပဲခူးခရိုင်သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှဒုရဲမှုးနေထွန်းလင်းနှင့်တပ်ဖွဲ့ဝင်များဖဒိုစခန်းမှုးရဲအုပ်ရဲထွဋ်ကိုနှင့်တပ်ဖွဲ့ဝင်များတောအုပ်ကြီးဦးမင်းသူနှင့်သစ်တောဝန်ထမ်းများ
ဆင်ဆရာဝန်ဒေါက်တာသိန်းစိုးနှင့်အဖွဲ့များသည်ဆင်သေဆုံးမှုနှင့်ပတ်သက်ပြီးစစ်ဆေးမှုများပြုလုပ်ရာသေဆုံးဆင်မှာဟန်ကုတ်ဆင်အမျိုးအစားဖြစ်ပြီးအလျား၈ပေ၇လက်မလုံးပတ်၁၄ပေအရပ်အမြင့်၉ပေနှာမောင်းအရှည်၅ပေ၃လက်မအသက်၃၀
နှစ်ခန့်သစ်ခွံထိုးအစွယ်ရှိ(အထီး)အနက်ရောင်တောဆင်ရိုင်း၌ယာဘက်လည်ပင်းတွင်ဖောက်ထွင်းဒဏ်ရာရရှိပြီးသေဆုံးနေ
ကြောင်းတွေ့ရှိရသဖြင့်ဆင်ဆရာဝန်မှတ်ချက်အရတူမီးသေနတ်ဖြင့်ပစ်ခတ်ခံရကာသေဆုံးခြင်းဖြစ်ကြောင်းသိရသည်။
   သေဆုံးဆင်အားအခင်းဖြစ်နေရာတွင်တောအုပ်ကြီးဦးမင်းသူနှင့်အဖွဲ့မှမီးရှို့သင်္ဂြိုလ်ခဲ့ပြီးဆင်အားပစ်ခတ်ခဲ့သည့်ဆင်မုဆိုးများ
အားဖမ်းဆီးရမိနိုင်ရေးအတွက်သစ်တောရဲတပ်ဖွဲ့  ဖဒိုနယ်မြေရဲစခန်းမှုးနှင့်အဖွဲ့များသစ်တောဝန်ထမ်းများမှလိုက်လံစုံစမ်းရှာဖွေဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
       ခင်ကို(ကျောက်တံခါး)မြန်​မာ့အလင်း
Monday, February 26, 2018
မော်လိုက်မြို့ ဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး
မော်လိုက်မြို့ ဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး
မော်လိုက်ဖေဖေါ်ဝါရီ ၂၆
 စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်နေသောဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအချိန်မီပြီးစီးရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်စိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် မြို့မိမြို့ဖများပါဝင်သောအဖွဲ့သည် မော်လိုက်မြို့ ဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် စွယ်တော်ရပ်ကွက်တွင် ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်  အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းများ မိုးမကျမီပြီးစီးရေးနှင့် ခိုင်ခန့်ကောင်းမွန်စေရေးတို့အတွက် အထူးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 အဆိုပါတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၅၀၀)ဖြင့် ပေ(၂၈၅၀)ရှိ ဆိပ်ကမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် စွယ်တော်ရပ်ကွက်ရှိ ပေ(၅၃၅)ပေရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို လည်းကောင်း၊ တပ်ကုန်းကျေးရွာတွင် ခွင့်ပြုငွေ ကျပ်သန်း(၃၀၀)၊ ညောင်ဝန်းကျေးရွာတွင် ခွင့်ပြုငွေ ကျပ်သန်း(၂၅၀)၊ ကြာအင်းကျေးရွာတွင် ခွင့်ပြုငွေ ကျပ်သန်း(၃၀၀)တို့ဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၄)ခုအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိပြီး လုပ်ငန်းများအား ၂၀၁၈ ခုနှစ် မတ်လကုန်ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း ရေမြစ်ဖြိုးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မြတ် ထံမှ သိရသည်။
မော်လိုက်သားလေး(မြန်​မာ့အလင်း)
စားအုန်းဆီ ကြက်သွန်နီ ဖြူ သကြားအာလူး ထန်းလျက် ကုလားပဲခြမ်းဈေးနှုန်းများယခင်နှစ်ကာလတူထက်ဈေးကျဆင်း
စားအုန်းဆီ    ကြက်သွန်နီ  ဖြူ  သကြားအာလူး   ထန်းလျက်   ကုလားပဲခြမ်းဈေးနှုန်းများယခင်နှစ်ကာလတူထက်ဈေးကျဆင်း
     ၂၀၁၈  ခုနှစ်ဖေဖေါ်ဝါ  ရီလ   ၂၄  ရက်နေ့စားအုန်းဆီ  ကြက်သွန်နီ  ကြက်သွန်ဖြူ   သကြားအာလူး  ထန်းလျက်နှင့်ကုလားပဲခြမ်းဈေးနှုန်းတို့သည်ယခင်နှစ်ကာလတူ  ၂၀၁၇ဖေဖေါ်ဝါ  ရီလ၂၄  ရက်ထက်ဈေးနှုန်းနည်းနေသည်ဟုဈေးနှုန်းနှစ်   နှစ်စာရင်းများနှိုင်းယှဉ်ရာမှသိရသည်။
     ၂၀၁၇   ဖေဖေါ်ဝါရီလ  ၂၄  ရက်တွင်ဆိပ်ဖြူကြက်သွန်နီလက်ကားတစ်ပိဿာ  ၆၀၀  -  ၉၀၀  -၁၀၀၀  -  ၁၁၀၀  ကျပ်  တောင်တွင်း  ၅၅၀  -  ၈၀၀-   ၉၀၀   -  ၉၅၀   ကျပ်  မြစ်သား  ၁၄၀၀  - ၁၇၀၀  -  ၁၇၀၀   -  ၁၅၀၀   ကျပ်နှုန်း  အောင်ပန်း  ရှမ်းကြက်သွန်   ဖြူ  တစ်ပိဿာ   ၂၇၀၀  - ၃၀၀၀   -   ၃၃၀၀  -   ၃၅၀ ၀   ကျပ်နှုန်း  ကြူကုတ်ကြက်သွန်ဖြူ  တစ်ပိဿာ   ၄၆၇၅  -  ၄၇၀၀   ကျပ်နှုန်း  ဆင်ဖြူကျွန်းအာလူးတစ်ပိဿာ   ၈၅၀  -  ၉၀၀  -၉၂၀ -  ၉ ၄၀  ကျပ်နှုန်း  စားအုန်းဆီတစ်ပိဿာ     ၁၈၈၀     ကျပ်နှုန်း   သကြားတစ်ပိဿာ  ၁၄၃၅ -၁၄၆ ၅  ကျပ်နှုန်း      ကုလားပဲခြမ်းတစ်ပိဿာ        ၂၇၀၀   -၂၈၀၀    ကျပ်နှုန်းရှိခဲ့သည်။
            သို့သော်  ၂၀၁၈   ဖေဖေါ်ဝါရီလ   ၂၄တွင်မူ   ဆိပ်ဖြူ  ကြက်သွမ်နီ     တစ်ပိဿာ၇၀၀  -  ၉၅၀   -  ၉၅၀  -  ၉၅၀  ကျပ်နှုန်း
မြစ်သား   ၁၂၅၀   -   ၁၄၅၀   -   ၁၄၅၀   -၁၄၅၀ကျပ်နှုန်း  အောင်ပန်းရှမ်းကြက်သွန်ဖြူ တစ်ပိဿာ၁၂၀၀  -  ၁၆၅၀ -   ၂၂၀၀  -   ၂၅၅၀  ကျပ်  ကြူကုတ်ကြက်သွန်ဖြူ    ၁၆၀၀   ကျပ်  ဆင်ဖြူကျွန်းအာလူး  ၄၀တစ်ပိဿာ   ၄၀၀   -  ၅၃၀  -  ၆၀၀   - ၅၄၀   -       ၅၄၀  ကျပ်  စားအုန်းဆီတစ်ပိဿာ  ၁၆ ၂၅     ကျပ်သကြားတစ်ပိဿာ   ၁၁၅၀  ကျပ်     ကုလားပဲခြမ်းတစ်ပိဿာ     ၂၀၀၀   ကျပ်နှုန်းသာရှိသည်။
           နယ်စပ်မှတစ်ဆင့်ပို့ကုန်  ReExportအဖြစ်ပြည်ပနိုင်ငံစုံမှတင်သွင်းလာသောသကြာများမှာပြည်ပမှတင်သွင်းခွင့်ပိတ်ထားသည်မှာလချီကြာလာသော်လည်းနယ်စပ်သို့အပို့နည်းလာခြင်းပြည်
တွင်းတွင်အလျှံပယ်ရှိနေခြင်း   နယ်စပ်မှတရားမဝင်တင်သွင်းနေဆဲရှိခြင်း  ပြည်တွင်းသကြားထွက်ရှိနေ  ခြင်းတို့ကြောင့်ယခုအခါပြည်တွင်းဈေးကွက်တွင်ယခင်နှစ်ကာလတူထက်ဈေးနည်းနေရခြင်းဖြစ်သည်။
            ကမ္ဘာ့စားအုန်းဆီဈေးကွက်တွင်ဥရောပနိုင်ငံများသို့တင်သွင်းရာတွင်ယင်းနိုင်ငံများမှကန့်သတ်ရန်စီစဉ်နေခြင်းနှင့်အတူအကျပ်အတည်းများရှိနေခြင်းကြောင့်ဈေးကျနေရာ  ယခင်နှစ်ကာလတူထက်ပြည်ပ  FOB  တစ်တန်  လျှင်  ၆၅    ဒေါ်လာဝန်းကျင်   ဈေးးကျဆင်းပြီးဆိပ်ကမ်းရောက်တစ်ပိဿာအရင်းဈေး  နှုန်းမှာလည်း   ၂၀၀  ကျပ်ဝန်းကျင်ကျဆင်းလာသည်။ရန်ကုန် ဆီဈေးကွက်တွင်ဆီထုတ်ယူခွင့် DOစာရွက်လက်ကားတစ်ပိဿာဈေးမှာ     ၂၅၀   ကျပ် ဝန်းကျင်ယခင်နှစ်ကာလတူထက်ယခုနှစ်ဖေဖေါ်ဝါရီလနောက်ဆုံးပါတ်တွင်ဈေးကျဆင်းနေသည်။
             လှောင်  ကြက်သွန်နီအသစ်  များ  ဈေးကွက်သို့ဝင်လာချိန်နီးလာသဖြင့်လှောင်သမားများဈေးချဝယ်နိုင်ရန်ဈေးနှုန်းများကျနေသည်ဟုအဝယ်တော်တစ်ဦးကဆိုသည်။၂၀၁၇   နှစ်ဆန်းထက်လှောင်
ကြက်သွန်နီများဈေးပိုမိုမြင့်စွာဖြင့်၂၀၁၈   နှစ်ဆန်းပိုင်းအကျိုးအမြတ်ရသော်လည်းပြန်လည်သိုလှောင်ွှ  ရန်လှောင်သမားများဝယ်ယူချိန်တွင်ဈေးချလာခြင်းဖြစ်သည်။ရောင်းသည့်ကာလဈေးမြင့်နိုင်သမျှမြင့်ရန်အကြောင်းအမျိုးမျိုးပြမြှင့်တင်အကျိုးအမြတ်ွှယူသကဲ့သို့ပြန်လည်ဝယ်ယူချိန်တွင်လည်းကုန်သည်ပီသစွာ  ဝယ်ရင်းဈေးနည်းနိုင်သမျှ  နည်းရန်လုပ်ဆောင်  နေခြင်းကိုပြည်တွင်းကြက်သွန်နီဈေးကွက်တွင်မြင်  တွေ့ရသည်။
            အသစ်ထွက်ပေါ်ချိန်နီးလာသော်လည်းပြည်တွင်းဈေးကွက်တွင်အဟောင်းလက်ကျန်များစွာကျန်နေသေသော  ရှမ်ကြက်သွန်ဖြူဈေး  နှုန်းသည်ယခင်နှစ်ကာလတူထက်ထက်ဝက်ဝန်းကျင်ဈေး
နည်းနေဆဲရှိသည်။  ပြည်တွင်းသို့ရောက်ရှိသိုလှောင်ထားမှုများပြားခြင်းရှမ်းကြက်သွန်ဖြူဈေးအနိမ့်တွင်ရှိနေခြင်းတို့ကြောင့်ကြူကုတ်ကြက်သွန်ဖြူဈေးသည်
ယခင်နှစ်ကာလတူ၏  သုံးပုံတစ်ပုံဈေးနှုနါးသာရှိနေသည်။
          တရုတ်မျိုးအာလူးအစိုက်များလာသောဆင်ဖြူကျွန်းအာလူးဈေးးနှုန်းသည်ယခင်နှစ်ကာလတူထက်ထက်ဝက်ခန့်ဈေးသာယခုနှစ်ဖေဖေါ်ဝါရီလကုန်ပိုင်းတွင်ရှိနေသည်။
             ကုလားပဲခြမ်းတစ်ပိဿာဈေးနှုန်းမှာယခင်နှစ်ကာလတူထက်ယခုနှစ်ဖေဖေါ်ဝွှါီလကုန်ပိုင်းတွင်တစ်ပိဿာ  ၇၀၀ ကျပ်ဝန်းကျင်ဈေးနည်းနေသည်။
                ကုန်ဈေးနှုန်းမြင့်နေသည်ဟုဆိုသော်လည်း၂၀၁၈  ခုနှစ်ဖေဖေါ်ဝါရီလကုန်ပိုင်းတွင်ဆန်ချောနှင့်ဆန်ကြမ်းသာယခင်နှစ်ကာလတူထက်ယခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင်ဈေးမြင့်နေသည်မှလွဲ၍စားဖိုဆောင်သုံးကုန်စည်အများစုဈေးနှုန်းများသည်ယခင်နှစ်ကာလတူထက်ယခုနှစ်ဖေဖေါ်ဝါရီ  လကုန်ပိုင်းတွင်ဈေးနည်းနေဆဲရှိနေသည်ဟုဈေးကွက်လေ့လာသူတစ်ဦးကဆိုသည်။
ခင်ဆိုင်(မြန်​မာ့အလင်း)
(၁၀၅)မိုင်​နှင့်​မူဆယ်​ကြားနှမ့်​ခွမ်​​ကျေးရွာအနီး​ရှေ့ထွက်​မိုင်း(၁)လုံး​တွေ့ရှိ
(၁၀၅)မိုင်​နှင့်​မူဆယ်​ကြားနှမ့်​ခွမ်​​ကျေးရွာအနီး​ရှေ့ထွက်​မိုင်း(၁)လုံး​တွေ့ရှိ
ရှမ်ြး​ပည်​နယ်​(​မြောက်​ပိုင်း)မူဆယ်​ခရိုင်​မူဆယ်​မြို့နယ်​(၁၀၅)မိုင်​နှင့်​မူဆယ်​ကြားနှမ့်​ခွမ်​​ကျေးရွာအနီး၌ ​ဖေ​ဖော်​၀ါရီ(၂၆)ရက်​ နံနက်​(၁၃၀၀)အချိန်​ခန့်​​အမည်​မသိလက်​နက်​ကိုင်​​သောင်းကျန်းသူအဖွဲ့မှ​ထောင်​ထား​သော​ရှေ့ထွက်​မိုင်း(၁)လုံး​တွေ့ရှိခဲ့​ကြောင်းသိရသည်​။
ဖြစ်​စဉ်​မှာ​ဖေ​ဖော်​၀ါရီ(၂၆)ရက်​​နေ့တွင်​(၁၀၅)မိုင်​နှင့်​မူဆယ်​ကြား၌ (ORIENTAL HIGH WAY )မှစီမန်​ကိန်းမှန်​​နေဂျာ ဦးမျိုး​အောင်​နှင့်​မြန်​မာ့ဆက်​သွယ်​​ရေးလုပ်​သား(၂၀)ဦးသည်​လမ်း​ဘေးဝဲယာရှိခြုံဘုတ်​များခုတ်​ထွင်​ရှင်းလင်းစဉ်​ နှမ့်​ခွမ်​​ကျေးရွာအနီး လားရိုး-မူဆယ်​ပြည်​​ထောင်​စုလမ်းမကြီး​ဘေး ​မြေကမ်းပါရံ၌ လျှစ်​စစ်​စနှစ်​တံ(၂)​ချောင်း၊ လျှပ်​စစ်​၀ါယာကြိုး(၂)​ချောင်း​ရှေ့ထွက်​​​လူသတ်​မိုင်း(၁)
လုံး၊ဓာတ်​ခဲအိမ်​​ဆော့ကပ်​ပါ(၁)ခု၊ ဘထ္ထရီ6vအိုးအသစ်​(၁)လုံးကပ်​လျှက်​​တွေ့ရှိခဲ့​ကြောင်းသိရသည်​။
ထို​နောက်​​တွေ့ရှိခဲ့​သောမိုင်းအားမူဆယ်​နှင့်​( ၁၀၅)မိုင်​တွင်​နယ်​​မြေလုံခြုံ​ရေးတာဝန်​ထမ်း​ဆောင်​​နေ​သော ​ရှေ့တန်း​ရောက်​တပ်​မ​တော်​သားများအားအ​ကြောင်းကြားခဲ့ရာ ထိုမှတဆင့်​အခင်းဖြစ်​ပွားရာ​နေရာသို့ တပ်​မ​တော်​သားများနှင့်​အတူမူဆယ်​သတင်းရဲတပ်​ဖွဲ့ဝင်​များ၊မူဆယ်​ရဲစခန်းမှ ဒုရဲအုပ်​လွမ်းမိုးဦးစီး​သောမြန်​မာနိုင်​ငံရဲတပ်​ဖွဲ့ဝင်​များ၊ အဖွဲ့​ခေါင်း​ဆောင်​ဦးသန်းစိုးဦး​ဆောင်​​သောနှမ့်​ခမ်မြို့မပြည်
သူ့စစ်​တပ်​ဖွဲဝင်​များ၊ရပ်​မိရပ်​ဖများ​ရောက်​ရှိလာပြီး ၄င်းမိုင်းအား စစ်​​မြေပြင်​အင်​ဂျင်​နီယာတပ်​ရင်းအမှတ်​(၉၁၀)မှ ဒုတိယတပ်​ကြပ်​ ​အောင်​သိန်းထွန်းမှ ၁၃၄၅အချိန်​တွင်​သက်​မဲ့ပြုလုပ်​ခဲပြီး ၁၄၀၀အချိန်​မှာ​အောင်​မြင်​စွာဖယ်​ရှားရှင်းလင်း​ပေးခဲ့​​ကြောင်းသိရသည်​။
သတင်းနှင့်​ဓာတ်​ပုံ သန့်​ဇင်​-မူဆယ်​(မြန်​မာ့အလင်း)
မြစ်ကြီးနားမြို့အတွင်း မီးပွိုင့်နှစ်ခုတိုးချဲ့တပ်ဆင်မည်
မြစ်ကြီးနားမြို့အတွင်း မီးပွိုင့်နှစ်ခုတိုးချဲ့တပ်ဆင်မည်
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၆
မြစ်ကြီးနားမြို့အတွင်း လမ်းဆုံများတွင် ယခင်ကမီးပွိုင့်(၁၀)နေရာသာရှိရာ ယခု အသစ်နှစ်နေရာ ထပ်မံ တပ်ဆင်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့၊ အမှတ်(၉၈)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။
မြစ်ကြီးနားမြို့အတွင်းတွင် ယာဉ်အသွားအလာ တိုးတက်မြင့်မားလာသောကြောင့် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ အထက(၁)နှင့် အထက(၉)ကြားနေရာနှင့် တပ်ကုန်းရပ်ကွက်အတွင်း ရွှေလမ်းမကြီးပေါ်ရှိ ကားကြီးဝင်းအသစ်၏ အဝင်ပေါက်နေရာ၊ နှစ်နေရာတွင် မီးပွိုင့်အသစ်တိုးချဲ့တပ်ဆင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“မီးပွိုင့်နှစ်နေရာ ထပ်တိုးတယ်ဆိုတာက လိုအပ်ချက်အရပါ ယာဉ်အသွားအလာ အသုံးပြုသူ တိုးတက်​များပြား လာလို့ပေါ့ ယာဉ်အသုံးပြုမှုများတဲ့ လမ်းဆုံတွေ၊ ယာဉ်ကြောကျပ်ပြီး ရှုပ်ထွေးမယ့်နေရာတွေမှာ မီးပွိုင့်​ထပ်တိုးချဲ့ရခြင်း ဖြစ်ပါတယ်”ဟု မြစ်ကြီးနားမြို့၊ အမှတ်(၉၈)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးကျော်စိုးဦးက ပြောသည်။
အဆိုပါမီးပွိုင့်နှစ်ခုကို မည်သည့်အချိန်တွင် တပ်ဆင်သွားမည်ကိုမှု မသိရှိရသေးကြောင်း ယင်းမီးပွိုင့်တပ်ဆင် မည့် လမ်းပိုင်းတွင်လမ်းပြုပြင်နေသည့်အချိန်ပြီးဆုံးသွားပြီးနောက် တပ်ဆင်ရန် စီစစ်နေကြောင်းသိရသည်။
မြစ်ကြီးနားမြို့အတွင်းတွင် အံတော်ရှင်ဘုန်းကြီးကျောင်းအနီးမီးပွိုင့်၊ ဈေးကြီးလမ်းပေါ်ရှိ ရွှေဖြုဟိုတယ် အနီးမီးပွိုင့်၊ မီးသတ်ဦးစီးဌာနရုံး၏ဘေးဖက်မီးပွိုင့်၊ မြို့မရဲစခန်း၏ဘေးဖက်မီးပွိုင့်၊ ရေကူးကန်ထောင့်အနီးမှမီးပွိုင့်၊ စွယ်​စုံမိတ္တုဆိုင်ဘေးရှိမီးပွိုင့်၊ ဆေးရုံကြီးဘေးအနီးမီးပွိုင့်၊အောင်နန်းရပ်ကွက်အတွင်းရှိ RCဘုရားကျောင်းအနီးရှိမီးပွိုင့်၊ စီတာပူရပ်ကွက်အဝင်ရှိ သီတာမီးပွိုင့်၊ ရွှေလမ်းဆုံပေါ်ရှိမီးပွိုင့် စုစုပေါင်း(၁၀)ခုသာရှိကြောင်း သိရသည်။
မီးပွိုင့်များတွင် မီးနီလျှင်ယာဉ်ရပ်နားရမည်ဖြစ်ပြီး၊ မီးဝါလျှင် ယာဉ်ရှင်းမရှင်း ကြည့်ရမည်ဖြစ်ကာ၊  မီးစိမ်းလျှင် ယာဉ်များ ဖြတ်ကူးနိုင်ကြောင်းသိရပြီး ယာဉ်မောင်းနှင်သူအများစုမှာ ထိုစည်းကမ်းကိုလိုက်နာမှု အားနည်းကြသော ကြောင့် ယာဉ်တိုက်မှုများဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဦးမင်းမင်းဦး(မြန်​မာ့အလင်း)
အင်းတော်ကြီးအင်းအတွင်း စက်လှေမှောက်ရာတွင် ပါသွားခဲ့သည့်အသက်ရှင်ကျန်ရစ်သူ ကျောင်းသားများ စာမေးပွဲ ဆက်ဖြေ
အင်းတော်ကြီးအင်းအတွင်း စက်လှေမှောက်ရာတွင် ပါသွားခဲ့သည့်အသက်ရှင်ကျန်ရစ်သူ ကျောင်းသားများ စာမေးပွဲ ဆက်ဖြေ
မိုးညှင်း၊ ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးအင်းအတွင်း၌ ယခုလ (၂၅) ရက်ညနေ (၆) နာရီခွဲအချိန်တွင် စက်လှေတိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါသူ(၁၈)ဦးအနက် အသက်ရှင်ကျန်ရစ်သည့် ကျောင်းသား/ ကျောင်း သူများ စာမေးပွဲဆက်ဖြေခဲ့ကြသည်ဟု အင်းတော်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။
''ခရိုင်ပညာရေးမှူးဦးဝင်းမောင်၊ မြို့နယ်ပညာရေးမှူး ဦးရာမှူးနဲ့ဆရာမ(၂)ယောက်ကြီးကြပ်ပြီး ကလေးတွေ စာမေးပွဲဖြေနေပါတယ်၊ လုံးတုံဆေးရုံက အခန်းတစ်ခုမှာပါ၊ အားလုံး (၇)ယောက်ရှိပါတယ်'' ဟု အင်းတော်ကြီးဒေသမှ ဦးသက်နိုင်က ပြောသည်။
အဆိုပါကျောင်းသား/ကျောင်းသူများသည် အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင်  အဋ္ဌမတန်း ပညာသင်ကြားနေကြသူများဖြစ်ပြီး ယခုရက်၌ကျင်းပသော အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားသို့ ဘုရားဖူး သွားခဲ့ကြရာ ဘုရားနှင့်မဝေးလှသော လွဲမွန်ကျေးရွာအုပ်စု နန့်မီးလောင်ကျေးရွာရှိ နှီးဘုရား အားဖူး၍ အပြန် အင်းတော်ကြီးကန်၏ကမ်းစပ်မှ (၃)ဖာလုံခန့်အကွာတွင် လှိုင်းထန်၍ လှေနစ်မြုပ်သွားခဲ့ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဌာနမှ သိရသည်။
ကနဦးရှာဖွေကယ်ဆယ်နိုင်ခဲ့သူများတွင် အထက်တန်းကျောင်း(ခွဲ)လုံးစန့်မှ အလယ်တန်းပြဆရာမတစ်ဦး၊ စက်လှေမောင်း တစ်ဦးနှင့် အထက်တန်းကျောင်း(ခွဲ)လုံးစန့်မှ အဋ္ဌမတန်းကျောင်းသားကျောင်းသူ(၇)ဦးတို့ ပါဝင်ခဲ့ ကြောင်းနှင့် ၎င်းတို့အား(၁၆)ကုတင်ဆန့် လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
''အခင်းဖြစ်နေရာကို ရွှေမဉ္ဇူဘုရားပွဲကြီးကြပ်ရေးတာဝန်ရှိသူများနှင့်အတူ နယ်မြေခံတပ်စခန်းမှ အရာရှိစစ်သည် များ၊ ဒေသခံပြည်သူလူထုစုပေါင်းအင်အား အယောက် (၄၀)ခန့်က စက်လှေ(၃)စီးဖြင့် သတင်းရလျှင်ရခြင်း အင်တိုက် အားတိုက် ရှာဖွေဆောင်ရွက်ခဲ့လို့ လှေပေါ်ပါသူ အချို့ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပါတယ်''ဟု မိုးညှင်းမြို့နယ် အုပ်ချုပ် ရေးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးဖြိုးကိုကိုက ပြောသည်။
စက်လှေတိမ်းမှောက်ရာတွင် ပျောက်ဆုံးနေသော (၉)ဦးအား ယနေ့ ဖေဖော်ဝါရီ(၂၆)ရက်၊ နေ့လည်(၁၁)နာရီ အချိန်ခန့်တွင် ပြန်လည်ရှာဖွေတွေ့ရှိပြီး လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး စက်လှေမောင်းနှင်သူ မောင်ဦးအား လုံးတုံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။
ဦးမင်းမင်းဦး(မြန်​မာ့အလင်း)