Latest News

Monday, January 15, 2018

ရခိုင်မှာ ကုန်တင်သင်္ဘောတစ်စီးက စက်လှေနှစ်စီးကို တိုက်မှုဖြစ်ပွား၊ ၅ ဦးသေ ၁ ဦး ဒါဏ်ရာရ

ရခိုင်မှာ ကုန်တင်သင်္ဘောတစ်စီးက စက်လှေနှစ်စီးကို တိုက်မှုဖြစ်ပွား၊ ၅ ဦးသေ ၁ ဦး ဒါဏ်ရာရ

ဓာတ်​ပုံ - သ​င်္ဘောတိုက်​မိ​၍  ဒဏ်​ရာရထားသူအား စစ်​​တွေ​ဆေးရုံတွင်​ ​တွေ့ရစဉ်​ (ဓာတ်​ပုံ RiA)

ပေါက်တော၊ ဇန်နဝါရီ ၁၅ ရက်။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြွီပြင်ကျေးရွာအောက်ဘက်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းနေသော စက်လှေ ၂ စီးကို ကုန်တင်သင်္ဘော တစ်စီးက တိုက်မှုဖြစ်ပွားပြီး ငါးဖမ်းသမား ၅ ဦးသေဆုံးကာ ၁ ဦးမှာ ဒါဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပင်လယ်ပြင်တွင် ပူးတွဲကာ ငါးဖမ်းနေသော စက်တတ်လှေ တစ်စီးနှင့် ကပ် လှေတစ်စီးတို့ ငါးဖမ်းနေစဉ် အမည်မသိ ကုန်တင်သင်္ဘောကြီး တစ်စီးက လာရောက်တိုက်မိ(နင်းမိ) လိုက်သောကြောင့် စက်လှေ ၁ စီးမှာ နစ်မြုပ်သွားခြင်းဖြစ်သည်။

အဆိုပါ စက်တပ်လှေပေါ်တွင် ငါးဖမ်းသမား ၁၄ ဦးနှင့် ကပ်လှေပေါ်တွင် ငါးဖမ်းသမား ၁၀ ဦး စုစုပေါင်း ၂၄ ဦးလိုက်ပါ လာရာ ၁၉ ဦးမှာ အသက်ရှင်ပြီး ကျန်သေဆုံးသူ ၅ ဦးထဲမှ ၂ ဦး၏ အလောင်းကို ရရှိ ထားပြီး ကျန် ၃ ဦးကိုမူ ရှာမရ သေး၍ သေဆုံးသွားပြီးဖြစ်ကြောင်း ထင်မှတ်နေကြသည်။

“ဘုတ်ပေါ်မှာ ၁၄ ယောက်။ လှေပေါ်မှာ ၁၀ယောက်။ ၂၄ ယောက်ပါသွားတာ။ အဲဒီအထဲမှာ ၃ ယောက်ပျောက်ကျန်ခဲ့ တယ်။ တစ်ယောက်ကို သေဆုံးလို့တွေ့ပြီ။ ဒီမှာ ဦးလေးတစ်ယောက်ပေါ့လေ ဆေးရုံ တင်ရတာ။ ကုန်သင်္ဘောက ပဲ့စင်ကို လာနင်းတာ။ ညည့်အချိန်ဆိုတော့ နှင်းတွေလည်း ကျနေတော့ မမြင်ရဘူး။ နောက်ထပ်မရသေးတဲ့ သူတွေက အသက်​ရှင်ရမယ်ဆိုတာ မသေရှာတော့ဘူး။”ဟု ဆေးရုံတင်ထားရသူ၏ တူဖြစ်သူ ကိုဝင်းမိုးကျော်က RiA သို့ပြောသည်။

ဆေးရုံတင်ထားရသူမှာ စက်လှေပိုင်ရှင် ဦးလှချေသန်း အသက် ၃၆ နှစ်ဖြစ်ပြီး ပေါင်တစ်ဖက်တွင် ဒါဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သေဆုံးသူများမှာ ဦးခင်မောင်ဦး၊ မောင်နေလင်းထွန်း၊ မောင်တင်ဦးချေနှင့် အခြားတစ်ဦးပါဝင် ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

ထိုသင်္ဘော၏ အမည်ကိုလည်း ညည့်အချိန်တွင် နှင်းကျနေသော အချိန်ဖြစ်၍ မသိလိုက်ရကြောင်း ဆိုသည်။

ယင်းအပြင် အလောင်းများကို ရွာသားများမှ ဆက်လက် ရှာဖွေနေကြကြောင်းနှင့် ၎င်းတို့မှာ ပေါက်တောမြို့နယ် ပြိုင်း တောင်ကျေးရွာမှ သဲခုံကျေးရွာသို့ လာရောက်ကာ ရာသီပေါ် ငါးလုပ်ငန်းများကို လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရ သည်။

အောင်​​အောင်​ထူး/RiA

No comments:

Post a Comment