ရေတာရှည် ဇန်နဝါရီ ၎
ယခုရက်ပိုင်းအတွင်းကွမ်းရွက်ဈေးနှုန်းအတက်ကြမ်းနေသည့်အတွက် ရောင်းချသူများနှင့်ဝယ်ယူ စားသုံးသူများအားလုံး အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ ကွမ်းရွက်တစ်ပိဿာလျင် ကျပ် ၆ဝဝဝ မှ ၁၂ဝဝဝ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ရာ အရင်းအနှီးနဲပါး သော ဈေးဆိုင်ငယ်များ ပိတ်ထားရသည်အထိဖြစ်ပေါ်လျက်ရှိပြီးဖောက်သည်များပြားသောဆိုင်ကြီးများ အနေဖြင့် ဝယ်ယူလိုသလောက် မရဖြစ်နေကြောင်း ကွမ်းအရောင်း ဆိုင်များကပြောကြားသည်။''ကွမ်းဈေး တက်တာက ဟင်္သတနယ်ဘက်မှာ ကွမ်းစိုက်ခင်းတွေအပျက်အစီးများတယ် ကွမ်းထွက်နှုန်းကျသွားတာ အချို့ ကုန်သည်တွေက ဟင်္သတဘက်အထိဆင်းပြီးသွားဝင်တော့ နယ်ဒေတွေ ကိုတင်ပို့နိုင်မှုကျသွာတာ ရယ် ကုန်စည်သယ်ဆောင်ခတွေမြင့် တက်လာတာကြောင့် အခုလိုဈေးတွေတအားတက်ကုန်တာ ဈေးတွေ တက်လာတော့ ဝယ်ယူတဲ့သူတွေကို ကွမ်းအယာတွေလျော့ပေးရတာပေါ့ ရောင်းသူရော စားသုံးသူတွေပါ အခက်အခဲတွေအများကြီးဖြစ် ကုန်တယ်''ဟု ရေတာရှည်မြို့ရှိ ကွမ်းအရောင်းဆိုင်ရှင် တစ်ဦးကပြောသည်။
ကိုလွင်(ဆွာ)မြန်မာ့အလင်း
No comments:
Post a Comment