Latest News

Monday, January 29, 2018

အူဘာမီယန်ကို ပေါင်သန်း ၆ဝ ဖြင့် ခေါ်ယူရန် အာဆင်နယ် သဘောတူညီချက်ရရှိ

အူဘာမီယန်ကို ပေါင်သန်း ၆ဝ ဖြင့် ခေါ်ယူရန် အာဆင်နယ် သဘောတူညီချက်ရရှိ

အာဆင်နယ်အနေဖြင့် တိုက်စစ်မှူး အူဘာမီယန်ကို ပေါင်သန်း ၆ဝ ဖြင့် ခေါ်ယူရန် ဒေါ့မွန်အသင်းနှင့် သဘောတူညီချက်ရရှိခဲ့ပြီဟု ဂျာမန်အားကစားစာစောင်Kicker  ၏ ဖော်ပြချက်ကို ကိုးကား၍   ဘီဘီစီသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အာဆင်နယ်သည် ဆန်းချက်ဇ်ကို မန်ယူအသင်းသို့ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် အူဘာမီယန်ကို ခေါ်ယူနိုင်ရန် အရှိန်မြှင့်လုပ်ဆောင် ခဲ့ပြီး အစောပိုင်း ကမ်းလှမ်းမှု နှစ်ကြိမ်မှာ ပယ်ချခံခဲ့ရသော်လည်း ယခုအခါ ဒေါ့မွန်အသင်း၏ တောင်းဆိုချက်အတိုင်း ပေါင်သန်း ၆ဝ ဖြင့် ကမ်းလှမ်းခဲ့ရာ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ အချို့သော သတင်းရင်းမြစ်များကမူ ပေါင် ၅၅ သန်း (ယူရို ၆၃ သန်း)ဖြင့် သဘောတူညီခဲ့သည်ဟူသော ဖော်ပြမှုများလည်း ရှိနေသည်။

ဂျာမန်ဘောလုံးအရေးကျွမ်းကျင်သူ မန်နျူယယ် ဘက်ဂ်က သူ၏ တွစ်တာစာမျက်နှာပေါ်တွင် ''အူဘာမီယန်၏ အာဆင်နယ် အသင်းကို ပြောင်းရွှေ့မှုဖြစ်လာပါပြီ။ ယူရို ၆၃ သန်းနဲ့ ရောင်းချ ဖြစ်ပါလိမ့်မယ်။ ဂျရူးအနေနဲ့ ကလပ်အသင်းရဲ့ ထိပ်တန်း အလိုရှိတဲ့ စာရင်းမှာ မပါလို့ အဲဒီအစား အန်တိုနီယို မိုဒက်စတီကို အစားထိုး သွားဖို့က ပိုဖြစ်နိုင်ပါတယ်''ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်ဘက်ကလည်း  အာဆင်နယ်တိုက်စစ်မှူး   ဂျရူးကို ပြန်လည်ရောင်းချပေးရန်  တောင်းဆိုခဲ့သည်ဟု အစောပိုင်းတွင် သတင်းများထွက်နေခဲ့သော်လည်း ယခုမူ  ဂျရူးမဟုတ်ဘဲ မိုဒက် စတီသာ ဖြစ်သည်ဟူသော သတင်းများထွက်လာခဲ့ခြင်းဖြစ်သည်။ ဂျရူးကို ချယ်လ်ဆီးအသင်းမှလည်း ဆက်သွယ်နေပြီး အာဆင်နယ်မှ ဇန်နဝါရီဈေးကွက်အတွင်း နောက်ထပ်ထွက်ခွာမည့်ကစားသမားမှာ ဂျရူးဖြစ်လာနိုင်ဖွယ်ရှိသည်။

ဒေါ့မွန်အကြီးအကဲ ဇော့ဂ်က ''နှစ်ဖက်ဆွေးနွေးမှုတွေ အားလုံး ပြည့်ပြီဆို အပြောင်းအရွှေ့ဟာ သတ်မှတ်ချက် ဘောင်အတွင်းမှာပဲ ပြီးပြတ်သွားဖို့ ရှိနေပါပြီ။ ကျွန်တော်တို့ဟာ ရှင်းလင်းတဲ့အနေအထား ရှိနေပါပြီ''ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment