Latest News

Wednesday, January 31, 2018

ပီအက်စ်ဂျီနှင့် နှုန်းထားတူ ပြောင်းရွှေ့ကြေးဖြင့် မက်ပီကို ခေါ်ယူရန် ရီးယဲလ် ကမ်းလှမ်းခဲ့

ပီအက်စ်ဂျီနှင့် နှုန်းထားတူ ပြောင်းရွှေ့ကြေးဖြင့် မက်ပီကို ခေါ်ယူရန် ရီးယဲလ် ကမ်းလှမ်းခဲ့

ရီးယဲလ်မက်ဒရစ်အသင်းသည် မက်ပီကို  ခေါ်ယူနိုင်ရန်အတွက် ပီအက်စ်ဂျီနှင့် နှုန်းထားတူ ကမ်းလှမ်းခဲ့သော်လည်း ကာယကံရှင်ကစားသမားက ရီးယဲလ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်း မိုနာကိုအသင်း ဒုတိယဥက္ကဋ္ဌ ဗက်ဆာယက်၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။ မက်ပီသည် ပဲရစ်မြို့ဇာတိဖြစ်ပြီး မွေးရပ်မြေအခြေစိုက်ကလပ်အသင်းက ကမ်းလှမ်း ချိန်တွင် ရီးယဲလ်လို ထိပ်တန်းအသင်းကြီး၏ ကမ်းလှမ်းမှုကို လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီက တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂ဝဝ ဖြင့် ခေါ်ယူခဲ့ပြီးဖြစ်ရာ မက်ပီကို အငှားဖြင့်သာ ကနဦးခေါ်ယူခဲ့ပြီး လာမည့်နွေမှသာ ပေါင် ၁၆၂ သန်းဖြင့် အပြီးသတ်ခေါ်ယူမည်ဖြစ်သည်။

မက်ပီသည် ပြီးခဲ့သည့်ဘောလုံးရာသီက မိုနာကိုအတွက် ပြိုင်ပွဲစုံတွင် သွင်းဂိုး ၂၆ ဂိုး အထိ သွင်းယူခဲ့ပြီးနောက် ၎င်းအား   ပရီမီယာလိဂ်ထိပ်တန်းအသင်းများဖြစ်သည့်  မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးနှင့် မန်ယူအသင်းတို့က အလိုရှိခဲ့သလို ရီးယဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ တို့ကလည်း ခေါ်ယူရန် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် မက်ပီ၏ မိသားစုက  ရီးယဲလ်ကဲ့သို့ ထိပ်တန်းအသင်းကြီးကို  အချိန်မတိုင်မီ ပြောင်းရွှေ့ခြင်းက ငယ်ရွယ်လွန်းသည့် ကစားသမားအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာမည်ကို စိုးရိမ်ခဲ့ခြင်းက ရီးယဲလ်သို့  ရောက်မလာခဲ့ခြင်း၏ အဓိကအကြောင်းတရားတစ်ရပ် ဖြစ်သည်။

ဗက်ဆာယက်က ''မှန်ပါတယ်၊ ရီးယဲလ်ကလည်း သူ့အတွက် ပီအက်စ်ဂျီနဲ့ လစာနှုန်း ထားတူ ကမ်းလှမ်းခဲ့ပါတယ်၊ ကျွန်တော်က ဘာကိုမှ ကွယ်ဝှက်ထားချင်စိတ်မရှိသလို အမြဲ ရှင်းရှင်းလင်းလင်းပဲ ဖြစ်စေချင်ပါတယ်၊ တိုက်ရိုက်ယှဉ်ပြိုင်မှုမျိုးတွေ ကျွန်တော် မနှစ်သက် ပါဘူး''ဟု ဆိုခဲ့ပြီး မက်ပီနှင့် မိသားစုများ၏ ဆုံးဖြတ်ချက်မှာ လေးစားစရာကောင်းကြောင်း ချီးကျူးခဲ့သည်။                                                            
မေလဲ့သင်း(​ကြေးမှုံ)

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထု သယ်ဆောင်ခြင်း အခမ်းအနားကျင်းပ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထု သယ်ဆောင်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂၉)ရပ်ကွက် မောင်းမကန်လမ်းနှင့် ပင်လုံလမ်းထောင့်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ထားရှိသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုအား ဇန်နဝါရီ ၃၁ ရက် နံနက် ၆ နာရီ ၅၅ မိနစ် အချိန်တွင် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းပိုင် ယာဉ် ဖြင့် သယ်ဆောင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်(၁)ဦးတင်ထွန်းနိုင်၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်(၂) ဦးနိုင်ဇော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုး၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဦးသန်းဝင်း၊ မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးမျိုးသီဟနှင့် ပါတီဝင်များ၊ ဦးနေမျိုးဇင်(မြန်မာ့လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးအသင်း အတွင်းရေးမှူး၊ အထက(၂)လသာမှ ဘင်ခရာအဖွဲ့၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များ၊ ဆရာ၊ ဆရာမများ၊ ကင်းထောက်မောင်မယ်လေးများ၊ မြို့နယ်မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ပြည်သူများ စုစုပေါင်း(၃၀၀၀)ခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြေးရုပ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနရုံးရှေ့တွင် နိုင်ငံတော်အလံအား အလေးပြုကြပြီး စတင်ထွက်ခွာရာ ပင်လုံလမ်းမကြီးအတိုင်း အမှတ်(၃၃) ရပ်ကွက် သီတဂူဗုဒ္ဓတက္ကသိုလ် သို့ သယ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက်တွင် မြို့နယ်အတွင်းရှိ ပြည်သူများမှ အလံငယ်များဝှေ့ရမ်း၍ ကြိုဆိုခဲ့ကြပြီး ဗိုလ်ချုပ်ကြေးရုပ် ခေတ္တထားရှိမည့် သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဗိုလ်ချုပ်ကြေးရုပ်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃)ရပ်ကွက်နှင့် အမှတ်(၃၄)ရပ်ကွက် ကြားရှိ ငမိုးရိပ်ချောင်းကူး ဘေလီ တံတားထိပ်၊ ပါရမီလမ်းလယ်ကျွန်းတွင် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ထားရှိ၍ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထုကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၀)ရပ်ကွက်၊ ဂျိုးဖြူလမ်းရှိ ကြေးသွန်း ပညာရှင် ဦးအောင်ကျော်ထွန်း(လင်္ကာဒီပကြေးသွန်းဆိုင်)မှ ထုလုပ်ပြီးအမြင့် ၉ ပေရှိပြီး ကြေးပိဿာချိန် ၃၀၀ ဖြင့် တည်ဆောက်ထားကာ ရုပ်ထုအလေးချိန် တန်ဝက်ရှိကြောင်း၊ တန်ဖိုးငွေကျပ် သိန်း ၁၃၀ ကုန်ကျခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)

တနိုင်းဒေသမှ ရွှေ့ပြောင်းအလုပ်သမား ၇၉ ဦးအား မီးရထားဖြင့် နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်

တနိုင်းဒေသမှ ရွှေ့ပြောင်းအလုပ်သမား ၇၉ ဦးအား မီးရထားဖြင့် နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်

မိုးကောင်း ဖေဖော်ဝါရီ ၁

 ကချင်ပြည်နယ် တနိုင်းဒေသ ရွှေမှော်၊ပယင်းမှော်များမှ နယ်မြေအခြေအနေအရ နေရပ်ဒေသသို့ ပြန်ကြမည့် ရွှေ့ပြောင်းအလုပ်သမား(၇၉)ဦး ဇန်နဝါရီ၃၁ရက် ည၉နာရီခွဲက မိုးကောင်းမြို့သို့ ရောက်ရှိလာရာ တာဝန်ရှိသူများ စေတနာရှင်အလှူရှင်များက မိုးကောင်းသာသနာ့ဗိမ္မာန်တွင် ယာယီနေထိုင်နိုင်ရေး စားသောက်ရေးများ စီစဉ်ပေးထားကြောင်း သိရသည်။

 တနိုင်းဒေသ ရွှေမှော်၊ပယင်းမှော်များဖြစ်ကြသည့် နမ့်ကွမ်းမှော်၊ဇီးဖြူကုန်းမှော်များမှ ရွှေ့ပြောင်းအလုပ်သမား အမျိုးသား/သမီးနှင့် ကလေးသူငယ် စုစုပေါင်း(၇၉)ဦးသည် UD-၁၀ဘီးယာဉ်ဖြင့် မိုးကောင်းမြို့သို့ရောက်ရှိလာရာ မိုးကောင်းသာသနာ့ဗိမ္မာန်တော်ကြီးတွင် ညအိပ်တည်းခိုခွင့်ပြုထားပြီး စားသောက်ရေးနှင့် လုံခြုံရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များမှ စီစဉ်ပေးထားကာ ဖေဖော်ဝါရီ၁ရက် နံနက်၉နာရီခွဲက မြစ်ကြီးနား-မန္တလေး အမှတ်(၄၂)အစုန် ဒုတိယအမြန်ရထားဖြင့် နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

အလောင်းတော်ကဿပဘုရားသို့ ညအိပ်လာရောက်သည့် ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိ

အလောင်းတော်ကဿပဘုရားသို့ ညအိပ်လာရောက်သည့် ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိ

ကနီ  ဇန်နဝါရီ    ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အလောင်း တော်ကဿပ        အမျိုးသားဥယျာဉ်အတွင်းတည်ရှိသော  အလောင်းတော်ကဿပစံကျောင်းတော်နှင့် ရုပ်ကလာပ်တော် တည်ရှိရာ ဥမင်လိုဏ်ဂူတော်သို့ တပို့တွဲလဆန်း ၁၄ နေ့တွင် ညအိပ်လာရောက်ဖူးမြော်သည့်  ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိသည်။

တပို့တွဲလပြည့်နေ့သည် အလောင်းတော်ကဿပဘုရား ပရိနိဗ္ဗာန်စံတော်မှုသည့်  နေ့ဖြစ်သည့်အတွက်   ညအိပ်လာ ရောက်သည့်  ဘုရားဖူးများ  စည်ကားလျက်ရှိသည်။ ယင်းသို့ ဘုရားဖူးမြော်သူများ စည်ကားလျက်ရှိသည့် တပို့တွဲလဆန်း ၁၄ ရက်နေ့  ည ၈ နာရီ ၄ မိနစ်မှ စတင်၍ ၁ဝ မိနစ်ကျော်ခန့်  ဥမင်လိုဏ်ဂူတော်မှာ အနည်းငယ်ပွင့်ဟသွားခဲ့သည်ကို ဥမင် လိုဏ်ဂူတော်အတွင်း ဘုရားဖူးရောက်ရှိနေသော  လက်တွေ့ ဖူးမြော်ခွင့်ရရှိသူများထံမှ သိရသည်။

ယင်းသို့ ဥမင်လိုဏ်ဂူတော်ပွင့်နေစဉ်တွင် ဥမင်လိုဏ်ဂူ တော်အတွင်းရောက်ရှိနေသော ဘုရားဖူးများက မိမိတို့တွင်ပါ သော  ရွှေ၊ ငွေ  ပစ္စည်းများကို   ဥမင်လိုဏ်ဂူတော်အတွင်း ထည့်သွင်းလှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။

''ကျွန်တော်တို့ ဒီတပို့တွဲလဆန်း ၁၄ ရက်နေ့နဲ့ တပေါင်း လပြည့်နေ့ဆိုရင် အနယ်နယ်အရပ်ရပ်မှ ညအိပ်ဘုရားဖူး လာရောက်တဲ့  ဘုရားဖူးဧည့်သည်တွေ  အလွန်များပြားပါတယ်၊ ဒီညမှာဆိုရင်  ညအိပ်လာရောက် ဖူးမြော်သူတွေများပြားလို့ လူ  ၂ဝဝ ခန့်  တည်းနိုင်တဲ့   တည်းခိုဆောင်  ၂ဝ ကျော်မှာ ဘုရားဖူးတွေပြည့်ကျပ်လို့ အချို့ဆိုရင် မိုးကာတဲတွေထိုးပြီး အိပ်နေကြတာတွေကိုလည်း တွေ့ရပါတယ်''ဟု အလောင်းတော် ကဿပဘုရား လေးမြို့နယ်ဂေါပကဥက္ကဋ္ဌ ဦးခင်မောင်ချိုက ပြောပြသည်။

ယင်းသို့  ဘုရားဖူးဧည့်သည်များ ပေါများသည့်အတွက် အချို့မှာ အလောင်းတော်ကဿပဘုရား စံကျောင်းတော်အတွင်း ညအိပ်ရသူအိပ်နှင့်  ဥမင်လိုဏ်ဂူတော်အတွင်း ဥမင်လိုဏ် ဂူတော်နောက်တစ်ထပ်ပွင့်လျှင် ဖူးမြော်နိုင်ရန် စောင့်ဆိုင်း၍ ညလုံးပေါက်မအိပ်ဘဲ  ဖူးမြော်သူများဖြင့်  စည်ကားလျက်ရှိ ကြောင်း သိရသည်။                            သန်းဌေးအောင်(ကနီ)မြန်​မာ့အလင်း

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ခြံအမှတ် ၅၄ / ၅၆ ခြံဝန်းအတွင်းသို့ မီးလောင်စေသည့် ပုလင်းပစ်ပေါက်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်းသတင်းပေးရန် အသိပေးဖော်ပြခြင်း

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ခြံအမှတ် ၅၄ / ၅၆ ခြံဝန်းအတွင်းသို့ မီးလောင်စေသည့် ပုလင်းပစ်ပေါက်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်းသတင်းပေးရန် အသိပေးဖော်ပြခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီလ  ၁

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆ ရှိ ခြံဝန်းအတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ မီးလောင်စေသည့် ဖန်ပုလင်း ၁ လုံးအား ပစ်သွင်းခဲ့သဖြင့် ခြံဝန်းအတွင်း ခြံစောင့်တဲအနီးရှိရေပိုက်တစ်ချောင်းမှာ မီးစွဲလောင်ကျွမ်းသဖြင့် ပြစ်မှုကျူးလွန်သူအား အရေးယူရန် ဗဟန်းမြို့မရဲစခန်း (ပ) ၆၄/ ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍန်မှာ အသက် ၄၀ နှစ်ခန့်၊ ဆံပင်နက်တို၊
အရပ် ၅ပေ ၅ လက်မခန့်၊ အသားညို၊ ခန္ဓာကိုယ်ဝ၊ မြန်မာလိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၊ ဝတ်ဆင်ထားသည့်အဝတ်မှာ တီရှုပ်ပန်းရောင်၊ပလေကပ်လုံချည်အပြာကွက်ကျဲ ဖြစ်ပါသည်။ ( ဓာတ်ပုံမှတ်တမ်းပူးတွဲပါ) ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်းသတင်းပေးပါရန်နှင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူ၏ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ပူးတွဲဖော်ပြအသိပေးအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး              ၁၉၉ ၊ ‎၀၁-၂၃၂၃၁၉၉
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး                       ‎၀၁-၈၆၁၀၆၈၂၊ ‎
                                                               ၀၉-၅၂၄၁၄၄၉
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎                 ၀၁-၃၈၆၆၉၄ ၊ ‎
                                                              ၀၉- ၅၂၄၀၁၂၂
တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး  ‎                   ၀၅၆၂၁၀၄၂  ၊
                                                              ၀၉- ၄၂၂၅၂၃၇၂၂
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး  ‎                   ၀၁-၆၄၅၈၂၃ ၊
                                                               ‎၀၉- ၂၅၃၇၃၁၆၆၇
ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ‎                       ၀၁- ၅၄၅၅၉၅ ၊ ‎
                                                               ၀၉ - ၄၀၂၇၅၂၇၃၅
ဗဟန်းမြို့မရဲစခန်း          ‎                            ၀၁- ၅၅၄၆၃၀ ၊
                                                               ၀၉ - ၄၃၁၈၂၈၁၆

Yangon Police

ပိဋိကတ်သုံးပုံ အာဂုံ ဆောင် နိုင်တဲ့ ဆရာတော် အရှင်သေဋ္ဌဥာဏအလက်ာရ ကိုတိပိဋကဓရ ဘွဲ့တံဆိပ်တော် အောင်လက်မှတ် အရိုးနီကနက္ကဒဏ်ထူးဖြူ တံဆိပ်တော်ပါ သာသနအောင်လံကို ဆက်ကပ် ဂုဏ်ပြုကြမယ်


အောင်ပြန်ပြီ အောင်ပြန်ပြီ

မြန်မာ့သမိုင်းမှာ ပထမဆုံး ပိဋိကတ် ၃ ပုံ
အာဂုံဆောင်နိုင်တာ မင်းကွန်းဆရာတော်ကြီးပါ
ယခုနောက်ထက် ပိဋိကတ်သုံးပုံ အာဂုံ ဆောင်
နိုင်တဲ့ ဆရာတော် တစ်ပါး ပေါ်ထွက်လာပါပြီ
ဘွဲ့နာမည်က အရှင်သေဋ္ဌဥာဏအလက်ာရ
၁၃၄၀ တပေါင်းလပြည့်ကျော် ၄ရက်
မွေးဖွားသန့်စင် ခဲ့ပါတယ်
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေဗုကြီးရွာနေ
ခမည်းတော်ဦးတင်စော် မယ်တော်ဒေါ်အုံးခ
၇မိုင် စော်ဘွားလေးဆရာတော် ဘဒ္ဒန္တက္ကန္တစာရ
ဦးပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့သည် ။
သက်တော် ၃၇ ဝါတော် ၁၇ဝါ နှစ်ရှိပါပြီ။
အကြိမ် ၇၀ မြောက် တိပိဋကဓရ တိပိဋကကောဝိဓ
ရွေးချယ်ပွဲမှာ မြန်မာပြည်ရဲ့ ၂၂ ဦးမြောက်
ပိတိဋကတ် သုံးပုံ အာဂုံဆောင်နိုင်ခဲ့ပါတယ်
ဒါကြောင့် တိပိဋကဓရ ဘွဲ့တံဆိပ်တော်
အောင်လက်မှတ် အရိုးနီကနက္ကဒဏ်ထူးဖြူ
တံဆိပ်တော်ပါ သာသနအောင်လံကို ဆက်ကပ်
ဂုဏ်ပြုကြမယ် လို့ သိရပါတယ် ခင်ဗျာ။

ရွှေမြန်မာတို့ သာဓု သာဓု သာဓု ခေါ်ကြပါစို့
ရွှေ မြန်မာတို့ရေ ။
Sein Lone‎







ြိကိုးဆွဲချသေကြောင်းကြံသူကို အသက်ပြန်ရှင်လာအောင် ပြုစုဆောင်ရွက်ပေးခဲ့သူ


24-12-2017 ရက်နေ့နံနက်(09:00)နာရီခန့်အချိန်
သာပေါင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီတပ်စုမှူး ဇော်ဝင်းနိုင်သည် ၄င်းနေထိုင်ရာကျေးရွာနေအိမ်မှ တစ်ဘက်ကျေးရွာဘက်သို့နံနက်ပိုင်းလမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်စဉ် တစ်ဘက်
ကျေးရွာအရောက်လူအများစုဝေးနေသည်ကိုမြင်တွေ့သဖြင်သွားရောက်ကြည့်ရှုရာ ၄င်းကျေးရွာတွင်နေထိုင်သူ ၁၀-တန်းကျောင်းသား မောင်----သည်ကြိုးဆွဲချသေဆုံးနေကြောင်းနှင့်
လူနာအားပက်လက်အနေအထားဖြင့်တွေရ၍ မေးမြန်းကြည့်ရာမကြာသေးမီကသေဆုံးကြောင်းသိရ၍ လူနာအားစစ်ဆေးကြည့်ရာ လူနာမှာ သွေးခုန်ခြင်း နှလုံးခုန်ခြင်း အသက်ရှူခြင်း
များအား စမ်းသပ်မရတော့သဖြင့် ၄င်းဇော်ဝင်းနိုင်မှ "မိမိအနေဖြင့်ကြိုးစားပြုစုပေးချင်ပါကြောင်း သို့သော်လည်း အသက်ရှင်ရန်အာမ မခံပါကြောင်း ကာယကံရှင်များမှ လက်ခံမည်ဆိုပါက
မိမိတတ်နိုင်သရွေ့ပြုစုမည်ဖြစ်ကြောင်း ပြောဆိုခွင့်ပန်ရာကာယကံရှင်မိသားစုများနှင့်ကျေးရွာလူထုမှလက်ခံခဲ့သည့်အတွက် မောင်ဇော်ဝင်းနိုင်မှရှေးဦးပြုစုခြင်း အသက်ရှူအားကူ
နှလုံးနှိုးဆွခြင်း(CPR)နည်းဖြင့် (၆)ကြိမ်ခန့်တစ်ဦးတည်းပြုစုဆောင်ရွက်ပေးခဲ့ရာ လူနာမှာ နှလုံးပြန်လည်ခုန်လာပြီးအသက်ပြန်လည်ရှူလာခဲ့သည့်အတွက် လူနာအားသာပေါင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ်ဖြင့်၎င်းကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးထံသို့လည်းဖုန်းဖြင့်သတင်းပေးပို့ခဲ့ကြောင်း ယခုအခါ လူနာမှာပြန်လည်ကောင်းမွန်သက်သာ
လာပြီဖြစ်ပြီး၎င်း၏နေအိမ်တွင် မိသားစုနှင့်အတူကျန်းမာစွာနေထိုင်လျှက်ရှိနေပါသည်------
https://www.facebook.com/kyaw.thann.581/posts/190905524977598





မော်တင်စွန်းစေတီတော် ထီး​တော်​တင်​လှူပွဲနှင့်​ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်​ပွဲအခမ်းအနား

မော်တင်စွန်းစေတီတော် ထီး​တော်​တင်​လှူပွဲနှင့်​ ဗုဒ္ဓပူဇနိယပွဲတော်
ဖွင့်​ပွဲအခမ်းအနား














မြတ်မော်တင်စွန်း ဆံတော်ရှင်စေတီတော်မြတ်ကြီး ဖွင့်​ပွဲအခမ်းအနားသို့ ကျိုက်ထီးဆောင်းအဘိုးဆရာတော်ဘုရားကြီး၏ဆန္ဒတော်နှင့်အညီ ထီးတော် အဆူ (၅၀၀) ပြည့်တင်လှူပူဇော်မည့်ဆံတော်ရှင် မော်တင်စွန်းစေတီတော်တွင်ကျင်းပပြုလုပ်သော ထီးတော်ဘုံမကြီး(၂)ဆင့်တင်လှူပူဇော်ခြင်း နှင့် ဖောင်တော်ဆိပ်စေတီတော်၊အရံစေတီတော်(၂၂)ထီးတော်တင်လှူပူဇော်ခြင်းအားကျိုက်ထီးဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နာဂဒီပ နှင့်မော်တင်စွန်းဆရာတော်တို့အား အမှူးထား၍သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်
အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဥက္ကဌကြီး ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ
ဦးဆောင်သောအလှူဒါယကာ၊ဒါယိကာမများမှတက်ရောက်တင်လှူပူဇော်​ခဲ့သည်​။

မော်တင်စွန်း ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပနေတာဖြစ်ပြီး အခုနှစ်ဘုရားပွဲတော်ကိုလည်း တပို့တွဲလကွယ်​မှတ​ပေါင်းလပြည့်​​နေ့ထိ
ကျင်းပသွားမှာဖြစ်ကြောင်း ဘုရားပွဲတော်ကျင်းပရေး ကော်မတီကနေ သိရှိရပါသည်​။

မြတ်မော်တင် (မော်တင်စွန်း) စေတီတော်မြတ်ကြီးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာရှိတဲ့ တန်ခိုးကြီးသမိုင်းဝင်ဆံတော်ရှင် စေတီတစ်ဆူ လည်းဖြစ်ပါသည်။

သတင်း၊​ပိုတို -​ ဇေကမ္ဘာ ကုမဏီ(တိုင်းဧရာ)

၂၀၂၁ တွင် လက်ရှိ လျပ်စစ်ဓါတ်အား နှစ်ဆ တိုးမြှင့် နိုင်တော့မည်

၂၀၂၁ တွင် လက်ရှိ လျပ်စစ်ဓါတ်အား နှစ်ဆ တိုးမြှင့် နိုင်တော့မည်

၂၀၂၁ တွင် သဘာဝ ဓါတ်ငွေ့သုံး လျပ်စစ်ဓါတ်အားပေးစက်ရုံ လေးလုံးအား အမေရိကန် ဒေါ်လာ ၅.၁၆ ဘီဘီယံ အကုန်အကျ ခံ၍ တည်ဆောက်ပြီးစီးရန် ရှိပြီး လျပ်စစ် ဓါတ်အား ပမာဏ ၃,၁၀၀ မီဂါဝတ်ကို ထုတ်လုပ်ဖြန့်ဖြူး နိုင်တော့မည် ဖြစ်သည်ဟု လျပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ဆိုပါတယ်။

အဆိုပါ လျပ်စစ်ဓါတ်အားပေး စက်ရုံများကို ကုမ္ပဏီ ၆ ခု မှ တာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်ပြီး ယခုအခါ ပါတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီများမှ တည်ဆောက်ပြီးသွားတဲ့ အခါ အစိုးရအား လျပ်စစ်ဓါတ်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသွားဖို့ ရှိနေပါတယ်။ အဆိုပါ စက်ရုံများကို ပြည်ပမှ တင်သွင်းတဲ့ LNG ဓါတ်ငွေ့ကို အသုံးပြုပြီး လည်ပါတ်သွားမယ်လို့ သိရပါတယ်။

ဒီနေရာမှာ အစိုးရက ဘယ်လို သဘောတူညီချက်မျိုးနဲ့ ၀ယ်ယူသွားမယ်ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက် အတည်ဖြစ်မှ စက်ရုံများကို စတင် ဆောက်လုပ်မှာလည်း ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီများမှာ TOTAL, Siemens AG, Zhefu Holding, TTLC Public Company Ltd, Sinohydro Corp နှင့် မြန်မာရှိ Supreme Trading တို့ ဖြစ်ပါတယ်။

အဆိုပါ လျပ်စစ်ဓါတ်အားပေး စက်ရုံများကို ရခိုင်ပြည်နယ် အနောက်ပိုင်း၊ ရန်ကုန် အပါအ၀င် အခြား ဒေသများမှာ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ရဲ့ လျပ်စစ်ပမာဏ ရဲ့ ၇၄.၇% သည် ရေအားလျပ်စစ်မှ ရရှိပြီး ၂၀.၅% အား သဘာဝဓါတ်ငွေ့မှ ထုတ်လုပ်ပြီး ကျန် ရာခိုင်နှုန်းကိုတော့ ကျောက်မီးသွေး နဲ့ ရေနံတို့မှ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိတွင် မြန်မာ မှ လျပ်စစ်ဓါတ်ပမာဏ အားဖြင့် ၃,၀၀၀ မီဂါဝတ်သာ ထုတ်လုပ်နိုင်သေးပြီး တိုင်းပြည် လူဦးရေ၏ သုံးပုံတပုံကသာ သုံးစွဲနိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ထိုင်းနိုင်ငံရဲ့ ဆယ်ပုံတပုံသာ ရှိပါသေးတယ်။ ပြည်တွင်း ထုတ်လုပ်မှုရဲ့ ၁၈% သည်လည်း ဖြန့်ဖြူးရေး ပိုင်းတွင် ခေတ်မှီ ခြင်း မရှိ အိုမင်း ဟောင်းနွမ်းနေမှုကြောင့် ဆုံးရှုံးသွားခဲ့ရပါတယ်။
လှစိုး​ဝေ
ကိုးကား၊ ၊ Reuters

ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိရေး အမှုဖွင့် စုံစမ်း စစ်ဆေးလျက်ရှိ

ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိရေး အမှုဖွင့် စုံစမ်း စစ်ဆေးလျက်ရှိ
Photo Credit
နေပြည်တော် ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် ၇ မိုင်ခန့်အကွာ ယိုးငူကျေးရွာနှင့် အောင်ဖြူပင် ကျေးရွာကြား သရက်ချိုကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၉/၀ နှင့် ၁၆၉/၁ ကြား၌ ယာဉ်တစ်စီး လမ်းဘေးထိုးကျနေပြီး ယာဉ်ဘေး၌ လူတစ်ဦးလဲနေကြောင်း သတင်းအရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ CRV ယာဉ်တစ်စီး လမ်းယာဘက်ဘေး ရေကြောင်းအတွင်း၌ ကျောက်တော်ဘက်မှ ပုဏ္ဏားကျွန်းမြို့ဘက်သို့ ဦးတည်လျက် တိမ်းစောင်းနေကာ ယာဉ်အောက်၌ အမျိုးသားတစ်ဦး ပိမိသေဆုံးနေပြီး အနီးတွင် လက်ကိုင်ဖုန်းလေးလုံးနှင့် ငွေ၊ ပစ္စည်းအချို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူအား စစ်ဆေးရာ ရင်ညွန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲယာ နို့အုံ အောက် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ဝဲယာလက်ပြင် ထိုးသွင်းဒဏ်ရာ ၁၂ ချက်နှင့် ဝဲမျက်ခုံး ပြတ်ရှဒဏ်ရာ တစ်ချက်တွေ့ရှိရပြီး ယာဉ်ရှေ့ခန်း ခရီးဆောင်အိတ်အတွင်းမှ တွေ့ရှိရသည့် စာရွက် စာတမ်းများအရ သေဆုံးသူမှာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးဘိုဘိုမင်းသိုက် (လက်ရှိ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး) ဖြစ်သည်ဟု သိရှိရကြောင်း၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က အလောင်းအား ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်နေစဉ် ကျန်ရှိခဲ့သည့် မော်တော်ယာဉ်မှာ မီးလောင်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက် ငြှိမ်းသတ်ခဲ့ရပြီး ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးမှုခံယူရန် ဇန်နဝါရီ ၂၅ ရက်တွင် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ပြန်လည် ရောက်ရှိပြီး စစ်ဆေးခံခဲ့ကာ ဇန်နဝါရီ ၃၀ ရက်တွင် စစ်ဆေးခံမှု ပြီးစီး၍ မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့သို့ ပြန်ရန် CRV မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားကြောင်း၊ အဆိုပါ မော်တော်ယာဉ်မှာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (၄၈ နှစ်)ပိုင် လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ဦးဘိုဘိုမင်းသိုက်နှင့်အတူ ဦးကျော်မြင့်၏ သား နှင့် အခြားလူငယ်တစ်ဦး လိုက်ပါသွားကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဦးကျော်မြင့်၏ သား အပါအဝင် လူငယ် နှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း၍ မျက်မြင်သက်သေအချို့၏ ပြောပြချက်အရ မော်တော် ယာဉ်ပေါ်တွင် ဦးဘိုဘိုမင်းသိုက်ပါ လေးဦး ပါရှိပြီး ဦးဘိုဘိုမင်းသိုက်မှာ ကားမှောက်၍ ပိမိသေဆုံးခဲ့ကာ ကျန်သုံးဦးမှာ ကားလမ်းအနောက်ဘက်ရှိ တောင်ပေါ်သို့ တက်ပြေးသွားကြောင်း၊ ခဏအကြာတွင် မော်တော်ဆိုင်ကယ်ဖြင့် လူ နှစ်ဦး ရောက်ရှိလာပြီး မော်တော်ယာဉ်အား မီးရှို့သွားကြောင်း သိရှိရသည်။

ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိရေးအတွက် ပုဏ္ဏားကျွန်း မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၄၀/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။သတင်းစဉ်

လူတွေကခက်တယ်ဆိုရင်လဲပေါ့

လူတွေကခက်တယ်ဆိုရင်လဲပေါ့

ခဏခဏကြားရတတ်တဲ့စကားက လူတွေကခက်ပါတယ် ဆိုတဲ့ စကားပါပဲ။ စိတ်ကုန်လို့ပဲဖြစ်ဖြစ်၊ မခံချင်လို့ပဲဖြစ်ဖြစ် ပြောတတ်ကြတဲ့စကားပါ။ ဘယ်သူဘာပြောပြော၊ ဘယ်သူဘာလုပ်လုပ် ကိုယ်သတိရှိဖို့ လိုတာပါ။ အစကတည်းက ကိုယ်ကခံစစ်ဘက်ရောက်အောင်နေမိတာကိုး။ ခံရတာပေါ့။ ဥပမာ အတင်းပြောတာခံရရင် တုန်လှုပ်ပြရင် ကိုယ်တကယ်ဟုတ်နေသလို ပတ်ဝန်းကျင်ကထင်မှာပဲ။ မမှုပဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေတော့ ပြောတဲ့သူ လေကုန်ပြီးမောလာတာပေါ့။ ကိုယ်ကတော့ အလုပ်တွေပြီးနေမှာပဲ။ ဘာလုပ်လုပ်ပေါ့။ ပညာရေးလုပ်လုပ်၊ ဘာသာရေးလုပ်လုပ်၊ စီးပွားရေးလုပ်လုပ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကိုယ်လုပ်ရမဲ့အလုပ်ကို ဆက်လုပ်နေတော့အလုပ်ပြီးတာပေါ့။

ဘုန်းကြီးရဲ့ ဒကာကပြောတယ်။ ဘုန်းဘုန်းကို လူတစ်ချို့က အမြင်တစ်မျိုးနဲ့ပြောတယ်တဲ့။ တပည့်တော်က ဘုန်းဘုန်းအနားနေတော့ ဘုန်းဘုန်းကို တော်တော်နားလည်တယ်တဲ့။ တပည့်တော်ကတော့ ပြောသူကို ပြန်ပြောလိုက်တာပဲတဲ့။

ဒီတော့ဘုန်းကြီးက ပြန်ပြောပြလိုက်တယ်။ ဟုတ်တယ်ဒကာကြီး၊ ဘုန်းကြီးက စကားကိုမမှုတတ်ဘူး။ အဲဒီဘုန်းကြီးအကြောင်းပြောတဲ့သူက သူ့မိသားစုနဲ့တောင် အဆင်ပြေအောင် နေတတ်တဲ့သူမဟုတ်ဘူး။ သူကပြောတော့ရော ဘုန်းကြီးရဲ့ ဆွမ်းတစ်လုတ်လျော့သွားမှာ မလို့လား။ ဘယ်လျော့မလဲ သူလှူတာစားနေတာမှ မဟုတ်တာ။ အဲဒီလူက ဘုန်းကြီးရဲ့ တရားလည်း တစ်ခါမှ နာဖူးမဲ့သူမဟုတ်ဘူး။ ဒီတော့ ဒီလိုလူမျိုးက ဘုန်းကြီးရဲ့ နေ့စဉ်ဘ၀ထဲမှာမရှိဘူး။ သူလိုလူမျိုးကိုလည်း ဘုန်းကြီးကမမှုဘူး။ ဘာလို့လဲဆိုတော့ သူကဘုန်းကြီးရဲ့ သာသနာပြုအလုပ်ကို ကူညီနေသူမဟုတ်လို့ပဲ.. လို့ပြောပြလိုက်တယ်။

ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ပတ်ဝန်းကျင် အေးချမ်းအောင်လုပ်နိုင်တာ ဘုန်းကြီးရဲ့ အောင်မြင်မှုပဲလေ..လို့။ သူလိုလူမျိုးက ခေါင်းရင်းအိမ်၊ ခြေရင်းအိမ်နဲ့တောင် တည့်တဲ့သူမျိုး မဟုတ်ဘူး.. လို့။ ဘုန်းကြီးရဲ့ နယ်ပယ်က အကျယ်ကြီး၊ ဘုန်းကြီးအကျိုးပြုထောက်ပံ့နေရတာက နယ်ပယ်အကျယ်ကြီး။ သူက သူ့မယား၊ သူ့သားတောင် အဆင်ပြေအောင်ထောက်ပံ့နေသူ ဟုတ်ချင်မှဟုတ်မှာ။ ဒါကြောင့် ငယ်ငယ်လေးကတည်းက ဘုန်းကြီးက အဲဒီလို ဘေးထိုင်ဘုပြောလွယ်အိတ်လူစားတွေကို ခေါင်းထဲမထည့်ပဲ ကိုယ့်အလုပ်ပဲလုပ်ခဲ့လို့ ဘုန်းကြီးကိုမှီခိုနေသူတွေ စိတ်ချမ်းသာနေပြီလေ...လို့ ပြန်ပြောပြမိပါတယ်။

တကယ်တော့ ဘယ်သူဘာပြောပြော အလုပ်လုပ်သူတွေက လောကအကျိုးကိုဆောင်ရွက်နိုင်ပြီး၊ ပြောသူတွေက အလုပ်သိပ်မလုပ်ဘူးဆိုတဲ့ အမှန်တရားကို နှလုံးသွင်းထားရင် လောကထဲမှာ နေလို့ရသွားတာပါပဲ။ လူတွေမခက်ပါဘူး။ ကိုယ်ကလုံးဝမမှုရင် လူတွေကလည်းခက်ပါတယ်လို့ ညည်းစရာ မလိုတော့ဘူးပေါ့။

ညီတစ်ယောက်ကလည်း ပြောလာတယ် လူတွေကလည်းခက်ပါတယ်တဲ့။ လူတွေကို စိတ်ကုန်လာလို့တဲ့။ ကိုယ့်တရားတွေနာလို့တော့ မဟုတ်လောက်ဘူး။ သူခံစားရလို့ပါ။ အမျိုးဆီမှာဆိုပြီး အလုပ်မလုပ်ရဲဘူးတဲ့ သူစိမ်းထက်ပိုနှိမ်လို့တဲ့။ ဟုတ်တယ်။ အဲဒါလည်း အမှန်တရားပဲ။ အမျိုးဆို နိမ့်ရင် ကျွန်လိုခိုင်းတာတွေ အများကြီးတွေ့ဖူးပါတယ်။ ဒီတော့ စိတ်ပျက်စရာမလိုပါဘူး။ နှိမ်မယ်မှန်းသိရင် မလုပ်နဲ့ပေါ့။ ဝေးဝေးနေပြီး နားအေးတဲ့အလုပ်ရှာလုပ်ပေါ့။ အနှိမ်ခံရတာ သက်သာတာပေါ့။ အမျိုးဆို နှိမ်တတ်တယ်ဆိုတဲ့ အမှန်တရားကို နှလုံးသွင်းထားရင် အဆင်ပြေသွားပြီ။ ဘယ်တော့မှ အမျိုးဆီမှာ အခစားမလုပ်နဲ့ပေါ့။

အဲဒီအမှန်တရားကိုတော့ ဘုန်းကြီးလည်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ ရာခိုင်နှုန်းများများမှန်ပါတယ်။ ဒါပေမဲ့ အလုပ်ဝင်လုပ်တဲ့ အမျိုးက သစ္စာဖေါက်တာလည်းရှိတယ်နော။ သူစိမ်းအခစားက စိတ်ချရပေမဲ့ အမျိုးအခစားက စည်းစိမ်ပြောင်အောင်လုပ်တတ်တာလည်း အများကြီးပါ။ ဒီတော့ အမျိုးရယ် ဘာရယ် မဟုတ်ပါဘူး။ စိတ်နေစိတ်ထားကိုကြည့်ပြီးပေါင်းပေါ့။ စိတ်ယုတ်ပုံရရင် အမျိုးဖြစ်ဖြစ်၊ သူစိမ်းဖြစ်ဖြစ် ကိုယ့်အပေါ်ရက်စက်တတ်တာပါပဲ။ ကိုယ်ညံ့လို့ခံရတယ်မှတ်ပါ။ သတိနဲ့ ပညာသုံးနိုင်ရင်တော့ သက်သာမှာပေါ့။ အချုပ်အားဖြင့်တော့ ဘယ်သူ့ကိုမှ ယုံလို့ပုံမအပ်လိုက်နဲ့လို့ ပြောပါရစေ။ အရာရာသည် ဖောက်ပြန်တတ်သည်လို့ ဘုရားဟောထားတာ အလကားမှမဟုတ်တာ။

လူဆိုတော့ လူတွေနဲ့ ပေါင်းနေရမှာပဲ။ ပေါင်းတိုင်းလည်း ခံရမှာပဲ။ အမှန်တရားတစ်ခုကို ပြောရရင်တော့ ကံပါသလောက်ပဲလို့ သဘောထားပြီးပေါင်းပါ။ ကိုယ်သာဖို့ပဲသဘောထားပြီးပေါင်းရင်တော့ ကိုယ့်ကို မြန်မြန်စွန့်သွားကြမှာပဲ။ ကိုယ်ပေးချည်းပဲကျပြန်တော့လည်း ကြာကြာဒဏ်မခံနိုင်တဲ့အတွက် ကိုယ်ကထွက်ပြေးရပြန်ရော။ အပေးအယူလို့ သဘောမထားပဲ မေတ္တာထားသူမျိုးနဲ့တွေ့မှ အေးချမ်းတဲ့ ဆက်ဆံရေးကိုကြုံရမှာပါ။ ဘုန်းကြီးဒကာပြောသလိုပြောရရင်တော့......ဘုန်းဘုန်းကို တပည့်တော် စောင့်ရှောက်တာ တပည့်တော်က အရင်အကျိုးခံစားရတယ်တဲ့။ ပထမ ဘုန်းဘုန်းနားရောက်ရင် စိတ်ပျော်တယ်တဲ့။ ဒုတိယ ဘုန်းဘုန်းဟောတဲ့တရားနာပြီးရင် အေးချမ်းသွားပြီး ကိုယ့်ကိုယ်ကိုပြန်မြင်တယ်တဲ့။ ဒီတော့ တပည့်တော်ရဲ့ အလုပ်ထဲကအပူတွေ ဘုန်းဘုန်းဆီရောက်ရင် ငြိမ်းကုန်ရောတဲ့။

အမှန်က ဘုန်းကြီးက တောင်းမှမတောင်းတတ်တာကိုး။ စပ်လည်း မစပ်စုတတ်ဘူးလေ။ ကိုယ့်အပူလည်း သူများကိုပြောမပြတတ်ဘူးလေ။ ကိုယ့်ဖာသာ မျိုချပစ်တတ်တဲ့လူစားမျိုးဖြစ်နေတာကိုး။ ဘုန်းကြီးနားလာရင် အေးတော့မှာပေါ့။ ဘုန်းကြီးနားလာသူ အေးတာ ဘုန်းကြီးရဲ့ မေတ္တာအောင်တာပေါ့။ ဘုန်းကြီးနားလာတဲ့သူကြောင့် ပူလာရင် ဘုန်းကြီးပြေးတတ်တာကတော့ ဘုရားသင်ပေးထားတဲ့ ငြိမ်းအေးနည်းတစ်နည်းကြောင့်ပါပဲ။

ဒီတော့ လူတွေမခက်ပါဘူး။ နှလုံးမသွင်းတတ်၊ ပညာနဲ့ မဆင်ခြင်တတ်၊ မရှောင်တတ်တဲ့ ကိုယ်ကသာ ခက်နေတာပါ။ အရှုပ်လောကကြီးထဲမှာ ဉာဏ်သုံးပြီး အေးအောင်နေတတ်ပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း)

မြင်တိုင်းမလှ၊ ကြားတိုင်းမချို

မြင်တိုင်းမလှ၊ ကြားတိုင်းမချို

လူ့လောကဆိုတာ မာယာတစ်အားများတဲ့လောကပါပဲ။ မွေးကတည်းက ကြားရတဲ့စကား၊ မြင်ရတဲ့ မျက်နှာတွေ အမျိုးလည်းစုံလှပါပြီ။ လူနဲ့ထိတွေ့ရအများဆုံးဘ၀မှာ ကျင်လည်ရတော့လည်း လူတွေကပဲ သင်ပေးတာတွေအများကြီး လေ့လာခဲ့ရတယ်။ စကားတွေစုံလွန်းလို့ စကားမစခင် ပါးစပ်ဟကတည်းက ဘာဆိုလိုချင်တယ်ဆိုတာ သိနေနိုင်တဲ့ အဆင့်အထိဖြစ်နေရတော့တာပေါ့။

လူများများနဲ့ ဆက်ဆံရသူတိုင်း ဒီအရည်အချင်းမျိုးရှိနေကြမှာ မလွဲပါပဲ။ ကိုယ့်အနားရောက်လာသူက သူဘာဆိုတာသိစေချင်လို့ စကားတွေပြောလေ သူပြောတာနဲ့ သူနဲ့တစ်ခြားစီဆိုတာတွေကို ပိုပိုသိလာရလေပါပဲ။ ကိုယ်လည်း တစ်ခါတစ်ခါ ဒီလိုလူတွေနဲ့တွေ့တဲ့အခါ စကားတွေပြန်ပြန်ပြောနေရတော့ ကိုယ်ပါအဲလိုလူစားဖြစ်မသွားအောင် သတိထားနေရတော့တယ်။ တတ်နိုင်ရင် လူတွေကို မလိုတာတွေ မပြောရတာအကောင်းဆုံးပါပဲ။

သို့သော်လည်း တစ်ချို့က စကားနှိုက်တတ်တယ်။ စကားနှိုက်ပြီး ရှေ့နေပြောပြောတဲ့အခါ စိတ်တွေညစ်လာပြီး ဒေါသမထိန်းနိုင်ရင် ပြောချင်တာတစ်ခြား ကိုယ်ပြောမိတာတစ်ခြားတွေလည်း ဖြစ်သွားတတ်တယ်။ သူတို့က သူတို့ဖြစ်စေချင်တဲ့၊ သူတို့ပုံဖော်ချင်တဲ့ ပုံစံဖြစ်အောင် ကိုယ့်ကိုမဖြစ်ဖြစ်အောင် ချောက်ချမှာဆိုတော့ စကားလှည့်ကွက်နဲ့ လိုကွက်ရအောင် ဆွပေးတတ်ကြတယ်။ ပြန်တုံ့ပြန်တဲ့သူ မနပ်ရင် သေပြီပဲ။

ယုတ်စွအဆုံး ခေါင်းညိတ်၊ ခေါင်းခါလုပ်မိတာ မှားသွားရင်တောင် သူတို့လိုချင်တဲ့ အဓိပ္ပါယ်ကောက်သွားတတ်ကြတာကိုး။ ဒါကြောင့်သူတို့က ကိုယ့်ကို စကားမမှားမှားအောင် ပရိယာယ်များစွာနဲ့ ဝေေ၀ဆာဆာပြောပါလိမ့်မယ်။ ကျွမ်းကျင်သူတွေက စကားလမ်းကြောင်း ပြောင်းယူသွားတတ်ကြတယ်။ စကားတင်မက အမူအရာကိုပါ လိုချင်တဲ့အမူအရာဖြစ်သွားအောင် ဆွယ်ယူပြောတတ်ကြတယ်။ သတိထားနိုင်တာတောင် တော်ကာမကျတတ်ပါဘူး။

သူတို့ရဲ့ကျွမ်းကျင်ချက်က စိတ်ဆိုးအောင်ဆွပေးပြီး ကိုယ်ကကိုယ်ထိလက်ရောက်ဖြစ်သွားရင် သွေးထွက်သည်အထိ အနာခံနိုင်ကြတယ်။ ပြီးမှ ကိုယ့်ကို ရက်စက်သူအဖြစ် ပုံဖော်ပါလိမ့်မယ်။ သူက ခွင့်လွှတ်နားလည်တတ်သူကြီး၊ ကိုယ်က စိတ်မထိန်းနိုင်သူ ရမ်းကားသူအဖြစ် အများကိုအသိပေးပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကို စကားလာပြောသူတွေကို လူစိမ်းဆိုရင် ပိုသတိထားပါ။ ကိုယ့်ရဲ့ခံစားချက်၊ ကိုယ့်ရဲ့ရပ်တည်ချက်တွေ သိပ်ပြောပြမနေပါနဲ့။ လက်တွေ့အလုပ်နဲ့သာ ကိုယ်ဘာဆိုတာပြတတ်အောင် ကြိုးစားပါ။

သူစိမ်းဆို အပြုံး၊ အမြှောက်၊ အချိုစကားတွေ များများပြောရင် သတိထားပါ။ စကားနိဒါန်း ရှည်ရှည်ချီတတ်ရင်လည်း သတိထားပါ။ ငယ်ပေါင်းတောင် မယုံရတာ၊ အခုမှ ပေါ်လာသူဟာ ကိုယ့်အပေါ်သဘောမှန်ရှိနိုင်ပါ့မလား စဉ်းစားပေါ့။ သူတို့ရန်ကို ရှောင်နိုင်ဖို့ကတော့ လိုရင်းတိုရှင်းပဲပြောပါ။ ရရင်ရတယ်၊ မရရင် မရဘူး လိုရင်းပဲပြောပါ။ တတ်နိုင်ရင် စကားမပြောဖြစ်အောင် ရှောင်ပါ။

ဘုန်းကြီးကိုယ်တွေ့ ပြဿနာတွေအများကြီး ရင်ဆိုင်ခဲ့ရတယ်။ ဘုန်းကြီးက စကားတစ်လုံးမှ မပြောဘူး။ ဒီတော့ စကားက ဖြစ်လာသေးတယ်။ ဘုန်းကြီးကစကားမပြောလို့ တဲ့။ လူတွေကပြောတော့ "ဟုတ်တယ်၊ မပြောဘူး။ မပြောတော့ ကိုယ်ကဘာပြောတယ်၊ ညာပြောတယ် သူပြောလို့မရတော့ဘူးပေါ့၊ တစ်လုံးလောက်ပြန်ပြောမိရင် ကိုယ်ကဒီလိုပြောလိုက်တယ်၊ ဟိုလိုပြောလိုက်တယ်နဲ့ ကိုယ်မပြောတဲ့ စကားတွေ ကိုယ်ပြောဖြစ်အောင် သူကလုပ်ခွင့်ရသွားမှာပေါ့။ အခု ဘာမှမပြောတော့၊ ဘာမှမပြောဘူးက လွဲလို့ သူဘာပြောလို့ရတော့မလဲ။"လို့ ပြန်ပြောခဲ့တယ်။

အဲဒီပြဿနာကို စကားတစ်လုံးမှ မပြောခြင်းအားဖြင့် အနိုင်ရခဲ့ပါတယ်။ ပြုံးပြပြီး စကားချိုချိုပြောနေပေမဲ့ ကိုယ့်ကို အပိုင်ကိုင်ဖို့၊ ကိုယ့်ဆီက အမြတ်ထုတ်ဖို့ ဖြစ်နေတတ်တာတွေကလည်း လူတိုင်းမဟုတ်ပေမဲ့ လူအများဖြစ်နေခဲ့တယ်လေ။ ကိုယ့်အပေါ်ဘယ်သူမှန်တယ်ဆိုတာ တစ်သက်လုံးပေါင်းတဲ့ လင်ယောက်ျား၊ ဇနီးမယားတောင် တွက်လို့မရတာဆိုတော့ ဘယ်သူ့စကားကို ယုံချင်နေသေးလဲ။ သတိရှိဖို့လိုပါတယ်။ ပြုံးပြနေတိုင်း ရင်ဘတ်နဲ့ ပြုံးပြနေတာမဖြစ်နိုင်ပါဘူး။ စကားတွေချိုချိုပြောနေတိုင်း ကိုယ့်အကျိုးအတွက် ပြောနေတာမဖြစ်နိုင်ပါဘူး။

သတိလွတ်တဲ့နေ့၊ သူ့စကားကို ယုံတဲ့နေ့ ကိုယ်ရှုံးဖို့၊ ခံရဖို့ ၅၀ ရာခိုင်နှုန်းသေချာသွားပါပြီ။ ဘုန်းကြီးအနေနဲ့ လူတွေကို သံသယနဲ့ ဆက်ဆံလေ့မရှိပါဘူး။ အထင်လည်းမသေးပါဘူး။ သို့သော် လူကို ယုံချင်သော်လည်း၊ သူ့ရဲ့ကံကြမ္မာကို မယုံပါဘူး။ သူ့ရဲ့ ကံအနိမ့်၊ အမြင့်ကြောင့် သူဟာ အချိန်မရွေး အခုသိနေတဲ့ လူအသွင်ကနေ လူသစ်တစ်ယောက်လုံးလုံးဖြစ်သွားနိုင်တဲ့အတွက် ပြောတိုင်းမယုံ၊ ပြုံးတိုင်းမကြွေတတ်တာ ဘ၀ကသင်ပေးလိုက်တာပါ။

လူတိုင်းကို မေတ္တာထားပေမဲ့၊ လူတိုင်းကို မယုံပေးနိုင်တာကတော့ ဘုန်းကြီးရဲ့ သတိဖြစ်နေတာပါပဲ။ တရားအားထုတ်ပါများလာရင် အခြေအနေတွေကို ထာဝရအတွက် မစဉ်းစားတတ်တော့တာ သဘာဝပါ။ တရားများများအားထုတ်ဖြစ်ဖို့ ကြိုးစားကြပါ။ လောကကို နားလည်အောင်ကြိုးစားကြပါ။ အန္တရာယ်ကင်း၊ ဘေးရှင်းနေတတ်လာပါလိမ့်မယ်။

အားလုံးဘေးကင်းပျော်ရွင်ကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

နှစ် ၁၅ဝ တွင် တစ်ကြိမ်သာ မြင်တွေ့ရသည့် လကြတ်မှုဖြစ်စဉ်အား စောင့်ကြည့်သူများပြား

နှစ် ၁၅ဝ တွင် တစ်ကြိမ်သာ မြင်တွေ့ရသည့်
လကြတ်မှုဖြစ်စဉ်အား စောင့်ကြည့်သူများပြား

နေပြည်တော်  ဇန်နဝါရီ  ၃၁

နှစ်ပေါင်း ၁၅ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရသည့် အာကာသ ဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်သောSuper  Blood  Blue  Moon   ဖြစ်စဉ်ကို မြန်မာနိုင်ငံမှလည်း အပြည့်အဝမြင်တွေ့ခဲ့ရပြီး တစ်နိုင်ငံလုံးမှ လကြတ်မှုဖြစ်စဉ်ကို စောင့်ကြည့်မှုများ ရှိခဲ့သည်ကို မြင်တွေ့ရသည်။ အဆိုပါလကြတ်ခြင်းမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်အစအဆုံးအား အာရှတိုက်၊ မြောက်အမေရိကအနောက်ပိုင်း၊ ရုရှားစသည့် ဒေသများမှ မြင်တွေ့ခဲ့ကြရခြင်းဖြစ်ပြီး နာဆာမှလည်း လကြတ်မှု ဖြစ်စဉ် အစအဆုံးအား တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါတိုက်ရိုက်ပြသမှု အစီအစဉ်အား ကမ္ဘာအရပ်ရပ်မှ ကြည့်ရှုသူ ကိုးသန်းကျော်ရှိခဲ့ပြီး နိုင်ငံပေါင်းစုံမှ နက္ခတ္တဗေဒပညာရှင်များ၊ စိတ်ဝင်စားသူများနှင့် ဓာတ်ပုံပညာရှင်များ၊ ဝါသနာရှင် များက နည်းလမ်းမျိုးစုံ၊ နေရာမျိုးစုံတို့မှ မှတ်တမ်းတင်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်သည်   ပုံမှန်မဟုတ်သည့်  အခြေအနေသုံးခုပေါင်းစုံသည့် အာကာသဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး အလွန်ကြီးမားသည့် လအရွယ်အစားအား မြင်တွေ့ရခြင်း၊  Blue  Moon   ဖြစ်စဉ်ဖြစ်သည့် လတစ်လတည်းတွင် လပြည့်ခြင်း နှစ်ခါထပ်မှုဖြစ်ခြင်းနှင့်  လကြတ်ခြင်း  စသည့်ဖြစ်စဉ်သုံးခုကို  တစ်ပေါင်းတည်း မြင်တွေ့ကြရခြင်း ဖြစ်သည်။ လကြတ်ခြင်းမှာ  ကမ္ဘာ၏အရိပ်က  လအားဖုံးလွှမ်း သွားပြီး  အလင်းရောင် သည်   အဖြူရောင်မှတစ်ဆင့်   အဆင့်ဆင့်လကြတ်ခြင်း ဖြစ်စဉ်များ   ဖြစ်ပွားပြီး   နောက်ဆုံးတွင်   အနီရောင်သန်းသည့်လအား  မြင်တွေ့ခဲ့ကြရသည်။  ထိုကဲ့သို့ က္ဘာ၊ လနှင့် နေတို့ တစ်တန်းတည်းကျရောက်ချိန်မှာ ၁ နာရီ ၁၆ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး   စူပါမွန်းဖြစ်စဉ်ဖြစ်သည့် လသည် သူ့ပတ်လမ်းအတွင်း လည်ပတ် ရင်းမှတစ်ဆင့်  က္ဘာနှင့်အနီးဆုံးသို့ ရောက်ရှိနေခြင်းကြောင့် ကြီးမားလှသည့် လ၏   အရွယ်အစားကြောင့်   ယခုလကြတ်ခြင်းဖြစ်စဉ်ကို    ပိုမိုထင်ရှားစွာ မြင်တွေ့ခဲ့ကြရသည်။ ဖြစ်စဉ်အစအဆုံးမှာ အချိန်အားဖြင့် နှစ်နာရီနီးပါး ကြာမြင့် ခဲ့သည်။

''လ ဆိုတာ ပြည်သူတွေကို ကိုယ်စားပြုပြီး နေ ဆိုတာကတော့ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူတွေကို ကိုယ်စားပြုပါတယ်၊ လကြတ်တဲ့အခါကို တွက်ချက် ကြည့်မယ်ဆိုရင် မြန်မာ့လွတ်လပ်ရေးဇာတာ ကိုးတန့်ဘာဝမှာ လကြတ်ပါတယ်၊ ကိုးတန့်ဆိုတာ ဘာသာရေးအယူဝါဒကို ရည်òန်းပါတယ်၊ ဘာသာရေးနဲ့စပ်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ သတိကြီးကြီးထားပြီး ကိုင်တွယ်ကြရမယ်ဆိုတဲ့ အတိတ်နိမိတ် လို့လည်း  မြင်ပါတယ်၊  သဘာဝဘေးအ္တရာယ်ကိုလည်း  သတိထားကြရမယ်၊ ဒါပေမယ့် အဆိုးပြီးရင် အကောင်းလာတတ်တဲ့ နိမိတ်တစ်ခုလည်း ဖြစ်တာကြောင့် မကြာမီမှာ     အခက်အခဲတွေ၊   အကျပ်အတည်းတွေကနေ     ရုန်းထွက်နိုင်မယ် လို့   အောင်နိမိတ်ယူလည်း   ရပါတယ်''  ဟု   နက္ခတ္တဗေဒပညာရှင်   ကိုရဲဇော်က ပြောသည်။

လသည် ကမ္ဘာကို ပတ်နေသည့်လမ်းကြောင်းတွင် ၅ ဒီဂရီခန့် တိမ်းစောင်းပြီး က္ဘာကလည်း  နေကို  ၂၃  ဒသမ  ၅  ဒီဂရီခန့်  တိမ်းစောင်းနေခြင်းကြောင့်  နေကြတ်ခြင်း၊ လကြတ်ခြင်းများသည် တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိသာ ဖြစ်ပေါ်လေ့ရှိသည်။ ယခုအကြိမ် လကြတ်ခြင်းသည် က္ဘာ၏ တိုက်ရိုက်အရိပ်ရှိသည့် နေရာအား ဖြတ်သန်းခြင်းဖြစ်သဖြင့် ယခုကဲ့သို့ အနီရောင်သန်းသည့် လအား မြင်တွေ့ကြရခြင်းဖြစ်သည်။  ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၂၂ မိနစ်တွင် လ၏ အရိပ်သည် စတင်ဖျော့လာပြီး ညမှောင်ချိန် ၆ နာရီ မိနစ် ၂ဝ ဝန်းကျင်တွင် လသည် အရိပ်စစ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ည ၇ နာရီ ၂၃ မိနစ်တွင် လတစ်ခုလုံးသည် က္ဘာ့အရိပ်အတွင်းသို့ အလုံးစုံကျရောက်ခဲ့ပြီး ည ၈ နာရီ ဝန်းကျင်တွင် လကြတ်ခြင်းမှာ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိခဲ့သည်။ ည ၈ နာရီ ၃၉ မိနစ်တွင် လသည် အရိပ်ဖျော့ရှိရာသို့ ရောက်ရှိပြီး ၉ နာရီ ၄၂ မိနစ်တွင် အရိပ်ဖျော့သို့ ရောက်ရှိလာမည်ဖြစ်သည်။
လမင်းသည် ကရကဋ်တာရာခွင်အတွင်း ရောက်ရှိပြီး လာမည့်လကွယ် နေ့တွင်လည်း နေကြတ်ဦးမည်ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ကြောင်း အာကာသနှင့် စကြဝ$ဠာလေ့လာသူ ကိုသန့်ဦးက ဆိုသည်။
ခင်ရတနာ(မြန်​မာ့အလင်း)

မုဋ္ဌောကိုးဆူ ဘုရားများ


ပုသိမ်ဘုရားဖူးများ ထပ်မံတောင်းဆိုကြသဖြင့် ထပ်မံတင်ပြအပ်ပါသည် ၊
မုဋ္ဌောကိုးဆူ ဘုရားများ

မုဋ္ဌောကိုးဆူသမိုင်းအရ ပုသိမ်မြို့မနှင့် ပုသိမ်ခရိုင်အတွင်း၊ အတွင်းငါးဆူ၊ အပြင်လေးဆူ၊ ပေါင်း မုဋ္ဌောကိုးဆူရှိရာ၊ ပုသိမ်မြို့မနှင့် ဆင်ခြေဖုံးတွင်ရှိသော...
အတွင်းမုဋ္ဌောငါးဆူ
၁။ ပုသိမ်မြို့လယ်တွင် အလောင်းတော်ရွှေငါးကြင်း နှင့် ဝက်မင်းဖြစ်စဉ်ကကျက်စားခဲ့ရာတွင်တည်ထားသော ရှေးအခေါ် ထူပါရုံစေတီ ယခု ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး

၂။ မြို့၏အရှေ့တောင် ရှေးခေတ် ကျိုက်ပိမြို့ဟောင်း၊ ယခု သစ်ရောင်းချောင်းအနီး ဘုရားကြီးကုန်းကျေးရွာ၌
အလောင်းတော်ဆင်မင်းဖြစ်၍ ကျက်စားဖူးရာအရပ်တွင် တည်ထားအပ်သော ရှေးအခေါ် မဟာစေတီ ယခုအခေါ် ဘုရားကြီးကုန်းဘုရား

၃။ မြို့၏တောင်ဘက်တွင် ဘုရားအလောင်းတော် ရှဥ့်မင်း ဖြစ်စဉ် ကျက်စားဖူးသော နေရာ၌ တည်ထားအပ်သော ရှေးအခေါ် မင်္ဂလာစေတီ၊ ယခု တဂေါင်းဘုရားလမ်းရှိ တဂေါင်းစေတီတော်။

၎။ မြို့၏နောက်တောင်အရပ်တွင် အလောင်းတော်ရွှေသမင်မင်းဖြစ်စဉ် ပျော်စံကျက်စားရာနေရာ၌ တည်ထားအပ်သော ယနေ့ မဟာဗောဓိလမ်းရှိ မဟာဗောဓိစေတီတော်။

၅။ မဟာဗောဓိစေတီတော်၏ တောင်ဘက် အလောင်းတော်ရှဥ့်မင်း ခန္တာစဲရာအရပ်ကို အမှတ်တရပြုကာ တည်ထားအပ်သော သုမင်္ဂလာစေတီတော်၊ ယနေ့ ရေကြည်ရေနောက်အရပ်ရှိ သုမင်္ဂလာဆုတောင်းပြည့်စေတီ တို့ဖြစ်ကြသည်။ ထိုစေတီသည် လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီ ရေကြည်ဦးဘုရား အဝင် လက်ဝဲဘက် ကားလမ်းဘေး သစ်ပင်များဝန်းရံလျက် တိတ်ဆိတ်အေးချမ်းစွာ တည်ရှိပါသည် ။

အပြင်မုဋ္ဌောလေးဆူ------
၆။ မြို့၏အနောက်တောင် ငဝန်မြစ်အနောက်ဘက်၊ ချင်းကုန်း - ကွင်းချောင်းကြီးအတွင်၌ အလောင်းတော်ခိုမင်းဖြစ်စဉ် ပျော်စံရာအရပ်၌ တည်ထားသော သုမနစေတီ။ နတ်ကြီးသောနေရာဖြစ်၍ ဘုရားရင်ပြင်ရှိကျွန်းရွက်များကို မည်သူမျှမယူဆောင်ဝံ့ကြ ချေ ။
( မှတ်ချက် Admin တို့သွားရောက်ဖူးမြော်ရာ ည အပြန်လမ်းတွင် တစ်သက်မမေ့စရာ ထူးဆန်းအံ့သြဖွယ်ရာများကြုံခဲ့ရပါသည် )

၇။ မြို့၏အနောက်မြောက် ငဝန်မြစ်၏ အနောက်ဘက်ကမ်း၊ ကျောက်ချောင်းကြီးရွာတွင် အလောင်းတော်ပုတ်သင်မင်းဖြစ်စဉ် ပျော်စံရာဌာန၌ တည်ထားသော ခိပ္ပိသာစေတီ၊ ယခုခေတ်တွင် ရွှေပုတ်သင်စေတီဟု ထင်ရှားလျက်ရှိသည်။

၈။ မြို့၏မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ ငဝန်မြစ်နှင့်ဒါးကချောင်း ပေါင်းဆုံရာအနီး၊ ငဝန်မြစ်အရှေဘက်ကမ်း၊ အလောင်းတော်ကြက်မင်းဖြစ်စဉ် ပျော်စံရာ သာယာမြင့်မောက်သော ကုန်းအထက်တွင် တည်ထားအပ်သော သီရိဝဏ္ဏစေတီ။ ရွှေမြင်တင်ရွာ၏အနီးတွင်ရှိ၍ ရွှေမြင်တင်ဘုရားဟု ခေတ်စားလျက်ရှိသည်။

၉။ မြို့၏မြောက် ငဝန်မြစ်တစ်လျှောက်၊ သာပေါင်းမြို့နယ်၏ အထက်ပိုင်း၊ စက်ဒေါင့်ကြီးတစ်ဖက်ကမ်း ဘုရားကြီးရွာ၊ ငဝန်မြစ်အနောက်ဘက်ကမ်းနဖူးအနီးတွင်၊ အလောင်းတော် ကျေးမင်းဖြစ်စဉ် ပျော်ရွှင်ကျက်စားဖူးရာဒေသ၌ ခုနှစ်ရက်သားတို့ ချင်းသာရစေကြောင်းဖြင့် ခုနှစ်နေ့အမည်ကို အစွဲပြုကာ အကျော်ဇေယျပဿထ ဟု ဘွဲ့တော်ချီစေလျက် တည်ထားအပ်သော ယနေ့ ဘိုးတော်ဘုရားကြီး ဟု အများသမုတ်လျက်ရှိသည့် စေတီတော်တို့ဖြစ်ကြသည် ၊ မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေပြီး ပြန်လည်ပြုပြင်ရာ ယခုထိမအောင်မြင်သေးချေ ။

ပုသိမ်မြို့တော် ဗုဒ္ဓသာသနိကစေတီဘုရား - Pathein's Pagodas











ဒီမိုကရေစီပြောင်းပြန် (ရေး-ဦးဇန်ထားရှင်)_၈

ဒီမိုကရေစီပြောင်းပြန် (ရေး-ဦးဇန်ထားရှင်)_၈





ဒီမိုကရေစီပြောင်းပြန် (ရေး-ဦးဇန်ထားရှင်)_၇




ဒီမိုကရေစီပြောင်းပြန် (ရေး-ဦးဇန်ထားရှင်)_၇