Latest News

Wednesday, December 13, 2017

ကွန်ပနီ ပြောတဲ့အတိုင်း ဖြစ်လာတော့မလား

ကွန်ပနီ ပြောတဲ့အတိုင်း ဖြစ်လာတော့မလား

မန်စီးတီးဝါရင့် နောက်ခံလူ ကွန်ပနီက ဖာဂူဆန်ခေတ်လွန်ချိန်က စပြီး  မန်စီးတီးရဲ့ အောင်မြင်မှုတွေသာ မန်ချက်စတာမြို့မှာ နောက်ထပ် ၁ဝ စုနှစ်ခု ကျော်ကြာ ဆက်လက်လွှမ်းမိုးနေဦးမယ်လို့ ဆိုလိုက်ပါတယ်။ ဒီစကားဟာ မန်ချက်စတာ ဒါဘီမယှဉ်ပြိုင်မီ နာရီပိုင်းအလိုက ပြောကြားခဲ့တာဖြစ်ပြီး တကယ်တမ်း ကစားချိန်မှာလည်း မန်စီးတီးက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ကစားသွားနိုင်ခဲ့ပါတယ်။ ကွန်ပနီက မန်ယူရဲ့ ခေတ်ဟာ ဖာဂူဆန် ထွက်ခွာသွားခြင်းနဲ့အတူ ကွက်လပ်အကြီးကြီး ဖြစ်ကျန်ရစ်ခဲ့ပြီး အရာအားလုံးလည်း ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ ကွန်ပနီကလက်ရှိအချိန်မှာ မန်စီးတီးဟာ မန်ယူထက် ပိုကောင်းတဲ့ အသင်းဖြစ်တယ်လို့ သွယ်ဝိုက်ပြောကြားသွားခဲ့တယ်လို့ အဖြေထုတ်နိုင်ပါတယ်။

မန်ယူဟာအိမ်ကွင်းမှာ မန်စီးတီးကိုရင်ဆိုင်ခဲ့ရပေမယ့် ဘောလုံး
ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဒါဟာ ၂ဝဝ၃-၂ဝဝ၄ ခုနှစ် နောက်
ပိုင်း အိုးထရက်ဖို့ဒ်ကွင်းမှာ အနိမ့်ဆုံး စံချိန်ဖြစ်သွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဂွါဒီယိုလာကို ရင်ဆိုင်ရာမှာ ကိုးကြိမ်အထိ အရေးနိမ့်
ခဲ့တဲ့မှတ်တမ်းဆိုးအပြင် အိုးထရက်ဖို့ဒ်ကွင်းမှာ အသင်းတစ်သင်း
က မန်ယူအသင်းဘက်ကို တစ်ဂိုးထက် သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်း
လည်း ဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာ နောက်
ဆုံးရှုံးနိမ့်ခဲ့တဲ့အသင်းက မန်စီးတီးဖြစ်သလို တစ်ဂိုးထက် ပိုပေးခဲ့
ရတဲ့အသင်းကလည်း မန်စီးတီးသာ ဖြစ်ခဲ့ရတာကတော့ မော်ရင်ဟို အတွက် ဒီဇင်ဘာအိပ်မက်ဆိုးဖြစ်နေပါလိမ့်မယ်။

 မန်ယူဟာ ယခုပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ် ချန်ပီယံလမ်းကြောင်းက သွေဖည်သွားခဲ့ပြီလို့ မော်ရင်ဟိုက မတင်
မကျဖြေကြားခဲ့ပါတယ်။  ချယ်လ်ဆီးနည်းပြ ကွန်တီကလည်း သူတို့
အသင်း ပရီမီယာလိဂ်ချန်ပီယံမဖြစ်နိုင်တော့ဘူးဆိုတာ ဝန်ခံခဲ့တာ
ကြောင့် ယခု ရက်သတ္တပတ်အတွင်း ပရီမီယာလိဂ်ချန်ပီယံမဖြစ်နိုင် တော့ဘူးဆိုတာ ဝန်ခံခဲ့တဲ့ နည်းပြနှစ်ဦး ထပ်မံပေါ်ပေါက်ခဲ့တာဖြစ်ပါ တယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အင်္ဂလန်မှာလည်း ဘာစီလိုနာနည်းလမ်းက အောင်မြင်မှု ရှာဖွေနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့
ဘောလုံးရာသီကတည်းက သူသိရှိပြီးဖြစ်ပြီး ဘာကာနည်းလမ်းက အင်္ဂလန်မှာလည်း အလုပ်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂွါဒီ
ယိုလာ ပြီးခဲ့တဲ့နှစ်က ခေါ်ယူခဲ့တဲ့ ဆာနေးဟာ ပြိုင်ဘက်နောက်ခံ
လူတွေ ကြောက်ရွံ့ရတဲ့ အကောင်းဆုံးတောင်ပံတိုက်စစ်မှူးဖြစ်နေ
ပြီဖြစ်သလို ဂျေဆူးကလည်း ခြေစွမ်းမှန်တဲ့ တိုက်စစ်မှူးပါ။ ဒီကစား သမားလေးတွေဟာ အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်သေးပြီး ဂွါဒီယိုလာက ရေရှည်စီမံကိန်းနဲ့ ဒီကစားသမားလေးတွေကို ခေါ်ခဲ့
တာဖြစ်လို့ ကွန်ပနီပြောသလို မန်ချက်စတာမြို့ဟာ နောက်ထပ် ဆယ်စု
နှစ် တစ်ခုအထိ မန်စီးတီးရဲ့ အောင်မြင်မှုတွေနဲ့  ထုံမွှမ်းနေဦးမယ် ဆိုတဲ့စကားဟာ ဖြစ်လာဖို့နီးစပ်တယ်လို့ ယူဆရပါတယ်။

မေလဲ့သင်း(MMAL)

No comments:

Post a Comment