Latest News

Sunday, December 31, 2017

နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းမှုဖြစ်ပွား

နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းမှုဖြစ်ပွား
Photo Credit
ဟင်္သာတ ဒီဇင်ဘာ ၃၁

   ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက် ပိုးစာတော(၄)လမ်း၌ ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ရာသို့ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးနောင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၃)စီးနှင့် ရပ်ကွက်နေ ပြည်သူများနှင့်အတူ ပူးပေါင်းဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးလောင်ကျွမ်းမှုဖြစ် စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရပြီး အဆိုပါမီးလောင်မှုကြောင့် ၀ါးအိမ်၊ ၀ါးကြမ်းခင်း၊ ထရံကာ၊ သွပ်မိုး  စုစုပေါင်းတန်ဘိုး(၄၅၀၀၀၀)ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment