Monday, December 25, 2017
ရောင်ခြည်တော်ကွန့် မြူးတဲ့ ရွှေစာရံစေတီ(၅)ကြိမ်မြောက်ရောင်တော်ဖွင့်ပူဇော်ပွဲ ပြုလုပ်
သထုံ၊ စက်တင်ဘာ ၂၅
ရောင်ခြည်တော်ကွန့် မြူးသည့်မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင်လေးဆူဓါတ်စံရွှေစာရံစေတီတော်ကြီး၏ ၅ ကြိမ်မြောက်ရောင်တော်ဖွင့်ပူဇော်ပွဲနှင့်မြို့ လုံးကျွတ်မဟာနိဗ္ဗာန်ဈေးအလှူတော်ကို ဒီဇင်ဘာ ၂၄ရက်နေ့၊ ညနေ ၄နာရီကကျင်းပပြုလုပ်ခဲ့ရာ ဘုရားဖူးပြည်သူအများအပြားဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်ဦးက"ဘုရားရောင်ခြည်တော်ကွန့် မြူးခဲ့တဲ့ နှစ်ကစလို့အခုလိုပူဇော်ပွဲနဲ့ မြို့လုံးကျွတ်နိဗ္ဗာန်ဈေးပွဲတော်လုပ်ခဲ့ တာ၅နှစ်မြောက်ရှိပါပြီ။ကျွန်တော်တို့နိုင်ငံရဲ့ ဘယ်နေရာမှာမှ မရှိတဲ့ဒီလိုအလှူတော်ပွဲတော်မှာ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်။ အစဉ်အလာတစ်ခုလိုဖြစ်သွားအောင်လို့ နှစ်တိုင်းလက်ဆင့်ကမ်းပြုလုပ်သွားရမှာပါ"ဟု ပြောသည်။
၂၀၁၃ ခုနှစ်မှစတင်ကာမြို့ နယ်သံဃာ့နာယကအဖွဲ့ နှင့်စေတီတော်သြဝါဒစရိယဆရာတော်ကြီးများ၏သြဝါဒကိုခံယူပြီးဂေါပကအဖွဲ့ ၊မြို့ မိမြို့ တွေနဲ့ ဦးဆောင်လူငယ်အဖွဲ့ တို့ ပူးပေါင်းစီစဉ်ပြီး ရောင်တော်ဖွင့်ပူဇော်ပွဲ၊ ဆွမ်းကြီးလောင်းလှူပွဲနဲ့ မြို့ လုံးကျွတ်နိဗ္ဗာန်ဈေးအလှူတော်ကိုနှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင်ဋ္ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အလိုက်လမ်းအလိုက်မိသားစုအဖွဲ့များအပါအဝင် အဖွဲ့ပေါင်း ၁၁၅ဖွဲ့ မှစားသောက်ဖွယ်ရာအဟာရများဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
သထုံမြို့မှ အလှူရှင်တစ်ဦးက "ဒီမှာနှစ်တိုင်းလိုလိုတော့ လှူဖြစ်တယ်။ ကိုယ့်မြို့ကိုယ့်ရွာလည်းဖြစ်နေတယ်ဆိုတော့ အရမ်းလည်းပျော်ပါတယ်။ဘာနဲ့မှလဲလို့မရတဲ့ ပီတိပါ။ လာရောက်သုံးဆောင်ပေးကြတဲ့ မြို့သူမြို့သားအားလုံးနဲ့ ဘုရားဖူးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်" ဟု ၄င်းက ပြောသည်။
ရွှေစာရံစေတီတော်ကြီး၏ ရောင်တော်ဖွင့်ပူဇော်ပွဲနှင့်မြို့လုံးကျွတ်မဟာနိဗ္ဗာန်ဈေးအလှူတော်ပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့က စတင်ကာစေတီတော်၏နေရာအတော်များများ၌ ရောင်ခြည်တော်ထူးတွေကို ရက်အတော်ကြာကြာဖူးတွေ့ခဲ့ကြလို့ မြတ်စွာဘုရားရှင်ရဲ့ ဓါတ်တော်တွေကွန့်မြူးတယ်လို့ ယူဆပြီး အဲ့ဒီနှစ်ကစတင်ကာ ပူဇော်ပွဲနဲ့ စတုဒီသာအလှူတော်ကြီးကိုနှစ်စဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ပြောပြချက်အရ သိရသည်။
ဟံသာနွန်
ရောင်ခြည်တော်ကွန့် မြူးတဲ့ ရွှေစာရံစေတီ(၅)ကြိမ်မြောက်ရောင်တော်ဖွင့်ပူဇော်ပွဲ ပြုလုပ်
Reviewed by timeayeyar
on
8:06 AM
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGvyPYpF_XJKM6BpNaL9kEPAYUP7fb_BO_qZlY_Ig_6EdY-KcOYdOn0McHBwl0FFU61pg8tQzEY2_vhl2UyfzAClxMv2ZWFfY0sLAuuTDLOdnbgESM_ubNCckU1nRfAqEieXegZFQ9rcXL/s72-c/26101994_535500650136902_1656485892_o.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment