Latest News

Thursday, December 14, 2017

ပေါင်မြို့နယ်အတွင်းရှိ အဟောက်ကျေးရွာတွင် အယ်မာအူလ်းအွန်ဒုန် စီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားပြုလုပ်

ပေါင်မြို့နယ်အတွင်းရှိ အဟောက်ကျေးရွာတွင် အယ်မာအူလ်းအွန်ဒုန် စီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားပြုလုပ်

ပေါင်၊ ဒီဇင်ဘာ၊ ၁၄

စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ တောင်ကိုးရီးယားသမ္မတနိုင်ငံ၏ကူညီထောက်ပံမှုဖြင့် ဆယ်မာအူလ်းအွန်ဒုန် စီမံကိန်း (ကျေးရွာသစ်လှုပ်ရှားမှု)ကို မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် ၂၀၁၆ခုနှစ်မှ စတင် အထောင်အထည်ဖော်ခဲ့ရာ ယခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက်ပြီးစီးခဲ့သောကြောင့် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက အဟောက်ကျေးရွာအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီးမှ ဦးထွန်းဌေး၊ ပေါင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသီဟ၊ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်မှူး ဦးကြည်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ ဆယ်မာအူလ်းအွန်ဒုန်စံမံချက်မှ Volunter ခြူးနဒီ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆယ်မာအူလ်းအွန်ဒုန် စီမံကိန်းမှ ကျေးရွာတစ်ရွာလျှင် အမေရိကန် ဒေါ်လာ ၂သောင်းဖြင့် ထောက်ပံ့ပေးခဲ့ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးလုပ်ငန်းများအတွက် ၅ ရာခိုင်နှုန်း၊ ၀င်ငွေတိုးတတ်ရေးလုပ်ငန်းများတွင် ၅၀ ရာခိုင်နှုန်း၊ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများတွင် ၄၅ ရာခိုင်နှုန်းဖြင့် သုံးစွဲခဲ့ပြီး၊ ၀င်ငွေ တိုးတတ်ရေးအနေဖြင့် ကျေးရွာနေပြည်သူများအား အတိုး ၁ ရာခိုင်နှုန်းဖြင့် ငွေချေးပေးခြင်းကိုလည်းကောင်း၊ စွမ်းဆောင်ရည်မြှင်တင်ရေးအနေဖြင့် လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်း၊ ရွာလုံးကျွတ်အစည်းအဝေးပြုလုပ်ပေးခြင်း၊ အထွေထွေသင်တန်းများ ပို့ချခြင်းနှင့် လူနေမှုပါတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတတ်ရေးအနေဖြင့် ကျေးရွာအတွင်း/အပြင် လမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့် တင်ခြင်း၊ ကျေးရွာခန်းမတည်ဆောက်ခြင်း၊ လျှပ်စစ်မီးသွယ်ယူခြင်း၊ သောက်သုံးရေကန်များ တူးဖော်ကာရံခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီး ဦးထွန်းဌေးက အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

"အရင်ဆုံး ပိုက်ဆံရလာတော့ ရွာကလူတွေ လျှပ်စစ်မီး လိုချင်ကြတယ်။အဲဒါနဲ့ ပိုက်ဆံကို သူ့နေရာနဲ့သူခွဲလိုက်တော့ သိန်း ၁၆၀ လောက်ပဲ ဒီအတွက် သုံးခွင့်ရှိမယ်လေ။ ရွာကလူတွေ ပိုက်ဆံ ကျပ်သိန်း ၂၄၀ ကျော်ထပ်စိုက်ပြီး လျှပ်စစ်မီးရ သွားတယ်။ ဟု ပေါင်မြို့နယ် အဟောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြရွှေ က ပြောသည်။
" စီမံကိန်းကာလပြီးတဲ့အခါမှာဆိုရင် အကဲဖြတ်အမှတ်ပေးတဲ့ အဖွဲ့တွေက လာစစ်ဆေးမည်ဖြစ်ပြီး လုံးလ၀ိရိယရှိ ခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ ကိုယ်ထူကိုယ်ထရှိခြင်းတို့ကို ကြည့်ကာ အဆင့် A နဲ့ B  သတ်မှတ်ထားပြီး အဆင့် A ရမယ်ဆိုရင် နောက်ထပ်စီမံကိန်းအတွက် ဒေါ်လာ ၂ သောင်း၊ B ဆိုရင် ဒေါ်လာ ၁သောင်း ထပ်မံပေးသွားမည် ဖြစ်ကာ အဟောက်ကျေးရွာကို လုပ်ငန်းပြီးစီးချိန်တွင် တာဝန်ရှိတဲ့သူများ လာရောက်ကြည့်ရှုသည့်အခါ၌ အဆင့် B ရရှိသောကြောင့် နောက်ထပ် ဒေါ်လာ ၁ သောင်း ထပ်ရပါတယ် " ဟု စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်သင်းသင်းနွယ် က ပြောသည်။

အဟောက်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းအား အရှည် ၁၅၅၅ပေ×အကျယ် ၁၀ ပေကို ငွေကျပ်သိန်း ၁၂၂ သိန်းကုန်ကျခဲ့ကြောင်း၊ B အဆင့် ရရှိငွေ ဒေါ်လာ ၁ သောင်း မြန်မာငွေ ၁၃၆ သိန်းအား ရေကန် (၃)ကန်၊ အုတ်တံတိုင်း ကာခြင်းကို ကျပ် သိန်း ၁၀၀ သုံးစွဲခဲ့ပြီး ကျန်ရှိသည့် ၃၅ သိန်းကို အရှည် ပေ ၄၀၀× အကျယ် ၁၀ ပေ မြေသားလမ်း ၁ လမ်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် မွန်ပြည်နယ်တစ်ခုလုံးအနေဖြင့် ပေါင်မြို့နယ်အတွင်းရှိ ဒေးကင်း၊ ကော့ထော်၊ ဥက္ကံ၊ အဟောက်၊ ကဒိုင်း ကျေးရွာ ၅ ရွာသာ ရရှိပြီး ကျေးရွာတစ်ရွာလျှင် ဒေါ်လာ ၂ သောင်းဖြင့် ကူညီထောက်ပံ့ခဲ့ရာ ၂၀၁၄ -၂၀၁၅ ခုနှစ်တွင် စီမံကိန်းရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စီမံကိန်းကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း လည်း သိရသည်။

ဟံသာနွန်

No comments:

Post a Comment