Latest News

Tuesday, November 7, 2017

ငပုတောမြို့ ကခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူတရားခံများအားဖမ်းဆီးရမိ


ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့ ကခေါင်းဖြတ်လူသတ်အမှုအား ပုသိမ်ခရိုင် ရဲတပ်ဖွဲ့နှင့်
ငပုတောမြို့နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ခက်ခဲစွာဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့

ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ငပုတောမြို့မစခန်း၏အနောက်ဘက် ၇ မိုင်ခန့်အကွာ
ဂုံးချောင်းကျေးရွာ လူသတ်မှုအား ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ပါဝင်ငပုတောမြို့်နယ်ရဲတပ်ဖွဲ့မြို့်မရဲစခန်းတို့က အမှုဖွင့်ပြီး ၇ ရက်ကြာခက်ခဲစွာဖော်ထုပ်ခဲ့ပြီး ပြစ်မှုကျူးးလွန်သူတရားခံသုံးဦးဖမ်းဆီးအရေး
ယူနိုင်ခဲ့ကြောင်းသိ့ရသည်။

ဖြစ်စဉ်မှာ ၂၀.၁၀.၂၀၁၇.ရက်နေ့ ည ၁၀ နာရီအချိန်ခန့် မမိုးမိုးဦး အသက် ၂၂ နှစ်(ဘ)ဦးစောနီတော အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ဂုံးချောင်းကျေးရွာ နေသူသည်ယောက္ခဖြစ်သူဦးသိန်းရွှေ လယ်တဲမှာရှိနေချိန် ခင်ပွန်းဖြစ်သူ စောဝင်းရွှေ အသက် ၃၉ နှစ်ကညီဖြစ်သူထွန်းထွန်းနိုင် အား လက်ကိုင်ဖုန်း အားသွင်းရန် ဘက္ထရီအိုး မတွေ့ရ၍ မေးမြန်းကြည့်ရာ ဆည်မှာထားခဲ့ကြောင်းပြော၍တဦးတည်းဘက္ထရီအိုးယူရန်ယူထွက်သွားခဲ့သည်။

နောက်တရက်မိုးလင်းသည်နှင့်ပြန်ရောက်လာခြင်းမရှိသဖြင့် ကျေးရွာမှလူများကူညီမှုရယူပြီးဆွေမျိုးသားချင်းများလိုက်ရှာကြရာမည်သည့်နေရာမှမတွေ့ခဲ့ရပါ ။၂၂.၁၀.၂၀၁၇.ရက်နေ့လည် ၂ နာရီ အချိန်ခန့်မှာ ဦးစံဝင်း, ဦးချစ်သန်း တို့နှင့်အတူ ဆက်လက်ရှာဖွေကြရာ ဂုံးချောင်းကျေးရွာ ချောင်းဖျားရိုးကမ်းပါးရေထဲထွင် မည်သူမည်ဝါမသိရ လူသေလောင်းလက်တဖက်တွေ့ရ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ထံသွားရောက်
အကြောင်းကြားခဲ့ကြရာအုပ်ချုပ်ရေးမှူး ကရဲစခန်းသို့ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်
များရောက်ရှိလာကြပြီးအလောင်းအား စစ်ဆေးကြည့်ကြရာ ခေါင်းပြတ်နေပြီး ဝဲနို့အုံထိုးသွင်းဒါဏ်ရာ
တချက် ဝဲနို့အုံအောက်ထိုးသွင်းဒါဏ်ရာတချက် ဝဲဘက်ဝမ်းဗိုက်ထိုးသွင်းဒါဏ်ရာတချက် ယာနို့အုံအောက်ထိုးသွင်းဒါဏ်ရာတချက်၊ ရင်ညွန့်မှာထိုးသွင်းဒါဏ်ရာ တ ချက်တို့တွေ့ရပြီး သေဆုံးသူမှာ စောဝင်းရွှေ
ဖြစ်ကြောင်း ညီဖြစ်သူ ထွန်းထွန်းနိုင် ကအတည်ပြုနိုင်ခဲ့၏။

ယင်းဖြစ်စဉ်အား သေဆုံးသူ၏ဇနီးဖြစ်သူကတရားလိုပြုတိုင်ကြားသဖြင့် ငပုတောမြို့မရဲစခန်း (ပ)၃၄၇/၂၀၁၇ .ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်၍ အမှုအား စခန်းမှူးဒုရဲမှူးအောင်မျိုးထွန်းကတာဝန်ယူစစ်ဆေးပြီး အလောင်းအား ငပုတောပြည်သူဆေးရုံကြီးသို့ တပ်ကြပ်ကြီးလှမျိုးထွန်း မှရဲဆေးစာနှင့်အတူပို့ဆောင်ခဲ့ပြီး စခန်းမှူး ကအဆင့်ဆင့်ဆက်သွယ်တင်ပြခဲ့ပြီး အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးရန်
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သဟိန်းမင်းထွန်း အပိုင်နယ်ထိန်းရဲဒုတပ်ကြပ်အောင်ကျော်ဦးတို့နှင့်အတူ
ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

စခန်းမှူး၏အဆင့်ဆင့်တင်ပြမှုကြောင့် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲမှူးကြီးဝင်းမြင့်ထူး ကိုယ်တိုင် ပါဝင်ပြီး ပုသိမ်ခရိုင် မှု/ကူ ဌာန စုမှရဲအုပ်ငြိမ်းချမ်းကျော် ရဲအုပ်ဇော်ထက်အောင် ရဲတပ်ကြပ်ကျော်ကျော် တို့နှင့်အတူ
ငပုတောသို့ရောက်ရှိကြပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းမြင့်နှင့်အတူပူပေါင်းပြီးအနီးကပ်ကြီးကြပ်၍ အဖွဲ့ငယ်
၎ ဖွဲ့စည်း၍ နယ်မြေချင်းဆက်စပ်ကျေးရွာများ လယ်ယာလုပ်ငန်းတဲများ တောင်ယာလုပ်ငန်းနှင့်မီးသွေးဖုတ်လုပ်ငန်းတဲတို့အား ပြိုင်တူလှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ခဲ့ချင်းကြောင့် ရရှိသောသတင်းများအားအတည်ပြုကြပြီး သံသယတရားခံ စောလူအေး အသက် ၃၄ နှစ်(ဘ)ဦးမောင်ဂျား လယ်ယာလုပ်သား ဂုံးချောင်းကျေးရွာ နေသူအားချုပ်ရီမာန်တောင်ခံ၍ အမှုစစ်နဲ့အတူပူးပေါင်းအဖွဲ့ကစစ်ဆေးကြရာ ၃၀.၁၀.၂၀၁၇ ရက်နေ့မှာ ပထမ တွငြင်းဆန်နေသော်လည်း အမှုစစ်အဖွဲ့က ငြင်းနိုင်သောအချက်လက်များထောက်ပြ၍လိမ္မာပါးနပ်စွာစစ်ဆေးခဲ့ရာ
မငြင်းသာတော့ဘဲဝန်ခံထွက်ဆိုခဲ့ရသည်။

ဝန်ခံထွက်ဆိုသည်မှာ အုပ်ရှစ်ကွင်းကျေးရွာအုပ်စု ဂုံးချောင်းကျေးရွာ ဇာတိဖြစ်ပြီးဦးမောင်ဂျား ဒေါ်မပြုံး တို့၏မွေးချင်း ၂ ယောက်ရှိသည့်အနက်မှ အကြီးဆုံး သားဖြစ်ကြောင်း ငယ်စဉ်က တောင်ချောင်း အစိုးရ မူလတန်း ကျောင်းမှာ ပထမတန်းထိ ပညာသင်ကြားခဲ့ပြီး အသက် ၁၈ နှစ်ခန့်က တရွာထဲနေ ဦးမဲမဲကြီး
ဒေါ်နီတာ တို့၏ သ္မီးမနွယ်နီ နှင့်အိမ်ထောင်ကျခဲ့ပြီး သားသ္မီး မထွန်းကားခဲ့ပါ။တလကျော်ခန့်သာပေါင်းသင်းရပြီးဇနီးမှာ မြွေကိုက်၍သေဆုံးသွားပြီးယနေ့တိုင်အိမ်တောင်မပြုဘဲညီငယ်နှင့်အတူနေကြောင်းဆိုခဲ့၏။

မှုခင်းပိုင်းထွက်ဆိုခဲ့ရာ ညီဖြစ်သူသားငယ်မှာ ဒေသအခေါ်ခုနှစ်မော့တောင်ပေါ်တွင်မီးသွေးဖုတ်သည့်
လုပ်ငန်းလုပ်ကိုင်နေပါသည်။သူငယ်ချင်းဖြစ်သူ တင်ကိုဝင်း သဇင်ကွင်းကျေးရွာနေသူကလည်း ၎င်းတို့အတူ မီးသွေးဖုတ်လုပ်ငန်းအတူ ၃ ယောက်ပေါင်းလုပ်ကိုင်ခဲ့ကြရာ ၅ လခန့်ကြာခဲ့ပါပြီ။

 ၂၀.၁၀.၂၀၁၇.ရက်နေ့ညနေ. ၆ နာရီ အချိန်ခန့်မှာ အုပ်ရှစ်ကွင်းကားလမ်းဘေး ဂုံးချောင်းကျေးရွာ တွင်နေထိုင်သောဆိုင်ကယ်တက္ကစီမောင်သူ ဦးဇော်ဝင်း နှင့်တွေ့ခဲ့ရာမင်းတို့ ၃ ယောက်ကဆင်သတ်အဖွဲ့တွေနဲ့
ပူးပေါင်းပြီး စီးပွားရှာနေကြကြောင်း သဇင်ကွင်းကျေးရွာနေ ဇင်မင်းထိုက် ကို စောဝင်းရွှေ ပြောနေသည်
ကိုကြားခဲ့ရကြောင်းပြော၍သိရသောအခါဒေါသဖြစ်ပြီး ၃ ဦးအတူတိုင်ပင်ကြပြီး ဓာတ်မီးကိုစီ ဓားကိုယ်စီယူခဲ့ကြပြီးဂုံးချောင်း၊ချောင်းဖျားတွင်ရှိသော စောဝင်းရွှေ တဲသို့သွားရောက်ကြပြီး သားငယ်နှင့်တင်ကိုဝင်းတို့အားဆည်၏တဘက်စပါးခင်းမှာခနပုန်းခိုင်းစေပြီး ၎င်းကဝါးရုံအကွယ်မှစောင့်နေချိန် ည ၉ နာရီအချိန်ခန့် စောဝင်းရွှေ လက်နိတ်ဓာတ်မီးဖြင့်ရောက်လာချိန်နောက်မှဝင်ဖက်လုံးလိုက်ပြီးပုန်းနေသော ညီဖြစ်သူ
သားငယ်နှင့်သူငယ်ချင်းတင်ကိုဝင်းတို့အားအော်ခေါ်လိုက်ပြီးအသင့်ယူဆောင်လာသောဓားဖြင့်ထိုးခိုင်းခဲ့ရာ တင်ကိုဝင်း ကစ၍ဘယ်ဘက်ရင်အုံအားထိုးလိုက်ရာ မပေါက်ဘူးကွ ပြော၍ ၎င်းကစောဝင်းရွှေအားဖက်ထားရင်းယာနားရွက်အားပါးစပ်ဖြင့်ကိုက်လိုက်သည်။တင်ကိုဝင်းကဆက်၍ဘယ်ရင်အုံအားထိုးလိုက်ရာ
ဝင်သွားပြီး လုံးထွေးပြီးရေထဲကျသွားခဲ့သည်။

နောက်သားငယ်က ၃ ချက်ခန့်ထိုးလိုက်ပြီးလဲကျသွားချိန် ၎င်းက ခေါင်းအားဖြတ်ပြစ်လိုက်ပြီးရေထဲတွင်ထားခဲ့ကြပြီးသားငယ်ဓားအိမ်ကျကျန်ခဲ့သဖြင့်ရှာမတွေ့ခဲ့ပါ။ ည (၁) နာရီအချိန်ခန့် မှာတဲပြန်ရောက်ရေချိုးကြပြီးအိပ်ခဲ့ကြ၏။ နောက်တနေ့ မနက်မှာဓားများအားတောင်ပေါ်ရှိကြက်နွယ်ပင်ခြေရင်း ပဲခင်းတဲစသည့်နေရာတို့တွင်ဝှက်ထားကြောင်းဆိုခဲ့ပြီး သက်သေခံဓားတို့အား အမှုစစ်စခန်းမှူးဒုရဲမှူးအောင်မျိုးထွန်းကဥပဒေနှင့်အညီသိမ်းဆည်းခဲ့သည်။

ကွင်းဆက်တရားခံများအားစစ်ဆေးခဲ့ရာစောလူအေးနှင့်ထပ်တူထွက်ဆိုခဲ့၏။ အမှုစစ်မှရဲလုပ်ငန်းများ
အမြန်ပြီးပြတ်အောင်ဆောင်ရွက်၍ အမှုအားပုသိမ်ခရိုင်တရားရုံးမှာတရားစွဲတင်သွားမည်ဖြစ်ကြောင်းသိ
ရပါသည်။
ရွှေဘို ဝဠာ









No comments:

Post a Comment