Latest News

Thursday, November 9, 2017

ဘိုကလေးမြို့ ဒုတိယလမ်းမီးလောင်ပြင်မှ ရွှေထည်ပစ္စည်းများ ရှာဖွေတွေ့ရှိ၍ ပိုင်ရှင်များထံအပ်နှံ

ဘိုကလေးမြို့ ဒုတိယလမ်းမီးလောင်ပြင်မှ ရွှေထည်ပစ္စည်းများ ရှာဖွေတွေ့ရှိ၍ ပိုင်ရှင်များထံအပ်နှံ

ဖျာပုံ  နိုဝင်ဘာ  ၁၁

  ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့  အမှတ် (၁)ရပ်ကွက် ရွှေငါးကြီးဆိပ် ဒုတိယလမ်းရှိ မီးလောင်ပြင်နေရာတွင် သက်ဆိုင်ရာမှ ရွှေထည်ပစ္စည်းများ ရှာဖွေတွေ့ရှိ၍  နိုဝင်ဘာလ ၈ရက်နေ့က ပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

   "ကျွန်တော်တို့ သဘာာဝဘေး စီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်အနေနဲ့ သဘာဝဘေးကြုံပီးရင် ပြန်လည် ထူထောင်ရေးအပိုင်းကို မဖြစ်မနေ လုပ်ရပါ တယ် မီးဘေးသင့်ပြီးတဲ့နောက်ပိုင်း မီးလာင်ပြင်နေရာကို တာဝန်ရှိသူတွေဦးဆောင်ပြီးရှင်းလင်း ရတယ် ဒီလိုရှင်းတဲ့နေရာမှာ နေအိမ်နေရာတစ်ခုချင်းအလိုက် အသေးစိတ် အတတ်နိုင်ဆုံး ရှာဖွေရှင်းလင်းကြပါတယ် အခု မီးလောင်ပြင်ကိုရှင်းလင်းရမှာ ရွှေထည် တစ်ချို့ရှာဖွေတွေ့ရှိတဲ့အတွက် ပိုင်ရှင်တွေထံ စနစ်တကျပြန်အပ်ပေး လိုက်ပါတယ် ။ အားလုံးရှင်းလင်းပြီးရင်တော့ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေ စတင်မှာဖြစ်ပါတယ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးကပြောသည်။

    အဆိုပါ မီးလောင်ပြင်မှ ရွှေဆွဲကြိုး (၅)ကုံး၊ ရွှေဘီးတစ်ချောင်း ၊ စိန်ဘယက်တစ်ကုံး ၊ စိန်လက်စွပ်တစ်ကွင်း၊ စိန်လက်ကောက်တစ်ကွင်း၊ ရွှေလက်ကောက် (၆)ကွင်း၊ ရွှလက်စွပ် တစ်ကွင်း၊ အလေးချိန် ငါးကျပ်သား ခန့်ရှိ ရွှေတုံးတစ်တုံး၊ လက်ဝတ်ရတနာများထည့်ထားသော ဗူးတစ်ဗူးနှင့် ရွှေတိုရွှေစများ ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

    မီးလောင်ပြင်ရှင်းလင်းရေးလုပ်ငန်းများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်စည်ပင်သာယာရေးကော်မတီ။မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြိုနယ်မီးသတ်ဦးစီးဌာနများမှ ဝန်ထမ်းများ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပါအဝင် အင်အား၁၀၀ဦးရေကျော်ဖြင့် စုပေါင်းရှင်းလင်းပေးခဲ့ကြသည်။

   နိုဝင်ဘာလ ၆ရက် နေ့ နံနက် ၁၁နာရီ အချိန်ခန့်က လောင်ဆာဆီ ဖြည့်ရာမှ စတင်၍ လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် ဘိုကလေး မြို့ ဒုတိယလမ်း၌ နေအိမ် ၁၀လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ။ အိမ်ထောင်စု (၁၃)စုမှလူဦးရေ ၅၀ခန့် မီးဘေးသင့်ခဲ့ရခြင်းဖြစ့်ကြောင်း သိရသည်။
     သူဇာနွယ် (ဖျာပုံ)မြန်မာ့အလင်း

No comments:

Post a Comment