ပါကစ္စတန် ရဲတွေနဲ့ ပြည်သူ့စစ်တွေဟာ အစ္စလာမစ် ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးစားခဲ့လို့ အစ္စလာမ် မာဘတ်မြို့မှာ စနေနေ့က ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပါတယ်။
မြို့တော် အစ္စလာမ်မာဘတ် က အဓိက လမ်းတွေ ကို သီတင်း ပတ် ၃ပတ်နီးပါး ပိတ်ဆို့ထားတဲ့ အစ္စလာမစ် ဆန္ဒပြသူတွေ ကို လူစုခွဲဖို့ ရဲနဲ့ ပြည်သူ့စစ်တွေက မျက်ရည်ယို ဓာတ်ငွေ့တွေ မီးသတ် ပိုက်တွေ ကို သုံးခဲ့ရပါတယ်. ဆန္ဒပြသူတွေကလဲ ရဲတွေကို ကျောက်ခဲတွေ နဲ့ ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အမာခံ အစ္စလာမစ် နိုင်ငံရေးပါတီ တရိခ်အီ လာဘိုက်ခ်က တက်ကြွလှုပ်ရှားသူ အယောက်တထောင် လောက် ကို ရဲအရာရှိ အယောက် ၄ထောင်လောက် က လူစုခွဲဖို့ ကြိုးစား ခဲ့ တာပါ။ သူတို့က တရားရေး ဝန်ကြီးကို ရာထူးက ထုတ်ပယ်ဖို့ တောင်း ဆိုပါတယ်။ လူစုခွဲဖို့ တရားရုံးရဲ့ အမိန့်ကိုလဲ အာခံခဲ့ကြ ပါတယ်။
သပိတ် စခန်းပတ်လည်က လမ်းတွေထဲမှာ မီးခိုးတွေ မီးလောင်မှုတွေ ပြည့်နေလို့ အရာရှိတွေက အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံပြည့်နဲ့ ဖြိုခွင်းခဲ့တာပါ။ ဆန္ဒပြသူ တချို့က ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ ဝတ်ထားပြီး ကျောက်တုံး တွေနဲ့ ပြန်လှန် ပစ်ခတ်ခဲ့ပါတယ်။အခင်းဖြစ်ပွားပုံကို ရိုက်ကူးနေတဲ့ ရုပ်သံလဲ နေ့လယ်ပိုင်းမှာ ပြတ်တောက်ခဲ့ပါတယ်။
ပုဂ္ဂလိက ရုပ်သံတွေလဲ မီဒီယာ စည်းကြပ်သူ အရာရှိတွေရဲ့ အမိန့်ကြောင့် ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့ ရပါတယ်. မြို့တွင်း လမ်းတွေကို သီတင်းပတ် ၃ပတ်ကြာ ပိတ်ဆို့ နေတဲ့ ထိုင်သပိတ်ကို အဆုံးသတ်ရေး အစိုးရက ညှိုနှိုင်းဖို့ ကြိုးစားခဲ့ပါတယ်။
သီရိထက်စံ
No comments:
Post a Comment