ကျုံပျော်ရှိ ဘာသာရေးအဖွဲ့ကို လူစုခွဲ၍ အဖွဲ့ဝင်များကို နေရပ်ပြန်ပို့ရန် တိုင်းအစိုးရညွှန်ကြား
ကျုံပျော်မြို့နယ် လှည်း ဆိပ်ကျေးရွာတွင် တည်ထောင် ထားသော ခရစ်တော်၏တပည့် တော်များမိတ်သဟာယအဖွဲ့ကို အရေးယူရန်ဆောင်ရွက်နေပြီး လူစုလူဝေးမပြုလုပ်ရန်နှင့် အဖွဲ့ ၀င်လူငယ်များကို နေရပ်ပြန်ပို့၍ လူစုခွဲရန် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦး ကျော်မြင့်က နိုဝင်ဘာ ၂၁ ရက် တွင် အထက်ပါအတိုင်းပြောကြား သည်။
ဝန်ကြီးဦးကျော်မြင့်က ‘‘ဒီအ ဖွဲ့ဧရာဝတီတိုင်းဒေသကြီးမှာ လှုပ်ရှားနေတာ ၂ နှစ်နီးပါးရှိပြီ။ သူတို့ပြောခဲ့ဆိုခဲ့၊ လုပ်ခဲ့တာတွေ အားလုံး မှတ်တမ်းတွေပြန်ယူပြီး တော့ တိုင်းဒေသကြီးဥပဒေချုပ် ဆီ စုဆောင်းပေးပြီးဥပဒေနဲ့အညီ ဘယ်လိုအရေးယူရမယ်ဆိုတာ ဥပဒေအကြံပေးဖို့၊ လူစုလူဝေးနဲ့ စုထားတဲ့ကလေးတွေကို ဘယ် အုပ်ချုပ်ရေးအဖွဲ့အစည်းကမှ ခွင့်ပြုထားခြင်းမရှိတဲ့အတွက် တ ရားမ၀င်စုဝေးခြင်းနှင့် တရားမ၀င် ဟောပြောခြင်းတွေ မလုပ်ဖို့ လူစု ခွဲဖို့ ညွှန်ကြားထားပါတယ်’’ ဟု ပြောသည်။
ယင်းအဖွဲ့သည် ကျုံပျော် မြို့နယ် လှည်းဆိပ်ရွာတွင်ရှိသ ကဲ့သို့ ကျုံပျော်မြို့နယ်အတွင်းရှိ အထောင်မြို့၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နှင့် ကျောင်းကုန်းမြို့နယ်ထန်းကုန်းကျေးရွာတို့၌လည်း ရှိနေသည်။ တစ်မိသားစုချင်း ပြန့်ကျဲနေသူများရှိကြောင်း အဖွဲ့ဦးဆောင်သူ ဦးအောင်ထွန်းကျော်က ပြောထားသည်။
ခရစ်ယာန်ဘာသာကိုးကွယ် သည်ဟု အဖွဲ့ဦးဆောင်သူများက ပြောထားသည့် ယင်းအဖွဲ့ကို ခရစ်ယာန်သာသနာရေးတာဝန်ရှိ သူများက သွားရောက်စစ်ဆေးခဲ့ ကြောင်းဝန်ကြီးကပြောသည်။
‘‘အမျိုးသား၊ အမျိုးသမီး ငယ်တွေ စုစည်းထားတယ်။ အိမ် ကြီးတစ်အိမ်တည်းမှာ အတူနေ ကြပြီးတော့ ဘုရားရှိခိုးတယ်။ ရက် ၄၀ လောက်စုဝေးမယ်ဆို တာတွေ လုပ်နေတယ်။ သူတို့ရဲ့ အယူအဆနဲ့ ၀ါဒတွေဟာခရစ် ယာန်ဓမ္မနဲ့ ကိုက်ညီမှုရှိ၊မရှိ အဲဒါ တွေကိုလည်း ခရစ်ယာန်အဖွဲ့ ချုပ်သုံးခုကနေပြီးတော့ စစ်ဆေး ခဲ့တယ်’’ ဟု ပြောသည်။
ခရစ်တော်၏တပည့်တော် များ မိတ်သဟာယအဖွဲ့ကိုစတင် တည်ထောင်သည့် မန်းကျော်စိုး သည် ခရစ်ယာန်ဓမ္မထုံးတမ်းများ နှင့်ဆန့်ကျင်သွေဖည်သော ဓလေ့ ထုံးတမ်းများဖြင့် တရားမ၀င် အဓမ္မ၀ါဒကျင့်သုံးသော ခရစ် ယာန်အဖွဲ့အစည်းတစ်ဖွဲ့ တည် ထောင်ထားကြောင်း မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းတော် များအဖွဲ့ချုပ်က ထုတ်ပြန်သတိ ပေးထားသည်။
မြန်မာနိုင်ငံ ခရစ်ယာန်အ သင်းတော်ကောင်စီ၊ မြို့ပြကျေး လက်သာသနာဌာန(ကျုံပျော်) ကော်မတီဝင် မန်းထောင်းစိန်က အဖွဲ့ခေါင်းဆောင် မန်းကျော်စိုး အပါအ၀င် ဦးဆောင်သူခြောက်ဦး ကို သာသနာတော်ညှိုးနွမ်းစေ မှုဖြင့် ကျုံပျော်မြို့နယ်တရားရုံး၌ တရားစွဲဆိုထားရာ တစ်နှစ်ကျော် ပြီဖြစ်သည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment