Latest News

Thursday, November 2, 2017

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်သာ စိမ်းလဲ့တင်မှာ ဆိုင်းဘုတ်တင်ထားခြင်းဟုဆို


ကျိုက်ထို၊ နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က “မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် မွန်ပြည်နယ်၏ ဂုဏ်ဆောင် စိမ်းလဲ့တင် Adventure Land ဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂) ရက်နေ့က ကျင်းပခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်အေးဇံနှင့် မွန်ပြည်နယ် သယံဇာတ၀န်ကြီး ဒေါက်တာမင်းကြည်ဝင်း တို့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဓာတ်ပုံကို ကြော်ငြာ Billboard တွင် ချိတ်ဆွဲ ထားရခြင်းကို ဝေဖန်မှုများထွက်ပေါ်နေပြီး ၀န်ကြီးချုပ်ကို ဂုဏ်ပြုသောအနေဖြင့် ထည့်သွင်းထားခြင်းသာ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတ ၀န်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

“Adventure Land ဆိုတာလည်း မွန်ပြည်နယ်မှာ ပထဦးဆုံးတွေ့ရတဲ့နေရာလည်းဖြစ်တယ်။ ၀န်ကြီးချုပ်ကို ဂုဏ်ပြုတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်။သူလည်း ကျိုက်ထိုသားဖြစ်တယ်လေ။ အဲ့လိုပဲ ကျွန်တော်မြင်ပါ တယ်။” ဟု အခမ်းအနားတက်ရောက်ခဲ့သည့် သယံဇာတ၀န်ကြီးဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

အဆိုပါ Billoard မှာ ၀န်ကြီးချုပ်ပုံထည့်သွင်းထားခြင်းသည် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက် ဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စိမ်းလဲ့တင်မှ တာဝန်ရှိသူများကဆိုသည်။

စိမ်းလဲ့တင် (Adventure Land ) Admin Manager ဗိုလ်ကြီး
မြင့်အောင်က “အလှူငွေပေးအပ်ပွဲ အခမ်းအနားတွေပြုလုပ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောတာပါပဲ။ (ဆိုင်းဘုတ်ကိုလည်း) ၀န်ကြီးချုပ်ခွင့်ပြုချက်နဲ့ လုပ်တာပါ။ဝန်ကြီးချုပ်က Adeventure Land မှာ တက်ရောက်ချီးမြှင့်ပေးသွားတယ်။ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ထောက်ပံ့ငွေပေးအပ်ပွဲလေးတွေလုပ်တယ်။အဲ့တာ လေးပါပဲ။” ဟု ပြောကြားသည်။

လက်ရှိ ဆိုင်းဘုတ်ကိစ္စမှာ ၀န်ကြီးချုပ်နှင့်အခြား စီးပွားရေးလုပ်ငန်းများ ပတ်သက်မှုမရှိကြောင်း ပြောဆိုနေကြသော်လည်း ယခင် ၀န်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးလက်ထက်က အဂတိလိုက်စားမှု တချို့ကြောင့် တိုင်ကြားခံခဲ့ရဖူးသည်။

စိမ်းလဲ့တင်သည် ကျိုက်ထိုမြို့နယ်မှာတည်ရှိပြီး ကျိုက်ထီးရိုးစေတီတော်နှင့် (၁၀) မိုင်ခန့်ကွာဝေး ကြောင်းသိရသည်။

သတင်း - မင်းသက်ဝေ
Than Lwin Times
https://www.facebook.com/thanlwintimes9

No comments:

Post a Comment