Friday, November 17, 2017
ဇင်ပြွန်းကုန်း ကျေးရွာ လမ်းမကြီးကို အယူသည်း ဒေသခံတချို့ က အသုဘ ချခွင့်မပေးသည့် အတွက် နှစ်ဖက်ဆွေးနွေးညှိုနိုင်းပြီးရဲတပ်ဖွဲ့ အစောင့် အရှောက်ဖြင့် အသုဘ ချခဲ့ရ
ဇင်ပြွန်းကုန်း ကျေးရွာ လမ်းမကြီးကို အယူသည်း ဒေသခံတချို့ က အသုဘ ချခွင့်မပေးသည့် အတွက် နှစ်ဖက်ဆွေးနွေးညှိုနိုင်းပြီးရဲတပ်ဖွဲ့ အစောင့် အရှောက်ဖြင့် အသုဘ ချခဲ့ရ
(ကျုံပျော်) နိုဝင်ဘာ ၁၈ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရှိ အယူသည်းဒေသခံတချို့၏ တားဆီးမှုကြောင့် ကွယ်လွန်သူ ဒေါ်သန်းသန်းနွယ် အသက် ၄၉ နှစ် ၏ရုပ်အလောင်း နှစ်ဖက်ဆွေးနွေးညှိုနိုင်းမူ ရရှိပြီ ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များဖြင့် အေးချမ်းစွာ ရွာဓလေ့ထုံးထမ်းအရ ကျွဲလမ်းမှ ချခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်စိုး ကပြောသည်။
ဇင်ပြွန်းကုန်းကျေးရွာအရှေ့ပိုင်းမှ ကွယ်လွန်သူ ဒေါ်သန်းသန်းနွယ် ရုပ်အလောင်းကို ရွာအရှေ့ခြမ်းမှ ဒေသခံများ ရွာလယ်လမ်းမမှတဆင့် သုဿာန်သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ရွာအနောက်ခြမ်းမှ ဒေသခံများက အစဉ်အလာ ဓလေ့ထုံးထမ်းအရ ရွာလယ်လမ်းမှ သယ်ရန် ခွင့်မပြုကြောင်း ပိတ်ဆို့တားဆီးခဲ့သည့်အတွက် အလောင်းစင်အား လမ်းဘေးတွင် ချထားခဲ့ရကြောင်းဒေသခံ များထံမှ သိရှိရသည်။
အသုဘချရန် အခက်အခဲဖြစ်နေသော ကြောင့်ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများရောက်ရှိလာပြီး ကျေးရွာမှ တာဝန်ရှိသူများ ဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးနောက် အသုဘချရာလမ်းကို ရဲတပ်ဖွဲ့ဝင်များချ၍ လုံခြုံရေးအစောင့်အရှောက်ဖြင့် အေးချမ်းစွာ ရွာဓလေ့ထုံးထမ်းအရ ကျွဲလမ်းမှ ချခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်စိုး ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၌လည်း ယခုနှစ်မေလပိုင်းက အသုဘချမည့် နာရေးလမ်းကို ဖြတ်သန်းခွင့်မပေးသည့်အတွက် အသုဘ ၇ ရက်မြောက် နေ့တွင် ရဲအင်အားလုံခြုံရေးတင်းကြပ်စွာချထားပြီး သင်္ဂြိုဟ်ခဲ့ရ သေးသည်။
ဧရာရွှေရွှေ (ကျုံပျော်)
ဇင်ပြွန်းကုန်း ကျေးရွာ လမ်းမကြီးကို အယူသည်း ဒေသခံတချို့ က အသုဘ ချခွင့်မပေးသည့် အတွက် နှစ်ဖက်ဆွေးနွေးညှိုနိုင်းပြီးရဲတပ်ဖွဲ့ အစောင့် အရှောက်ဖြင့် အသုဘ ချခဲ့ရ
Reviewed by Ar Ti
on
8:37 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment