Wednesday, November 22, 2017
ကျောင်းကုန်းမြို့တွင် တစ်လင်တစ်မယားစနစ်အမှုဖွင့်တိုင်တန်းမှုဖြစ်
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်း
မြို့နယ် မြို့မရဲစခန်းတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄း၂၀ နာရီအချိန်က တစ်လင်တစ်မယားစနစ်
တိုင်တန်းမှု ဖြစ်ပွားခဲ့သည်။
အမှုမှာ လွန်ခဲ့သော ၂၀၁၇ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် တရားလို မ..........................(၂၇)နှစ်၊တောင်စုရွာ၊ကညင်သုံးဆင့်အုပ်စု နေသူသည် ကွင်းကြီးရွာနေ (ဘ)ဦးသန်းဝင်းဇော်၏သား မောင်................
နှင့် နှစ်ဖက်မိဘများရှေ့မှောက်၌ မင်္ဂလာဆောင်၍ ပေါင်းသင်းနေထိုင်ခဲ့ရာ ယခုအချိန်တွင် တရားလို၌ ကိုယ်ဝန်ခြောက်လခန့် ရှိနေပြီဖြစ်ကြောင်း၊ ထိုသို့ပေါင်းသင်းနေထိုင်စဉ်အတွင်း တရားလို၏ခင်ပွန်း
ဖြစ်သူ မောင်...............သည် ကွင်းကြီးကျေးရွာနေ (ဘ)ဦးတက်ရွှေ၏သမီး မ.......................(၃၇)နှစ်(မုဆိုးမ)နှင့် ကွင်းကြီးရွာတွင် တိတ်တိတ်ပုန်း ပေါင်းသင်းနေကြောင်း စုံစမ်းသိရှိရသဖြင့် တရားလိုလည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကညင်သုံးဆင့်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ၏နေအိမ်၌တစ်ရွာတည်းနေ ဦးတင်ထွန်း၊ဦးလှမြင့်၊ဒေါ်လှဌေး၊ဒေါ်မြမြ တို့ရှေ့မှောက်တွင် ခင်ပွန်းဖြစ်သူအား မေးမြန်းရာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့သဖြင့်တရားဝင် ဇနီးရှိပါလျှက် နောက်ထပ်တရားမဝင် ပေါင်းသင်းသူ မောင်.................. အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပွားသဖြင့် ကျောင်းကုန်းမြို့မရဲစခန်းမှ (ပ)၂၄၃/၂၀၁၇၊ တစ်လင်တစ်မယားဥပဒေပုဒ်မ-၁၃ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရ
သည်။
ဝင်းကြိုင်(ပြန်/ဆက်)
ဖုန်း-၀၉၇၉၁၄၅၇၃၈၃
ကျောင်းကုန်းမြို့တွင် တစ်လင်တစ်မယားစနစ်အမှုဖွင့်တိုင်တန်းမှုဖြစ်
Reviewed by timeayeyar
on
8:57 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment