Latest News
Thursday, November 30, 2017
အမေရိကန် အစိုးရက တရုတ် ၃ယောက်ကို ဆိုင်ဘာဖောက်ထွင်းမှုနဲ့ တရားစွဲ ထား
အမေရိကန် အစိုးရက တရုတ် ၃ယောက်ကို ဆိုင်ဘာဖောက်ထွင်းမှုနဲ့ တရားစွဲ ထား
တရုတ် ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီတခုနဲ့ ပတ်သက်တဲ့ လူ၃ယောက်ကို အမေရိကန်တရားသူကြီး က ကွန်ပြူတာ လိမ်လည်အတုလုပ်မှု စွဲချက်တွေ နဲ့ တနင်္လာနေ့က တရားစွဲခဲ့တာပါ။
သူတို့ဟာ Siemens AG, Trimble Inc နဲ့ Moodys Analytics လုပ်ငန်းကြီးတွေရဲ့ ဆိုင်ဘာကွန်ယက်တွေကို ဖောက်ထွင်းခဲ့တယ်လို့ ပြောပါတယ်။ တနင်္လာနေ့က ထုတ်ပြန်တဲ့ စွဲချက်ထဲမှာ ခုခံလျှောက်လဲသူ ၃ယောက် နဲ့ တခြား တယောက်တို့ ကို ယုံကြည်စိတ်ချရတဲ့ စီးပွားရေး သတင်းအချက်လက်တွေ ခိုးယူဖို့ ပူးပေါင်း ကြံစည်ထားတဲ့ ဆိုင်ဘာ တိုက်ခိုက်မှု နဲ့ ကွန်ပြူတာ စနစ်တွေကို မတော် တဆ ပျက်စီးစေမှုတွေနဲ့ တရားစွဲ ထားပါတယ်။
 သူတို့ ၃ယောက်လုံး ကို အမေရိကန်မှာပဲ ရုံးတင် စစ်ဆေးမှာဖြစ်ပြီး သူတို့ ဘေးကင်းအောင် ကြိုးစားရေး သက်ဆိုင်ရာ နို်င်ငံတွေနဲ့ အတူ အလုပ်လုပ်နေတယ်လို့ အမေရိကန် အစိုးရ ရှေ့နေက ပြောပါတယ်။
အဖမ်းခံ ၃ယောက်ဟာ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့က ကွမ်ကျိုးဘိုယု သတင်းအချက် အလက်
နည်းပညာ ကုမ္ပဏီက ပိုင်ရှင် ဝန်ထမ်းနဲ့ မိတ်ဆွေ တယောက်စီ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီဟာ ဆိုင်ဘာ လုံခြုံရေး ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ သူတို့ဟာ မာဝဲလ်ကို သုံးပြီး
ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ သတင်းအချက်အလက်တွေ၊ စီးပွားရေး ထုတ်ကုန်နဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ သုံးစွဲသူ နာမည်နဲ့ လျှို့ဝှက် ကုဒ်နံပါတ်တွေကိုပါ မကျန် ဖောက်ထွင်း ယူခဲ့တယ်လို့ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စ်ဘာ့ဂ် ပြည်ထောင်စု တရားရုံးက စွဲချက်က ဆိုပါတယ်။
သူတို့ ၃ယောက်ဟာ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် အနောက်ပိုင်းနဲ့ ကမ္ဘာတလွှားက ကွန်ပြူတာတွေဆီ အီးမေးလ်တွေ ပေးပို့ခဲ့တယ်လို့ စွဲချက်က စွပ်စွဲ ထားပါတယ်။
သီရိထက်စံ
အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ၏ ရိုက်ခတ်နိုင်စွမ်းအား
ရိုဟင်ဂျာ ဆိုသူများ အပေါ် ကျုးလွန်ခဲ့သော ရက်စက်မှုများ အတွက် အမေရိကန် ပြည်ထောင်စု ဥပဒေပြု အမတ်များက အဆိုပါ ပြစ်မှု ကျုးလွန်ရာတွင် ပါဝင်ခဲ့ကြသော စစ်ခေါင်းဆောင်များကို ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်သွားဖို့ ဥပဒေကြမ်းတရပ် တင်သွင်းခဲ့ပြီ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက်ခွင့်ရရေး နဲ့ ၎င်းတို့အား မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာ ပြန်လာခွင့်ရရေး အတွက် စစ်ခေါင်းဆောင်များ စိတ်လည်လာစေရန် ဖြစ်ပါတယ်။
အဆိုပါ ဥပဒေအရ အမေရိကန်ရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ချုပ်ထိမ်းရေး၊ ၎င်းတို့အား အမေရိကန် ဘဏ္ဍရေး အဖွဲ့အစည်းများကို အသုံးပြုခွင့် ပိတ်ပင်ခြင်း နှင့် အရေးအကြီးဆုံးကတော့ ၎င်းတို့နဲ့ ပါတ်သက်သော မည်သည့် လုပ်ငန်းမျိုးမဆို အမေရိကန် ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပိတ်ပင်ခြင်းတို့ပါဝင်ပါတယ်။ ဒီအတွက် စစ်ခေါင်းဆောင်များထဲမှ တာဝန်ရှိသူများကို အထူး သတ်မှတ်ထားသော စာရင်း Specifically Designated Nationals လို့ ခေါ်တဲ့ SDN စာရင်းမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကြီးကြပ်မယ့် အဖွဲ့အစည်းကတော့ OFAC လို့ အတိုကောက် ခေါ်တဲ့ Office of Foreign Assets Control ဖြစ်ပါတယ်။
ပြင်းထန်လာနေတဲ့ မူဆလင် ဆန့်ကျင်ရေး သဘောထားများကြောင့် ၎င်းတို့ အပေါ် ပြန်လှည့်လာမှာ စိုးရိမ်တဲ့ အတွက် တနိုင်ငံလုံး အပေါ် စီးပွားရေး ပိတ်ဆို့ဖို့တော့ ကြံစည် စိတ်ကူးဝံ့ခြင်း မရှိကြပါဘူး။
သို့သော် တိုင်းပြည်စီးပွားရေးကို ထိခိုက်လာနိုင်သည့်အရေးကတော့ ဗိုလ်ချုပ်ကြီးများက စစ်တိုက်ဖို့ပင် စိတ်ကူးကြခြင်း မရှိပဲ စီးပွားရေးမှာပါ ၀င်ရောက်ပါတ်သက်နေကြခြင်းကြောင့် တိုင်းပြည်အတွင်း ၀င်ရောက် ရင်းနှီးမြုပ်နှံလိုတဲ့ အမေရိကန် ကုမ္ပဏီများ၊ နိုင်ငံသားများ နှင့် Green Card ကိုင်ဆောင်ထားသူ များပါ မကျန် ၎င်းတို့ နဲ့ ပါတ်သက်တဲ့ လုပ်ငန်းတွေမှာ လုပ်မိခဲ့ရင် တားမြစ်ထားမှုကို ချိုးဖေါက်တဲ့ အတွက် ပေးဆောင်ရမယ့် ဒဏ်ကြေးက မနဲလှပါဘူး။
တခါက ဘရုစ် ဖရန့်စစ် ဆိုသော ပုဂ္ဂိုလ်မှ ၎င်း မရှိစဉ်အတွင်း မွေးထားတဲ့ ခွေး ကို လမ်းလျောက်ပေးတဲ့ သူအတွက် လုပ်အားခကို ချေ့စ် ဘဏ်ကြီးကို သုံးပြီး ပိုက်ဆံလွှဲပေးရာမှာ ခွေးအမည် Dash အတွက်လို့ ဖေါ်ပြခဲ့တဲ့ အတွက် IS ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်တဲ့ Daesh လို့ ထင်မိခဲ့ကြပါတယ်။ ဒီအတွက် ဘဏ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကို အကြောင်းကြားပြီး ၎င်းရဲ့ ဘဏ်ငွေစာရင်းကို ထုတ်ယူသုံးစွဲခွင့် ပိတ်လိုက်ယုံမျှမက အကြမ်းဖက်သမား သံသယ စာရင်းထဲ ၀င်သွားခဲ့ဖူးပါတယ်။
ဒီအတွက် ရင်းနှီးမြုပ်နှံလိုသူများ အဖို့ ၎င်းတို့နဲ့ မပါတ်သက်တဲ့ ဖက်စပ်လုပ်ကိုင်ရမယ့် ပါတ်တနာတွေကို ခုနက ပြောတဲ့ OFAC နဲ့ ဆက်သွယ်စုံစမ်းခြင်း အပါအ၀င် မျက်စိဒေါက်ထောက် ရှာရတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ဦးပိုင် လုပ်ငန်းများက အလိုလိုနေရင်း စာရင်းထဲက ထုတ်ပါယ်လိုက်ရတော့မှာ ဖြစ်ပါတယ်။
ယနေ့အထိ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီးသော အမေရိကန် ကုမ္ပဏီပေါင်း ၁၃၀ ရှိနေပြီး အမေရိကန် ဒေါ်လာ သန်း ၂၅၀ ဖိုး ရင်းနှီးမြုပ်နှံဖို့ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် စွမ်းအင်၊ အာမခံ လုပ်ငန်းများ နဲ့ ကွန်ပြူတာ နည်းပညာ လုပ်ငန်းများမှာ ရင်းနှီးမြုပ်နှံဖို့ တာစူနေကြပြီ ဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိ အနေအထားကြောင့် ရင်းနှီးမြုပ်နှံလိုသူများကို အမေရိကန် ဘဏ္ဍာရေး အဖွဲ့အစည်းတွေက ငွေထုတ်ချေးဖို့ လက်တွန့်နေကြမှာ ဖြစ်ပြီး တင်းကျပ်တဲ့ စီစစ်မှုတွေ ပြုလုပ်လာမှာ မလွဲဧကန်
ဖြစ်ပါတော့တယ်။
သို့သော်လည်း အမေရိကန် ရင်းနှီးမြုပ်နှံမှု ပမာဏက စုစုပေါင်းရဲ့ ၀.၅% သာ ရှိပြီး ဥရောပက ၁၀% ပဲ ရှိပါသေးတယ်။ ကျန်တဲ့ ရာနှုန်းများကို ထိပ်တန်း ရင်းနှီးမြုပ်နှံနေတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ တို့က နေရာယူထားကြပြီး ဖြစ်နေပါတယ်။
နိုင်ငံ အတွင်း ရင်းနှီးမြုပ်နှံလိုသူများအတွက် အခွန် နှုန်းထားများအပြင် အခြေအနေကောင်းများကို ဥပဒေနဲ့ ပြဌာန်းပြီး ခွင့်ပြူထားပြီး ဖြစ်တဲ့ အတွက် ဒေါ်လာသန်း ၇၀ ဘီလီယံ လောက် ပမာဏရှိတဲ့ မြန်မာ့စီးပွားရေးသည် လုပ်အားခ ဈေးပေါပေါ နှင့် ငှားရမ်း လုပ်ကိုင်နိုင်မယ့် ငယ်ရွယ်သော လူငယ်များ အများအပြားရှိနေတာကြောင့် သားရေယိုစရာ ဖြစ်လာနေတဲ့ အတွက် အမေရိကန်တို့အဖို့သာ အကျပ်ရိုက်ဖို့ ဖြစ်လာစရာ ရှိနေပါတယ်။
လှစိုးဝေ
ရိုဟင်ဂျာ ကျည်ဆံကို ရှောင်နိုင်ခဲ့သော ပုပ် ၏ မြန်မာပြည် ခရီးစဉ်
မြန်မာနိုင်ငံသို့ ပုတ်ရဟန်းမင်းကြီး ၏ လေးးရက်ကြာ ခရီးစဉ်သည် အဓိပ္ပါယ် အနှစ်သာရ များ အပြည့်အ၀ ဆောင်ကျဉ်းနိုင်ခဲ့သော ခရီးစဉ် တခု ဖြစ်ယုံမျှမက တကမ္ဘာလုံး က အာရုံ စိုက်ခဲ့သော ခရီးစဉ်လည်း ဖြစ်ပေသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတခု ဖြစ်သည့်
အားလျှော်စွာ ပုတ်ရဟန်းမင်းကြီးမှ ညည်းခံခြင်းတရား နှင့် အပြန်အလှန် ပေါင်းသင်းဆက်ဆံနိုင်မှု ဆိုသည့် မက်ဆေ့ခ်ျ ကို ပေးနိုင်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။
ပုတ်ရဟန်းမင်းကြီး၏ ခရီးစဉ်သည် တကယ်တော့ အများက ယေဘုယျ ယူဆသလို ရခိုင်ပြည်နယ် အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ပြီးမှ လာရောက်ရန် စီစဉ်ခဲ့ခြင်းမဟုတ်ပေ၊ ဒီမတိုင်မီ ကာလများစွာကပင် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် ယခုအချိန်သည် အဆိုပါ ပြဿနာကား ထိတ်တန်းရောက်ရှိနေချိန် နှင့် ကြုံဆုံနေရသည့်အပြင် ၎င်းကိုယ်၌ကလည်း ရိုဟင်ဂျာ ဆိုသူများအား ဖိနှိပ်ချုပ်ခြယ်ခြင်း ခံနေရသည်ဟု ယုံကြည်ခဲ့သူလည်း ဖြစ်၍ နိုင်ငံတွင်းရှိ ကက်သိုလစ် သာသနာပိုင်များက အဆိုပါ အရေး ရှေ့တန်းတင် ပြောမည်ကို လွန်စွာ စိုးရိမ်
မကင်း ဖြစ်ခဲ့ကြရသည်။
နိုင်ငံတွင်းရှိ အယူအဆ တင်းမာသူ ဗုဒ္ဓဘာသာဝင်အများစု က ခရစ်ယာန်များသည် အဆိုပါ မျိုးနွယ်စုများအား ထောက်ခံနေကြသည်ဟု အထင်ရောက်မည်ကို စိုးရွံ့နေကြ၍လည်း ဖြစ်သည်။
သို့သော် ပုတ် ကား မနေ့က နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကြိုဆိုခဲ့သည်
အခမ်းအနားတွင် ဤမြေတွင် နေထိုင်ကြသူအားလုံ၏ လူ့အခွင့်အရေးကို လေးစားလိုက်နာကြရန် သွယ်
ဝိုက်စွာ သတိပေးစကား ပြောခဲ့ပြီး ရိုဟင်ဂျာ ဆိုသည့် အမည်နာမအား မြန်မာလူမျိုးများနှင့် သူ့အား လေးစားစွာ ကြိုဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်တို့ စိတ်အနှောက်အယှက် ဖြစ်မည်စိုး၍ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း မရှိပေ။
"မြန်မာ၏ အနာဂါတ်သည် နိုင်ငံအတွင်းရှိ လူ့ဘောင် အဖွဲ့အစည်းတွင် နေထိုင်ကြသူ တိုင်း၏ အခွင့်
အရေး နှင့် ဂုဏ်သိက္ခာကို လေးစားမှု၊ လူမျိုးစုတိုင်း၏ ရပ်တည်ပိုင်ခွင့်ကို လေးစားမှု၊၊ တရားဥပဒေကို လေးစားလိုက်နာမှု၊ အဆိုပါ လူတဦးချင်းစီ ၊ အုပ်စုတစုချင်းစီ မည်သူမျှ မကျန် ပဲ အများကောင်းကျိုးအတွက် တရားဝင် ပါဝင် သယ်ပိုးထမ်းရွက်နိုင်မည့် ဒီမိုကရေစီ ကျင့်စဉ် ကို လေးစားမှု ကို အခြေခံသည့် ငြိမ်းချမ်းမှု
ဖြစ်ထွန်းရေး အပေါ် တည်မှီနေသည်" ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ အဓိက တန်ဖိုးအရှိဆုံး ရတနာသည် ပြည်သူများပင် ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် ကာလကြာ
မြင့်စွာကတည်းက တည်ရှိနေခဲ့ပြီး နက်ရှိုင်းစွာ ကွဲပြားမှု ကို ဖန်တီးခဲ့သည့် ပြည်တွင်း ပဋိပက္ခများ၊ ရန်လိုမှုများ၏ ဒဏ်ရာဒဏ်ချက်များကို ကြီးမားစွာ တွေ့ကြုံ ခံစားနေကြရဆဲ ဖြစ်သည် ဟုလည်း ဆိုခဲ့ပေသည်။
ယခုအခါ နိုင်ငံသည် ငြိမ်းချမ်းရေးကို ပြန်လည်ရရှိရန် ကြိုးစားလာနေသည်နှင့်အမျှ အဆိုပါ ဒဏ်ရာဒဏ်
ချက်များကို ကုစားနိုင်ရေးသည် နိုင်ငံရေး အရ ရော၊ စိတ်ဓါတ်ရေးရာအရပါ လွန်စွာ ဦးစားပေး ရမည့် အရာများ ဖြစ်တယ်လို့ ဟု ပြောခဲ့ပြန်သည်။
ဘာသာရေးအရ ကွဲပြားမှုအား အချင်းချင်းအကြား စိတ်ဝမ်းကွဲစရာ၊ မယုံကြည်စရာ ထားရမည့်
အကြောင်းခြင်းရာ ဖြစ်စရာ မလိုပဲ ယင်းအစား ညီညွတ်မှု၊ သည်းခံ ခွင့်လွှတ်မှု၊ အမျှော်အမြှင်ကြီးမားလှ
သည့် နိုင်ငံတည်ဆောက်ရေးအတွက် အင်အားများအဖြစ်သာ သဘောထားရမည်ဟု ပြောဆိုသွားခဲ့ပေ
သည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး နှင့်
လူမှုရေးပြဿနာများကြောင့် ကွဲပြားသော လူ့အသိုက်အ၀န်းအကြား ထားရှိရမည့် ယုံကြည်မှု၊ နားလည်မှု၊ သဟဇာတ ဖြစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု ဆိုသည်များကို တိုက်စား ဖြိုဖျက်ပစ်ခဲ့ပြီဟု ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
ပုတ်ရဟန်းမင်းကြီးနှင့် ရန်ကုန်တွင် ၁၅ မိနစ်ခန့်မျှ လာရောက်တွေ့ဆုံခဲ့သော ကာကွယ်ရေး ဦးစီးချုပ်မှ
လည်း ဤနိုင်ငံတွင် ဘာသာရေး အရ ခွဲခြား ဆက်ဆံခြင်း မရှိဟု ကတိအာမခံ စကား ပြောကြားခဲ့ပြီးလည်း ဖြစ်သည်။ထို့အပြင် ရန်ကုန် တွင် ဘာသာ အသီးသီးမှ ခေါင်းဆောင်များနှင့် မိနစ်လေးဆယ်ခန့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။
ယနေ့တွင် ရန်ကုန် တွင် လူနှစ်သိန်းခန့် တက်ရောက်မည်ဟု မျှော်လင့်ရသည့်ု ဆုတောင်းဝတ်ပြုပွဲ အခမ်းအနားသို့ ဦးဆောင် ကျင်းပမည် ဖြစ်သည်ဟု လည်း သိရသည်။
လှစိုးဝေ
ဒေါ်အောင်ဆန်းစုကြည်၏ တတိယ မြောက် တရုတ်ခရီးစဉ်
တရုတ် ကွန်မြူနစ် ပါတီမှ ဦးဆောင်ကျင်းပသည့် ဦးဆောင်ကျင်းပသည့် ကမ္ဘာတ၀ှမ်းရှိ နိုင်ငံပေါင်း ၁၂၀ မှ နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် ဒီနေ့ တရုတ်ပြည်သို့ နှစ် နှစ် အတွင်း
တတိယအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာသွားဖို့ ရှိနေပေသည်။
ယခု ခရီးစဉ်အား မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချနေသည့် အနောက်အုပ်စုအား တရုတ်ပြည်သို့ ထင်ရှားစွာ ယိမ်းယိုင်လာမှု အဖြစ် အချက်ပြလိုက်ခြင်း ဖြစ်သည်လို့ သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော အဆိုပါ အစည်းအဝေးသို့ သူမကိုယ်တိုင် တက်ရောက်မည်ဟု ယခင်က
အတည်ပြုချက် မရရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မှ မြန်မာသည် လူမျိုးရေး သန့်စင်မှု များ ပြုလုပ်ခဲ့သည်ဟု အတည်ပြု ပြောကြားချက် ထွက်ပေါ်လာပြီးနောက် ယခုလို
စီစဉ်လိုက်ခြင်း ဖြစ်ပုံရသည်ဟု ဂျပန်နိုင်ငံထုတ် Nikkei Asian Review စာစောင်က ရေးသားထားခဲ့သည်။
ဒီနေ့မှာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး သည် ဘင်္ဂလားဒေ့ရှ်သို့ သုံးရက်ကြာ ခရီးစဉ် ဆက်လက် သွားရောက်ရန် ရှိနေပေသည်။
နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ နှင့် တွေ့ဆုံခဲ့စဉ်က
ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည် ပြဿနာကို ဖြေရှင်းရန် တရုတ်ဖက်မှ အဆင့်သုံးဆင့်ပါ အဆိုပြုချက်ကို မြန်မာမှ သဘောတူခဲ့ပြီးလည်း ဖြစ်သည်။ တရုတ်မှ ၎င်းတို့၏ Belt and Road စီမံကိန်းကြီးအတွက် မြန်မာအား အဓိကကျသည့် အခန်းကဏ္ဍမှ ရှိနေသည်ဟု ခံယူထားပြီးလည်း ဖြစ်သည်။ အဆိုပါ စီမံကိန်းအား ပြီးခဲ့
သည့် မေလ တွင် ဘီဂျင်းတွင် ပြုလုပ်သည့် ညီလာခံကြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ထောက်ခံမှုကို ပေးခဲ့ပြီးလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးလာရေး အတွက် ရင်းနှီးမြုပ်နှံမှု ပိုမို ပြုလုပ်ရေး နှင့်
နိုင်ငံရေး တည်ငြိမ်မှု ရရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်သို့ လာရောက်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် တရုတ်အစိုးရ အာဘော် Global Time သတင်းစာ တွင် ဖေါ်ပြထားခဲ့သည်။
တရုတ်မှ မြန်မာနိုင်ငံနှင့် နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းမှုကို အထူး အာရုံစိုက်ကြောင်း မကြာသေးခင်က ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် တရုတ် သမ္မတ က ပြောကြားခဲ့ပြီး ဖြစ်သည်။
သို့သော် လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပြစ်အခတ် ရပ်စဲရေး အဆင့်အထိသာ တရုတ်က ထောက်ခံသွားဖို့ ရည်ရွယ်ပြီး မြန်မာဖက်က ကြိုးစားနေသော လုံးဝ လက်နက် ဖျက်သိမ်းရေး အဆင့်အထိ အရောက်ခံဖွယ်တော့ မရှိပေ။ တိုင်းရင်းသား လက်နက်ကိုင်များအား မြန်မာအပေါ် နိုင်ကွက် တခု အဖြစ် အမြဲတမ်း ထားရှိသွားဖို့ ရည်ရွယ်ထား၍လည်း ဖြစ်သည်ဟု ယုံကြည်ရပေသည်။
မြန်မာမှ တရုတ်အပေါ် ဆက်ဆံရေး နွေးထွေးလာနေခြင်းအပေါ် ဂျပန်နိုင်ငံ အနေနှင့် စိုးရိမ်မကင်း ဖြစ်လာနိုင်စရာ ရှိနေပေသည်။ ထို့အတွက် မြန်မာအပေါ် ပြစ်တင်ဝေဖန်နေသော အနောက်နိုင်ငံများနဲ့ ဂျပန် က ခပ်ကင်းကင်း နေခဲ့ခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ စီးပွားရေး တံခါး ဖွင့်မှု နှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေသော မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ ပြဿနာသည် ဆက်လက်၍ နိုင်ငံတကာ ဆက်ဆံရေးတွင် ရှုပ်ထွေးလာဖွယ် ရှိနေပေသည်။
လှစိုးဝေ
ထိုင်းနိုင်ငံမှကားမီးလောင်မှု ကြောင့်ပေါင်မြို့ကသေသူ၂ဦး သဲကုန်းကျေးရွာမှလင်မယားဖြစ်
နိုဝင်ဘာ၂၄ရက်နေ့က ထိုင်းနိုင်ငံ ဆင်ဘူရီပြည်နယ် အာရှလမ်းမပေါ်တွင် ၁၀ဘီးကားနဲ့တိုက်မိကာ ဗန် ကားမီးလောင်သွားပြီးယာဉ်ပေါ်ပါသူ ၁၄ ယောက်သေဆုံးခဲ့ရာ မြန်မာနိုင်ငံသား၁၃ယောက်ပါဝင်ခဲ့ရာ နိုင်ငံကျော် မြို့နယ်တခုဖြစ်သည့်
မွန်ပြည်နယ် ပေါင်မြို့နယ်မှ ၂ယောက်ပါဝင်ခဲ့သည်
အဆိုပါ၂ဦးအားစုံစမ်းခဲ့ရာ သဲကုန်းကျေးရွာ အမက၁နှင့်ဘော်လုံးကွင်းအနီးကွက်သစ်တွင်နေထိုင်ကြသော တင်ထွေး
ဆိုသူနှင့် မသက်မာဝေတို့ဇနီးမောင်နှံဖြစ်ကြောင်းအတည်ပြုချက် ရှိခဲ့သည်။
Paung Daily
ဒေသခံသက်​ငယ်​မိန်းက​လေးအား ​ကျောက်​မိုင်းက စက်​ဆရာ ဆိုသူ ကျုးလွန်​​သောမုဒိမ်းမှု ကျောက်​မိုင်းလုပ်​သားမှ ၎င်း၏သားဖြစ်​သူအား ရဲထံသက်​​သေထွက်​ဆိုချက်​မ​ပေး​စေပဲပြန်​လည်​​ခေါ်ယူသွား
ပေါင်​မြို့နယ်​ မိုးနှိုင်းရပ်​ကွက်​ စွယ်​​တော်​ပိုင်းတွင်​ လာ​ရောက်​လုပ်​ကိုင်​​နေ​သော ဦး​မောင်​​မောင်​စိုး​ကျောက်
မိုင်းဟု အများ​ခေါ်ဆို​နေသည့်​ ​ကျောက်​ထုတ်​ကုမ္ပဏီတွင်​ ​ကျာက်​ မိုင်း စက်​​မောင်းသူ(မုဒုံမြို့အမှတ်
၂ရပ်​ကွက်​မှ)ဖိုးလုံး ဆိုသူက အဆိုပါ​ကျောက်​မိုင်းတွင်​ တစ်​ရက်​၃​ထောင်​ကျပ်​ဖြင့်​ ​နေ့စားလာ​ရောက်​လုပ်
ကိုင်​​နေသူ အသက်​၁၅နှစ်​​ကျော်​ခန့်​အရွယ်​​ဒေသခံမိန်းက​လေးအား နိုဝင်​ဘာ၂၄ ရက်​​နေ့က မုဒိမ်းမှုကျုးလွန်​ခဲ့သည်​။
အဆိုပါအမှုအားမျက်​မြင်​​တွေ့သူ က​လေး၃ ​ယောက်​ရှိခဲ့ပြီး ရဲအမှုစစ်​အရာရှိက နိုဝင်​ဘာ၂၈ ရက်​​နေ့တွင်​ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှုးရုံးသို့ ​ခေါ်ယူ​မေးမြန်းခဲ့စဉ်​ ​ကျောက်​မိုင်းဝင်းထဲတွင်​​နေထိုင်​ပြီး အခြားမြို့မှ ​ခေါ်ယူလာသည့်ကျောက်​မိုင်းလုပ်​သားတစ်​ဦးက ၎င်း၏သားဖြစ်​သူအားသက်​​သေထွက်​ဆိုခွင့်​မပြုပဲ ရပ်​ကွက်
အုပ်​ချုပ်​​ရေးမှုးရုံးက ​နေ ပြန်​​ခေါ်သွားခဲ့သည်​။
"သူ့သားကို ချက်​ချင်းလာပြန်​​ခေါ်သွားတယ်။ အမှုစစ်​​နေတာက ​ပေါင်​ရဲစခန်းမှုးကိုယ်​တိုင်​ဖြစ်​ပါတယ်။ သူက မိုင်းထဲမှာ​နေတဲ့အခြား​ဒေသကလာလုပ်​စားတဲ့ သူပါ။ ဒီလို ကိုယ့်ဒေသကမိန်းက​လေးကို​စော်​ကားသွားတဲ့ကိစ္စ သူတို့ကအချင်းချင်း ဆို​တော့ သက်​​သေထွက်​ဆိုဖို့ ​ပေးမလုပ်​တာဖြစ်​နိုင်​တယ်​"ဟု သက်​​သေထွက်​ဆို
ရန်​ကူညီ​ခေါ်​ပေးခဲ့ရသူ ဦး​ခေမိန်​ ကဆိုသည်​။
အဆိုပါကိစ္စအ​ပေါ် ​ပေါင်​ရဲစခန်းမှုးအား​တွေ့ဆုံ​မေးမြန်းခဲ့ရာ"သူ့မိဘက လာ​ပြန်​​ခေါ်တယ်​ ရဲက
ဝတ္တရားအတိုင်း​မေးမြန်းတာကိုသူကခွင့်​မပြုဘူးဆို​တော့လည်း က​လေးမိဘဆန္ဒအတိုင်းပြန်​ထည့်​​ပေးလိုက်​ရပါတယ်​ " ဟု အမှုစစ်​ရဲအရာရှိ ​ဖြစ်​သူ ပေါင်​ရဲစခန်းမှုး ဒုရဲမှုးထွန်း​ဇော်​ဦးက ရှင်းပြခဲ့သည်​။
၎င်း၏ အဆိုအရ ​ က​လေးကို​ခေါ်လာသဖြင့်နေ့စားလုပ်​ငန်းအတွက်​ ရရှိ​ငွေနစ်​နာ ​ကြောင်း​ပြောဆိုခဲ့ပြီး
"နေ့စား အတွက်​ဘယ်​သူက ​ပေးမှာလဲ"ဟုသက်​​သေဖြစ်​သူ က​လေး၏ဖခင်​ မှပြောသဖြင့်ထိုက​လေး
အပါအ၀င်​ ၃ဦးစလုံးအတွက်​ ​ငွေ ၆ ​ထောင်​ကျပ်​အား ရဲစခန်းမှုးကပင်​ ကိုယ်​ပိုင်​​ငွေဖြင့်ပင်စိုက်​​ပေးခဲ့​ကြောင်းသိရသည်​။
အဆိုပါ ​ကျောက်​မိုင်းသည်​ သာသနာ့နယ်​​မြေ နှင့်​လည်း​ကောင်း ​ဒေသခံပြည်​သူများသုံးစွဲ​နေ​သော ​ရေ
အရင်းအမြစ်​​နေရာဖြစ်​​နေ၍လည်း​ကောင်း ​စေတီပုထိုးများနှင့်​နီးစပ်​​နေ၍လည်း​ကောင်းမြို့​ပေါ် ရပ်​ကွက်
အတွင်းလာ​ရောက်​ လုပ်​ကိုင်​​နေခြင်းဖြစ်​၍လည်း​ကောင်း​ကျောက်​မိုင်းမှ စီးဆင်း​သောသဲ​မြေများ
ကြောင့်​​ချောင်း​မြောင်းများတိမ်​​ကောပျက်​ဆီး​နေခြင်းအားကူညီ​ပေးမှုမရှိပဲတာဝန်​မဲ့မှု​ကြောင့်​လည်း​ကောင်း
ဒေသခံများမှကန့့်​ကွက်​ခြင်းများရှိ​နေပြီးယခုကဲ့သို့ ​ဒေသခံသက်​ငယ်​မိန်းက​လေးအ​ပေါ်မုဒိမ်းမှုကျုးလွန်​လာသည့်​ဖြစ်​ရပ်​များ​ကြောင့်​ လုပ်​ငန်း ပိတ်​သိမ်းဖယ်​ရှား​စေ​ရေး အတွက်​ထိ​ရောက်​စွာ စု​ပေါင်းလုပ်​​ဆောင်​ကြ​တော့မည်​ဖြစ်​​ကြောင်းအချင်းဖြစ်​​နေရာပတ်​၀န်းကျင်တွင်​လိုက်​လံ​မေးမြန်းသိရသည်​။
Paung Daily
ရွှေသင်္ကန်းအလှုခံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်.......
၂၈.၁၁.၂၀၁၇ နေ့ တကာတစ်ယောက်ရွှေသင်္ကန်းတစ်ထည်လာလှုတယ်။ အလှုရှင်စိတ်ချမ်းသာအောင် ကိုယ်ပေါ်မှာခန တင်ပြလိုက်တယ် အလှုရှင်ကအဲ့ဓာတ်ပုံကို ဝမ်းမြောက်ဝမ်းသာFACEBOOK မှာတင်လိုက်တယ်.. ပြဿနာစပေါ်ပါလေရော ပုံကိုယူပြီး တချို့က ဝေဖန်တယ်အပြစ်တင်တယ် ကဲ့ရဲ့တယ်..
ဝေဖန်ပါ အပြစ်တင်ပါ. ဒါပေမယ့်အကြောင်းရင်းကိုသေချာလေ့လာပါ. ရွှေငွေကိုအလှုခံရင်ဘာအပြစ်ဖြစ်တယ်ဆိုတာ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော် မသိပဲနေပါ့မလား? သံဃစေတိယာဒီနံ အတ္ထာယ ဂဏှန္တဿ ဒုက္ကဋံ- ကိုယ့်အတွက်မပြောနဲ့ သံဃာ စေတီ စသည်တို့အတွက်လက်ခံတောင် ဒုက္ကဋ်သင့်တာ. ( ကင်္ခါ- နှာ၁၇၆) ဒါလောက်တော့ စာသင်တိုက်ပေါင်းများစွာရဲ့ ပဓာနနာယက ဆရာတော်ကြီးသိဒါပေါ့.
သာသနာတော်အတွက်အကျိုးများတဲ့တကာတကာမတွေ လှုဒါန်းလာတဲ့အခါမှာ လုံးဝငြင်းလွှတ်လိုက်ရမလား? ပသန္နာနံ ဘိယျောဘာဝါယ ကလဲရှိသေး အကြောင်းကြောင့်ထောက်စရာတွေကလဲရှိသေး ဘယ်လိုလုပ်မလဲ?
အခြေနေရ ရွှေငွေလှုဒါန်းလာရင်အပ်စပ်အောင်လုပ်လို့ရတဲ့နည်းရှိပါတယ်။ “ သစေ ပန စိတ္တေန သာဒိယတိ၊ ဂဏှိတုကာမော ဟောတိ၊ ကာယေန ဝါ ဝါစာယဝါ “ နယိဒံ ကပ္ပတီ” တိ ပဋိက္ခိပတိ၊ ကာယဝါစာဟိ အပ္ပဋိက္ခိပိတွာ သုဒ္ဓစိတ္တော ဟုတွာ “ နယိဒံ အမှာကံ ကပ္ပတီ” တိ နသာဒိယတိ၊ ဝဋ္ဋတိ။ ( ကင်္ခါအဋ္ဌကထာ- နှာ ၁၇၅) ဒီ အဆိုအရ ရွှေငွေလာလှုတယ် စိတ်ဖြင့်သာယာတယ် , ခံယူလိုတယ်, သို့သော် ကိုယ်ဖြင့် ဖြစ်စေ, နှုတ်ဖြင့် ဖြစ်စေ “ ဒီရွှေငွေသည် မအပ်” ဟု ပယ်မြစ်လျှင်၊
သို့မဟုတ်--- ကိုယ်နှုတ်တို့ဖြင့် မပယ်မြစ်ဘဲ စင်ကြယ်သောစိတ်ရှိသည်ဖြစ်၍ “ ဤရွှေငွေသည် ငါတို့အား မအပ်” ဟု မသာယာလျှင် အပ်ပါသည်၊ အပြစ်မရှိပါ။ ( ကင်္ခါရှင်းတမ်း နှာ -၂၇၇... အရှင်မုနိန္ဒာဘိဝံသ) ဒီတော့ အလှုရှင်၏ စေတနာကိုငဲ့၍ ကိုယ်နှုတ်ဖြင့် မလှုပါနဲ့ မတားပစ်မိသော်လည်း စင်ကြယ်တဲ့စိတ် နဲ့ ဒီရွှေငွေတွေဟာ မအပ်ဟု နှလုံးသွင်းကာ မသာယာလျှင် အပြစ်မဖြစ်ပါ..
ကြားဖူးတဲ့ အဖြစ်ပျက်လေးကို ကိုးကားပါရစေ တဆင့်ကြားသာဖြစ်ကြောင်း ကြိုဝန်ခံပါရစေ.... တနေ့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်တစ်ပါးအား တကာမတစ်ယောက်က ကြည်ညိုလို့ ရွှေသောက်ရေခွက်လာလှုတယ်၊ ဆရာတော်ကြီးက မအပ်ဘူးလို့ပြောပြီးအလှုမခံပါဘူး၊ ဒါပေမယ့် သူ့သဒ္ဓါတရားကို ထောက်ပြီး ရွှေခွက်နှင့် ရေတခွက်အကပ်ခံပြီး သောက်ပြလိုက်တယ်. အလှုရှင်ကျေနပ်သွားတယ်.
ဒီလိုပါပဲ အလိုတော်ပြည့် ဆရာတော်ကြီးဟာလဲ တကာတကာမတွေရဲ့ သဒ္ဓါတရားကိုငဲ့ပီး ခနတဖြုတ် ကိုယ်ပေါ်မှာ တင်ပြလိုက်ခြင်းသာဖြစ်သည် အမြဲ ဝတ်ရုံသုံးစွဲ ခြင်းအလျဉ်းမရှိပါ. ပြီးလျှင်ပြီးချင်း အနာမာသ အကပ္ပိယဝတ္ထု အဖြစ် ကပ္ပိယကာရက ကို ညွှန်ပြပြီးဖြစ်ပါကြောင်းဖြေရှင်းအပ်ပါသည်။
အကြောင်းရင်းကို မသိပဲ ပြစ်တင်ဝေဖန်ခြင်းများ နောက်နောင်မပြုလုပ်ဖို့ကိုလဲ အသိပေးအပ်ပါသည်။
ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ။
( ဓမ္မပဒအဋ္ဌကထာ ဒု -နှာ ၂၃၉)
ကျန်းမာရွှင်လန်းကြပါစေ...
စာချနာယကအဖွဲ့
အလိုတော်ပြည့်ကျောင်းတိုက်
တာမွေ၊ ရန်ကုန်
နေ့စွဲ- ၃၀.၁၁.၂၀၁၇.
ပြန်လာပါ ဆက်သွယ်ပါ ရိုးသားစွာဖြေရှင်းလှဲ့ပါ.အောင်ဟိန်းကို(ခ)ချွန်လေး
ပြန်လာပါ ဆက်သွယ်ပါ ရိုးသားစွာဖြေရှင်းလှဲ့ပါ
အမည်.............အောင်ဟိန်းကို(ခ)ချွန်လေး
အသက်...........(၂၈)နှစ်
အမိ အဘအမည်......ဦးထွန်းဝေ ဒေါ်တင်အေး
နေရပ်လိပ်စာ....... ကျုံကူးကျေးရွာ
ငပုတောမြို့နယ်
ဧရာဝတီတိုင်းဒေသကြီး
အောင်ဟိန်းကို(ခ)ချွန်လေး သည် ပုသိမ် ဘုရားလှ ခရီးသည်တင်လိုင်းပြေးဆွဲနေသောစိန်ရတနာဝင်း သဘောင်္မှ တာဝန်ရှိသော သူတဦးဖြစ်ပါသည်။
၂၁.၁၁.၂၀၁၇.ရက်နေ့ပုသိမ်ဆိပ်ကမ်းသို့ဆိုက်ကပ်နေချိန် နံနက် ၉ နာရီကျော်အချိန်ခန့် မှာ ကုန်မှာ ငွေ ကျပ်သိန်း (၄၀)ခန့်နှင့်အတူသဘောင်္မှထွက်ခွာသွားပြီး ယနေ့တိုင် ပြန်လည်ရောက်ရှိလာခြင်းမရှိ ဆက်သွယ်ခြင်းလည်းမပြုရှိနေပါသည်။
၂၅.၁၁.၂၀၁၇.ရက်နေ့မှစ၍ (၇)ရက်အတွင်း ဆက်သွယ်ခြင်းမပြု ပြန်လာခြင်းမရှိပါက သဘောင်္ပိုင်ရှင် ဦးဆန်းအောင်ဝင်း အသက်(၅၅)နှစ်(ဘ)ဦးမြဝင်း ကဥပဒေအရ ဆောင်ရွက်မည်ဖြစ်ကြောင်း။
ရွှေဘိုဝဠာ - မှု့ခင်းသတင်း နှင့် သတင်းစုံ
Wednesday, November 29, 2017
အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့သမီးဦးလေး
အနဂ္ဂနဲ့  သံသာဝင်းတို့ရဲ့သမီးဦးလေး
အလှမ်းဝေးနေသေးတဲ့ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေး
အလှမ်းဝေးနေသေးတဲ့ အမျိုးသမီးများရဲ့ ငြိမ်းချမ်းရေး
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီး ၂နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ ခုချိန်ထိတိုင်အောင် ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို မရရှိသေးဘူးဆိုတာကို ကွတ်ခိုင်မြို့စွန်က  စစ်ဘေးရှောင်စခန်းနေရာတွေက သက်သေပြ နေသလိုပါပဲ။
ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်စခန်းတွေမှာလည်း မြန်မာနိုင်ငံရဲ့ အခြား ပဋိပက္ခဒေသက စစ်ရှောင်စခန်းတွေလို အမျိုးသမီးနဲ့ ကလေးငယ်တွေကိုသာ အများဆုံးတွေ့ရပါတယ်။
“ဟိုနားဒီနား အသံလေးတွေက ကြားနေရတော့ ကြောက်နေ ရတဲ့စိတ်က အမြဲတမ်းရှိတယ်။ လုံခြုံမှုမရှိ သလို ခံစားနေရတယ်။”လို့ ကွတ်ခိုင်က (Zup aung Camp)မှာ နေထိုင်နေတဲ့ ဒေါ်ခေါ်လမ်က ပြောတယ်။
      ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က NCA လတ်မှတ်ရေးထိုး ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာ  တပ်မတော်နဲ့ လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင် တွေ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ လျော့ကျခဲ့တယ် ဆိုပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းကတော့ ဆန့်ကျင်ဘက် အနေအထား တစ်ခုလို့ဆိုရမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ NCA လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA (ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ) အပါအ၀င်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေများတဲ့အတွက် အချင်းချင်း အကြား နယ်မြေစိုးမိုးမှုနဲ့ ဆိုင်တဲ့ ပြသနာတွေရှိကြသလို တပ်မတော်နဲ့ ထိတွေ့မှုလည်း မကြာခဏဖြစ်လေ့ ရှိပါတယ်။
“ ရှမ်းမြောက်မှာကျတော့ ငြိမ်းချမ်းရေးဆိုတာ ၂၁ပင်လုံဖြစ်လာမှ ပေါ်လာတာပါ။ငြိမ်းချမ်းရေးဆိုတဲ့ စကားက အဲ့မတိုင်ခင်အရှေ့ပိုင်းမှာ ဘာမှမရှိဘူး”လို့ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများကို ထောက်ပံ့ ကူညီပေး နေတဲ့ မေတ္တာဖောင်ဒေးရှင်းရဲ့ ရုံးခွဲညှိနှိုင်းရေးမှူး (လားရှိုး) ဦးဟောင်းဒေါင်းကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေဟာ ၂၀၁၆ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အတွင်း သုံးဆ နီးပါး ၃၀၀၀၀ ကျော် တိုးလာတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့အစည်းက ပြုလုပ်ထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ အဲဒီအထဲမှာတော့ အမျိုးသမီးနဲ့ကလေးငယ်တွေက ပိုများနေတာကိုလည်း မျက်မြင်အရ တွေ့ရပါတယ်။
“ငြိမ်းချမ်းရေးလို့ပြောပြီဆိုရင် အမျိုးသမီးတွေ တကယ့် တကယ့် ငြိမ်းချမ်းရေးကို ခံစားချင်ကြပြီ။ သို့ပေ မယ့် လက်ရှိဖြစ်ပျက်နေတာက စစ်မြေပြင်ထိတွေ့မှု များတယ်။ အဲတော့ သူတို့ရဲ့လုံခြုံရေးကို အရမ်းကို စိုးရိမ် နေတဲ့ဟာက ဒီငြိမ်းချမ်းရေးအတွက်ကို ဘယ်လိုမှ  မသွားနိုင်ဘူး။” လို့ တအောင်းအမျိုးသမီး အဖွဲ့အစည်း သုတေသနနဲ့ မှတ်တမ်းတာဝန်ခံ လွေးပိုးကမေဲးခြိုင်းက ဆိုပါတယ်။
တိုက်ပွဲတွေရဲ့အဓိက မြေဇာပင်က အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ ဖြစ်ကြပြီး အကြောင်းကြောင်းကြောင့် နှိပ်စက်တာ မခံနိုင်တဲ့ အမျိုးသားတွေကတော့  မိသားစုကို ထားပြီး ထွက်ပြေး တာမျိုးတွေ ရှိပါတယ်။ ကျန်ခဲ့တဲ့ အမျိုးသမီးတွေက နှိပ် စက်မေးမြန်းခြင်းခံရတာတွေလည်းရှိသလို တိုက်ပွဲတွေကြောင့် အမျိုးသမီးတွေ အနိုင်ကျင့်စော်ကား ခံရမှုတွေ လည်း ရှိတဲ့အတွက် အမျိုးသမီးတွေက အမြဲစိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေကြရတယ်လို့ ဒေါ်ခေါ်လမ်က ပြောတယ်။
ပဋိပက္ခဒေသတွေ မှာ အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံရေးက စိန်ခေါ်မှုကြီးတစ်ရပ်လို ဖြစ်နေပါ တယ်။နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျလို့ ထွက်ပြေးကြရင်လည်း အမျိုးသမီးတွေက အမျိုးသားတွေလောက် မပြေးနိုင်ကြဘူး။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တဲ့ အခါ ကလေးငယ်ရှိတဲ့ အိမ်ထောင်ရှင်မတွေက ၀မ်းရေးအတွက်နေ့စား အလုပ်ထွက်လုပ်ဖို့ အခက်အခဲဖြစ်ရတဲ့ အတွက် ငြိမ်းချမ်းရေးကို အလိုလားဆုံးက အမျိုးသမီးတွေသာ ဖြစ်တယ်လို့ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေး ရှောင်စခန်းတွေမှာရှိတဲ့ အမျိုးသမီးတွေက ပြောကြတယ်။
“ဘယ်သွားသွားလုံခြုံစိတ်ချမှုမရှိတဲ့အတွက် ကျွန်မတို့ငြိမ်းချမ်းမှပဲ လုံခြုံမှုရှိမှပဲ ဘာပဲလုပ်လုပ် စိတ်ချ လက်ချ လုပ်ကိုင်နိုင်တယ်။သွားနိုင်တယ်။လာနိုင်တယ်။ဒါကြောင့် ကျွန်မတို့က အဓိကကတော့ ငြိမ်းချမ်းရေးကို ပိုလိုလားတယိ။နောက်ပြီးတော့ လုံခြုံမှုကိုလည်း ပိုလိုလားပါတယ်။ငြိမ်းချမ်းမှပဲလုံခြုံမှု ရှိမယ်လို့ ထင်တယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးက မရှိမဖြစ်လိုအပ်နေတဲ့အရာဖြစ်တယ်။” လို့ ဒေါ်ခေါ်လမ်က ဆိုပါတယ်။
  ငြိမ်းချမ်းရေးကို လိုအပ်နေကြပေမယ့်လည်း လက်ရှိအစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နဲ့ ပတ်သက်လို့ စစ်ရှောင်ဒုက္ခသည်တွေက ရေရေရာရာ မသိကြပါဘူး။
“ရှမ်းမြောက်မှာက ငြိမ်းချမ်းရေးက အမျိုးသမီးတွေအတွက် လက်လှမ်းမမီတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အရမ်းဝေးနေတယ်။ရှမ်းပြည်မြောက်ပိုင်းက တခြားမြို့တွေနဲ့ မတူဘူး။တိုက်ပွဲတွေဖြစ်တဲ့နေရာ များတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့်မို့ အမျိုးသမီးတွေက ကိုယ့်ရဲ့အိမ်တွင်းစားဝတ်နေရေး အတွက်တောင်မှ အနိုင်နိုင်ဖြစ်နေတယ်။နောက် နိုင်ငံရေးကို စိတ်ဝင်စားမှုလည်း နည်းတယ်။”လို့ လွေးပိုးကမေဲးခြိုင်းက ပြောပါတယ်။
လက်ရှိမှာတော့ တအောင်းအမျိုးသမီးအဖွဲ့အစည်းက ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခဒေသက အမျိုးသမီးတွေကို ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေလုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင် ရာမှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေအနေနဲ့ အချိန်မပေးနိုင်တာမျိုးတွေရှိတယ်လို့ လွေးပိုးကမေဲးခြိုင်းက ဆိုပါတယ်။
အသိပညာပေးမှုတွေ နဲ့ပတ်သက်ပြီးတော့ ကွတ်ခိုင်မှာ နေထိုင်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC  ဒုတိယအလုပ်အမှုဆောင် ညွှန်ကြားရေးမှူး မဆိုင်းပန်က “
စစ်ရှောင် အမျိုးသမီးတွေကို နံပါတ်တစ်အချက်ကတော့ စိတ်ဓါတ်မကျအောင် အရင်ဆုံး လုပ်ဆောင်ပေး သင့်တယ်။ ” လို့ အကြံပြုထားပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတွေကို ကူညီဖို့ အစိုးရရဲ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး  သိထားတာ မရှိသလို နယ်မြေထိကွင်းဆင်းဖို့လည်း လတ်တလောအစီအစဉ်မရှိသေးဘူးလို့ ရှမ်းပြည်နယ်အမှတ်(၅)၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ဦးညီစိန်က ပြောပါတယ်။
“ကွတ်ခိုင်ဘက် ကျတော့ စစ်ရှောင်စခန်းတွေက ရှိတော့ရှိတယ် သိပ်မများဘူး။ပြီးရင် နယ်မြေအေး ချမ်းရေး ပေါ်မှာလည်း မူတည် မှာပေါ့။နယ်မြေ နည်းနည်း အေးချမ်းမှပဲ ကျွန်တော်တို့ လွှတ်တော်ဥက္ကဌကနေ ပြီးတော့မှ ခွင့်ပြုချင်တဲ့ သဘောမျိုး ရှိပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းက အမျိုးသမီးတွေရဲ့အသံကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေဆီ ယူ ဆောင်သွားနိုင်မယ့် အခြေအနေမရှိသေးသလို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံမှာ လည်း ပြောဆိုဆွေးနွေးနိုင်ခြင်းမရှိ သေးပါဘူး။
“မြို့တွေမှာဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တီဗီမှာ မြင်သာနိုင်တယ်။ဒါပေမယ့် တောင်ပေါ် ဒေသမှာ ရှိတဲ့လူတွေကကျတော့ အဲဒါတွေနဲ့ လက်လှမ်းမမီ နိုင်ဘူး။လက်လှမ်းမီနိုင်အောင်ဆိုရင် ဥပမာ ဒီရွာကနေ တစ်ဆင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောတာမျိုး ။နောက် မြို့နယ်အလိုက်အဖွဲ့ဖွဲ့ပြီး ပြောမယ် ဆိုရင် ထိရောက်မယ်လို့မြင်တယ်။ပေါ်လစီဆွဲပြီးမှ တကယ့် ကောင်းကောင်းမွန်မွန်အကောင်အထည်ဖော်ပြီးမှ လုပ်ဆောင်သွားတယ်ဆိုရင် ပိုပြီးမှ ကောင်းတယ်လို့ ကျွန်မအနေနဲ့မြင်တယ်။”လို့ လွေးပိုးကမေဲးခြိုင်းက ဆက်ပြောပါတယ်။
လက်ရှိ NCA လမ်းကြောင်းအတိုင်းသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာတော့ နိုင်ငံရေးဆိုင်ရာ အကျပ် အတည်းတွေကို အဓိကထားဆွေးနွေးညှိနှိုင်းနေပြီး အမျိုးသမီးအရေးထည့်သွင်းစဉ်းစားဖို့နဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှု တွေမှာ အမျိုးသမီးတွေ ပိုပြီးပါဝင်လာဖို့ တွန်းအားပေးနိုင်ခြင်းမရှိသေးပါဘူး။
  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းကျော်ညွှန့်က “တကယ့်အမျိုးသမီးအရေး လူ့အခွင့် အရေး ကအစ တကယ့်အသေးစိတ်ဆွေးနွေးဖို့ နေနေသာသာ တကယ့် ဖယ်ဒရယ်ခေါင်းစဉ် အကြီးကို တောင်မှ မသယ်နိုင်ဘူး။ဆွေးနွေးဖို့တောင်ခက်နေတဲ့ သဘောမျိုးဖြစ်နေတာကိုး။ ဒီအမျီုးသမီးအခွင့်အရေး လှုပ်ရှားတဲ့ သူတွေက ဒါကို ဟိုက်လိုက်လုပ်ဖို့လိုတယ်။ ပြီးရင် နိုင်ငံတော် သိဖို့လိုတယ်။ သိတာတော့ သိမှာပေါ့။ ဒါပေမယ့် သူတို့ဂရုစိုက်အောင် ဘာလုပ်မလဲ။အဲဒါတွေ ကတော့ လှုံဆော်ဖို့လိုမယ်။”လို့ တိုက်တွန်းပြောဆိုပါ တယ်။
အမျိုးသမီးတွေ ပါဝင်တဲ့ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ်လို့ UN Women ရဲ့စစ်တမ်းတွေက ဆိုပါ တယ်။ နိုင်ငံတကာမှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အမျိုးသမီးတွေ တက်ကြွစွာ ပါဝင်တဲ့ လှုပ်ရှားမှုတွေ၊Campaign တွေ၊ ငြိမ်းချမ်းရေးသဘောတူညီချက်ချမှတ်ရာမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု စတာတွေကို နိုင်ငံတကာသတင်းမီဒီယာတွေပေါ်မှာ တွေ့မြင်နေရတာပါ။
မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာအမျိုးသမီး အဖွဲ့အစည်း တွေက လုပ်ဆောင်နေပေမယ့် အစိုးရကဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတော့ ပါဝင်မှု အရေ အတွက်က အင်မတန်နည်းပါးနေသေးတာပါ။
“ကျွန်မတို့ကတော့ အမျိုးသားတွေချည်းပဲ စိုးမိုးတဲ့ဘ၀မဖြစ်စေချင်ဘူး။ ကျွန်မတို့အမျိုးသမီးတွေရဲ့ အသံကို လည်း ကြားစေချင်တယ်။ဘာလို့ဆို ကျွန်မတို့အမျိုးသမီးတွေက အမျိုးသား တွေထက် ပိုပြီးတော့ နိမ့်ကျတယ် ဆိုတဲ့ အယူအဆတွေ၊ တန်းတူညီမျှမှုမရှိဘူးဆိုတာတွေ ဒါတွေကိုခံစားရတဲ့ အတွက်ကြောင့်ပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကျွန်မတို့အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့အတူ တန်းတူညီမျှ အခွင့်အရေးတွေ လိုချင်ပါတယ်”လို့ ဒေါ်ခေါ်လမ်က ဆိုပါတယ်။
လက်ရှိNCA လမ်းကြောင်းနဲ့ သွားနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ နိုင်ငံရေး ဆွေး နွေးမှုနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင့်တိုင်းမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့ သဘောတူထားပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအစည်းအဝေးမှာ အမျိုးသမီးပါဝင်မှု ၁၃ရာ ခိုင်နှုန်းကနေ ဒုတိယအစည်းအဝေးမှာ ၁၇ ရာခိုင်နှုန်းထိ တက်လာပေမယ့်လည်း မျှော်မှန်းထားတဲ့ ရာခိုင်နှုန်းကို ရောက်ဖို့ အလှမ်းဝေးနေပါသေးတယ်။
လက်ရှိချိန်ထိနယ်မြေမတည်ငြိမ်ဘဲ တိုက်ပွဲမကြာခဏဖြစ်ပွားတဲ့ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင် ပြည်သူ တစ်ဦးဖြစ်တဲ့  ဒေါ်ခေါ်လမ်က “အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို ဖော် ဆောင်တဲ့သူတစ်ဦး ဖြစ်နိုင် သလို သူတပါးကိုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ပေးတဲ့သူ ဖြစ်စေရမှာပေါ့။ “ လို့ ယုံယုံကြည်ကြည် ပြောဆိုလိုက်ပါတယ်။
လဲ့လဲ့(တိုင်းဧရာ)
Tuesday, November 28, 2017
ဆိုင်ကယ်ခိုးယူသူကိုဖမ်းဆီးပြီး(၄)လအကြာဆိုင်ကယ်(၁၅)စီးကိုစစ်ဆေးဖော်ထုတ်နိုင်
ဆိုင်ကယ်ခိုးယူသူကိုဖမ်းဆီးပြီး(၄)လအကြာဆိုင်ကယ်(၁၅)စီးကိုစစ်ဆေးဖော်ထုတ်နိုင်
   ပုသိမ် lနိုဝင်ဘာလ ၂၈
   ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာတွင်နေထိုင်သော ဆိုင်ကယ်များကိုခိုးယူရောင်းစားနေသူ တရားခံကိုဇော်ထက်အား ဖမ်းဆီးပြီး(၄)လအကြာတွင် ၎င်းခိုးယူထားသောဆိုင်ကယ်(၁၅)စီးကိုဖော်ထုတ်နိုင်ခဲ့ကြောင်း မအူပင်မြို့မရဲစခန်းမှသတင်းရရှိပါသည်။
     တရားခံကိုဇော်ထက်သည် မအူပင်မြို့ပြင်နယ်စပ်ခပ်တိယတံတားဂိတ်ကို ကျော်၍ နေ့စဉ်ဆိုင်ကယ်အမျိုးအစားစုံကိုဆီးကာ မအူပင်မြို့ပြင်သို့မောင်းနှံသွားခဲ့ပြီး ၎င်းပြန်လာရာတွင်ဆိုင်ကယ်မပါပဲ လူအတိုင်းသာနေ့စဉ်ပြန်လာသည်ကိုသတိထားမိသော ခပ်တိယတံတားစစ်ဆေးရေးဂိတ်ရဲတပ်ဖွဲ့မှ ကိုဇော်ထက်အားစစ်ဆေးခဲ့ရာ မြို့အတွင်းမှဆိုင်ကယ်များခိုးယူကာ မြို့ပြင်၌လိုက်လံရောင်းချခဲ့ကြောင်းသိရှိ၍ ယခုကဲ့သို့ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။
    "မအူပင်မြို့ထွက်ကိုတော့ ဆိုင်ကယ်မောင်းပြီးထွက်သွားတယ် ပြန်လာတော့ မောင်းသွားတဲ့ ဆိုင်ကယ်ကပြန်ပါမလား ဒါသူလုပ်နေတာကြာပြီ မအူပင်မြို့ထဲမှာလည်း တိုင်ကယ်ကခဏခဏပျောက်တယ် နောက်တော့သူကိုအဲ့လိုတွေ့ပါများလာတော့ မသင်္ကာလို့စစ်ဆေးကြည့်တော့ မြို့တွင်းကဆိုင်ကယ်တွေခိုးပြီး မြို့ပြင်မှတစ်ခြားလူးတွေနဲ့ချိပ်ဆက်ရောင်းစားနေတာလို့သိရတယ် သူရဲ့ထွက်ဆိုချက်အရ လက်ရှိတော့ပြန်သိမ်းဆည်းရတာ (၁၅)စီးတော့ရှိပြီ နောက်စက်တွဲပြသနာတွေကိုလည်းဆတ်လက်ဖော်ထုတ်ပေးသွားမှာပါဟု " တိုင်းဒေသကြီးရဲတပ်မှူးရုံမှဦးစီးပထမတန်းအကြီးတန်းအရာရှိ ဒုရဲမှူးကြီး ခင်မောင်လတ်ကပြောသည်။
      တရားခံကိုဇော်ထက်အား မအူပင်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုတ်မလက်ရှိတွင်ပုဒ်မ(၁၅)ခုဖြင့်အမှုဖွင့်အရေးယူထားလျက်ရှိကြေင်းဦးခင်မောင်လတ်ကပြောသည်။
                                    ထက်ဝဠာမင်း
ပုသိမ်​ မြို့တွင် ၅၀၀ ကျပ်တန် ထီလက်မှတ်ကို ၆၀၀ကျပ်ပေးဝယ်နေရခြင်း
သို့
စီမံကိန်းနှင့် ဘဏ္ဍာ​ရေး ဝန်ကြီး
အခွန် နှင့် ဘဏ္ဍာ ညွှန်ချူ ပ်
ပုသိမ်​ မြို့တွင် ၅၀၀ ကျပ်တန် ထီလက်မှတ်ကို ၆၀၀ကျပ်ပေးဝယ်နေရခြင်း
ရွှေမုဋ္ဌော ဘုရားပတ်လည်က ထီဆိုင်များတွင် နိုင်ငံတော် ဥပဒေများကို ဖောက်ဖျက်၍ ၅ရာ ကျပ်တန်ကို ၆ရာ ကျပ်ဖြင့် ရောင်းချနေပါသောကြောင့် တည်ဆဲ ဥပဒေများအတိုင်း အရေးယူပေးပါရန်။
အရှင်စာရိတ္တ
၁၀/ဘလန(သ)၀၀၀၃၄၅
၀၉၄၂၀၀၈၉၇၁၁
၀၉၇၉၈၉၂၈၀၃၃
ချမ်းသာအောင်ကျောင်းတိုက်
ထန်းပင်ချောင်း ​ကျေးရွာ
ဇီးဖြူကွင်းအုပ်စု
သာပေါင်းမြို့နယ်
ဧရာဝတီ တိုင်းဒေသကြီး
ကရင်တိုင်းရင်းသားလူမျိုးများ၏ စာပေစကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
ကရင်တိုင်းရင်းသားလူမျိုးများ၏ စာပေစကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရားယဉ်ကျေးမှုနှင့် စာပေစကားများကို ပြည်သူများ ပိုမိုသိရှိ လာအောင် ပေါင်မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားလူငယ်များတို့၏ စာပေစကားဝိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 အခမ်းအနားတွင် ခရိုင်ပြန်/ဆက်ဦးစီးမှူးဒေါ်ခင်လေးနွယ် က နိုင်ငံတော်မှ ဆောင်ရွက်နေသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့်တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် တိုင်းရင်းသားလူမျိုးစုစာပေပွဲတော်ကို ကျင်းပရန်ရှိသောကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
 "ဒီလိုပွဲတွေကိုများများလုပ်ပေးခြင်းအားဖြင့် ကိုယ့်မြို့နယ်မှာရှိတဲ့ လူငယ်တိုင်းရင်းသား တွေဟာ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုဓလေ့ကို ပိုမိုသိရှိလာမှာပါ။နောက်ထပ် ပအိုဝ်း၊ မွန် စသည့် တိုင်းရင်းသားများ ၏ စာပေစကားဝိုင်းများလည်း လုပ်သွားဖို့ရှိပါတယ်" ဟု မြို့နယ် ပြန်/ဆက်ဦးမှူး ဒေါ်ဝင်းမင်းသန်း ကပြောသည်။
ဆက်လက်၍ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးစောတင်ထွန်း က ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနှင့် ကိုယ်ပိုင်စာပေစကားများကို မပျောက်မပျက်သွားအောင် လူငယ်များအနေဖြင့် ဆက်လက် ထိန်းသိမ်းသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
 စာပေစကားဝိုင်းဆွေးနွေးပွဲကို စကောကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကိုယ်စား ဒေါ်နော်သီတာဝင်း မှ ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာပုံနှင့် ပိုးကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကိုယ်စား နန်းမိုးမိုးနွယ် မှ ကရင် ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအကြောင်းတို့ကို ဦးဆောင်ဆွေးနွေးကြပြီး မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား ( ၅၀ )ဦးခန့် တတ်ရောက်ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို ကရင်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌနှင့် အတွင်းရေးမှူးတို့က ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ဟံသာနွန်
ရခိုင်အမျိုးသာပါတီဥက္ကဌရာထူးမှနှုတ်ထွက်ခြင်းအကြောင်းဒေါက်တာအေးမောငိမီဒီယာကို မဖြေ
ရခိုင်အမျိုးသာပါတီဥက္ကဌရာထူးမှနှုတ်ထွက်ခြင်းအကြောင်းဒေါက်တာအေးမောငိမီဒီယာကို မဖြေ
Photo  Development Media Group
ဒေါက်တာအေးမောင်အနေဖြင့် ရခိုင်အမျိုးသားပါတီဥက္ကဌ ရာထူးမှ နှုတ်ထွက်လိုက်ရသည့်အကြောင်းတိုင်းဧရာမီဒီယာ၏မေးမြန်းမှုအားပြန်လည်ဖြေကြားခြင်းမရှိခဲ့ ပေ.။
''နှုတ်ထွက်လိုက်တာဟုတ်ပါတယ်။လောလောဆယ်အလုပ်ရှုပ်နေလို့နောက်မှပြောပါမယ်''ဟု၎င်းကဆိုသည်
နိုဝင်ဘာ၂၇ရက်နေ့ရက်စွဲဖြင့်ပါတီဌာနချုပ်ထံပေးပို့လိုက်သောစာတွင်ဒေါက်တာအေးမောင်အနေဖြင့်ဥက္ကဌရာထူးမှလည်းကောင်း၊ပါတီဝင်အဖြစ်မှလည်းနှုတ်ထွက်ခွင့်ပြုရန်ရေးသားထားခြင်းဖြစ်သည်။
နှုတ်ထွက်လိုက်ရသည့်အကြောင်းအရင်းအနေဖြင့်ရခိုင်ပြည်နယ်လွတ်တော်တွင်ဒုတိယဥက္ကဋ္ဌလစ်လပ်မှုအတွက်အစားထိုးခန့်အပ်မှုများတွင်ပါတီမှရွှေးချယ်သူကိုခန့်အပ်ခံမရမှုမရှိခြင်းတို့အပြင်စစ်တွေမြို့နယ်ပါတီအတွင်းစည်းလုံးညီညွတ်မှုပြိုကွဲခြင်းတို့ကြောင့်ဥက္ကဌတစ်ဦးအနေဖြင့်တာဝန်ခံကာနှုတ်ထွက်ရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်းပေးပို့စာတွင်ဖော်ပြထားသည်။
နတ်ထက်သည့်အကြောင်းရာနင့်စပ်ဆပ်၍ရခိုင်အမျိုးသားပါတီမှပြည်သူလွတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက'နှုတ်ထွက်စာတင်ထားတယ်လို့သိရတယ်။CECအစည်းအဝေးတွေခေါ်ပြီးထွက်ခွာပေးမပေးဆိုတာဆုံးဖြတ်ကြမှာပါ။အဲဒီကျမှာလည်းသူဘာအတွက်နုတ်ထွက်စာတင်လဲဆိုတာသိရမှာပါ။ ကျွန်မတို့လည်းလောလောဆယ်ဘာမှမသိရသေးဘူး''ဟုပြောသည်။
 ဒေါက်တာအေးမောင် အနေဖြင့်ပါတီဥက္ကဌနေရာနှင့်ပါတီဝင်အဖြစ်မှနုတ်ထွက်သော်လည်းမပြီးသေးသော်ရခိုင်အမျိုးသားရေးတာဝန်ကိုမိတ်ဆွေများနှင့်လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့်ပါတီတာဝန်ရှိသူများအနေဖြင့်လည်း၂၀၁၅ရွှေးကောက်ပွဲကုန်ကျစရိတ်ရှင်တမ်းနှင့်စစ်ပြေးဒုက္ခသည်ကူညီရေး ရခိုင်ဘင်္ဂါလီပဋိပက္ခကူညီရေးငွေစာရင်းများကိုပြည်သူလူထုနှင့်ပါတီဝင်များကိုရှင်းလင်းထုတ်ပြန်ပေးရန်လည်း၎င်း၏နုတ်ထွက်ခွင့်စာတွင်ရေးသားတောင်းဆိုထားသည်။
ဒေါက်တာအေးမောင် သည်၂၀၁၀ရွှေးကောက်ပွဲတွင်ရခိုင်အမျိုးသားပါတီမှအမျိုးသားလွှတ်တော်အဖြစ်ရွှေးချယ်အနိုင်ရရှိခဲ့သော်လည်းသမ္မတလောင်းစာရင်းတင်သွင်းခံခဲ့ရသူဖြစ်သည်။
သမ္မတ တပ်ချုပ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်ခြောက်ပွင့်ဆိုင်တွေဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး၂၀၁၅ပြည်နယ်လွတ်တော်ကိုယ်စားလှယ်အထွေထွေရွှေးကောက်ပွဲတွင်ရှူးံနိမ့်ခဲ့သည်။
 သို့သော်ပြီးခဲ့သည့်၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲတွင်မူအမ်းမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်ပြန်လည်ရွေးကောက်တင်မြှောက်ခံထားရသူဖြစ်သည်။ ရခိုင်အမျိုးသားပါတီကို၂၀၁၄ခုနှစ်အတွင်းဒေါက်တာအေးမောင်ဦးဆောင်သောရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့်ဦးအေးသာအောင်ခေါင်းဆောင်သည့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကိုပေါင်းစည်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကျော်လင်းနိုင်
စပါးပေါ်ချိန်အချိန်အခါမဟုတ်ရွာသွန်းမှာကို ဒေသခံများစိုးရိမ်
စပါးပေါ်ချိန်အချိန်အခါမဟုတ်ရွာသွန်းမှာကို ဒေသခံများစိုးရိမ်
မိုးစပါးများသည် ဖြိုင်ဖြိုင်ပေါ်နေသည့်ယခုချိန်တွင် ပေါင်မြို့နယ်အတွင်းမိုးစပါးစိုက် တောင်သူများက အချိန်အခါမဟုတ် မိုးရွာသွန်းမည်ကိုစိုးရိမ်နေကြသည်။
မိမိတို့၏ စပါးစိုက်ခင်းများပျက်စီး ဆုံးရှုံးမည်ကို စိုးရိမ်းနေကြပြီး စိုက်ပျိုးထားရှိသော စိုက်ခင်းများကို တစ်ခင်းပြီးတစ်ခင်း အမြန်ရိတ်သိမ်းဆည်းနေရကာ နေ့စားစပါးရိတ်တောင်သူများ နေ့စဉ်အလုပ်နှင့်လက်မပြတ်လုပ်ကိုင်နေကြသည်ဟုဒေသခံတောင်သူများကပြောသည်။
 "အခုက ရာသီဥတုမမှန်တော့ဘူးလေ ကိုယ့်စပါးစိုက်ခင်းတွေ မိုးမမိအောင် အချိန်မှီ လုပ်ကိုင်နေရ တယ်။ မိုးတာမိသွားရင် လုပ်ရကိုင်ရတာ ခက်ခဲတယ်။ ဟိုဟာပြန်လုပ် ဒီဟာပြန်လုပ်နဲ့ အရမ်းကိုရှုပ်တာ။ နောက်ပြီး ဈေးနှိုမ်ခံထိမှာ။ဒါကြောင့် ကျွန်တော်တို့မြို့နယ်မှ မိုးစပါးစိုက်တောင်သူတွေ မိုးရွာမှာကို စိုးရိမ်နေကြပြီး စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကိုလည်း တစ်ခင်းပြီးတစ်ခင်း သိမ်းဆည်းနေကြပါတယ်။ တစ်ချို့ကတော့ စက်နဲ့သိမ်းဆည်းနေကြတာလည်းရှိပါတယ်။ ပြီးတော့ စပါးစိုက်ထားတဲ့ တောင်သူတိုင်းက အပြိုင်အဆိုင် ငှားနေကြတော့ ကျွန်တော်တို့ စပါးရိတ် အငှားလိုက်တဲ့သူတွေ အတွက်ကတော့ နေ့တိုင်း အလုပ်လုပ်နေရတော့ နေ့စဉ်ဝင်ငွေရပြီး အဆင်ပြေပါတယ်" ဟု ကျွဲခြံကျေးရွာမှ နေ့စားစပါးရိတ် အငှါးလိုက်သူ ဦးကရင် က ပြောသည်။
ပေါင်မြို့နယ်သည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မွန်ပြည်နယ်အတွင်း၌ မိုးစပါးစိုက်ဧက ဒုတိယအများဆုံးဖြစ်ပြီး ယခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၂၈၈၈၄ ဧက ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါင်မြို့နယ်သည် မိုးစပါးပေါ်ချိန်တွင် ကျေးရွာတိုင်းရှိ တောင်သူများက မိမိတို့၏ တစ်နွေစာအတွက် စားသုံးရန်နှင့်စီးပွားအဖြစ်ရောင်းချရန် မိရိုးဖလားလုပ်ငန်းတစ်ခုဖြစ်သောကြောင့် စပါးကိုအများဆုံး စိုက်ပျိုး ကြောင်း သိရသည်။
မြန်မာနိုင်ငံမှာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့်အချိန်မတော်မိုးရွာသွန်းမှုတွေဖြစ်ပေါ်နေမှုအပေါ် ဒေသခံများက လိုက်လျောညီထွေဖြစ်အောင် လယ်ယာလုပ်ငန်းတွေမှာပြောင်းလဲလုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေကိုလေ့ လာနေသူများကအကြံပြုထားသည်။
ဟံသာနွန်
Monday, November 27, 2017
ငပလီကမ်းခြေကဈေးဆိုင်ခန်းများဖျက်သိမ်းဖို့ လယ်/စီ ကော်မတီသတိပေးစာပို့
ငပလီကမ်းခြေကဈေးဆိုင်ခန်းများဖျက်သိမ်းဖို့ လယ်/စီ ကော်မတီသတိပေးစာပို့
ရခိုင်ပြည်နယ်သံတွဲမြို့နယ်ငပလီကမ်းခြေအများပြည်သူနှင့်ဆိုင်သည့်နေရာများအတွင်းဥပဒေမဲ့ကျူးကျော်ဆောက်လုပ်၍ဈေးရောင်းချနေသည့်ဈေးဆိုင်ခန်းများအားနိုဝင်ဘာ၃၀ရက်နောက်ဆုံးထား၍ဖယ်ရှားပေးရန်ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီကသတိပေးစာထုတ်ပြန်လိုက်ကြောင်းသိရသည်။
 ''ငပလီကမ်းခြေရဲ့ကိုမူလအတိုင်းထားရှိဖို့ပြည်နယ်အစိုးရအဖွဲ့ကခရိုင်ကိုညွန်းကြားပါတယ်။ခရိုင်ကနေပြီးတော့ထပ်ဆင့်ညွှန်ကြားချက်ထုတ်ပြန်ရတာပါ''ဟုငပလီမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူလှိုင်ကပြောသည်။
Public Areaအတွင်းစားသောက်ဆိုင်များ ဈေးဆိုင်ခန်းများနှင့်ဆိုင်ခန်းဆောက်လုပ်ငှါးရမ်းခြင်းတို့ကိုဖယ်ရှားပေးရန်မြို့ခံများကသက်ဆိုင်ရာမြို့နယ်ခရိုင်နှင့်ပြည်နယ်မြေယာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအမှတ်စဉ်၃/၂၀၁၇ဆုံးဖြတ်ချက်အပိုဒ်၇အပို၌ခွဲဇအရမူလရည်ရွယ်ချက်အတိုင်းအဖြစ်ထားရှိရန်နှင့်ဆိုင်ခန်းဆောက်လုပ်နေမှုများအားဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီဖယ်ရှားသွားရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။
။ငပလီကမ်းခြေအတွင်းကျူးကျော်ထားသည့်စားသောက်ဆိုင်ကုန်စုံဆိုင် အမှတ်တရပစ္စည်းဆိုင်များနှင့်အခြားဆိုင်ခန်းပေါင်း၂၀ကျော်ရှိပြီးကမ်းခြေ၏ရုပ်ဆင်းအင်္ဂါနှင့်သဘာဝအလှတရားများကိုထိခိုက်စေခြင်းတို့ကြောင့်ဖယ်ရှားပေးရန်နိုဝင်ဘာစတုတ္ထပတ်ကအမိန့်စာထုတ်ပြန်ထားကြောင်းသိရသည်။
အဆိုပါကမ်းခြေတစ်လျောက်တွင်ဆိုင်ခန်းများဆောက်လုပ်ထားပြီးအခကြေးငွေဖြင့်ငှါးရမ်းသူများပင်ရှိနေသည်မှာသုံးနှစ်ခန့်ရှိနေပြီဖြစ်ကြောင်းသိရသည်။
ငပလီမြို့ဇီးဖြူကုန်းရပ်ကွက်အတွင်းရှိငပလီကမ်းခြေရှိPublicမြေဧရိယာသည်လူအများဆုံးဝင်ထွက်အနားယူနေသောမြေဧရိယာဖြစ်သည်။
ကျော်လင်းနိုင်
မြန်မာနိုင်ငံ၏မြေလွတ်မြေရိုင်းဥပဒေဖျက်သိမ်းရန်ုKNU လိုလား
မြန်မာနိုင်ငံ၏မြေလွတ်မြေရိုင်းဥပဒေဖျက်သိမ်းရန်ုKNU လိုလား
လက်ရှိမြန်မာနိုင်ငံ၏မြေနှင့်သက်ဆိုင်သောဥပဒေများဖြစ်သည်၂၀၁၂လယ်ယာမြေဥပဒေ မြေလွတ် မြေလပ် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေအထူးစီးပွားရေးဇုံနှင့်ရင်းနှီးမြှပ်နှံမှုဥပဒေများသည်ပြည်သူလူထုများ၏နေ့စဉ်ဘ၀များအားခြိမ်းခြောက်လျက်ရှိနေသည်အတွက်ဥပဒေကိုဖျက်သိမ်းစေချင်ကြောင်းကရင်အမျိုးသားအစည်းရုံးKNU မြေယာတာဝန်ခံ နော်ခူးခူးဂျူးကပြောသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအခွင့်ကောင်းဟူ၍ကရင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းနှင့်တနသာင်္ရီတိုင်းဒေသကြီးတို့တွင်အကြီးစားသဘာဝသယံဇာတထုတ်ယူခြင်းများဧကပေါင်းသောင်း သိန်းချီသောသီးနှံတစ်မျိုးတည်းစိုက်ပျိုးမှုများကြီးမားသောအခြေခံအဆောက်အအုံများစသည့်ရင်းနှီးမြှပ်နှံမှုများလုပ်ဆောင်ရန်အများအပြားဝင်ရောက်လာသည်ကိုတွေ့ရှိရကြောင်းဤရင်းနှီးမြှပ်နှံမှုများသည်မြန်မာအစိုးရမှ၎င်းတို့၏ထိန်းချုပ်မှုနှင့်အချုပ်အခြာအာဏာဝင်ရောက်ချဲ့တွင်မှုများဖြစ်ပြီးတစ်ပြိုင်နက်တည်းတွင်ပြည်သူလူထုများအတွက်ကြီးမားသောလူမှုရေးဆိုင်ရာသက်ရောက်မှုများနှင့်သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်စေကြောင်း၎င်းကဆိုသည်။
စီးပွားရေး ဆိုင်ရာရင်းနှီးမြှပ်နှံမှုများအပြင်ကရင်ပြည်နယ်နှင့်တနသာင်္ရီတိုင်းဒေသကြီးအတွင်းမြန်မာအစိုးရ၏သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းများဖြစ်သည့်အမျိုးသားဥယျာဉ်များသစ်တောကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တောများသတ်မှတ်ခြင်းသည်လည်း၎င်းတို့၏အုပ်ချုပ်ရေးနယ်မြေများတိုးချဲ့နေခြင်းသာဖြစ်ကြောင်းသိရသည်။
''ထိန်းသိမ်းရေး စီမံကိန်းများသည်ဒေသခံပြည်သူများအားဘေးဖယ်ချန်ပြီးသစ်တောနယ်မြေများကိုသတ်မှတ်ကာကွယ်သည်ဟုအကြောင်းပြကာ၎င်းဒေသခံပြည်သူများအားသစ်တောနယ်မြေများထဲသို့ကျူးကျော်ဝင်ရောက်နေထိုင်သူများ သစ်တောကိုဖျက်ဆီးနေသူများနှင့်ဒေသခံများ၏ဓလေ့ထုံးထမ်းမြေယာကျင့်သုံးမှုများကြောင့်ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်စေသည်ဟုပုံဖော်စွပ်စွဲနေတယ်''ဟု၈၈ကရင်မျိုးဆက်ကျောင်းသားလူမှုဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌဖဒိုမန်းဘထွန်းကပြောသည်။
တစ်ဆက်တည်းတွင်ဤကဲ့သို့သောသဘာဝအရင်းအမြစ်ထုတ်ယူခြင်း စီးပွားရေး ရင်းနှီး မြှပ်နှံမှုများနှင့်ကြီးမားသောသဘာဝအရင်းအမြစ်ထိန်းသိမ်းရေးစီမံကိန်းများကိုအကြောင်းပြုကာအုပ်ချုပ်ရေးနယ်မြေများတိုးချဲ့ခြင်းများကြောင့်ဒေသခံပြည်သူများ၏ဘ၀အသက်မွေးဝမ်းကျောင်းယဉ်ကျေးမှုလူဂုဏ်သိက္ခာတို့အတွက်မှိခိုရာမြေယာ ရေ သားငါး သစ်တော စားကျက်မြေအစရှိသည့်တို့ကိုကြီးမားစွာခြိမ်းခြောက်လျက်ရှိကြောင်း၎င်းကဆိုသည်။
တိုင်းရင်းသားများ၏ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရမြေယာအသုံးပြုခွင့်စီမံခန့်ခွဲခွင့်နှင့်ပိုင်ဆိုင်ခွင့်များကိုမြေယာနှင့်မြေယာအသုံးပြုမှုဆိုင်ရာမူဝါဒများဥပဒေများနှင့်နည်းဥပဒေများတွင်အသိအမှတ်ပြုပြဌာန်းကျင့်သုံးရကြောင်းထိုသို့ပြဌာန်းရာတွင်ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့်ဒုက္ခသည်များ၏မြေယာပြန်လည်ရယူပိုင်ဆိုင်ခွင့်များကိုပါထည့်သွင်းပြဌာန်းရမယ်ဟု၎င်းတို့ ကပြောသည်။
 ပြည်တွင်းစစ်ပဋိပက္ခများကြောင့်ပြည်တွင်းနေရပ်စွန့်ခွာရသူများဒုက္ခသည်များနှင့်၎င်းတို့၏မိသားစုဝင်များသည်မိမိဆန္ဒအလျှောက်ဘေးကင်းလုံခြုံသည့်မူလနေရပ်သို့ဂုဏ်သိက္ခာရှိစွာပြန်လည်နေထိုင်နိုင်ရန်အတွက်အိုးအိမ်မြေယာနှင့်ပိုင်ဆိုင်မှုများပြန်လည်ရယူပိုင်ဆိုင်ခွင့်နှင့်အခြေချနေထိုင်ခွင့်ရှိရကြောင်းသိရသည်။
ကရင်ပြည်နယ် ဘားအံ့မြို့နယ်လော်ခီးလာKNU ကရင်အမျိုးသားအစည်းအရုံးတွင်၂၀၁၇နိုဝင်ဘာ၂ရက်မှ၎ရက်နေ့အထိနံနက်၈နာရီမှာညနေ၅နာရီထိကျင်းပပြုလုပ်သောကော်သူးလေမြေယာနှီးနှောဖလှယ်ပွဲတွင်လည်ပြည်သူလူထုမှရင်ဆိုင်နေရသောမြေယာပြဿနာနှင့်စိန်ခေါ်မှုများ ကော်သူးလေမြေယာမူဝါဒ မြေယာစီမံခန့်ခွဲမှုများနှင့်မြေယာပြဿနာမြေရှင်းရေးဆိုင်ရာကိစ္စရပ်များကိုတက်ရောက်လာသည့်အဖွဲ့အစည်၅၃ဖွဲမှကိုယ်စားလှယ်ပေါင်း၃၇၀ကျော်တက်ရောက်ဆွးနွေးခဲ့ ကြသည်။
 ကော်သူးလေမြေယာမူဝါဒ နှင့်ဌာနေတိုင်းရင်းသားတို့၏မြေယာအသုံးပြုမှုနှင့်စီမံခန့်ခွဲမှုကိုဆန့်ကျင်နေသည့်မြန်မာအစိုးရ၏မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေအားဖျက်သိမ်းရကြောင်းKNUကရင်မျိုးသားစည်းအရုံးတွင်ဒေသခံပြည်သူများနှင့်တိုင်ပင်ဆွေးနွေးဖော်ဆောင်ထားသည့်ပြည်သူမျက်လက်ခံထားသောကော်သူးလေမြေယာမူဝါဒနှင့်မြေယာစီမံခန့်ခွဲမှုစနစ်အားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်ဤနှီးနှောဖလှယ်ပွဲမှတိုက်တွန်းကြောင်းထုတ်ပြန်ထားသည်။
ကျော်လင်းနိုင်
ဝှီးချဲယားပေါ်က ကုလသမဂ္ဂ
(အဆိုပါ ဆောင်းပါးအား N.S. Venkataraman ဆိုသူက Eurasia Review စာစောင်တွင် ရေး
သားထားခဲ့ခြင်း ဖြစ်သည်)
စီးပွားရေး အရရော နည်းပညာအရပါ သူမသာကိုယ်မသာ ရှိနေကြသော ဖွံ့ဖြိုးမှု မရှိလှသေးသည့် နိုင်ငံ နှစ်ခုက ထူးခြား ပြောင်မြောက်လှစွာ ဖြင့် အမျော်အမြင်ရှိရှိ နားလည်မှုများဖြင့်ဒုက္ခသည်များ ပြန်ပို့နိုင်ရေးကို သဘောတူညီချက် ရရှိအောင် ပြုလုပ်နိုင်ခဲ့ကြပေသည်။
သို့သော် ကမ္ဘာ၏ အခြားသော အစိတ်အပိုင်းများတွင်ကား နည်းပညာအရရော စီးပွားရေးအရပါ ၎င်းနှစ်နိုင်ငံထက် အစစ အရာရာ သာလွန်နေကြသော နိုင်ငံများက တိုက်ရိုက်သော်၎င်းသွယ်ဝိုက်၍သော်၎င်း ပဋိပက္ခ များ အတွင်းပါဝင်နေကြကာ အပြင်းအထန် ခါးခါးသီးသီးစစ်ပွဲများ ဆင်နွဲလျက် ရှိနေကြပေသည်။ ထိုသို့
သော အခါသမာယတွင် အဆိုပါ နှစ်နိုင်ငံကားယဉ်ကျေးသော လူ့အဖွဲ့ အစည်း၏ အပြုအမူများ ဆိုသည်ကား အဘယ်နည်းဟု ပြသနိုင်ခဲ့ကြပေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကုလသမဂ္ဂဆိုသော အဖွဲ့အစည်းကြီးသည် ထိုသို့သော ပဋိပက္ခများအား ဘာတခုမျ မဖြေရှင်းနိုင်သော အဖြစ်ကား လယ်ပြင်တွင် ဆင်သွားသလို ထွက်ပေါ်လာခဲ့ရပေတော့သည်။ ကုလသမဂ္ဂ အနေဖြင့်ယခုအခါ အဆိုပါ ပဋိပက္ခများအား အမြင်ချင်းဖလှယ်ရာ နေရာ။ ကာယကံရှင် နိုင်ငံများ နားမခံသာသည့် မှတ်ချက်များ ပေးရာ အစည်းအဝေး ခမ်းမ တခုအဖြစ် အဆင့်လျောကျ လာနေခဲ့
ရပေတော့သည်။ ယခု ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ သဘောတူညီချက် ရရှိခဲ့မှုတွင်လည်း ကုလသမဂ္ဂ၏ အထောက်အပံ့ အကူအညီ တခုမှ မပါဝင်ခဲ့ပေ။
ကုလသမဂ္ဂ၊ အမေရိကန်နှင့် အခြားသော နိုင်ငံများက မြန်မာအား လူမျိုးရေး သန့်စင်သည့် လုပ်ရပ်ဟုဆိုကာ ပြစ်တင်ရှုတ်ချနေကြ သော်လည်းအဆိုပါ ပြသာနာများကို ခါးစည်းခံခဲ့ရသောဘင်္ဂလားဒေ့ရှ်က မြန်မာအပေါ် ဝေဖန်ရာတွင်အထူးပင် သတိထားခဲ့သည်သာမက မြန်မာနှင့်ဆက်သွယ်ရေး.လမ်းကြောင်းကို ဖွင့်လှစ်ထားနိုင်ခဲ့ပေသည်။
ထိုကဲ့သို့ အပြုသဘောဆောင်ပြီး ယဉ်ကျေးစွာချည်းကပ်နိုင်ခဲ့၍လည်း မြန်မာနှင့် ယခုလိုသဘောတူညီချက် ရရှိလာခဲ့ရခြင်းလည်း ဖြစ်ပေသည်။
ကုလသမဂ္ဂ၊ အမေရိကန် နှင့် နိုင်ငံပေါင်းများစွာက ဖြစ်ပျက်နေသော လက်တွေ့ အမှန်တရားများကို လုံးဝ
ဥသုံ နားလည်နိုင်စွမ်း မရှိကြပဲ ရို ဟင်ဂျာ ဆိုသူများကို စစ်ရေးအရ နှိမ်နှင်းခြင်းကိုဝေဖန်ပြစ်တင်ခဲ့ကြယုံမျမက လူ့အခွင့်အရေးသမား ဆိုသူများက နိုင်ငံတော်၏ အတိုင်ပင်ခံဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် နိုဘဲလ်ဆုကို ပြန်လည်ရုတ်သိမ်းရန် အထိပင် တောင်းဆိုလာခဲ့ကြသည်။
တကယ်တော့ ရိုဟင်ဂျာ ဆိုသည့် ပြသာနာသည် မြန်မာနိုင်ငံအား ပြီးခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် ချောက်လှန့်နေခဲ့သော ပြသာနာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အာဏာရစဉ်မှ ဖြစ်ပေါ်လာခဲ့ခြင်း
မဟုတ်ပေ။
ရိုဟင်ဂျာ ဆိုသည့် လူများနေထိုင်ရာသို့ စစ်သွေးကြွများ စိမ့်ဝင်လာကြပြီး အကြမ်းဖက်လုပ်ရပ်များ ကျုးလွန်လာခဲ့ခြင်းဖြစ်သည်။ ယင်းသည်လူ့ဘောင် အဖွဲ့အစည်း နှစ်ခုအကြား အကျိုးစီးပွားခြင်း ပဋိပက္ခ ဖြစ်မှု၏
ထင်ရှားသော ပြယုဒ်တခုသာ ဖြစ်သည်။
ထို့အပြင် ထိုကဲ့သို့ လူမျိုးစု နှစ်ခုအကြား ပဋိပက္ခ ဖြစ်ပွား လာခဲ့ရသဖြင့် တရားဥပဒေ နှင့်ငြိမ်ဝပ်ပိပြားမှု ကင်းမဲ့လာသည့်အခါ မည်သည့်အစိုးရမဆို အင်အားသုံး၍ ငြိမ်းချမ်းရေးနှင့်သဟဇာတ ဖြစ်မှု ပြန်လည်
ရရှိအောင် ပြု လုပ်ကြမည်သာ ဖြစ်ပေ၏။
ရုရှား၊ အမေရိကန်၊ တရုတ် အပါအ၀င် နိုင်ငံများစွာတွင် ထိုကဲ့သို့ အဓိကရုဏ်းများ ဖြစ်ပွားသည့်အခါတိုင်း အင်အားကို အသုံးပြုခဲ့ကြ စမြဲပင်။မြန်မာစစ်တပ်မှ လက်နက်အင်အား အပြည့်အစုံ မသုံး၍ မရတော့။
ရိုဟင်ဂျာ ဆိုသူများကိုယ်၌က လက်နက်များ တပ်ဆင်လာခဲ့ကြပြီးမီးရှို့ခြင်း လူသတ်ခြင်း အစရှိသည့် လုပ်
ရပ်များကို ကျုးလွန်လာခဲ့ကြသည်။ ၎င်းတို့အား ကမ္ဘာအခြားနေရာများရှိ စစ်သွေးကြွ များနှင့် အကြမ်းဖက် အုပ်စုများကလည်း ထောက်ခံမှု ပေးလာခဲ့ကြပြန်သည်။
မြန်မာနိုင်ငံအတွင်း နေထိုင် ခဲ့ကြသော ရိုဟင်ဂျာ ဆိုသူများက အလွန်တရာ ဆင်းရဲကြသည့်အပြင် ပညာ အခြေခံရှိသုလည်း နည်းပါးလှပေသည်။ အတော်များများက အကြမ်းဖက်သမားများနှင့် မပါတ်သက်
ခဲ့ကြသော်လည်း တိုက်ပွဲများ ဖြစ်ပွားလာသည့်အခါ အသက်လုပြီး တဖက်နိုင်ငံ ရှိရာ ဘင်္ဂလားဒေ့ရှ်သို့
 ပြေးဝင်ခိုလူံခဲ့ကြရသည်။
ထိုကဲ့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြပြီးနောက် သိသာထင်ရှားစွာ ထွက်ပေါ်လာရသည့် အချက်ကတော့ မြန်မာအစိုးရမှ ၎င်းတို့အား ပြစ်ပြစ်ခါခါ မပြုပဲ ပြန်လည်လက်ခံ၍ နေရချထားပေးမည်ဟု လိုလိုလားလား ပြောဆိုလာခဲ့ခြင်းပင် ဖြစ်သည်။ ယင်းသည်ကပင် ကုလသမဂ္ဂမနှင့် အမေရိကန်တို့ ပြောဆိုနေသည့် လူမျိုးရေး သန့်စင်မှုပြု လုပ်နေသည်ဟူသော စွပ်စွဲချက်များကိုချေဖျက် ပြလိုက်ခြင်းပင် ဖြစ်ပေတော့
သည်။
အထူးတလည် အံ့သြတုန်လှုပ်စရာ ဖြစ်ရသည်က တော့ ကုလသမဂ္ဂမှ အဆိုပါ ဒုက္ခသည်များပြန်ပို့ရေး
သဘောတူညီချက်ကို ကြိုဆိုရမည့်အစား စိုးရိမ်မကင်း ဖြစ်ရကြောင်း ပြောဆိုလာခဲ့ကြခြင်းပင် ဖြစ်သည်။
၎င်းတို့မှ ဒုက္ခသည်များ လုံခြုံစိတ်ချစွာ ပြန်လာခွင့်ရရေး ဆိုသော အချက်မပါဝင်ဟု ထောက်ပြလာခဲ့ကြ
သည်။ အဆိုပါ အရေးအား စိုးရိမ်သည်ဆိုငြားအံ့ အဘယ်ကြောင့် သဘောတူညီချက်ရရှိရေး ကြိုးပမ်းမှုများတွင် ဦးဆောင်ပါဝင်ခြင်းမရှိရလေသနည်း။ အခုမှသာ ဘေးမှနေ၍ အပြုသဘောမဆောင်သော ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမည့် စကားများကို ပြောဆိုလာကြပေသနည်း။ ယင်းသည်က ကုလသမဂ္ဂ၏အမြတ်တနိုး တန်ဖိုးထားသော ရည်မှန်းချက်များနှင့် ဖီလာဆန့်ကျင်နေရပြီး ၀ီးလ်ချဲယားပေါ်ထိုင်နေရသော ဝေဖန်သူ ဘ၀ရောက်ရှိသွားနေရပေသည်။
မြန်မာ အစိုးရ၏ ရိုဟင်ဂျာ ဆိုသူများအပေါ်ထားရှိသော သဘောထားသည် တရုတ်မှ တိဘက်လူမျိုးများ အပေါ် ထားရှိသော သဘောထားနှင့် သိသာ ထင်ရှားစွာ ကွဲပြားထွက်လာခဲ့သည်ဟု ဆိုရမည်လည်း ဖြစ်သည်။
ယင်းအချက်ကပင် စီးပွားရေး နှင့် စစ်ရေးအရမည်မျပင် ခိုင်မာတောင့်တင်းသော နိုင်ငံဖြစ်ပါစေ ယဉ်ကျေး သော လူ့အသိုင်းအ၀န်း၏ အပြုအမူမျိုး အိမ်နီးချင်း နိုင်ငံတခု အပေါ်ပြသလိမ့်မည်ဟု မျော်လင့်၍ မရဆို
သော အချက်ကို မီးမောင်းထိုးပြလိုက်ခြင်းလည်း မည်ပေသည်။
လှစိုးဝေ
ပုပ်ရဟန်းမင်းကြီး မြန်မာမြေ နင်းပြီ
'က္ဈနူပ် ရောက်ရှိလာမှု သည် ထိုသူများအတွက် မေတ္တာနှင့် မျော်လင့်ချက်များ ဖြစ်ပေါ်ပါစေ ကြောင်း က္ဈနူပ်နှင့် အတူ
ဆုတောင်းပေးကြပါ"
အထက်ပါ စကားကို မြန်မာပြည်သို့ မထွက်ခွာမီ ပုပ်ရဟန်းမင်းကြီးမှ ရောမ မြို့စိန့် ပီတာ ရင်ပြင်ရှိ လူ သုံးသောင်းကျော်အား
ပြောကြားခဲ့ခြင်း ဖြစ်ပေသည်။
ပုပ်ရဟန်းမင်းကြီးသည် ယနေ့ နေ့လည် တွင်လေးရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး
တပါး အနေဖြင့်ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံသို့လာရောက်ဖူးခြင်းလည်း ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ရန်ကုန်လေဆိပ်မှ တိုင်းရင်းသား ရိုးရာ ၀တ်စုံများ ၀တ်ဆင်ကာ လှိုက်လှိုက်လှဲလှဲ ကြို
ဆိုခဲ့ကြပေသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်အားလည်း တွေ့ဆုံမည် ဖြစ်
သည်။မြန်မာနိုင်ငံတွင် ကက်သိုလစ်ဘာသာ ကိုးကွယ်သူများသည် လူဦးရေစုစုပေါင်း၏ ၁% မျ သာ ရှိသော်လည်း 
ပုပ်ရဟန်းမင်းကြီးအားဖူးမြှော်ရန် မြန်မာနိုင်ငံ အရပ်ရပ်မှ လူပေါင်းနှစ်သိန်းခန့် ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြသည်ဟု သိရသည်။
၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အာဂျင်တီနား နိုင်ငံသား ဖြစ်ပြီး သက်တော် ၈၀ ရှိပြီဟုလည်း သိရသည်။
လှစိုးဝေ
သက်ငယ်မုဒိမ်းမှု ပေါင်မြို့၌ဖြစ်ပြန်
ပေါင် နိုဝင်ဘာ၂၆
ကျောက်မိုင်း လုပ်သားမှ ဒေသခံ မိန်းကလေးအား မုဒိမ်းပြုကျင့်မှု ပေါင်မြို့ မိုးနှိုင်းရပ်ကွက်တွင် နိုဝင်ဘာ ၂၄ ရက်နေ့ကဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် အမှု လာရောက်တိုင်ကြားနေကြောင်းတွေ့ရသည်။
ပေါင်မြို့ မိုးနှိုင်းရပ်ကွက် စွယ်တော်ပိုင်းတွင် ကျောက်ထုတ်လုပ်ငန်းလာရောက် လုပ်ကိုင်နေသည့် (ဦးမောင်စိုးကျောက်မိုင်း)ဟုခေါ် သော မိုင်းမှ ကျောက်ခွဲစက်မောင်းသူ သန်းဇော် (ခ)ဖိုးလုံး၃၁နှစ် (ဘ)ဦးကြာပွား
မုဒုံမြို့နေသူမှနိုဝင်ဘာ၂၅ရက် နေ့လည် ထမင်းစားနားနေချိန်တွင် နားနေတဲအတွင်း ၌ ဒေခံရပ်ကွက်မှ
အသက်ငယ်မိန်းကလေးဖြစ်သူ မxxx၁၅နှစ် ၁၁လ(ဘ)ဦးဝင်းနိုင် (အိမ်ထောင်စုစာရင်းပါဖော်ပြချက်)
နယ်ခြားမြိုင်ပိုင်း မိုးနှိုင်းရပ်ကွက် နေသူအားအလိုမတူပဲသားမယားပြုကျင့် ခဲ့သည်ဆို၏။
မxxxမှအလုပ်ပြန်ချိန်တွင်မိခင်အားပြန်လည်တိုင်ကြားခဲ့ကြောင်း မိခင်ဖြစ်သူမှ ရပ်မိရပ်ဖများ၏အကူ
အညီဖြင့် ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"ကျွန်မတို့က ကိုယ့်ဒေသမှာလာလုပ်စားတဲ့လုပ်ငန်းရှင်တွေကိုအားကိုးပြီး သမီးတွေအလုပ်ရမှာ
ဆိုပြီးကျေးဇူးတွေတင်လိုက်ရတာ။ အခုတော့ အစော်ကားခံလိုက်ရတာဆိုတော့ဒေသခံတွေအလုပ်လာ
မလုပ်ရဲတော့ဘူးပေါ့ "ဟု ယခုအမှုအားတရားလိုပြုလုပ်တိုင်ကြားသူ ဒေါ်မော်လွင် (ခ)ဒေါ်စိန်
ဦး ကပြောသည်။
တရားခံမှအမှုတိုင်တော့မည်ကို သိသွားပြီး ထွက်ပြေးရန်စီစဉ်နေစဉ် ဇင်းကျိုက်ဘုရားတောင်ခြေအနီးပန်းကုန်းကျေးရွာကားလမ်းမပေါ်၌ ပေါင်ရဲစခန်းမှနယ်ထိန်းအဖွဲ့နှင့် ဇင်းကျိုက်ရဲစခန်းနယ်ထိန်းအဖွဲ့တို့ပူးပေါင်းဖမ်းဆီးရမိခဲ့သည်။
အဆို ပါအမှုအား ပေါင်ရဲစခန်းမှ (ပ)၃၄၅/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ သန်းဇော် အားဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
Paung Daily
လေးမျက်နှာမြို့နယ်| ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး (နဝမ) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် လေလံကြော်ငြာ
27-11-2017
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်| ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး (နဝမ) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် လေလံကြော်ငြာ
၁။ သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး၏ (နဝမ)အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၇၉-ခု|တပိုတွဲလဆန်း(၉)ရက်| [၂၅-၁-၂၀၁၈]ရက်မှ တပိုတွဲလပြည့်ကျော်(၄)ရက်|(၄-၂-၂၀၁၈)ရက်အထိ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ |ဓမ္မပူဇာပွဲများ|စတုဒီသာကျွေးမွေးလှူဒါန်းပွဲ နိဗ္ဗာန်ဈေးများ|ကြည့်ချင်ဖွယ်ရာအစုံအလင် ဇတ်သဘင်ပွဲများနှင့် နှစ်စဉ်နှစ်တိုင်းကဲ့သို့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ပါသည်။
၂။ ပွဲတော်ရက်များအတွင်း ဇတ်သဘင်|ကြည့်ချင်ပွဲများ|ပွဲတော် ဆိုင်ခန်းများ |ယဉ်ရပ်နားစခန်း|ရေ|မီး|မိလ္လာ| အစရှိသောလုပ်ငန်းများအား (၆-၁၂-၂၀၁၇) ဗုဒ္ဓဟူးနေ့နံနက်(၈)နာရီတွင် စေတီတော်မြတ်ကြီးဝင်းအတွင်း ဂေါပကရုံးခန်း၌ လျှောက်လွှာတင်လျှက် လေလံဆွဲဝယ်ယူလုပ်ကိုင်သွားနိုင်ကြောင်း ကြေငြာအပ်ပါသည်
~ဂေါပကအဖွဲ့
~မြို့နယ်ကျက်သရေဆောင်
~သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၏ ကိုယ်ရေးအကျဉ်း
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၏ ကိုယ်ရေးအကျဉ်း
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Jorge Mario Bergoglio) ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် အာဂျင်တီးနားနိုင်ငံ Buenos Airesမြို့၌ မွေးဖွားခဲ့သည်။
Jorge Mario Bergoglio သည် ဓာတုဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးဘ၀ကို ရွေးချယ်ခဲ့ပြီး Villa Devoto ဒေသ ရဟန်းဖြစ်သင်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ် မတ်လ ၁၁ ရက်တွင် ယေဇူး၏ မိတ်ဆွေများအသင်းဂိုဏ်း (Jesuit) သို့ စတင်ဝင်ရောက် ခဲ့သည်။ ထို့နောက် သူသည် ချီလီနိုင်ငံ၌ လူမှုဗေဒ ဘာသာရပ်များကို သင်ယူပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ သူသည် ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း Santa Fé မြို့ရှိ Immaculate Conception College နှင့် Buenos Aires မြို့ရှိ ဆာလ်ဗာတော်ရေး ကောလိပ်တို့တွင် စာပေနှင့် စိတ်ပညာတို့ကို သင်ကြားပို့ချခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ သူသည် ခရစ်ယာန်ဓမ္မ သင်္ဂြိုဟ်ဘာသာရပ်ကို သင်ယူခဲ့ပြီး Colegio of San José မှ ဘွဲ့ရရှိခဲ့သည်။
၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် Archbishop Ramóm José Castellano မှ သူ့အား ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် သိက္ခာတင်ပေးခဲ့သည်။ သူသည် ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၁ ခုနှစ်အတွင်း စပိန်နိုင်ငံ Alcalá de Henares တက္ကသိုလ်၌ ဆက်လက်ပညာသင်ယူခဲ့ပြီး ၁၉၇၃ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ယေဇူး၏ မိတ်ဆွေများ အသင်းဂိုဏ်းဝင် အဖြစ် ရာသက်ပန် ကတိသစ္စာ ပြုခဲ့သည်။ သူသည် ၁၉၇၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကျောင်းအုပ်၊ ဝိညာဉ်ရေးလမ်းညွှန်၊ အာပတ် ဖြေပေးသူ၊ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီးနှင့် ရဟန်းအမတ် (ကာဒီနယ်) အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အသက် (၇၆)နှစ်အရွယ် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်တွင် ရိုမန်ကက်သလစ် သာသနာတော်၏ ၂၆၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။ အရှင်သူမြတ် ဖရန်စစ်သည် ဥရောပဒေသမှ မဟုတ်ဘဲ ပုပ်ရဟန်းမင်းကြီးဖြစ်လာသည့် ပထမဦးဆုံး ယေဇူး၏မိတ်ဆွေများ အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးဖြစ်သည်။
ပြန်/ဆက်
Sunday, November 26, 2017
ထိုင်းဝန်ကြီးချုပ် က အစိုးရအဖွဲ့ကို ပြောင်းလဲဖွဲ့စည်း
ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာဟာ သူ့အစိုးရအဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းလိုက်တယ်လို့ တော်ဝင် ပြန်တမ်း က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၁၄ စစ်အာဏာသိမ်းမှု အပြီး အစိုးရ အဖွဲ့ကို ငါးကြိမ် မြောက် ပြန်ဖွဲ့စည်းတာပါ။
 ပရာယွတ်သ်ဟာ ဝန်ကြီး ဒုဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ် တွေ စုစုပေါင်း ၁၈ယောက်ကို နေရာပြောင်း ခန့်အပ်ခဲ့တယ်လို့ တော်ဝင်ပြန်တမ်းက ထုတ်ပြန်တဲ့ စာရင်းက ဆိုပါတယ်။ ဒီပြန်တမ်းကို ထိုင်းဘုရင် မဟာ
ဝဇီရာလောင်ကွန်းက ခွင့်ပြုတံဆိပ် ခတ်နှိပ် ပေးထားပါတယ်။
စီးပွားရေး စိုက်ပျိုးရေး စွမ်းအင် အလုပ်သမားနဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးတွေ အပါအဝင် အဆင့်မြင့်ဆုံး အပြောင်းအလဲ ကြောင့် ဘယ်လို သက်ရောက်မှုတွေ ရှိလာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တိုင်းပြည် အုပ်ချုပ်ရေးမှာ ပို အကျိုးရှိအောင် ခုလို အပြောင်းအရွှေ့ လုပ်တာလို့ ကြေညာချက်က ဆိုပါတယ်။အပြောင်း အလဲကြောင့် အစိုးရ အဖွဲ့ဝင် ၃၆ယောက် ရှိပြီး စစ်တပ် အရာရှိ ၁၂ယောက် ကနေ
 ၉ယောက်ထိ လျှော့ချခဲ့ ပါတယ်။
စစ်တပ် အကြီးအကဲဟောင်း ပရာယွတ်သ်ဟာ မေလ ၂၀၁၄မှာ သွေးမစွန်းဘဲ အာဏာသိမ်းခဲ့တာပါ။ဝန်ကြီးချုပ် ယင်လခ် ရှင်နာဝပ်နဲ့ သူ့အစိုးရကို ဖြုတ်ချတဲ့ လမ်းပေါ် ဆန္ဒပြ ပွဲတွေ လနဲ့ချီ ဖြစ်အပြီးမှာ အာဏာ သိမ်း ခဲ့ပါတယ်။ထိုင်းစစ်အစိုးရဟာ ၂၀၁၈ နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပမယ် ထိုင်းနိုင်ငံကို ဒီမိုကရေစီ ပြန်ပေးမယ်လို့ ကတိပြုထားပါတယ်။
သီရိထက်စံ
ချမ်းချမ်းနဲ့ ဘုဏ်းသိုက်ကွာရှင်းလိုက်တာနဲ့ပတ်သက်ပြီး ဦးထွန်းလွင်(မိုးလေ၀သ)ပြောပြတဲ့ အဲဒါအချစ်လို့ခေါ်တယ်
အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ ဇနီးမောင်နှံကွာရှင်းခွင့်လိုက်ကြတဲ့သတင်းနဲ့ပတ်သက်ပြီး ဆရာကြီး ဦးထွန်းလွင် ( မိုးလေ၀သ ) က သူ့ဘ၀ရဲ့ အတွေ့အကြုံတစ်ခုကို အောက်ပါအတိုင်းပြောပြခဲ့ပါတယ် ။
..........................................
ဖတ်ကြည့်ကြပါဗျာ။
...................................
အခုတော့ အသက်ေတွလည်း ကြီးလာကြပါပြီ၊ အကြီးဆုံးသမီးပဲ ဆရာဝန်ဖြစ်၊ အိမ်ထောင်ကျ၊ အခု မြေးတောင် ရနေပါပြီ။
သူ ။ ။ “အဲဒါ.. ဘာဖြစ်လဲ”
ဆရာကြီး ဦးထွန်းလွင် ( Tun Lwin မိုးလေ၀သ )
Unicode
ဒီကနေ့မှ ပြန်ကြည့်ဖြစ်တဲ့ facebook ပေါ်မှာ နိုင်ငံကျော်အဆိုတော်မလေးနဲ့ မော်ဒယ်လ်သူ့ယောကျာ်းလေးတို့ဇနီးမောင်နှံကွာရှင်းခွင့်တောင်တဲ့သတင်းကိုဖတ်မိတယ်။ အဆိုတော်မလေးနာမည်ကြီးတုန်းကပေါက်သွားခဲ့တဲ့ သူ့ရဲ့ Title song က ဘာတဲ့ “တကယ်ဆို အချစ်ပဲ လိုတယ်” တဲ့။
လွန်ခဲ့တဲ့နှစ်ထဲကလည်း ကျွန်တော်ကိုယ်တိုင် မင်္ဂလာအခမ်းအနားမှူးလုပ်ပေးခဲ့တဲ့တပည့်လင်မယားနှစ်ယောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အောက်ခြေဝန်ထမ်းဘဝကစပြီး ပြည်ပသွားတာဝန်ထမ်းဆောင်ခွင့်ရလာတဲ့အထိ ဒိုးတူဘောင်ဖက် ခက်ခက်ခဲခဲ ကြိုးစားလာခဲ့ပြီး၊ နှစ်ယောက်သားလည်းကိုယ်စီကိုယ်စီပြည်ပနိုင်ငံရုံးတွေမှာတာဝန်ထမ်းဆောင်ခွင့်လည်းရရော လင်မယားကွဲကြပြန်တယ်။
အမေမတူအဖေမတူလူသား(၂)ဦးအတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ အကယ်တော့မလွယ်လှပါဘူး။ ဒီနေရာမှာ ကျွန်တော်လည်း ကျွန်တော့အိမ်ထောင်ရေးကိုဘယ်လိုအတွေးမျိုးတွေနဲကထိန်သိမ်းခဲံတယ်ဆိုတာ လူငယ်တွေကို ပြန်ပြောချင်လာပါတယ်။
ဖတ်ကြည့်ကြပါဗျာ။
မောင်ထွန်းလွင်(မိုးလေဝသ)
အဲဒါ အချစ်လို့ခေါ်တယ်
မောင်ထွန်းလွင် (မိုးလေဝသ)
မောင်ထွန်းလွင် (မိုးလေဝသ)ရဲ့ “ငယ်ချစ်….နှင့်” စာအုပ်မှ။
ကျွန်တော့်ဇနီးကို ကျွန်တော် ပြည်ပနိုင်ငံကြီးတစ်ခုမှာ ၁၉၇၃ ခုနှစ်လောက်မှာ စတင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်က အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အဲဒီနိုင်ငံကြီးကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ပညာတော်သင်သွားရတဲ့အကြိမ်ပေါ့။ အဲဒီအချိန်မှာ အဲဒီနိုင်ငံရဲ့ သတင်းဌာနကြီးတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်းနဲ့ သူတို့ မိသားစုက ကျွန်တော့်ထက် အရင် နှစ်နှစ်လောက်ကတည်းက ရောက်နှင့်နေခဲ့ကြတာပါ။
ဒီခရီးဟာ ကျွန်တော့်ရဲ့ ပထမဆုံးပြည်ပခရီးလည်း ဖြစ်နေတာကြောင့် ကျွန်တော်ဟာ တကယ့်ကို တောသားမြို့ရောက် ပါပဲ။ အရာရာဟာ အထူးထူး အဆန်းဆန်းချည်းပါပဲ။ အတွေ့အကြုံကလည်း မရှိ၊ အသိအကျွမ်းကလည်း မရှိ၊ ဘာဆိုဘာမှ မသိ နတ္ထိ။ မျက်စိသူငယ် နားသူငယ်ဆိုတာ ဒါကိုခေါ်တာ ဖြစ်ပါလိမ့်မယ်။
အဲဒီအချိန်မှာ ကျွန်တော်တက်ရမယ့်ကျောင်းက နယ်ဘက်မှာဆိုတော့ ပထမဆုံးရပ်နားရတဲ့ အဲဒီနိုင်ငံရဲ့ မြို့တော်မှာ နှစ်ရက်လောက် နားရပါတယ်။ ကျွန်တော် တည်းခိုရာ ဟိုတယ် ကနေ မြန်မာသံရုံးကရယ်၊ ပညာရေးကိုင်တဲ့ စစ်သံမှူးရုံးကရယ် လာတွေ့ကြပါတယ်။ အဲဒီမှာ တာဝန်မရှိပေမယ့် တာဝန်သိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါလာပါတယ်။ သူကတော့ နောင်တစ်ချိန် မှာ ကျွန်တော့်မိဘသဖွယ်ဖြစ်လာတဲ့ ကျွန်တော့် ယောက္ခမလောင်းကြီးပါပဲ။
သဘောကောင်းလွန်း ပြီး အလွန်ဖော်ရွေလွန်းတဲ့ ကျွန်တော့်ရဲ့ ယောက္ခမလောင်းကြီးကြောင့် ကျွန်တော်ဟာ ကျွန်တော့ ဇနီးလောင်းမိသားစုများနဲ့ နောက်ပိုင်းမှာ တွေ့ဆုံ၊ ခင်မင်၊ ရင်းနှီးခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော့ ဇနီးလောင်းနဲ့ ကျွန်တော်ဟာ စတင်သိကျွမ်းလာရပါတယ်။ ကျွန်တော် ၂၅၊ သူက ၁၄ ဆိုပါတော့။
ဒီလိုနဲ့ ပညာသင်ပြီးတဲ့နောက် ၁၉၇၆ မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်။ ဆရာတွေက ရန်ကုန်ကို ပြောင်းဖို့ တဖွဖွခေါ်နေတဲ့ကြားက ဇာတိ မန ္တလေးမှာ နှစ်နှစ်လောက် ပေကပ်နေပြီး ဝါသနာပါရာကို အလုပ်တစ်ဖက်နဲ့ ခေါင်းမာပြီး လုပ်နေခဲ့ပါသေးတယ်။ မန ္တလေးက ကျွန်တော့် ကို မောင်းထုတ်လိုက်တော့မှ ကျွန်တော် ရန်ကုန်ကို ပြောင်းဖြစ်တော့တာပါပဲ။ ၁၉၇၇… ။
အဲဒီအချိန်မှာ ကျွန်တော့်ဇနီးလောင်း မိသားစုတွေကလည်း တာဝန်တွေ ပြီးလို့ ရန်ကုန်ပြန် အရောက်၊ ရန်ကုန်မှာ ကျွန်တော်နဲ့ သူတို့နေတဲ့ရပ်ကွက်ကလည်း ကပ်နေတော့ သူတို့နဲ့ ကျွန်တော် ပြန်ပြီးဆက်သွယ်မိကြပြန်ပါတယ်။ ဒါကို ရေစက်လို့ ခေါ်လေမလား၊ ဖူးစာလို့ ခေါ်လေမလား။ ၁၉၇၈… ။
အဲဒီအချိန်မှာတော့ သူမက အလှဆုံးအချိန်၊ တက္ကသိုလ်ပထမနှစ် စတက်တဲ့အချိန်၊ ၁၈ နှစ်အရွယ်၊ တိုတိုပဲ ပြောကြပါစို့ဗျာ ၁၉၇၉ မှာ ကျွန်တော်တို့ အိမ်ထောင်ကျပါတယ်။ ကျွန်တော် ၃၀၊ သူ၁၉။ ဒွေးချိုး လေးတိုးပေါ့ဗျာ။
ကျွန်တော်တို့အိမ်ထောင်ရေးဟာ ပျော်စရာလေးဖြစ်ခဲ့ပါတယ်။ အတွေးအခေါ်ချင်းလည်း ညီ၊ ကမ္ဘာ့အမြင်ချင်းလည်း ညီဆိုတော့ အဲဒီအချိန်တုန်းက ရုန်းကန်ရတဲ့ ဘဝအမောတွေ ဖြစ်ခဲ့ပေ မယ့် မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောခဲ့ဘူးပေါ့။ပျော်မဆုံး မော်မဆုံး ကာလလေးတွေဟာ ကျွန်တော်တို့ အိမ်ထောင်ရေးမှာ အမှန်တကယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတို့ရဲ့ ထုံးစံအတိုင်း အိမ်ထောင်သက်လေး ရလာတဲ့အခါ “ညှိယူရတဲ့ ကာရန်တွေ” က များများလာ ပါတယ်။
တစ်ခါတစ်ရံ အိမ်ထောင်ရေးတေးသံဟာ သာယာသံပျောက်ပြီး ဘီလူးဆိုင်းဖြစ်ရတဲ့ အကြိမ်တွေလည်း များများလာပါတယ်။ သူပြတ်မယ် ငါပြတ်မယ် ဆိုရတဲ့ အဆင့်အထိ ပြင်းထန်သွားတဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။
ခက်တာက ကျွန်တော်ကလည်း ခေါင်းမာတယ်၊ သူကလည်း အနိုင်မခံဘူး။ ကျွန်တော်ကလည်း ဆရာလုပ်ချင်တယ် (ကျောင်းဆရာတစ်ပိုင်းလေဗျာ)။ သူကလည်း အမိန့်ပေးတာ ဝါသနာပါတယ်။ ကျွန်တော်က အပြစ်ပြောတာ မကြိုက်ဘူး၊ အပြစ်ပြောမခံရအောင်လည်း နေတယ်။ သူက ဝေဖန် တတ်တယ်၊ ကျွန်တော်က လူတွေကို အားနာတတ်တယ်၊ သနားတတ်တယ်။ သူက တိကျတယ်၊ ပြတ်သားတယ်၊ အပိုအလုပ် မလုပ်ဘူး၊ လက်တွေ့ပိုကျတယ်ပေါ့ဗျာ။
ဒီလိုနဲ့ပဲ ကျွန်တော်တို့အိမ်ထောင်ရေးမှာ သားသမီးက သုံးယောက်၊ အိမ်ထောင်သက်က နှစ် ၃၀ ရှိလာခဲ့ပါတယ်။
ဒီနေရာမှာ ကျွန်တော် မကြာမကြာ စဉ်းစားလာမိပါတယ်။ အိမ်ထောင်တစ်ခုမှာ ပြောလေ့ရှိပါတယ်၊ စိတ်တူ သဘောတူတဲ့။ တစ်ဦးနဲ့တစ်ဦး စိတ်တူ သဘောတူ၊ အကြိုက်တူ၊ အလိုက်သိ၊ ဘာတဲ့ … ငါးခြောက်ဆို ဖုတ်ပြီးသား ဆိုတာတွေလေ။ ဒီလို စိတ်သဘောထား အစစ တိုက်ဆိုင်ပြီး တစ်ဦးအကြိုက် တစ်ဦး လိုက်နေကြတဲ့ မိမတူ ဖမတူ နှစ်ဦး အတူသွား၊ အတူစား၊ အတူလက်တွဲနေကြတာ ဘာများ ဆန်းသလဲ။
ကျွန်တော်တို့လို အစစ အယူအဆအတူကြတဲ့ သူနှစ်ဦး နှစ်ပေါင်းများစွာ အတူလက်တွဲနေထိုင်နိုင်ခဲ့ကြတာ ဘာကြောင့်များပါလဲ။ နားလည် မှုကြောင့် ဆိုမလား၊ သည်းခံစိတ်ကြောင့် ဆိုမလား။
အခုတော့ အသကေ်တွလည်း ကြီးလာကြပါပြီ၊ အကြီးဆုံးသမီးပဲ ဆရာဝန်ဖြစ်၊ အိမ်ထောင်ကျ၊ အခု မြေးတောင် ရနေပါပြီ။
ဇနီးသည်နဲ့ အေးအေး ဆေးဆေး စကားစမြည်ပြောဖြစ်တဲ့ တစ်နေ့ပေါ့။ အများအားဖြင့်လည်း သားရေး သမီးရေး (အလတ်ကောင်က အခုမှ ၁၄ နှစ်နဲ့ အငယ်မက ၁၀ နှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော် အိုချိန်မရသေးပါ)၊ စားရေး သောက်ရေး အလုပ်ကိစ္စတွေနဲ့ အေးအေး လူလူ စကား မပြောဖြစ်ကြတာ များပါတယ်။ အဲဒီ အေးအေးလူလူ စကားပြောဖြစ်တဲ့ တစ်နေ့မှာတော့ . . . ။
ကျွန်တော်။ ။ “ဒီမှာ.. ငါတို့ အိမ်ထောင်ရေးကို ငါ စဉ်းစားနေမိတယ်၊ မင်းနဲ့ ငါနဲ့က ငါက စနေ၊ မင်းက ကြာသပတေး၊ အိမ်ထောင်ရေးနက္ခတ်ချင်း မကိုက်ဘူးလို့ ပြောကြတယ်”(ကျွန်တော့်နိဒါန်းကလည်း ထရိုက်ချင်စရာပါပဲ။)
သူ ။ ။ “အဲဒါ.. ဘာဖြစ်လဲ”
ကျွန်တော်။ ။ “မင်းစဉ်းစားကြည့်လေကွာ ငါက ဒါဆို မင်းက ဟိုဟာ၊ ငါက အားနာတတ်တယ် မင်းက အားမနာတတ်ဘူး၊ ငါက အောင်လင်းကြိုက်တယ် မင်းက ဂျူးမှဂျူး၊ ငါက စန္ဒရားချစ်ဆွေကြိုက်တယ် မင်းက ဇော်ဝင်းထွဋ်ကြိုက်တယ်၊ ဘယ်တုန်းကများ အကြိုက်ချင်း တူခဲ့လို့တုံး”
သူ ။ ။ “ အဲဒါ ဘာဖြစ်လဲ “ (အသံကခပ်မာမာနဲ့ ခပ်ကျယ်ကျယ်ဖြစ်လာပါတယ်။)
ကျွန်တော်။ ။ “ အဲဒီလို မင်းနဲ့ငါနဲ့ဟာ အစစ အကြိုက်တွေ အမြင်တွေက တခြားစီပဲ၊ ဘာမှ ကိုက်ညီတာ မရှိဘူး ”
သူ (အတော်လေးစိတ်ရှုပ်လာပုံပေါက်လာပြီး မျက်နှာတွေလည်း နီလာပါတယ်။)။ ။ “ရှင် ဘာတွေ လာပြောနေပြန်တာလဲ၊ ဘာလဲ ရန်ဖြစ်ချင်ပြန်ပြီလား၊ အဲဒီတော့ ဘာဖြစ်လဲ၊ ရှင်က ဘာပြောချင်တာလဲ”
ကျွန်တော်။ ။ “အဲဒါကိုပဲ ငါစဉ်းစားနေမိတာ၊ တစ်ယောက်နဲ့ တစ်ယောက် အစစ အရာရာ သဘောထားချင်းလဲ မတိုက်ဆိုင်၊ အပေးအယူလဲ မတည့်တဲ့ တစ်ဖအေ တစ်မအေစီက ပေါက်ဖွား လာကြတဲ့ မင်းနဲ့ငါနဲ့ဟာ အတူပေါင်းလာခဲ့ကြတာ အခုဆို အနှစ် ၃၀ ရှိတော့မယ်၊ အဲဒါ.. ဘာကြောင့်လို့ မင်းထင်လဲ”
သူ (အတော်စိတ်ရှုပ်လာပုံနဲ့ အသံခပ်ကျယ်ကျယ်နဲ့)။ ။ “ ဘယ်သိမလဲ ”
အဲဒီလိုလည်းပြောလိုက်ရော ကျွန်တော်က သူ့အနားကို ကိုယ်လေးကိုင်းကာ အသာလေး ကပ်လိုက်ပြီး တိုးတိုးလေး နှစ်ကိုယ်ကြား ပြောလိုက်ပါတယ်။
ကျွန်တော်။ ။ “ အဲဒါ အချစ်လို့ ခေါ်တယ် ”
အဲဒီလိုလည်း ကျွန်တော်က ပြောလိုက်ရော သူ့မျက်နှာဟာ လမင်းကြီးလို ဝင်းလက် သွားပါတယ်။ နောက်တော့
သူ (မျက်နှာ ပြုံးပြုံးကြီးနဲ့)။ ။ “ အောင်မယ်… သွား” ဆိုပြီး ကျွန်တော့်ရင်ဘတ်ကို တံတောင်နဲ့ လှမ်းတွက်လိုက်ပါတယ်။
ဒါပေမဲ့ ဒီတံတောင်မှာ အားမပါဘူးဆိုတာ ကျွန်တော်သာ အသိဆုံး ဖြစ်ပါတယ်။
( နာဂစ်ရဲ့ ကောလဟာလတွေကြောင့် “ တုံးကျော်ထီးကြီး ” ဖြစ်လာရတဲ့ အဖေကြီး အတွက် စိုးရိမ်ပူပန်စိတ်တွေကြောင့် ရင်ထဲက အချစ်တွေ ပွင့်အန်ကျလာကြတဲ့ ချစ်ဇနီးနဲ့ သားသမီးသုံးဦးသို့ အမှတ်တရ )။
Tun Lwin မိုးလေဝသ
ပါကစ္စတန်က အစလ္လာမ္မစ်ဆန္ဒပြသူတွေကို ရဲကဖြိုခွဲ
ပါကစ္စတန် ရဲတွေနဲ့ ပြည်သူ့စစ်တွေဟာ အစ္စလာမစ် ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးစားခဲ့လို့ အစ္စလာမ် မာဘတ်မြို့မှာ စနေနေ့က ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပါတယ်။
 မြို့တော် အစ္စလာမ်မာဘတ် က အဓိက လမ်းတွေ ကို သီတင်း ပတ် ၃ပတ်နီးပါး ပိတ်ဆို့ထားတဲ့ အစ္စလာမစ် ဆန္ဒပြသူတွေ ကို လူစုခွဲဖို့ ရဲနဲ့ ပြည်သူ့စစ်တွေက မျက်ရည်ယို ဓာတ်ငွေ့တွေ မီးသတ် ပိုက်တွေ ကို သုံးခဲ့ရပါတယ်. ဆန္ဒပြသူတွေကလဲ ရဲတွေကို ကျောက်ခဲတွေ နဲ့ ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အမာခံ အစ္စလာမစ် နိုင်ငံရေးပါတီ တရိခ်အီ လာဘိုက်ခ်က တက်ကြွလှုပ်ရှားသူ အယောက်တထောင် လောက် ကို ရဲအရာရှိ အယောက် ၄ထောင်လောက် က လူစုခွဲဖို့ ကြိုးစား ခဲ့ တာပါ။ သူတို့က တရားရေး ဝန်ကြီးကို ရာထူးက ထုတ်ပယ်ဖို့ တောင်း ဆိုပါတယ်။ လူစုခွဲဖို့ တရားရုံးရဲ့ အမိန့်ကိုလဲ အာခံခဲ့ကြ ပါတယ်။
 သပိတ် စခန်းပတ်လည်က လမ်းတွေထဲမှာ မီးခိုးတွေ မီးလောင်မှုတွေ ပြည့်နေလို့ အရာရှိတွေက အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံပြည့်နဲ့ ဖြိုခွင်းခဲ့တာပါ။ ဆန္ဒပြသူ တချို့က ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ ဝတ်ထားပြီး ကျောက်တုံး တွေနဲ့ ပြန်လှန် ပစ်ခတ်ခဲ့ပါတယ်။အခင်းဖြစ်ပွားပုံကို ရိုက်ကူးနေတဲ့ ရုပ်သံလဲ နေ့လယ်ပိုင်းမှာ ပြတ်တောက်ခဲ့ပါတယ်။
 ပုဂ္ဂလိက ရုပ်သံတွေလဲ မီဒီယာ စည်းကြပ်သူ အရာရှိတွေရဲ့ အမိန့်ကြောင့် ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့ ရပါတယ်. မြို့တွင်း လမ်းတွေကို သီတင်းပတ် ၃ပတ်ကြာ ပိတ်ဆို့ နေတဲ့ ထိုင်သပိတ်ကို အဆုံးသတ်ရေး အစိုးရက ညှိုနှိုင်းဖို့ ကြိုးစားခဲ့ပါတယ်။
သီရိထက်စံ
Clashes in Islamabad as police try to break up weeks-long protest
တရုတ်နိုင်ငံအတွင်း ကလေးတွေကို နှိပ်စက်မှု ကျော်မကောင်း ကြား မကောင်း ဖြစ်ခဲ့အပြီးမှာ မူကြိုကျောင်း တွေကို တင်းတင်းကြပ်ကြပ် စုံစမ်း စစ်ဆေး
တရုတ်နိုင်ငံတလွှားက မူကြိုကျောင်းတွေမှာ ဘေးကင်းရေး စစ်ဆေးဖို့ တရုတ် ပညာရေး ဝန်ကြီးဌာနက သော ကြာနေ့မှာ အမိန့်ထုတ်ခဲ့တာပါ။ မူကြို ကျောင်းထဲမှာ ကလေးတွေ အပေါ် လတ်တလော နှိပ်စက် မှုတွေ ဟာ ကလေးတွေနဲ့ သူတို့ မိသားစုတွေ ကို အကြီးအကျယ် ထိခိုက်စေ တယ် ဆိုးရွားတဲ့ နောက်ဆက်တွဲ တွေ ဖြစ်လာခဲ့တယ်။ ဒါဟာ မူကြို ကျောင်းတွေကို စီမံခန့်ခွဲမှုမှာ ပြသနာတွေ ရှိတာ ပြနေတယ်လို့ ဝန်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
 စစ်ဆေးရာမှာ မူကြိုဝန်ထမ်းတွေ ကို အာရုံစိုက်ရမယ်။ မူကြိုကလေးတွေကို ထိခိုက်စေတဲ့ ဘယ်လို အပြုအမူ ကို မဆို စုံစမ်းစစ်ဆေးဖို့နဲ့ အမှားလုပ်တာတွေကို ပြုပြင်ဖို့ လိုတယ်လို့ ဒေသန္တရ အစိုးရတွေကို ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ဒါ့အပြင် နိုင်ငံတလွှားက ပညာရေး အာဏာပိုင် တွေအနေနဲ့ ပုံမှန် ကြီးကြပ် ကွပ်ကဲမှု လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ နဲ့ ကလေးတွေကို နှိပ်စက်သူတွေကို အပြစ်ပေး ရာမှာ တာဝန်ခံစနစ် တိုးတက်စေဖို့ ဝန်ကြီးဌာနက တိုက်တွန်း ထားပါတယ်။
 ဒါကြောင့် တရုတ်အရှေ့ဘက် ကျဲ့ကျန်းပြည်နယ် အနောက် မြောက်ပိုင်းက ဂံစုပြည်နယ်နဲ့ မြောက်ပိုင်းက တီယန်ကျင့် စည်ပင်ဒေသ အပါအဝင် နိုင်ငံတဝှမ်းက တချို့ ဒေသတွေမှာ ပညာရေး အာဏာပိုင် အရာရှိတွေက မူကြိုကျောင်းတွေကို စနေနေ့မှာ စစ် ဆေး ခဲ့ကြပါတယ်။ တရုတ်မြို့တော် ပေကျင်းက ချောင်းရန်ခရိုင် RYB ပညာရေး ကမ္ဘာသစ် မူကြိုမှာ ကလေး တွေကို အပ်နဲ့ထိုးတယ်။ အမျိုးအမည်မသိ ဆေးတွေ ကျွေးတယ်လို့ အတိုင် ခံခဲ့ရ တာပါ။ကလေးမိဘ အတော်များများက ဒီအရေးကို ဒေါသတကြီး အွန်လိုင်းတင်ခဲ့ပြီး အာဏာပိုင် တွေဆီ တိုင် ကြားခဲ့လို့ ရဲတွေ စုံစမ်း စစ်ဆေး ခဲ့ရပါတယ်။
စနေနေ့မှာ ကလေးတွေ ကို နှိပ်စက်မှု နဲ့ အသက် ၂၂နှစ်အရွယ် ဆရာမ တယောက်ကို ဖမ်းဆီးခဲ့ ပါတယ်. လက်သရမ်း နှောင့်ယှက်မှုနဲ့ သတင်းမှား ဖြန့်ခဲ့တဲ့ အသက် ၃၁နှစ် အရွယ် အမျိုးသမီး ကိုတော့ အများပြည်သူ တည်ငြိမ်ရေးကို နှောင့် ယှက်မှုနဲ့ ဖမ်းခဲ့ပါတယ်. မူကြိုကျောင်း ပိုင်ရှင်က ကျောင်းအုပ်ကို တာဝန် က ဖယ်ရှားခဲ့တယ်လို့ ခရိုင် အစိုးရ အရာရှိက စနေနေ့မှာ ပြောပါတယ်။ ပေကျင်း စည်ပင် ပညာရေး ကော်မရှင်က မူကြိုကျောင်းက ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေး ပညာပေးတာတွေ လုပ်မယ် မိဘတွေကိုလဲ ဖြောင်းဖျ နှစ်သိမ့်မယ်လို့ စနေနေ့မှာ ပြောခဲ့ပါတယ်။
သီရိထက်စံ
Saturday, November 25, 2017
သံမဏိ နှင်းဆီနီ ၏ ၀ိညာဉ်ကို ခံစားခြင်း(Myanmar is not a simple morality tale)
လူသူကင်းမဲ့နေသော ခြောက်လမ်းသွားအဝေးပြေး ကားလမ်းမကြီးများဖြင့် တည်ဆောက်ထားသော ခံ
တပ်ကြီးတခုနှင့် တူသော မြို့တော်၏ သူမ ရုံးခန်းတွင် ထိုင်ပြီးဒေါ်အောင်ဆန်းစုကြည်တယောက် တခါက
သူမကို ချစ်ခင်လေးစား ကြသော အနောက်အုပ်စုမှ လူအများက အဘယ်ကြောင့် သူမဂုဏ်သိက္ခာကျ
ဆင်းအောင် အပြောင်းအလဲမြန်လှစွာ ဖြင့် ပြောဆိုနေကြသူများ အဖြစ်ကုန်ကြရပေသနည်းကို
 တွေးကောင်းတွေးနေနိုင်ပေသည်။
ယင်းသည်ကား မြန်မာနိုင်ငံ အနောက်ခြမ်းမှ၎င်းတို့ ကိုယ် ၎င်းတို့ "ရိုဟင်ဂျာ" ဟု ခေါ်ဆိုနေကြသော
လူပေါင်း ခြောက်သိန်းကျော်ခန့်နှစ်လအတွင်း ထွက်ပြေးသွားရမှု အပေါ် သူမအနေဖြင့် ရေငုံနှုတ်ပိတ်နေ
သည်ဟု ယူဆသောကြောင့်ဖြစ်မည်ကို မတွေးပဲ နေမိမည်ကား မဟုတ်ပေ။
အဆိုပါ အရေး အတွက် သူမ၏ ကျောင်းတော်ကြီးမှ တခါက အမြတ်တနိုး ချိတ်ဆွဲထားခဲ့သောသူမ၏ ရုပ်ပုံကို ဖြုတ်ချခဲ့သည်မှ အစပြု၍ နောက်ဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှလူမျိုးရေး သန့်စင်မူကို
 ခေါ်ဝေါ်ကာ ရူတ်ချလာခဲ့သည့်အထိ နည်းမျိုးစုံ ဖြင့် ကန့်ကွက် တုန့်ပြန်လာခဲ့ကြသည် မဟုတ်ပါလား။
ဒီလို ပြုလုပ်လာကြသည်ကို သူမအနေဖြင့်မည်သို့မျ တုန့်ပြန်ရန် စိတ်ကူးမရှိ။ သူမ၏တိုင်းပြည်နှင့် ပါတ်
သက်၍ သူတို့ အားလုံးမြင်နိုင် နားလည်နိုင်သည်ထက် ကျော်ပြီး သူမအနေဖြင့် သိမြင် ထားပြီးလည်းဖြစ်
သည်။
သူမနိုင်ငံက ဒီမိုကရေစီ နိုင်ငံ အဖြစ် ယခုတိုင်ပီပီပြင်ပြင် ပြောလို့ မရသေး။ စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီ သို့ သိမ်မွေ့ ငြင်သာစွာ ကူးပြောင်းနေဆဲ။ ပြည်တွင်းစစ်များနှင့် နပမ်းလုံးနေရဆဲ ဟုသာ လွန်ရောက္ဈံရော ပြောလို့ ရပေသေးသည်။ သူမအနေဖြင့် စစ်တပ်၏ သိမ်မွေ့စွာရေးဆွဲထားသည့် မျဉ်းအတိုင်း လျောက်နေရဆဲ
ပင် ဖြစ်သည်။ အနည်းငယ် လမ်းချော်သွားသည်နှင့် အားလုံး ဆုံးရှုံးသွားနိုင်သည့် အခြေအနေရှိနေဆဲ ဖြစ်သည်။ ထိုအထဲတွင် သူမအစိုးရိမ် ဆုံးက ပြည်သူများ လွတ်မြောက်ရေးအတွက် တသက်လုံး သူမကြိုးစားခဲ့ရသမျ သဲထဲရေသွန် ဖြစ်သွားမည့် အရေးပင်။
ထိုသို့သော် သူမ၏ အကြပ်အတည်းကို နားလည်ရကောင်းမှန်း မသိပဲ အနောက်အုပ်စုမှ ပြောဆိုနေခြင်း
သည် လူပြိန်းများ အကြိုက်လိုက်ပြောနေခြင်းထက် ဘာများ ထူးပေအုန်းမည်နည်း။
ပြသာနာကား ၎င်းတို့ အနေဖြင့် သူမသည်icon တယောက်မဟုတ် နိုင်ငံရေးသမားသာဖြစ်သည်ဟု
အစောကြီးကတည်းက ရှင်းလင်းစွာ အကြိမ်ကြိမ် ပြောထားခဲ့ပေမယ့် ၎င်းတို့ကား သူမအား သူတော်စင်တယောက်အဖြစ်သာ ရှု့မြင်လိုနေကြသောကြောင့်ပင် ဖြစ်သည်။
ထို့အတွက် သူမကို စစ်တပ်အား ရှုတ်ချစေချင်သည်။ "ရိုဟင်ဂျာ" ဆိုသော အခေါ်အဝေါ်ကိုအသိ
အမှတ်ပြုစေချင်ကြသည်။
သူမအနေဖြင့် ဤသို့ လုပ်၍ကော ဘာများ အကျိုးထူးပေမည်နည်း။ ပြသာနာက ပြေလည်သွားနိုင်မည်
မဟုတ်။ ပြသာနာ ပြေလည်ဖို့ကအဆိုပါ ဒေသတွင် နေထိုင်သူ အချင်းချင်း သဟဇာတ ဖြစ်ရေးနှင့် တရား
ဥပဒေ စိုးမိုးမှု ရရှိရေးသာ ပဓာန ဟု သူမ က ခံယူထားခဲ့ပြီး လည်းဖြစ်သည်။ လောလောဆယ် အနေအထားတွင်တော့ နှစ်ခုစလုံးက စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နေပေသေးသည်။
ထိုဒေသတွင်သာ မကသေး တိုင်းပြည်နေရာအနှံတွင် လက်နက်ကိုင် ပုန်ကန်မှုများကအများအပြား ရှိနေဆဲ ဖြစ်သည်။ ထို့ အတွက်လည်း အမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချဲ ပြောခဲ့သလိုပင် ပြည်တွင်းစည်းလုံးမှုကလက်နက် ဖြင့် ထိမ်းချုပ် ဖန်တီးထားသည်ဆိုသည်ကို လက်မခံချင်သော်လည်း လက်ခံရမည်သာ ဖြစ်သည်။
တိုင်းရင်းသားများ ညီညွတ်မှုသာမက အရာရာတိုင်းကို လက်နက်ဖြင့် ထိမ်းချုပ်လာခဲ့၍ လည်းတိုင်းပြည်က ပျက်စီးခြင်း ငါးပါး ဆိုက်ခဲ့ရပြီးလည်း ဖြစ်သည်။သို့သော် ၎င်းတို့၏ အုပ်ချုပ်မှုကား ယခုတိုင်ရှိနေဆဲ ဖြစ်
သည်။ ထိုသို့ ရှိနေနိုင်ရန်လည်း၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဖန်တီးထားခဲ့ပြီး သူမအားလည်း သမ္မတ ဖြစ်ခွင့်ပင်
မပေးခဲ့ကြပေ။
လွှတ်တော်ထဲဝင် ၎င်းတို့လူများ လာထိုင်နေကြခြင်း။ အရေးပါသော ၀န်ကြီးဌာနများကိုဆက်လက်ချုပ်ကိုင်ထားနေခြင်းများကြောင့်တကယ်တမ်း ပြောရလျင် အာဏာလွှဲပြောင်းခဲ့သည်ဟု ပြော၍ မရပေ။
တ၀က်တပျက်သာ၎င်းတို့၏ လွန်စွာ တင်းကျပ်စွာ ထိမ်းချုပ်မှုအောက်တွင် အုပ်ချုပ်ခွင့် ပေးထားခြင်းသာ
ဖြစ်ပြီး ဒီအနေအထားကိုလည်း လက်ဖျောက်တချက် တီးလိုက်ယုံမျ ပင် ပြောင်းလဲပစ်၍ ရနေပေသေး
သည်။
သူမအဖို့က ဒီမိုကရေစီသို့ အစစ်အမှန် ပြောင်းလဲနိုင်ရေး ကို ရေရှည်တိုက်ပွဲ ဆင်နွဲရဦးမည်သာ ဖြစ်သည်။ သူမ၏ အဆုံးအဖြတ်များကလည်း ထိုရည်မှန်းချက်မှ သွေဖည်သွား၍ မဖြစ်သေး။ သို့သော် သူမအနေဖြင့် သိပ်ပြီးသတိထားလွန်ရာများ ကျနေသလား။ သူမကို ခြေလှမ်း တလှမ်းခြင်း လျောက်နေသူ၊စစ်တပ် နှင့် လူထု အကြား သတိကြီးစွာဖြင့်ကြားကရပ်ပေးနေသူဟု ပြည်တွင်းက ပြောဆိုနေမှုများကလည်း မှန်နေ
ရပြီလား။ သူမ၏သမိုင်းတလျောက်ကို ပြန်ကြည့်လျင်တော့ မိမိ၏ ရည်မှန်းချက်ကို မည်သည့်အရာကမှ
အနှောက်အယှက်မခံေ၀၀ါးခြင်း မရှိပဲ မဆုတ်မနစ် လျောက်နေသည်ဆိုသော အချက်ကလွဲ၍အခြား ဘာမှ တွေ့ကြရလိမ့်မည် မဟုတ်။
ထိုကဲ့သို့ သံမဏိ စိတ်ဓါတ်မျိုး မထားနိုင်ခဲ့ကလည်း သေအံ့မူးမူး ခင်ပွန်းကို ပစ်ထားခဲ့ခြင်းအရွယ်မရောက်သေးသော လူပမယ် ကလေးနှစ်ဦးကို စောင့်ရှောက် မပေးနိုင်ခဲခြင်း အစရှိသည့် ခံစားချက်များဖြင့် တကိုယ်တည်းအကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့မည် မဟုတ်ပေ။
နိုင်ငံရေးဆိုသည့် အရာ၏ ကြိမ်ဖန်များစွာပွတ်တိုက်ခံလာခဲ့ရသဖြင့် သူမ၏ နှလုံးသားများက လက်တွေ
တရားဖြင့် မာကျောလာခဲ့ရပြီလည်း ဖြစ်သည်။ ဒုက္ခသည် စခန်းများသို့သွားရောက်ခဲ့ရသူ သူမ အဖို့ ကလေးသူငယ်များကို ပွေ့ဖက်တတ်ရမည် ဆိုသည့် အချက်ကိုလည်း တုံဏှိဘာဝေသာ နေခဲ့သည်။ ဒါတွေကို လိုက်လုပ်မနေနိုင်အား သူမနိုင်ငံ၏ အကျဉ်းကျနေဆဲ ၀ိညာဉ် အပြီးအပိုင် လွတ်မြောက်ရေးဟူသော ဖခင်ကြီး၏ မပြီးဆုံးသေသော တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ရေးသည်သာသူမ၏ ခေါင်းထဲတွင် အမြဲလို ရှိနေခဲ့ရသည်။
ယင်းသည်ကလည်း သူမ ၂ နှစ် သမီးကတည်းက မမြင်တွေ့ခဲ့ရသော.စည်းလုံးညီညွတ်သောနိုင်ငံတော်
တည်ဆောက်ရေးပင် ဖြစ်သည်။
ယခုဖြစ်ပျက်နေသော "ရိုဟင်ဂျာ" ဆိုသူများခံစားနေရမှုများကို သူမ သဘောတခုတည်းဖြင့် ပြောဆိုခွင့်ရမည်ဆိုပါစို့။ ၎င်းတို့ ဖြစ်စေချင်သလို စစ်တပ်ကို ရူတ်ချမည်လော။
သူမကိုယ်တိုင်က အောက်စဖို ကျောင်းတော်ကြီးတွင် ပညာသင်ကြားခဲ့စဉ်ပင် မြန်မာသမိုင်းကို အထပ်
ထပ်လေ့လာ ကျမ်းပြုခဲ့ပြီး ဖြစ်သည့်အပြင် စာအုပ်ပေါင်းများစွာကိုလည်း.ရေးသားထားပြီး ဖြစ်သဖြင့် "ရိုဟင်ဂျာ" ဟူသော အခေါ်အဝေါ်များသည် လိမ်ညာဖန်တီးထားခြင်းမျသာဖြစ်ပြီး ယခု ၎င်းတို့ ဖြစ်ပျက်နေမှုများကို မီဒီယာများ၏ စေစား ဖန်တီးထားချက်များသာဟုကောင်းစွာ သိရှိပြီးလည်း ဖြစ်သည့် သူမအဖို့က အခု ပြောဆိုနေသည်များထက် ပြောင်းလဲ၍မည်သို့မျ ပြောနိုင်မည် မဟုတ်ပေ။
သူမအနေဖြင့် ယခုလို လူအများအပြားသေဆုံခဲ့ရမှု ကို အမိန့်ပေးခဲ့ခြင်းလည်း မရှိသည့်အပြင်နိုင်ငံတော် အတိုင်ပင်ခံ တယောက်အနေဖြင့်တားမြစ်ရန် ဖွဲ့စည်းပုံကလည်း လုပ်ပိုင်ခွင့် ပေးမထားသဖြင့်တော့ လိပ်ပြာသန့်သည်ဟု ဆိုရမည်သာပင်။
နိုင်ငံ အတွင်း အပြင်ရှိ ဆိုရှယ် မီဒီယာများတွင်မတော့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။သို့သော် ကိုဖီအာနန် တခါက ပြောခဲ့သလိုပင်တဦးနှင့်တဦး ပြန်လည်ရင်ကြားစေ့၍ မရသောမိမိတို့ဖက် မိမိ အဓိကထား၍ ပြောဆိုနေကြမူများက များပေသည်။
မိမိတိုင်းပြည်အတွင်းတွင်က "ရိုဟင်ဂျာ" ဆိုသော စကားသည် ဗုံးတလုံး၏ စနက်တန်နှင့်မခြားပေ။ အဆိုပါ စကားကို ကြားရသူတိုင်းမခံမရပ်နိုင် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်ခြည်းပင်။ ထိုအရေး ဖြစ်ပေါ်
မလာအောင် ပြည်ပ ဖိအားပေးမှုကို အရေးမထားပဲ နောက်ဆုံး ထွက်သက်အထိ တိုက်ပွဲဝင်သွားမည်ဟု
ခံယူထားသူများက အများအပြားပင်။
ုဗုဒ္ဓဘာသာ မြန်မာများ အဖို့ က အာဖဂန်နစ္စတန်ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ်တို့ဖက်မှ ချီတက်
လာနေသော အစ္စလာမ်ဝါဒ ပြန့်ပွားရေးကိုရိုဟင်ဂျာ ဆိုသူများက ကိုယ်စားပြုလာနေကြဟု ယုံကြည်ကြ၍ လည်း ခုခံကာကွယ်မှသာဖြစ်မည်ဟု ခံယူခဲ့ကြခြင်းပင်။
အခုလို တင်းမာလာနေရမှုကလည်း ယခင်အစိုးရ အဆက်ဆက်၏ အမွေကို သူမ အနေဖြင့် ဆက်ခံခဲ့ရခြင်းပင်။သူမအဖို့က ဓါးသွား အစွန်းပေါ်တွင်သာ ရှိနေဆဲ ဖြစ်သော ဒီမိုကရေစီ အခြေခိုင်ဖို့က အရေးကြီးနေ
သည်။
ယခု အမေရိကန်ရှိ ဆီနိတ်တာ အမတ် နှစ်ဆယ်ကျော်နှင့် လူ့အခွင့်အရေး အဖွဲ့များကတိုင်းပြည်အား စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ရန် တောင်းဆိုလာနေသည့်အဖြစ်က သူမ၏ရည်မှန်းချက်များကို မည်သည့်
နည်းနှင့်မျ ကူညီရာ မရောက်သည့်အပြင် စစ်တပ်အား ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆွဲတင်နိုင်ရေး
အတွက်ပို၍ပင် အခက်အခဲ တွေ့လာနေရသည်။ယခု "ရိုဟင်ဂျာ" ဆိုသူများအပေါ် ဆက်ဆံမှုများကြောင့်
ဂျီဟတ် အုပ်စုများက နိုင်ငံကို ရန်ပြုရန် အာရုံစိုက်လာနေကြသလို တဖက်က အစွန်းရောက် သံဃာတော်များကလည်း ရှိနေပြန်သည်။
ထို့ အတွက် မကြာမီ ရောက်ရှိလာမည့် ပုပ်ရဟန်းမင်းကြီးက အဆိုပါ အရေးကို ကြားဝင်စေ့စပ်ပေးလိုသ
သည် ဆိုလာခြင်းကြောင့် ၎င်းရောက်ရှိလာမည့်ခရီးစဉ်ကို နိုင်ငံတွင်းရှိ ခရစ်ယာန်သာသနာပိုင်များ အဖို့
မပျော်ရွှင်နူိင်ပဲ ရင်တမမပင် ဖြစ်နေခဲ့ကြရသည်။
ယခုအခါ အသက် ၇၀ ကျော်လာနေပြီ ဖြစ်သော သူမအဖို့ တခုခုကို လုပ်မှ ဖြစ်ပေတော့မည်။ ဒီအရေးတွင် စစ်တပ်ကို ပစ်ပစ်ခါခါ လုပ်၍ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပေ။ ထိုသို့ ပြုလုပ်ပါက ၁၉၈၈ ခုနှစ်ကတည်းက
စတင်လာခဲ့သော လက်တကမ်းသာ လိုတော့သည့် သူမနိုင်ငံသားများ၏ မျော်လင့်ချက်များ အစက ပြန်စ
ကြရဖို့ များနေသည်။
ကမ္ဘာက ထိုအကြောင်းကို နားလည်နိုင်စွမ်းမရှိ။ သူတို့အဖို့ က ထို အကြောင်းများကိုနားလည်အောင် ကြိုးစားကြခြင်းထက် သူမ၏ရုပ်ပုံ ကို ဖြုတ်ချကြခြင်းသည်သာ ပို၍ လွယ်ကူပြီး လူ့ အခွင့်အရေး မြတ်နိုးသူများအဖြစ်သြဘာသံများ ရရှိနိုင်ကြမည်သာဖြစ်သည်။
လှစိုးဝေ
(ယနေ့ထုတ် နယူးယောက်တိုင်း သတင်းစာပါReview ကဏ္ဍ တွင် ဖေါ်ပြထားသော ဆောင်း
ပါးရှင် Roget Cohen ၏ "Myanmar is not a simple morality tale" ကို ခံစား၍ ပြန်လည်
တင်ပြသည်။)
ရခိုင် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု အား တပ်မတော်၏ တုန့် ပြန်မှု အပေါ် ယူ ဆချက် လေးခု (The Rohingya crisis and Myanmr's military responses)
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၆ ရက်နေ့ အာဆာ စစ်သွေးကြွများက တပ်မတော်နှင့် ရဲကင်းစခန်းများကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ချိန်မှစ၍ ထိုဒေသတွင်း အခြေအနေများသည်ကမ္ဘာ သတင်းစာ အသီးသီးတွင် ခေါင်းကြီးသတင်းအဖြစ် နေရာယူလာခဲ့ရပေသည်။
သို့သော် သတင်းရေးသားကြသူ အများစုက"ရိုဟင်ဂျာ' ဆိုသူများ၏ အခြေအနေ များကိုသာ ဇောင်းပေးဖေါ်
ပြနေကြသည်။ အရေးပါလှသော အကြောင်းခြင်းရာများကိုမူကား ဖေါ်ပြနိုင်ရန် အာရုံစိုက်ခြင်း မရှိခဲ့ကြပေ။
အဆိုပါ အကြောင်းခြင်းရာ ဆိုသည်ကား ၎င်းတို့၏ သတင်းများစွာထဲတွင်ဖေါ်ပြသည်ဆိုယုံမျသာ
ရှိခဲ့သော မြန်မာ စစ်တပ်၏ "နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး" ပင်ဖြစ်သည်။
အဆိုပါ အကြောင်းအရာအား သေချာစေ့ငုစွာလေ့လာသုံးသပ်ခဲ့သူ လွန်စွာ နည်းပါးလှကြောင်းလည်း တွေ့ရပေသည်။ စစ်ဆင်ရေး၏ ရေရှည် စစ်ရေး နှင့် နိုင်ငံရေးရည်မှန်းချက်များကို နားလည်ခြင်း အလျဉ်းမရှိ
ပါက လက်ရှိ ပြဿနာ များနှင့် အနာဂါတ်တွင်ကြုံတွေမည်ဟု မျော်လင့်ထားသော စိန်ခေါ်မှု
များကို လှမ်းမျော်ကြည့်ရန် လွန်စွာ ခဲယဉ်းနေမည်သာ ဖြစ်သည်။
တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ ထိမ်းချုပ်နိုင်မှု မရှိသလောက် ဖြစ်နေပြီး ၎င်းတို့ အကြံအစဉ် စိတ်ကူးများနှင့် သီးခြားလှုပ်ရှားနေသော အဖွဲ့ အစည်းတခုဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာခဲ့ကြ
သည်။ ဤနေရာတွင် မေးစရာ ရှိလာရသည်က မည်သို့သောအကြံအစည်များ လဲ။ ထို အကြံအစည်များ
နောက်ကွယ်တွင် ဘာတွေ ရှိနေလဲ ဆိုသည်များ ဖြစ်ပြီး အသေအချာ သိရှိနိုင်ရန်ကား ခက်ခဲလှသည်။
အဆိုပါ မေးခွန်းနှင့် ပါတ်သက်၍သုံးသပ်မှု လေးခု ထွက်ပေါ်လာနေခဲ့ပြီး ယင်းတို့တွင် ဖြစ်နိုင်ချေ ရှိသည်မှ အစပြု၍ ဖြစ်နိုင်ခဲသည် ဆိုသော သုံးသပ်မှု များ အထိပါဝင်နေသည်။
အဆိုပါ သုံးသပ်ချက် လေးခုက အောက်ပါအတိုင်း ဖြစ်သည်။
ပထမက တရားဝင် ရပ်တည်ချက် ဖြစ်သည်။နိုင်ငံတကာ အစ္စလာမ်ဝါဒီ အုပ်စုများ၏ ထောက်ခံမှု ဖြင့် ရိုဟင်ဂျာ အကြမ်းဖက်သမားများက နိုင်ငံ၏တည်ငြိမ်ရေး နှင့် အချုပ်အခြာအာဏာကိုအကြီးအကျယ် ခြိမ်းခြောက်လာခဲ့သည် ဆိုခြင်းပင် ဖြစ်သည်။
ထုံးစံအတိုင်း အဓိက ကျသော အသေးစိတ်အချက်အလက်များက ရှားပါးလျက် ရှိနေခဲ့ရသည်။ နိုင်ငံတကာ အရေးအခင်းများ လေ့လာရေး အဖွဲ့ ICG မှမူ အာဆာသည် နိုင်ငံတကာနှင့် ဆက်နွယ်နေသော ဂျီဟတ်
လှုပ်ရှားမူဖြစ်နိုင်ခြေ မရှိဟု ဖေါ်ပြခဲ့ကြသည်။ သို့သော်အခြားသော အကြမ်းဖက် အုပ်စုများနှင့် အဆက်
အသွယ် ရှိနိုင်သည်ဟု ဆိုသည်။ ထို့အပြင် ပြည်ပ အကြမ်းဖက်သမားများက အဆိုပါ အရေးအခင်းကို
အခွင့်ကောင်းယူ၍ ပြည်တွင်း ပြည်ပတွင် တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့် အလားအလာ ရှိသည်ဟု သတိပေးလာခဲ့သည်။
ထိုအရေးကို နေပြည်တော်သာမက ဒေသတွင်းရှိ နိုင်ငံများက စိုးရိမ်လာခဲ့ကြသည်။ သို့သော်ထိုင်း၊ မလေးရှား၊ အိန္ဒိယ နှင့် အခြားနိုင်ငံများရှိ"ရိုဟင်ဂျာ' အဝေးရောက်များအပြင် တောင် နှင့်အရှေ့တောင် အာရှ ရှိ
မူဆလင် အသိုက်အ၀န်းက ၎င်းတို့၏ ဘာသာတူများကို တင်းမာစွာ ဆက်ဆံမှုများအပေါ် ပြင်းထန်စွာ
တုန့်ပြန်လာခဲ့ကြသည်။
ပထမဦးဆုံး အာဆာ၏ တိုက်ခိုက်လာခဲ့မှုများအတွက် ကနဦးဇဝေဇ၀ါ ဖြစ်သွားခဲ့ရမူများ လွန်မြောက်လာခဲ့
ချိန်တွင်တော့ တပ်မတော်မှ ရိက္ခာထောက်ပံ့ငွေ၊ ထောက်လှမ်းရေးသတင်း နှင့် လူသစ်စုဆောင်းခြင်းများ ကို ဖြတ်တောက်ရန် ဆိုသည့်တန်ပြန်သောင်းကျန်းသူ တိုက်ဖျက်ရေး ဖြတ်လေးဖြတ်စစ်ဗျုဟာ ကို ကျင့်သုံးလာခဲ့ကြသည်။
ဒုတိယ ယူဆချက်က အသေးအမွှား ခြိမ်းခြောက်လာမှုလေးအား အလွန်အက္ဈံ တုန့်ပြန်ခဲ့သည်ဆိုသော
အချက်ပင် ဖြစ်သည်။ အာဆာ အနေဖြင့် စစ်ရေးအရ အောင်ပွဲခံရန်မှာလည်း မည်သို့မျ ဖြစ်လာနိုင်စရာ
အကြောင်းမရှိ။ ၎င်းတို့ အနေဖြင့် ရိုဟင်ဂျာပြသာနာကို ကမ္ဘာက အာရုံစိုက်လာစေရန်စစ်ရေးအရ မြန်မာ
စစ်တပ်ကို တမင်တကာ ရန်စ ခဲ့ခြင်းမျ သာ ဖြစ်သည်ဆိုခြင်းပင်။
သို့သော် အာဆာ ခေါင်းဆောင်ပိုင်းက ပြည်တွင်းတွင် မူဆလင်များအား မလိုလားမှုများရှိနေပြီး ၎င်းတို့အားလည်း ဘင်္ဂလီ ခိုးဝင်လာသူများ ဆိုကာ ရွံ့မုန်းနေကြသည်ကို မသိပဲနေမည်မဟုတ်ပေ။ ထို့အပြင် မြန်မာ
စစ်တပ်၏ခေါင်းဆောင်မှု ညံ့ဖျင်းခြင်း နှင့် ထင်ရာ လုပ်တတ်မှုများကို အခြားသော ပြည်တွင်း ပဋိပက္ခများမှတဆင့် အာဆာက ကောင်းစွာ သိရှိနိုင်ပြီးယင်း အချက်များနှင့်အတူ ရှိရင်းစွဲ ဘာသာရေးမုန်းတီးမှု
များကြောင့် စစ်တပ် မှ လူ့ အခွင့်အရေး ချိုးဖေါက်မူများ ကြိမ်းသေပေါက် ကျုးလွန်လာကြမည် ဖြစ်
သဖြင့် ၎င်းတို့ မျိုးနွယ်စုများအပေါ် နိုင်ငံတကာ၏ သနားဂရုဏ သက်မှုကိုရရှိလာမည်ဟု ယုံကြည်ထားကြသည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။
တတိယ ယူဆချက်ကား ၂၀၁၆ အတွင်း အာဆာ၏ တိုက်ခိုက်လာမှု အပေါ် သုံးသပ်၍ဗိုလ်ချုပ်ကြီးများက
ရိုဟင်ဂျာ ဆိုသူများ အားလုံးအား ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မောင်းထုတ်ပြစ်နိုင်ရန် ရေရှည် စီမံချက် များ ချမှတ်လာနိုင်သည်ဟု ဆန်းစစ်သူများက ယုံကြည်ခဲ့ကြသည်ဆိုခြင်းပင်။
ထို့ အတွက် ဒုတိယအကြိမ် တိုက်ခိုက်လာသည့် အခါတွင်တော့ 'လူမျိုးရေး သန့်စင်မှု" ဟုစွပ်စွဲစရာ ဖြစ်လာသည့်အထိ အရှိန်အဟုန်နှင့်ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထို စီမံချက်အရရိုဟင်ဂျာ ဆိုသူများကို ဘင်္ဂလားဒေ့ရှ်ဖက်သို့မောင်းထုတ်ပြီး သံဆူးကြိုးများ ကာရံခြင်းနှင့်မြေမြုပ် မိုင်းများ ချထားခြင်းများ ပြုလုပ်ကာ
ပြန်လာမည့် အရေးကို ကိုယ်ထိလက်ရောက် ဟန့်တားလာခဲ့ကြသည်။
ဆန်းစစ်သူများ၏ သီအိုရီအရ နိုင်ငံသားအဖြစ်လက်ခံနိုင်အောင် တင်းကျပ်သောစည်းမျဉ်းများနှင့်
အကြုံးဝင်၍ ပြန်လက္ခံရသူများကို ဘင်္ဂလားဒေ့ရှ်ဖက်မှ ဘာသာရေး အစွန်းရောက်များ၏စေစား
ခံရခြင်းဘေးမှ လွတ်ရာလွတ်ကြောင်းအဖြစ် ရခိုင် ပြည်နယ် တောင်ပိုင်းသို့ ပြောင်းရွှေ့နေရာချထားပေးမည် ဟူ၍ ဖြစ်သည်။
မြောက်ပိုင်းရှိ ၎င်းတို့ ပိုင် မြေများကို ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများကို ခွဲဝေပေးမည်လည်း ဖြစ်သည်။ သို့မှသာ
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကြား မိမိတို့ လူမျိုး များနှင့် အစားထိုးထားနိုင်မည် ဖြစ်သည်။ ထို့ အပြင် ဒေသခံ ပြည်သူ့စစ်မျုား ဖွဲ့စည်း ထူထောင်ပေးပြီး လုံခြုံရေးကို ထပ်မံအားဖြည့် ပေးနိုင်မည်လည်း ဖြစ်သည်။
စတုတ္ထ ယူဆချက်ကတော့ လူအများအပြားခံယူထားသည့် နိုင်ငံတကာမှ ပူးပေါင်း ကြံစည်ကြမှု ဆိုသည့် အတွေးအခေါ်ပင် ဖြစ်သည်။အနည်းငယ် သော လေ့လာသူများက မဟာမိတ် ဖြစ်သော ဆော်ဒီအာရေးဗီယား အကူ အညီဖြင့် အမေရိကန်မှ "ရိုဟင်ဂျာ" များကို အသုံးပြုပြီး မြန်မာပြည်တွင်း တရုတ်၏ သြဇာအာဏာသက်ရောက်နေမှု အားပျော့သွားရန်တဆင့်ခံ စစ်ပွဲ ဆင်နွှဲခြင်း ဟုပင် ပြောဆိုလာခဲ့ကြသည်။
အချို့ ဝေဖန်သူများကလည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နိုင်ရန် အတွက်အမေရိ
ကန်နှင့် အီးယူက ပြသာနာကို နက်ရှိုင်းအောင် ဖန်တီးခြင်းဟု ပြောဆို ကြပြန်သည်။
အမှန်တကယ် သိက္ဈမ်းနားလည်သူများကမူအထက်ပါ ဖြစ်နိုင်ခြေ နည်းလှသည့် အယူအဆများကို ခေါင်းထဲသို့ ပင် ထည့်သွင်းစဉ်းစားကြလိမ့်မည် မဟုတ်ပေ။ အခြားသော အယူအဆများကမူ စစ်တပ်၏ အပြုအမူများကို လေ့လာနိုင်ရန် စဉ်းစားသင့်သော အချက်များပင် ဖြစ်သည်။
ဖြစ်ပေါ်လာသော ရိုဟင်ဂျာ အရေးအခင်းကိုတပ်မတော်က ၎င်းတို့ အကျိုး အတွက် မည်သို့မျ အသုံးချ လိမ့်မည်မဟုတ်ဆိုက လွန်စွာအံသြဖွယ် ကောင်းလှပေမည်။ နေပြည်တော်တွင်ဗိုလ်ချုပ်ကြီးများက နိုင်ငံအရေး ကိစ္စမျာျးတွင် ၎င်းတို့၏ အခန်းကဏ္ဍ ဆက်လက် ရှိနေမည့်အကြောင်းဒေါ်အောင်ဆန်းစုကြည် အစိုးရအား
သတိပေးခဲ့ပြီး ဖြစ်သည်။
ထို့အပြင် နိုင်ငံ၏ ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်သူများအဖြစ် ပြောဆိုနိုင်ရန်လည်း နိုင်ငံ
တွင်း ရှိနေပြီးဖြစ်သော မူဆလင်ဆန့် ကျင့်ရေး အယူအဆများကို အရင်းအနှီးပြုပြီး ကောင်းစွာ အသုံးချနေခဲ့ကြသည်။
တပ်မတော်၏ ဗျူဟာသည် တိုင်းပြည်လုံခြုံရေး အတွက် အမှန်တကယ် စိုးရိမ်ကြောင့်ကြမှုကြောင့်ဖြစ်စေ။ ခပ်ကြမ်းကြမ်းပုံဖေါ်လာသော အမျိုးသားရေးဝါဒကြောင့် ဖြစ်စေ၊ နို်င်ငံရေးအရ အကျိုးအမြတ်မျှော်ကိုး၍ ဖြစ်
စေ၊ ရ ခိုင် ပြည်နယ် မြောက်ပိုင်းရှိ လူမျိုးရေးမညီမျမှုများ ကို ပြောင်းလဲရန် လျို့ ၀ှက် စီမံကြသည်ပဲ ဖြစ်စေ
ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာရသည်က တပ်မတော်သည် ၎င်းတို့၏ ကိုယ်ပိုင် ချမှတ်ထားသော လုပ်ငန်ုးစဉ်များအတိုင်း လုပ်နေကြသည်ဆိုသော အချက်ပင်ဖြစ်ပေသည်။
ဒေါ်အောင်ဆန်ုးစုကြည် အနေဖြင့် ပိုမိုလူသားဆန်သော မူဝါဒ များ ချမှတ် ပေးရန် ပြည်ပမှတောင်းဆိုနေမှုများကို တုန့် ပြန်ကောင်းတုန့်ပြန်နိုင်ဖွယ် ရှိသေးသော်လည်း ဗိုလ်ချုပ်ကြီးများကမူ နိုင်ငံတကာ အသိုက်အ၀န်းမှ မည်သို့ပင် ပြောဆိုနေစေကာမူ ၎င်းတို့၏ ရေရှည် ရည်မှန်းချက်ကို ပြောင်းလဲအောင် သွေး
ဆောင် ၍ ရမည့် လူများ မဟုတ်ကြပေ။
လှစိုးဝေ
(The Interpreter တွင် ပါရှိသည့် ဆောင်းပါးရှင် Andrew Seth ၏ "The Rohingya crisis and Myanmr's military responses" ကိုပြန်လည် တင်ပြသည်။)