Latest News

Tuesday, October 3, 2017

မောင်တောဒေသမှ ပြည်သူများအတွ က် ဧရာဝတီတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ အဝတ်အထည်နှင့် ငွေသား လာရောက်လှူဒါန်း

မောင်တောဒေသမှ ပြည်သူများအတွ က် ဧရာဝတီတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ အဝတ်အထည်နှင့် ငွေသား လာရောက်လှူဒါန်း

အောက်တိုဘာ ၄ ၊ ကိုအောင်(မင်းကြီး)

ဧရာဝတီတိုင်းဒေသကြီးမှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်ကာ GOMတေးဂီတအဖွဲ့နှင့် ပြည်သူများမှ အဝတ်အထည်ကိုးထုပ်အပါအဝင် ငွေသား(၅၀၅၀၅၅၀)ကျပ်အားမောင်တောဒေသမှတိုင်းရင်းသားပြည်သူများအတွက်အောက်တိုဘာ ၃ ရက်နေ့တွင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

"လာရောက်လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့
ရခိုင်ပြည်မှာ ဖြစ်ပျက်ခဲ့မှုကြောင့် စစ်ဘေးရှောင် ပြည်သူတွေများရဲ့ လိုအပ်ချက်တွေပေါ့ စားရေး၊နေရေး၊ ဝတ်ရေးတွေကို တတတ်တအားဖြည့်ဆည်း​ပေးချင်​လို့ လာလှူဒါန်းခြင်း ဖြစ်ပါတယ်" ဟု ဧရာဝတီတိုင်း​ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်​ ဒေါက်တာမင်းအောင်မြတ်ကျော်မှ ပြောသည်။

ယခုလာရောက်လှူဒါန်းမှုမှာ  ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်​အဖြစ်​ လူငယ်များ အလှူခံရာမှ  ရရှိ​ငွေများအားဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားဝန်ကြီးထံနှင့် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တို့ ထံမှ တစ်ဆင်လှူဒါန်းခဲ့ကြီးဖြစ်​​ကြောင်းလည်းဒေါက်တာမင်းအောင်မြတ်ကျော် မှ ဆိုသည်။

ဩဂုတ် ၂၅ ရက်နေ့တွင် မောင်တောဒေ၌ လုံခြုံရေးကင်းစခန်း ၃၀ ကျော်အား ARSA အကြမ်းဖက်သမားများမှ  တစ်ပြိုင်တည်း
တိုက်ခိုက်​မှုဖြစ်စဉ်ကြောင့် ​နေရပ်​စွန့်​ခွာ ခဲ့မှုအများအပြားဖြစ်​​ပေါ်ခဲ့ခြင်း​ကြောင့်​ အဆိုပါ ​နေရပ်​စွန့်​ခွာသူများအား ကူညီနိုင်​ရန်​ အဖွဲ့အစည်း အသီးသီးမှ လာ​ရောက်​လှူဒါန်းလျှက်​ရှိ​နေသည်​။

ရခိုင်ဂေဇက်

No comments:

Post a Comment