Latest News

Monday, October 30, 2017

မြောက်ကိုရီးယားကို အာမခံစကားပြောဖို့ ဒူတာတေးတိုက်တွန်း

မြောက်ကိုရီးယားကို အာမခံစကားပြောဖို့ ဒူတာတေးတိုက်တွန်း

ဘယ်သူကမှသူ့ကို ရာထူးကနေဖြုတ်ချမှာမဟုတ်သလို၊ သူ့တိုင်းပြည်ကိုလည်း ဖျက်ဆီးမှာမဟုတ်ဘူးဆိုတာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံ့ခေါင်းဆောင်တယောက်ယောက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ပြောပြသင့်ပြီလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောလိုက်ပါတယ်။

နျူးကလီးယားစစ်ပွဲဆိုတာ လူတိုင်း လုံးဝလက်သင့်ခံလို့မရတဲ့ စစ်ပွဲဖြစ်တယ်လို့ ဒူတာတေးက ဂျပန်ခရီးစဉ် မတိုင်ခင်မှာ ပြောလိုက်ပါတယ်။ ၂ ရက်ကြာ ဂျပန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ရှင်းဇိုအာဘေးနဲ့ တွေ့တဲ့အခါ မြောက်ကိုရီးယားရဲ့ နျူးကလီးယား ခြိမ်းခြောက်မှုအန္တရာယ်ကို ထည့်ပြီးဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်လထဲ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ဖိလစ်ပိုင်ကို လာတဲ့အခါမှာလဲ ဒီကိစ္စကိုဆွေးနွေးမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကို ဖျောင်းဖျနိုင်မယ့် တစ်ဦးတည်းသောနိုင်ငံကလည်း တရုတ်ပဲဖြစ်တယ်လို့ ဒူတာတေးက ပြောလိုက်ပါတယ်။

Photo: Presidential Communications (Government of the Philippines)

RFA

No comments:

Post a Comment